တခါတလေ ကျွန်တော်တို့ အကျီဝတ်တဲ့အခါ အတွင်းနှင့်အပြင် ပြောင်းပြန်မှားဝတ်မိတာမျိုး၊ ကြယ်သီးအပေါ်အောက် မှားတပ်မိတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ အပြင်သွားဖို့အတွက် ဖိနပ်စီးတဲ့အခါ တောင်တစ်ဘက်၊ မြောက်တစ်ဘက် ကောက်စွတ်ပြီး ထွက်လာမိတာမျိုး၊ ဘောင်းဘီဇစ်မတပ်မိပဲ ထွက်လာခဲ့မိတာမျိုးတွေလည်း ကြုံဖူးကြပါလိမ့်မယ်။
အဲဒီလိုဖြစ်တဲ့အခါမျိုးမှာ ကိုယ့်အိမ်မှာရှိနေတဲ့သူ တစ်ယောက်ယောက်ကပဲဖြစ်ဖြစ်၊ အပြင်မှာ လမ်းသွားလမ်းလာတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ကျွန်တော်တို့လွဲနေတာကို မြင်မိသွားရင် လှမ်းသတိပေးတတ်ကြပါတယ်။ အဲဒီလို သတိပေးလိုက်တာနဲ့ ကျွန်တော်တို့ ချက်ချင်းပဲ ကိုယ်မှားနေတာ၊ လွဲနေတာကို ပြင်ကြတယ်။ ချက်ချင်းပြင်လို့အဆင်မပြေေ သးလည်း ကိုယ်လွဲနေပြီဆိုတာကိုတော့ သိသွားပြီး အဆင်ပြေတာနဲ့ ပြင်နိုင်ဖို့ ကြိုးစားကြတာပဲ မဟုတ်လားဗျာ။
ဒီလိုသတိပေးစကားပြောခံရတဲ့အ ခါမှာ မင်းက ဘာမို့လို့ ငါ့လာပြောရတာလဲ၊ ငါ့ဖာသာ ဘယ်လိုဝတ်ထား ၀တ်ထား ဘယ်သူ့ဂရုစိုက်ရမှာလဲ။ ငါဝတ်ထားတာ မနာလိုလို့ လာပြောနေတာပါ ဆိုပြီး မပြင်ပဲနေမယ့်သူ မရှိသလောက် ရှားမှာပါ။
အဲဒီဥပမာလိုမျိုးပါပဲ။ အခုလည်း တရားသမားမိတ်ဆွေတချို့ ကို ပြောချင်တာက ကိုယ်အားထုတ်နေတဲ့ တရားနည်းဟာ လွဲနေတယ်။ ကိုယ်သိထားတဲ့ တရားဟာ ဘုရားဟောနှင့်မကိုက်ညီဘူးဖြ စ်နေတယ်။ ကိုယ်ကိုးကွယ်ဆည်းကပ်နေတဲ့ ဆရာသမားဟာ ပရိယတ္တိနှင့်ဘောင်ဝင်အောင် သင်ကြားပြသနေတာမျိုး မဟုတ်လို့ သတိထားယုံကြည်သင့်တယ် စသဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ တစ်ယောက်မကတဲ့ မိတ်ဆွေတွေက ၀ိုင်းဝန်း ပြောဆိုသတိပေးနေကြပြီဆိုရင် ကိုယ်ကိုယ်ကို ပြန်သတိထားဆင်ခြင်သင့်ပါတယ် ။
ငါ ဘာများလွဲနေလဲ။
ငါ ဘာများ ပြန်ပြင်ဆင်ဖို့ လိုနေလဲ။
သူတို့တွေ ငါ့ကို သတိပေးတယ်ဆိုတာ ဘယ်သူ့အကျိုးအမြတ်အတွက် ရည်ရွယ်ပြီး ပြောနေတာလဲ။
ဆိုပြီး ပြန်စမ်းစစ်ကြည့်သင့်ပါတယ်။
တစ်ယောက်မက တူညီတဲ့ထောက်ပြမှုတွေနှင့် ၀ိုင်းပြောနေကြပြီဆိုရင်တော့  မဖြစ်မနေပြင်သင့်တာ တစ်ခုခု ရှိနေလို့ပဲဖြစ်မယ် ဆိုတာမျိုးကို လက်ခံ နားလည်သင့်ပါတယ်။
အဲဒါကိုမှ သူတို့တွေ ဘာနားလည်လို့ ငါ့ကိုလာထောက်ပြဝေဖန်နေရတာလဲ။ သူတို့တွေက ငါနှင့်ငါ့ဆရာသမားအပေါ် မနာလိုမရှုစိမ့်ဖြစ်နေကြတာ။ ငါတို့ သိနေ၊ ရောက်နေတဲ့ တရားအသိဉာဏ်မျိုးကို အကျင့်မပါပဲ စာပေနှင့်လာတိုင်းလို့ ရမတဲ့လား။ ငါ့ဖာသာ ဘယ်လိုအားထုတ်အားထုတ် ဒင်းတို့အပူပါလား ဆိုပြီး အမှားကို မဆင်ခြင်ပဲ ဒီလိုပဲ နေကြမယ်ဆိုရင်တော့ အ၀တ်အစားမှားဝတ်တာထက်ဆိုးတဲ့  ကိုယ်ကျိုးနည်း၊ အရှက်ကွဲရတဲ့ အဖြစ်မျိုး သံသရာနှင့်ချီပြီး ကြုံရနိုင်တယ်ဆိုတာကို အပြုသဘောဆောင်တဲ့ စေတနာအပြည့်နှင့် သတိပေးစကားပြောလိုက်ရပါတယ်ဗျာ။
အဲဒီလိုဖြစ်တဲ့အခါမျိုးမှာ ကိုယ့်အိမ်မှာရှိနေတဲ့သူ တစ်ယောက်ယောက်ကပဲဖြစ်ဖြစ်၊ အပြင်မှာ လမ်းသွားလမ်းလာတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ကျွန်တော်တို့လွဲနေတာကို မြင်မိသွားရင် လှမ်းသတိပေးတတ်ကြပါတယ်။ အဲဒီလို သတိပေးလိုက်တာနဲ့ ကျွန်တော်တို့ ချက်ချင်းပဲ ကိုယ်မှားနေတာ၊ လွဲနေတာကို ပြင်ကြတယ်။ ချက်ချင်းပြင်လို့အဆင်မပြေေ
ဒီလိုသတိပေးစကားပြောခံရတဲ့အ
အဲဒီဥပမာလိုမျိုးပါပဲ။ အခုလည်း တရားသမားမိတ်ဆွေတချို့ ကို ပြောချင်တာက ကိုယ်အားထုတ်နေတဲ့ တရားနည်းဟာ လွဲနေတယ်။ ကိုယ်သိထားတဲ့ တရားဟာ ဘုရားဟောနှင့်မကိုက်ညီဘူးဖြ
ငါ ဘာများလွဲနေလဲ။
ငါ ဘာများ ပြန်ပြင်ဆင်ဖို့ လိုနေလဲ။
သူတို့တွေ ငါ့ကို သတိပေးတယ်ဆိုတာ ဘယ်သူ့အကျိုးအမြတ်အတွက် ရည်ရွယ်ပြီး ပြောနေတာလဲ။
ဆိုပြီး ပြန်စမ်းစစ်ကြည့်သင့်ပါတယ်။
တစ်ယောက်မက တူညီတဲ့ထောက်ပြမှုတွေနှင့် ၀ိုင်းပြောနေကြပြီဆိုရင်တော
အဲဒါကိုမှ သူတို့တွေ ဘာနားလည်လို့ ငါ့ကိုလာထောက်ပြဝေဖန်နေရတာလ
No comments:
Post a Comment