ရိပ်သာတွေကနေ တရားအားထုတ်ပြီး ထွက်လာကြတဲ့ တချို့  ယောဂီဟောင်းတွေဟာ သူတို့ရိပ်သာ၊ သူတို့တရားနည်း၊ သူတို့တရားပြဆရာကို တစ်စုံတစ်ဦးက ထိပါးလာပြီလို့ယူဆကြရင် မပြီးနိုင်မစီးနိုင် တုံ့ပြန်ပြောဆိုနေကြတာကို အခုတလောမှာ သတိထားမိတယ်။
ကိုယ့်တရားနည်းမှန်ကန်ကြောင်း၊ ကိုယ့်ဆရာသမားဟာ ဓမ္မ၀ါဒီသာဖြစ်ကြောင်း အကျိုးသင့်အကြောင်းသင့် ရှင်းပြတာမျိုးက လုပ်သင့်တာဖြစ်ပေမယ့် ဒီထက်အလွန် သူတစ်ပါးကို ပြစ်တင်ပြောဆိုကြတာ၊ ကိုယ့်လောာက်မှ တရားအသိဉာဏ်မရှိကြတဲ့သူတွေ၊ လက်တွေ့အားမထုတ်ထားကြတဲ့သူေ တွ၊ စာသမားသက်သက်တွေ၊ မျက်ကန်းတွေ၊ သေရင် ဂတိကောင်းမှာမဟုတ်တဲ့သူတွေစ သဖြင့် တည့်တည့်တမျိုး၊ သွယ်ဝိုက်၍တဖုံ ရွဲ့ သလိုလို၊ ကျိန်စာတိုက်နေသလိုလို၊ ရန်စောင်ပြောဆိုနေကြတာတွေ မြင်ရတော့ နည်းနည်းစဉ်းစားမိလာတယ်။
တချို့ ယောဂီတွေဆိုရင် သူတို့ရိပ်သာရဲ့  သတ်မှတ်ချက်တွေအတိုင်း ရိပ်သာပြင်ပမှာကို နာရီပေါင်းအနည်းဆုံး နာရီ(၉၀) ကစလို့ နာရီပေါင်း (၁၂၀) ကို အကြိမ်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာအားထုတ်ထားကြတဲ့သူတွေပါ။ သူတို့တွေဟာ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်လာတဲ့ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ စတာတွေကို အေးအေးသက်သာ ကျော်လွှားထားနိုင်ကြတဲ့သူတွေ ဖြစ်တယ်ဆိုတာကို ယုံကြည်ပေးလို့ရပေမယ့် တရားထိုင်ချိန်ပြင်ပမှာ ဖြစ်တတ်တဲ့ စိတ်မှာပေါ်တဲ့ ဒေါမနဿအာရုံတွေကို ဘာလို့ မဖြတ်ချနိုင်၊ မကျော်လွှားနိုင်ကြတာပါလိမ့် လို့ တွေးမိလာပါတယ်။
ကိုယ့်စိတ်ကို ပြန်ကြည့်တတ်တဲ့ အလေ့အထမှာ လေ့ကျင့်မှုအားနည်းနေကြသေးတာ လားတော့ မပြောတတ်ပါဘူး။ တကယ်ကိုယ့်စိတ်ကိုယ်ပြန်ကြည့်နေကြယောဂီမျိုးဆိုရင် မပယ်နိုင်သေးလို့ ဒေါသကိလေသာ ထကြွသောင်းကျန်းလာရင်တောင်မှ ဒီဒေါသစိတ်ရဲ့  တိုက်တွန်းစေ့ဆော်မှုကို အလိုမလိုက်ပဲ တရားသတိနှင့် အထိုက်အလျှောက်တော့ ထိန်းထားနိုင်တတ်ကြပါတယ်။ အရိယာဖြစ်သွားရင် ကိလေသာဖြစ်ကြောတိုတယ်လို့ သတ်မှတ်ထားတာရှိပေမယ့် အရိယာမဖြစ်သေးရင်တောင် အတော်လေး ထိထိရောက်ရောက် အားထုတ်ထားပြီးသား ယောဂီတွေမှာဆိုရင်လည်း ကိလေသာဟာ သူ့အထိုက်အလျှောက်တော့ ဖြစ်ကြောတိုပါတယ်။
အခု တအား Aggressive ဖြစ်နေကြတဲ့ ယောဂီတချို့ ဆိုရင် သူတို့ထုတ်မပြောပေမယ့် သူတို့ကိုယ်သူတို့ အရိယာတွေလို့ ယုံကြည်ယူဆထားကြတဲ့သူတွေဆိုတာကို ခန့်မှန်းလို့ရပါတယ်။ သူတို့ရင်ထဲမှာ ဒေါသ၊ ဒေါမနဿတွေကြောင့် ပူလောင်နေတယ်ဆိုတာကို သတိထားကြည့်တတ်တဲ့ အပြင်လူက သိနေပေမယ့် သူတို့ကိုယ်တိုင်တော့ သူတို့ ဘာဖြစ်နေတယ်ဆိုတာကို သတိထားမိပုံ မပေါ်ပါဘူး။ ဒါဟာ ဘယ်လိုကြောင့်လဲတော့ မသိပါဘူး။
ကိုယ့်ရဲ့  နေပုံ၊ ထိုင်ပုံ၊ သွားပုံ၊ လာပုံ၊ ပြောပုံ၊ ဆိုပုံ ကို တခြားသူကမြင်လိုက်တာနှင့် ဒီလူမှာ တရားအငြိမ်းဓါတ် ဘယ်လောက်ကိန်းဝပ်နေတယ်ဆိုတာ ကို ခန့်မှန်းနားလည်သိရှိပြီး ငါလည်း သူသိထားတဲ့တရားမျိုး အားထုတ်ချင်လိုက်တာ၊ ကျင့်ကြံပွားများချင်လိုက်တာ ဆိုတဲ့ သဒ္ဓါဆန္ဒတွေ ဖြစ်ပွားလာအောင် လုပ်တာမျိုးကို သာသနာပြုတယ်လို့ ခေါ်ရမှာ ဖြစ်ပါတယ်။ နိဂြောဓသာမဏေကို ဖူးမြင်လိုက်ရုံနှင့် အသောကမင်းကြီး သဒ္ဓါကြည်ညိုစိတ် ဖြစ်ခဲ့သလိုမျိုးပါ။ ဒါကို တရားယောဂီဟောင်းများနှင့် ကိုယ့်ကိုယ်ကို အရိယာဖြစ်နေပြီလို့ သတ်မှတ်ယူဆနေကြတဲ့ပုဂ္ဂိုလ်များ ဆင်ခြင်စဉ်းစားနိုင်ကြပါစေ။ ကိုယ်ပြောတာဆိုတာ နေတာထိုင်တာကို မြင်ပြီး တရားမသိသေးတဲ့သူတွေ တရားသိမြင်ချင်စိတ်တွေ ဖြစ်လာအောင်၊ ဗုဒ္ဓသာသနာတော်အပေါ်မှာ ကြည်ညိုသဒ္ဓါစိတ်တွေ တိုးပွားလာအောင် စွမ်းဆောင်နိုင်ကြပါစေ။
==================
သင်တွေးလိုက်တဲ့အတွေးတိုင်း၊ ပြောလိုက်တဲ့စကားတိုင်း၊ လုပ်လိုက်တဲ့အပြုအမူတိုင်းဟာ သင့်ရဲ့  ကိုယ်ပိုင် အမှတ်လက္ခဏာ ဖြစ်လာစေပါတယ်။ သင်ဟာ ဖယောင်းတိုင် တစ်တိုင်လိုပါပဲ။ သင့်ဘေးပတ်ဝန်းကျင်ကို အလင်းရောင် ထုတ်လွှတ်ပေးနေတယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ သင့်စကားအားလုံး၊ အတွေးအားလုံးနှင့် အပြုအမူအားလုံးဟာ အရပ်မျက်နှာပေါင်းများစွာကို ဖြန့်ကျက်ထွက်သွားကြတယ်။ တကယ်လို့ အကြင်နာတရားတွေပြည့်နေတဲ့ စကားတစ်ခုခုကို ပြောလိုက်တယ်ဆိုပါစို့။ သင့်ရဲ့  အကြင်နာတရားပြည့်နေတဲ့ စကားလုံးတွေဟာ အရပ်မျက်နှာပေါင်းများစွာကို ထွက်ခွာသွားကြတယ်။ သင်ကိုယ်တိုင်ဟာလည်းပဲ အဲဒီစကားလုံးတွေနှင့်အတူတူ လိုက်ပါလို့သွားပါတယ်။ ကျွနု်ပ်တို့ဟာ (မိမိပြုလိုက်တဲ့ ကံသုံးပါးဟာ) အချိန်တိုင်းမှာ ပုံစံတစ်မျိုးဆီအဖြစ် အသွင်ကူးပြောင်းပြီး အဆက်မပြတ်ရွေ့လျားသွားနေကြတာဖြစ်ပါတယ်။
~ Thich Nhat Hanh
ကိုယ့်တရားနည်းမှန်ကန်ကြောင
တချို့ ယောဂီတွေဆိုရင် သူတို့ရိပ်သာရဲ့  သတ်မှတ်ချက်တွေအတိုင်း ရိပ်သာပြင်ပမှာကို နာရီပေါင်းအနည်းဆုံး နာရီ(၉၀) ကစလို့ နာရီပေါင်း (၁၂၀) ကို အကြိမ်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာအားထုတ်ထာ
ကိုယ့်စိတ်ကို ပြန်ကြည့်တတ်တဲ့ အလေ့အထမှာ လေ့ကျင့်မှုအားနည်းနေကြသေးတာ
အခု တအား Aggressive ဖြစ်နေကြတဲ့ ယောဂီတချို့ ဆိုရင် သူတို့ထုတ်မပြောပေမယ့် သူတို့ကိုယ်သူတို့ အရိယာတွေလို့ ယုံကြည်ယူဆထားကြတဲ့သူတွေဆိ
ကိုယ့်ရဲ့  နေပုံ၊ ထိုင်ပုံ၊ သွားပုံ၊ လာပုံ၊ ပြောပုံ၊ ဆိုပုံ ကို တခြားသူကမြင်လိုက်တာနှင့် ဒီလူမှာ တရားအငြိမ်းဓါတ် ဘယ်လောက်ကိန်းဝပ်နေတယ်ဆိုတာ
==================
သင်တွေးလိုက်တဲ့အတွေးတိုင
~ Thich Nhat Hanh
No comments:
Post a Comment