အခုနှစ်ပိုင်းတွေ့နေရတဲ့ တရားလိုက်စားတဲ့သူအချို့ မှာတော့ သံဝေဂဉာဏ်ကြောင့် တရားအားထုတ်ချင်စိတ်ဖြစ်လာတာမျိုးထက် တရားအားထုတ်တာကို ဂုဏ်တစ်ခုလိုမျိုး၊ ဘွဲ့ တံဆိပ်လိုမျိုး၊ အောင်လက်မှတ်တစ်ခုလိုမျိုး ဘ၀အတွက် ယူထားချင်ကြတဲ့ပုံပေါ်နေတာကို သတိထားမိပါတယ်။
တကယ်လို့များ စမ်းလို့ရမယ်ဆိုရင် တရားရိပ်သာနှစ်ခုရဲ့  တရားစခန်းကြော်ငြာပုံစံ နှစ်မျိုးလုပ်ပြီး စမ်းကြည့်ချင်တယ်။
ပထမရိပ်သာကြော်ငြာက.....
မဟာသတိပဋ္ဌာန်ဝိပဿနာကျင့်စဉ် တစ်လ တရားစခန်း
ဆွမ်းစရိတ် - အခမဲ့
ဘ၀တစ်လျှောက် သတိပဋ္ဌာန်တရားဖြင့် ကျင့်ကြံနေထိုင်သွားနည်းကို ဘုရားရှင် အဆုံးအမနှင့် အညီ လေ့ကျင့်သင်ကြားပေးသွားမည်။
ဒုတိယရိပ်သာကြော်ငြာက.....
အပါယ်တံခါးပိတ် နိဗ္ဗာန်တံခါးဖွင့် သုံးရက် အထူးတရားစခန်း
ဆွမ်းစရိတ် - တစ်ရက် ငါးသောင်းကျပ်
တရားစခန်းသုံးရက်ပြီးဆုံးပါ က သံသရာခရီးအတွက် ပူပန်နေစရာမလိုအောင် ရိပ်သာမှ တာဝန်ယူပေးမည်။
(လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်စာရင်းပေးသွင်းပါရန်။)
ဒီကြော်ငြာနှစ်ခုမှာ ဘယ်ရိပ်သာကို လူတွေ စုပြုံသွားတိုးမယ်ထင်ပါသလဲ။ ဒုတိယရိပ်သာကို သွားတဲ့လူက ပိုများနေပါလိမ့်မယ်။
အဲဒါဘာဖြစ်လို့လဲဆိုရင် လူတွေက တရားကို ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ဖို့ထက် ဖြတ်လမ်းနည်းလိုက်ချင်တဲ့သူ က ရာခိုင်နှုန်းပိုများနေလို့ပါ။ ကိုယ့်ကိုယ်ကို တာဝန်ယူဖို့ထက် သူများက ကိုယ့်ကို တာဝန်ယူပေးတာကို ပိုပြီးလိုချင်ကြလို့ပါ။ ကိုယ့်ကိလေသာ အတိမ်အနက်ကို ကိုယ့်ဖာသာစမ်းစစ်အဖြေရှာဖို့ထက် ဆရာသမားကနေ ဘယ်အဆင့်ရောက်နေပြီ၊ ဘာဖြစ်နေပြီလို့ ဆုံဖြတ်ပေးတာကို လိုချင်ကြလို့ပါ။
မိုးကုတ်ဆရာတော်ကြီး တရားတစ်ပုဒ်မှာ သတိပေးဖူးသလို တခါတလေလူတွေမှာ လောကဓံအဆိုးတွေကြောင့်လည်း စိတ်ဓါတ်ကျ၊ ငြီးငွေ့သလိုဖြစ်တာကို သံဝေဂလို့ထင်တတ်ကြတယ်တဲ့။
တကယ်သံဝေဂဖြစ်လို့အားထုတ်တဲ့ သူတွေက သံသရာဒုက္ခကိုကြောက်တဲ့စိတ်နှင့် အစဉ်တစိုက် ကြိုးစားအားထုတ်ကြပါလိမ့်မယ်။ သူတို့အတွက်လည်း လမ်းကြောင်းက တဖြည်းဖြည်းပွင့်သွားမှာပါပဲ။
သံဝေဂအစစ်မဟုတ်ပဲ ပေါ်ပင်လိုက်တဲ့သူတွေကတော့ ကြော်ငြာနှစ်ခုထဲက ဒုတိယတရားရိပ်သာလိုမျိုးတွေ လိုက်ရှာရင်း သူတို့ဘ၀မှာ သူများပေးတဲ့ အာမခံချက်တွေရအောင် ကြိုးစားကြပါလိမ့်မယ်။
ဒီလို လူအမျိုးအစား နှစ်ခုအတွက် နောက်ဆုံးရလဒ်ကို အချိန်က အဖြေပေးသွားမှာပါပဲ။
တကယ်လို့များ စမ်းလို့ရမယ်ဆိုရင် တရားရိပ်သာနှစ်ခုရဲ့  တရားစခန်းကြော်ငြာပုံစံ နှစ်မျိုးလုပ်ပြီး စမ်းကြည့်ချင်တယ်။
ပထမရိပ်သာကြော်ငြာက.....
မဟာသတိပဋ္ဌာန်ဝိပဿနာကျင့်စဉ် တစ်လ တရားစခန်း
ဆွမ်းစရိတ် - အခမဲ့
ဘ၀တစ်လျှောက် သတိပဋ္ဌာန်တရားဖြင့် ကျင့်ကြံနေထိုင်သွားနည်းကို
ဒုတိယရိပ်သာကြော်ငြာက.....
အပါယ်တံခါးပိတ် နိဗ္ဗာန်တံခါးဖွင့် သုံးရက် အထူးတရားစခန်း
ဆွမ်းစရိတ် - တစ်ရက် ငါးသောင်းကျပ်
တရားစခန်းသုံးရက်ပြီးဆုံးပါ
(လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်စာရင်းပေးသွင်းပါရန်။)
ဒီကြော်ငြာနှစ်ခုမှာ ဘယ်ရိပ်သာကို လူတွေ စုပြုံသွားတိုးမယ်ထင်ပါသလဲ။
အဲဒါဘာဖြစ်လို့လဲဆိုရင် လူတွေက တရားကို ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ဖို့ထက် ဖြတ်လမ်းနည်းလိုက်ချင်တဲ့သူ
မိုးကုတ်ဆရာတော်ကြီး တရားတစ်ပုဒ်မှာ သတိပေးဖူးသလို တခါတလေလူတွေမှာ လောကဓံအဆိုးတွေကြောင့်လည်း စိတ်ဓါတ်ကျ၊ ငြီးငွေ့သလိုဖြစ်တာကို သံဝေဂလို့ထင်တတ်ကြတယ်တဲ့။
တကယ်သံဝေဂဖြစ်လို့အားထုတ်တဲ
သံဝေဂအစစ်မဟုတ်ပဲ ပေါ်ပင်လိုက်တဲ့သူတွေကတော့ ကြော်ငြာနှစ်ခုထဲက ဒုတိယတရားရိပ်သာလိုမျိုးတွေ
ဒီလို လူအမျိုးအစား နှစ်ခုအတွက် နောက်ဆုံးရလဒ်ကို အချိန်က အဖြေပေးသွားမှာပါပဲ။
No comments:
Post a Comment