(၇) ပြိုင်ဘက်တွေကို နောက်ချန်ထားခဲ့ချင်တဲ့ သင့်အတွက်.....
ငါတို့တွေဟာ ဒီနေရာမှာဆိုရင် ဘယ်သူက ပိုသာသလဲဆိုတာမျိုး စဉ်းစားလေ့ရှိကြတယ်။ ဒါပေမယ့် ငါတို့အားလုံးဟာ တူညီတဲ့ ရွှံ့ စေးတစ်ပုံတည်းကနေ လုပ်ထားကြတာမှ မဟုတ်တာ။
ပိုသာတာတွေ၊ ပိုနာတာတွေ မရှိတဲ့ နေရာတစ်ခုမှာ လူတိုင်းဟာ မြဲမြဲကျောက်ချပြီး ထိုင်နေသင့်ပါတယ်။
သင့်ဘ၀တစ်လျှောက်လုံးမှာ “သင်“ နှင့် “တခြားသူ” ရှိနေတယ် ဆိုတာအထင်အရှားပဲလို့ စဉ်းစားမိနေတာကြောင့် သင်တို့ဟာ အရူးလုံးလုံးဖြစ်နေကြရတာ။ သင်က ဒါကိုလူကြားသူကြားမှာ အမှန်တရားတစ်ခုလို ပြုမူနေပေမယ့် တကယ်မှာကတော့ “သင်“ ဆိုတာလည်း မရှိဘူး။ “တခြားသူ“ဆိုတာလည်း ရှိမနေဘူး။ ဒါကို သင် သေသွားတဲ့အချိန်ကျရင်တော့ နားလည်သွားမှာပါ။
ဗုဒ္ဓရဲ့ တရားဓမ္မမှာ ချုပ်စပ်ချည်နှောင်ထားတာမျိုး မရှိဘူး။ ဘယ်လို ချုပ်စပ်ချည်နှောင်မှုက “ငါ“ နှင့် “သူတပါး“ ကြားမှာ လည်ပတ်နေစေတာလဲ။ အနှေးနှင့်အမြန်ဆိုသလိုပဲ ရန်သူရယ်၊ မိတ်ဆွေရယ် ခွဲခြားတဲ့ ချုပ်စပ်ချည်နှောင်မှုမှာ ငါတို့အားလုံး အဆုံးသတ်ကြတယ်။ ငါတို့တွေဟာ ဒီအလေ့အထမှာ အရမ်း အသားကျနေကြတော့ ဒီချုပ်စပ်ချည်နှောင်နေမှုဟာ တကယ်ရှိနေတယ်လို့ ယုံကြည်သွားကြတော့တယ်။
ဆင်းရဲတာ၊ ချမ်းသာတာ၊ အရေးကြီးတာ၊ အရေးမကြီးတာ - ဒါတွေ တစ်ခုမှ တကယ်မရှိဘူး။ ဒါဟာ ရေလှိုင်းတွေပေါ်မှာ တဖိတ်ဖိတ်တောက်နေတဲ့ အလင်းရောင်လိုမျိုးပဲ။ တချို့ တွေက မပျော်ရွှင်မှုတွေထဲမှာပဲ ငြိတွယ်နေလို့၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ကိုယ့်ထက်ပိုပျော်ရွှင်နေလို့ဆိုပြီး ဗုဒ္ဓဘုရားရှင်ကို ကြိမ်ဆဲနေတဲ့သူတွေလည်း ရှိနေကြသေးတယ်။
ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု၊ အရေးကြီးတာနှင့် အရေးမကြီးတာ၊ ချစ်တာ၊ မုနးတာ - ဒီအရာတွေအပေါ်မှာ တလောကလုံးက ရေးကြီးခွင်ကျယ်လုပ်နေကြတယ်။ လောကကြီးထဲမှာ ဒါတွေတစ်ခုမှ မရှိတော့ဘူးဆိုရင် ဒါဟာ သုညတ ဆိုက်သွားတဲ့ ကမ္ဘာကြီးပဲပေါ့။
အနောက်တိုင်းကလူတွေ ပြောတတ်ကြတယ်။ “လူတစ်ယောက်ဟာ အခြားလူ တစ်ယောက်အတွက် ၀ံပုလွေတစ်ကောင်ပဲဖြစ်တယ်“ တဲ့။ ဘာသာရေးမှာ ပထမအဆင့်ဆိုတာဟာ ၀ံပုလွေတွေအချင်းချင်း တစ်ကောင်နှင့်တစ်ကောင် ကိုက်နေကြတာတွေ ရပ်လိုက်ကြဖို့ပဲ ဖြစ်ရပါမယ်။
ဗုဒ္ဓတရားတော်တွေက တစ်ယောက်ကိုတစ်ယောက် နိုင်တာ၊ ရှုံးတာ၊ ချစ်တာ၊ မုန်းတာတွေအကြောင်း မဟုတ်ပါဘူး။
တချို့ က သူတို့ရထားတဲ့ “တရားထူး“ ဆိုတာကို ကြွားချင်ကြတယ်။ ဒါပေမယ့် ဒါဟာရှင်းပါတယ်။ သင်တို့အနေနှင့် ကြွားစရာတစ်ခုအဖြစ်သုံးလို့ရတဲ့ “တရားထူး“ ဆိုတာဟာ “တရားထူး“ ဆိုတာ နှင့် လားလားမှ မသက်ဆိုင်ပါဘူး။
(ဆက်ရန်....)
Kōdō Sawaki Rōsh
ငါတို့တွေဟာ ဒီနေရာမှာဆိုရင် ဘယ်သူက ပိုသာသလဲဆိုတာမျိုး စဉ်းစားလေ့ရှိကြတယ်။ ဒါပေမယ့် ငါတို့အားလုံးဟာ တူညီတဲ့ ရွှံ့ စေးတစ်ပုံတည်းကနေ လုပ်ထားကြတာမှ မဟုတ်တာ။
ပိုသာတာတွေ၊ ပိုနာတာတွေ မရှိတဲ့ နေရာတစ်ခုမှာ လူတိုင်းဟာ မြဲမြဲကျောက်ချပြီး ထိုင်နေသင့်ပါတယ်။
သင့်ဘ၀တစ်လျှောက်လုံးမှာ “သင်“ နှင့် “တခြားသူ” ရှိနေတယ် ဆိုတာအထင်အရှားပဲလို့ စဉ်းစားမိနေတာကြောင့် သင်တို့ဟာ အရူးလုံးလုံးဖြစ်နေကြရတာ။ သင်က ဒါကိုလူကြားသူကြားမှာ အမှန်တရားတစ်ခုလို ပြုမူနေပေမယ့် တကယ်မှာကတော့ “သင်“ ဆိုတာလည်း မရှိဘူး။ “တခြားသူ“ဆိုတာလည်း ရှိမနေဘူး။ ဒါကို သင် သေသွားတဲ့အချိန်ကျရင်တော့ နားလည်သွားမှာပါ။
ဗုဒ္ဓရဲ့ တရားဓမ္မမှာ ချုပ်စပ်ချည်နှောင်ထားတာမျိ
ဆင်းရဲတာ၊ ချမ်းသာတာ၊ အရေးကြီးတာ၊ အရေးမကြီးတာ - ဒါတွေ တစ်ခုမှ တကယ်မရှိဘူး။ ဒါဟာ ရေလှိုင်းတွေပေါ်မှာ တဖိတ်ဖိတ်တောက်နေတဲ့ အလင်းရောင်လိုမျိုးပဲ။ တချို့ တွေက မပျော်ရွှင်မှုတွေထဲမှာပဲ ငြိတွယ်နေလို့၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ကိုယ့်ထက်ပိုပျော်ရွှင်နေလ
ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု၊ အရေးကြီးတာနှင့် အရေးမကြီးတာ၊ ချစ်တာ၊ မုနးတာ - ဒီအရာတွေအပေါ်မှာ တလောကလုံးက ရေးကြီးခွင်ကျယ်လုပ်နေကြတယ
အနောက်တိုင်းကလူတွေ ပြောတတ်ကြတယ်။ “လူတစ်ယောက်ဟာ အခြားလူ တစ်ယောက်အတွက် ၀ံပုလွေတစ်ကောင်ပဲဖြစ်တယ်“
ဗုဒ္ဓတရားတော်တွေက တစ်ယောက်ကိုတစ်ယောက် နိုင်တာ၊ ရှုံးတာ၊ ချစ်တာ၊ မုန်းတာတွေအကြောင်း မဟုတ်ပါဘူး။
တချို့ က သူတို့ရထားတဲ့ “တရားထူး“ ဆိုတာကို ကြွားချင်ကြတယ်။ ဒါပေမယ့် ဒါဟာရှင်းပါတယ်။ သင်တို့အနေနှင့် ကြွားစရာတစ်ခုအဖြစ်သုံးလိ
(ဆက်ရန်....)
Kōdō Sawaki Rōsh
No comments:
Post a Comment