ဘုန်းကြီးအနေနှင့်ကတော့ နတ်ပြည်တွေ ငရဲပြည်တွေနှင့် ဆုပေးဒဏ်ပေးလုပ်တဲ့ အယူအဆမျိုးတွေကို မနှစ်သက်ဘူး။ ကိုယ့်ဟာကို စဉ်းစားထားတာကတော့ တစုံတစ်ခုကို ငါလုပ်တယ်ဆိုရင် ဒါဟာ လုပ်သင့်တယ်လို့ ခံစားရလို့လုပ်လိုက်တာ။ တစ်ခုခုချီးမြှောက်တာခံရဖို့အတွက် လုပ်တာမဟုတ်ဘူး။ အပြစ်ဒဏ်ခံရမှာမျိုးကိုလည်း မကြောက်ဘူး။
တကယ်လို့ တစ်ယောက်ယောက်က ဘုန်းကြီးလုပ်လိုက်တဲ့ အပြုအမူတစ်ခုဟာ ဒီလိုအကျိုးတွေရမယ်၊ ဟိုလို အကျိုးတွေရမယ်။ ချီးမြှောက်ခံရဖို့တွေ၊ အပြစ်ပေးခံရဖို့တွေ ပြောလာမယ်ဆိုရင် ဒါဟာ ဘုန်းကြီးကို ဘယ်လိုမျိုးလုပ်ပါလို့ အတင်းအကျပ် တောင်းဆိုသလိုမျိုးလို့ စိတ်ထဲမှာ ခံစားရတယ်။
ဘုန်းကြီးလုပ်လိုက်တာဟာ ဒါကို လုပ်ရတာကို သဘောကျနှစ်သက်လို့ကို လုပ်လိုက်တာ။ အဲဒါဆို လုံလောက်ပြီ။
ဘုန်းကြီးအနေနှင့် ကိုယ့်ကိုယ်ကိုလည်း လေးစားချင်ပါတယ်။ သူတစ်ပါးကလည်းပဲ ကိုယ့်ကို လေးစားစေချင်ပါတယ်။ ဒါကြောင့် ကိုယ်မှန်မယ်လို့ထင်တာကို လုပ်ပါတယ်။ တကယ်လို့ ကိုယ်ကမှားနေတယ်လို့ ထင်တဲ့အရာကို လုပ်လိုက်မိမယ်ဆိုရင် ကိုယ့်ကိုယ်ကို ဘယ်လိုလေးစားလို့ရနိုင်ေ တာ့မလဲ။ တခြားသူတွေကရော ကိုယ့်အပေါ် ဘယ်လိုလေးစားပါ့မလဲ။
အဲဒါဘာကြောင့်လဲဆိုရင် ကိုယ့်ကိုယ်ကိုချစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်မှန်တယ်လို့ ယူဆတဲ့အရာကို လုပ်တာပါ။ တကယ်လို့ ဒကာ၊ ဒကာမတွေလည်း ကိုယ့်ကိုယ်ကို တကယ်ချစ်တယ်ဆိုရင် မဟုတ်တာ၊ မမှန်တာတစ်ခုကို ဘယ်လိုလုပ်နိုင်ပါ့မလဲ။
ဆရာတော် ဦးဇောတိက
(ဆရာတော် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် ဟောကြားထားသော မူရင်းတရားတော်ကို နိုင်ငံခြားသားဒကာတစ်ဦးမှ မှတ်စုပြန်ထုတ်ထားတဲ့စာကို ဆီလျှော်အောင် မြန်မာဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)
တကယ်လို့ တစ်ယောက်ယောက်က ဘုန်းကြီးလုပ်လိုက်တဲ့ အပြုအမူတစ်ခုဟာ ဒီလိုအကျိုးတွေရမယ်၊ ဟိုလို အကျိုးတွေရမယ်။ ချီးမြှောက်ခံရဖို့တွေ၊ အပြစ်ပေးခံရဖို့တွေ ပြောလာမယ်ဆိုရင် ဒါဟာ ဘုန်းကြီးကို ဘယ်လိုမျိုးလုပ်ပါလို့ အတင်းအကျပ် တောင်းဆိုသလိုမျိုးလို့ စိတ်ထဲမှာ ခံစားရတယ်။
ဘုန်းကြီးလုပ်လိုက်တာဟာ ဒါကို လုပ်ရတာကို သဘောကျနှစ်သက်လို့ကို လုပ်လိုက်တာ။ အဲဒါဆို လုံလောက်ပြီ။
ဘုန်းကြီးအနေနှင့် ကိုယ့်ကိုယ်ကိုလည်း လေးစားချင်ပါတယ်။ သူတစ်ပါးကလည်းပဲ ကိုယ့်ကို လေးစားစေချင်ပါတယ်။ ဒါကြောင့် ကိုယ်မှန်မယ်လို့ထင်တာကို
အဲဒါဘာကြောင့်လဲဆိုရင် ကိုယ့်ကိုယ်ကိုချစ်တဲ့အတ
ဆရာတော် ဦးဇောတိက
(ဆရာတော် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် ဟောကြားထားသော မူရင်းတရားတော်ကို နိုင်ငံခြားသားဒကာတစ်ဦးမှ
No comments:
Post a Comment