မနက်ဖြန် ဆယ်တန်းအောင်စာရင်းတွေထွက်ေ တာ့မယ်လို့ပြောတယ်။
နှစ်တိုင်း ဖြစ်နေကြ သတင်းတွေလည်း ဒီရက်ပိုင်းတွေထဲ မြင်ရကြားရအုံးတော့မယ်။ ကိုယ့်ကိုယ်ကို သတ်သေကြတာတွေ၊ အမှတ်မကောင်းလို့ စိတ်ဓါတ်ကျတာတွေ၊ မိဘနှင့် စကားများစိတ်ဆိုးကြတာတွေ၊ အိမ်ပေါ်က ဆင်းသွားတာတွေ။ ချစ်သူနောက် လိုက်ပြေးကြတာတွေ...။
အခြားတစ်ဘက်မှာလည်း ဂုဏ်ထူးတွေ ပလူပျံပြီး အောင်တဲ့သတင်းတွေ၊ တက္ကသိုလ်ဆက်မတက်နိုင်လို့ အကူအညီတောင်းကြတာတွေ၊ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ပြင်ဆင်ကြတာတွေ၊ အမှတ်မမှီလို့ လိုင်းကောင်းမရတာတွေ၊ အမှတ်မှီပေမယ့် ၀ါသနာမပါလို့ မတက်ချင်တာတွေ....။
ဆယ်တန်းစာမေးပွဲဆိုတာဟာ ဘ၀ထဲကအချိုးအကွေ့မှတ်တိုင် တစ်ခုမို့ နတ်ကြီးတယ်လို့ အများစုကတော့ ယူဆထားကြတယ်။ ဆယ်တန်းမှ မအောင်ရင် လူဖြစ်ရှုံးသွားတော့မလိုလို၊ လူရာမ၀င်တော့သလိုလိုလည်း ပြောဆိုလက်ခံတတ်ကြသေးတယ်။
ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေအရတော့ ကျိန်းသေတာတစ်ခုက ဆယ်တန်းစာမေးပွဲ အအောင်အရှုံးနှင့် ဘ၀အောင်မြင်မှုနှင့် ဘယ်လိုမှ တိုက်ရိုက်အချိုးကျမနေဘူး ဆိုတာပါပဲ။
ဆယ်တန်းစာမေးပွဲကို ခဏခဏကျနေလို့ ဆက်မဖြေဖြစ်ကြပေမယ့် သူတို့ဖာသာ တခြားအသက်မွေးဝမ်းကျောင်းပညာတွေ၊ အတတ်ပညာတွေမှာ ထူးချွန်အောင်မြင်ကြပြီး ဘ၀ကို တည်တည်ငြိမ်ငြိမ်နှင့် နေထိုင်သွားကြတဲ့သူတွေ အများကြီးရှိပါတယ်။ ဆယ်တန်းမှာ အမှတ်မကောင်းလို့ လိုင်းကောင်းမရခဲ့ပေမယ့် သူသင်ယူခွင့်ရတဲ့ ဘာသာရပ်ဆိုင်ရာနယ်ပယ်မှာ ထူးချွန်ထက်မြက်ပီး အောင်မြင်နေကြတဲ့သူတွေလည်း အများကြီးရှိပါတယ်။
ဆယ်တန်းစာမေးပွဲမှာ ကြိုးစားဖြေဆိုခဲ့လို့ အမှတ်ကောင်းကောင်း လိုင်းကောင်းကောင်းတွေ ရကြပေမယ့် တက္ကသိုလ်ရောက်မှ ပျက်စီးသွားကြတဲ့ ကျောင်းသားတွေ၊ ခက်ခဲတဲ့ အသက်မွေးဝမ်းကျောင်း ဘာသာရပ်လိုင်းတွေမှာ စာမလိုက်နိုင်တော့တာကြောင့်  စိတ်မနှံ့ဖြစ်ပြီး ရူးသွားကြတဲ့သူတွေ၊ ကျောင်းတ၀က်တပျက်နှင့်ပဲ ဆက်မတက်နိုင်တော့တဲ့သူတွေက လည်း အများကြီးရှိပါတယ်။
လူ့ဘောင်အဖွဲ့အစည်းတစ်ခုကို ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အိုင်တီသမားတွေနှင့်ချည်း ဖွဲ့စည်းတည်ဆောက်ထားတာ မဟုတ်ပါဘူး။ ဖွဲ့စည်းတည်ဆောက်လို့လည်း မရပါဘူး။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ဖြစ်နေကြပေမယ့် လူ့အဖွဲ့အစည်းကို ကောင်းကျိုးမပြုတာမျိုးတွေ၊ လူဘောင်လောကနှင့် အံဝင်ခွင်ကျဖြစ်အောင် မနေနိုင်တာမျိုးတွေရှိနေပါ တယ်။
ဆယ်တန်းစာမေးပွဲမအောင်ခဲ့ပေ မယ့် ဘ၀စာမေးပွဲတွေမှာအောင်မြင်ြ ပီး လောကကြီးထဲ အေးအေးချမ်းချမ်း အောင်အောင်မြင်မြင်နှင့် နေထိုင်နိုင်ကြတဲ့သူတွေ အများကြီးရှိနေပါတယ်။ လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေဖြစ်အောင်နေ ထိုင်ရင်း လောကအကျိုးပြုနေကြတဲ့သူတွေလ ည်း အများကြီးရှိပါတယ်။
ဆယ်တန်းစာမေးပွဲ အအောင်အရှုံးနှင့်တော့ ဘ၀ကို မဆုံးဖြတ်လိုက်ပါနဲ့။ ဆယ်တန်းအောင်သွားရင်လည်း ရှေ့ မှာ ဆက်ဖြေရအုံးမယ့် ဘ၀စာမေးပွဲတွေက မသေမချင်း အများကြီး ကျန်ပါသေးတယ်။ အဲဒီစာမေးပွဲတွေကို အောင်မြင်ပါမှ ဘ၀က အောင်မြင်မှာပါ။ တကယ်လို့ ဒီနှစ် ဆယ်တန်းမအောင်လည်း နောက်နှစ်ပြန်ဖြေရင် အောင်နိုင်ပါသေးတယ်။ တကယ်လို့ အခြေအနေအကြောင်းကြောင်းကြော င့် ဆယ်တန်းဆက်ဖြေခွင့်မရတော့ဘူးဆိုရင်လည်း တခြား အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုကို တတ်မြောက်ကျွမ်းကျင်တဲ့အထိ သင်ယူလေ့လာရင်း ဘ၀ရဲ့  တခြားစာမေးပွဲတွေကို ဆက်ဖြေလို့ရပါသေးတယ်။
မိဘတွေအနေနှင့်ကလည်း ကိုယ့်ကလေးစာမေးပွဲမအောင်တာ ကို အကြောင်းပြုပြီး ကလေးတွေကို ဆူတာငေါက်တာတွေ၊ ရိုက်တာတွေ မလုပ်ကြစေချင်ပါဘူး။ သူတို့ရဲ့  အားနည်းချက်၊ လိုအပ်ချက်တွေကို နားဝင်လက်ခံသဘောပေါက်လာအောင် ရှင်းပြပြောဆိုပြီး နောက်တစ်ကြိမ်ကြိုးစားနိုင် အောင် ခွန်အားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ထူးထူးချွန်ချွန်အောင်မြင်ြ ကတဲ့ ကလေးမိဘတွေအနေနှင့်လည်း ကိုယ့်ကလေးကို လူအများစု အထင်ကြီးတတ်ကြတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေဖြစ်အောင် အတင်းမလုပ်ခိုင်းပဲ ကိုယ့်ကလေးရဲ့  ၀ါသနာစရိုက်နှ်င့် ကိုက်ညီတဲ့ ပညာရပ်တွေကို ရွေးချယ်ဆည်းပူးသင်ယူခွင့်ေ ပးကြစေချင်ပါတယ်။ ဒါမှသာ အဲဒီကလေးဟာ တစ်သက်လုံးပျော်ရွှင်စိတ်ချမ်းသာနိုင်ပြီး လူ့အဖွဲ့အစည်းအတွင်းမှာ လူတွေနှင့် လိုက်လျောညီထွေနေတတ်တဲ့ လူပီသတဲ့၊ လူအဖွဲ့အစည်းအတွက် အသုံးကျတဲ့ လူတစ်ယောက် ဖြစ်လာမှာဖြစ်ပါတယ်။ လူအထင်ကြီးခံရအောင်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းအတွက်နှင့် ကာယကံရှင်က၀ါသနာမပါတဲ့ ပညာရပ်ကို အတင်းဖျစ်ညှစ်သင်ယူခိုင်းပြီး တစ်သက်လုံးကျိန်စာမိသလိုဖြစ်သွားစေတဲ့ ဘ၀မျိုး ကိုယ့်သားသမီးတွေကို မဖြစ်ကြစေလိုပါဘူး။
အထူးသဖြင့်ပြောချင်တာကတော့ ဆယ်တန်းစာမေးပွဲဆိုတာ ဘ၀ကြီးတစ်ခုလုံးထဲမှာ ကြုံဆုံရင်ဆိုင်ဖြေရှင်းရမယ့် လောကဓံစာမေးပွဲတွေနှင့် နှိုင်းယှဉ်ကြည့်လိုက်ရင် တကယ်ဘာမှ မဟုတ်တာမို့ ဒါလေး မအောင်မြင်လိုက်တာနှင့်ပဲ ကိုယ့်ဘ၀ကို သုံးစားမရတော့ဘူး၊ မျှော်လင့်ချက် မရှိတော့ဘူး၊ အရာမ၀င်တော့ဘူးဆိုတဲ့ အတွေးမျိုးတွေ ဘယ်တော့မှ မတွေးဖြစ်ကြပါစေနှင့်။
တကယ်တော့ လူ့ဘောင်အဖွဲ့အစည်းက တကယ်လိုအပ်နေတာ ဆယ်တန်းမှာ အမှတ်ကောင်းကောင်းနှင့်အောင်မြင်တဲ့သူမဟုတ်ပါဘူး။ လောကကို ကိုယ်တတ်စွမ်းသလောက်အကျိုး ပြုမယ့်သူ၊ နေထိုင်နေရတဲ့ ပတ်ဝန်းကျင်မှာ ဆက်ဆံနေရတဲ့လူတွေနှင့် ဟန်ချက်ညီအောင် နေနိုင်မယ့်သူ၊ စိတ်ဓါတ်ကြံ့ခိုင်ပြီး လောကဓံအခက်အခဲတွေကို တွန်းလှန်အောင်မြင်ဖို့ အမြဲတမ်းကြိုးစားနေတဲ့သူကို အလိုရှိနေတာပါလို့ ညီငယ်ညီမငယ်လေးတွေကို အောင်စာရင်းမထွက်မီ ကြိုတင်ပြီး ပြောပြထားချင်ပါတယ်။
နှစ်တိုင်း ဖြစ်နေကြ သတင်းတွေလည်း ဒီရက်ပိုင်းတွေထဲ မြင်ရကြားရအုံးတော့မယ်။ ကိုယ့်ကိုယ်ကို သတ်သေကြတာတွေ၊ အမှတ်မကောင်းလို့ စိတ်ဓါတ်ကျတာတွေ၊ မိဘနှင့် စကားများစိတ်ဆိုးကြတာတွေ၊ အိမ်ပေါ်က ဆင်းသွားတာတွေ။ ချစ်သူနောက် လိုက်ပြေးကြတာတွေ...။
အခြားတစ်ဘက်မှာလည်း ဂုဏ်ထူးတွေ ပလူပျံပြီး အောင်တဲ့သတင်းတွေ၊ တက္ကသိုလ်ဆက်မတက်နိုင်လို့
ဆယ်တန်းစာမေးပွဲဆိုတာဟာ ဘ၀ထဲကအချိုးအကွေ့မှတ်တိုင်
ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေအရတော့ ကျိန်းသေတာတစ်ခုက ဆယ်တန်းစာမေးပွဲ အအောင်အရှုံးနှင့် ဘ၀အောင်မြင်မှုနှင့် ဘယ်လိုမှ တိုက်ရိုက်အချိုးကျမနေဘူး ဆိုတာပါပဲ။
ဆယ်တန်းစာမေးပွဲကို ခဏခဏကျနေလို့ ဆက်မဖြေဖြစ်ကြပေမယ့် သူတို့ဖာသာ တခြားအသက်မွေးဝမ်းကျောင်းပည
ဆယ်တန်းစာမေးပွဲမှာ ကြိုးစားဖြေဆိုခဲ့လို့ အမှတ်ကောင်းကောင်း လိုင်းကောင်းကောင်းတွေ ရကြပေမယ့် တက္ကသိုလ်ရောက်မှ ပျက်စီးသွားကြတဲ့ ကျောင်းသားတွေ၊ ခက်ခဲတဲ့ အသက်မွေးဝမ်းကျောင်း ဘာသာရပ်လိုင်းတွေမှာ စာမလိုက်နိုင်တော့တာကြောင်
လူ့ဘောင်အဖွဲ့အစည်းတစ်ခုကို
ဆယ်တန်းစာမေးပွဲမအောင်ခဲ့ပေ
ဆယ်တန်းစာမေးပွဲ အအောင်အရှုံးနှင့်တော့ ဘ၀ကို မဆုံးဖြတ်လိုက်ပါနဲ့။ ဆယ်တန်းအောင်သွားရင်လည်း ရှေ့ မှာ ဆက်ဖြေရအုံးမယ့် ဘ၀စာမေးပွဲတွေက မသေမချင်း အများကြီး ကျန်ပါသေးတယ်။ အဲဒီစာမေးပွဲတွေကို အောင်မြင်ပါမှ ဘ၀က အောင်မြင်မှာပါ။ တကယ်လို့ ဒီနှစ် ဆယ်တန်းမအောင်လည်း နောက်နှစ်ပြန်ဖြေရင် အောင်နိုင်ပါသေးတယ်။ တကယ်လို့ အခြေအနေအကြောင်းကြောင်းကြော
မိဘတွေအနေနှင့်ကလည်း ကိုယ့်ကလေးစာမေးပွဲမအောင်တာ
ထူးထူးချွန်ချွန်အောင်မြင်ြ
အထူးသဖြင့်ပြောချင်တာကတော့ ဆယ်တန်းစာမေးပွဲဆိုတာ ဘ၀ကြီးတစ်ခုလုံးထဲမှာ ကြုံဆုံရင်ဆိုင်ဖြေရှင်းရမယ
တကယ်တော့ လူ့ဘောင်အဖွဲ့အစည်းက တကယ်လိုအပ်နေတာ ဆယ်တန်းမှာ အမှတ်ကောင်းကောင်းနှင့်အောင
No comments:
Post a Comment