တခါက တရားဓမ္မနှင့်ပတ်သက်လာရင် အသိပညာဗဟုသုတ အင်မတန်ပြည့်စုံကြွယ်ဝတဲ့ တက္ကသိုလ်ဆရာကြီးတစ်ယောက်ဟာ ဇင်ဘုန်းတော်ကြီးတစ်ပါးဆီကို သွားရောက်ပြီး ဇင် အကြောင်းမေးမြန်းပါတယ်။
ဇင်ဘုန်းတော်ကြီးက တိတ်ဆိတ်စွာနဲ့ တစ်ခွန်းမှ မပြောပဲ လက်ဖက်ရည်ကြမ်းနှင့် ဧည့်ဝတ်ပြုနေချိန်မှာ တက္ကသိုလ်ဆရာကြီးဟာ သူသိထားတဲ့ ဇင်အကြောင်းတွေကို တောက်လျှောက်ပြောနေတယ်။
တက္ကသိုလ်ဆရာရဲ့  ရေနွေးခွက်ထဲမှာ ရေနွေးကြမ်းလျှော့သွားတဲ့ တစ်ကြိမ်မှာတော့ ဇင်ဘုန်းတော်ကြီးက ခွက်ထဲကို ရေနွေးလှမ်းဖြည့်ပေးတယ်။ ရေနွေးဟာ ခွက်နှုတ်ခမ်းသားနားရောက်ပေမ ယ့် မရပ်ပဲ ဆက်ဖြည့်လိုက်တဲ့အခါမှာ ခွက်ကနေလျှံကျပြီး စားပွဲခုန်ပေါ်အထိ ရေတွေဖိတ်ကျကုန်တယ်။
တက္ကသိုလ်ဆရာလည်း မနေနိုင်တော့ပဲ “ရပ်တော့လေ။ ခွက်ကပြည့်နေပြီ။ ထပ်ဖြည့်လို့မရတော့ဘူး။“ လို့ ဇင်ဘုန်းတော်ကြီးကို လှမ်းပြောလိုက်တယ်။
ဒီအခါမှာ ဇင်ဘုန်းတော်ကြီး ပြောလိုက်တာက “ဟုတ်တယ်။ ဒီခွက်က ခင်ဗျားလိုပဲ။ ခင်ဗျားမှာ သိထားတာတွေ ပြည့်လျှံနေပြီ။ ကျုပ်ဆီကို ဇင် အကြောင်း လာမေးပေမယ့် ခင်ဗျားကို ကျုပ်ဘာမှ ထပ်ပြောလို့မရတော့ဘူး။ ဒီတော့ ခင်ဗျားကို ဇင်အကြောင်းမပြောပြခင် ခင်ဗျားရဲ့ ခွက်ကို အရင် ထည့်လို့ရအောင် လုပ်လိုက်ပါအုံး။”
* ဇင်ပုံပြင် "Empty Your Cup" ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။ *
ဇင်ဘုန်းတော်ကြီးက တိတ်ဆိတ်စွာနဲ့ တစ်ခွန်းမှ မပြောပဲ လက်ဖက်ရည်ကြမ်းနှင့် ဧည့်ဝတ်ပြုနေချိန်မှာ တက္ကသိုလ်ဆရာကြီးဟာ သူသိထားတဲ့ ဇင်အကြောင်းတွေကို တောက်လျှောက်ပြောနေတယ်။
တက္ကသိုလ်ဆရာရဲ့  ရေနွေးခွက်ထဲမှာ ရေနွေးကြမ်းလျှော့သွားတဲ့ တစ်ကြိမ်မှာတော့ ဇင်ဘုန်းတော်ကြီးက ခွက်ထဲကို ရေနွေးလှမ်းဖြည့်ပေးတယ်။ ရေနွေးဟာ ခွက်နှုတ်ခမ်းသားနားရောက်ပေမ
တက္ကသိုလ်ဆရာလည်း မနေနိုင်တော့ပဲ “ရပ်တော့လေ။ ခွက်ကပြည့်နေပြီ။ ထပ်ဖြည့်လို့မရတော့ဘူး။“ လို့ ဇင်ဘုန်းတော်ကြီးကို လှမ်းပြောလိုက်တယ်။
ဒီအခါမှာ ဇင်ဘုန်းတော်ကြီး ပြောလိုက်တာက “ဟုတ်တယ်။ ဒီခွက်က ခင်ဗျားလိုပဲ။ ခင်ဗျားမှာ သိထားတာတွေ ပြည့်လျှံနေပြီ။ ကျုပ်ဆီကို ဇင် အကြောင်း လာမေးပေမယ့် ခင်ဗျားကို ကျုပ်ဘာမှ ထပ်ပြောလို့မရတော့ဘူး။ ဒီတော့ ခင်ဗျားကို ဇင်အကြောင်းမပြောပြခင် ခင်ဗျားရဲ့ ခွက်ကို အရင် ထည့်လို့ရအောင် လုပ်လိုက်ပါအုံး။”
* ဇင်ပုံပြင် "Empty Your Cup" ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။ *
No comments:
Post a Comment