(၄) ဘ၀အပေါ် စတင်ပြီး စိုးရိမ်ပူပန်စိတ်များလာနေတဲ့ သင့်အတွက်....
လူရယ်လို့မွေးဖွားလာပြီးမှေ တာ့ ဘ၀တစ်လျှောက်လုံး ကြောင့်ကြစိုးရိမ်စိတ်တွေနှ င့် ရှင်သန်နေထိုင်သွားရမယ်ဆိုရ င် ဘယ်လောက်များရှက်ဖို့ကောင်း လိမ့်မလဲ။ လူရယ်လို့ဖြစ်လာမှတော့ စိတ်ချမ်းမြေ့ပြီး ပျော်ပျော်ရွှင်ရွှင် နေလို့ရတဲ့နေရာတစ်ခုဆီကိုေ တာ့ ခင်ဗျားရောက်အောင်သွားသင့်တာပေါ့။
မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်း....ဒီဘယ်လိုမြှ ငင်းမရနိုင်အောင် ဖြစ်နေတတ်တဲ့ အရာတွေကိုတော့ ကျွန်တော်တို့ဟာ ရူးချင်ယောင်ဆောင်ပြီး ရှောင်လွှဲလို့မရနိုင်ဘူးပေါ့။ အမှန်စင်စစ်က သူတို့တွေကို ကျင်ကျင်လည်လည်နှင့် ကိုင်တွယ်ထိန်းကျောင်းတတ်ဖို့ရာသာ ကျွန်တော်တို့ရဲ့  ရည်မှန်းချက်ပန်းတိုင်ပါ။ ဒီဖြစ်စဉ်ကြီးတွေထဲမှာပဲ ကပ်ငြိနေပြီး ရုန်းမထွက်နိုင်အောင် ဖြစ်မနေသင့်ပါဘူး။
လူတစ်ယောက်တလေကမှ သူတို့ရဲ့  ဘ၀နှင့်ပတ်သက်ပြီး သေသေချာချာဂဃနဏ မစဉ်းစားတတ်ကြတာ အံသြစရာကောင်းပါတယ်။ နှစ်ပေါင်းများစွာ ကျွန်တော်တို့တွေဟာ မချက်ပြုတ်ထားရသေးတဲ့ အစားအစာတွေကို သယ်ဆောင်ရင်း လျှောက်သွားနေကြသလိုမျိုးပါ ပဲ။ တခြားသူတွေလည်း ကိုယ်လိုပါပဲလို့ ဖြေတွေးတွေးရင်း ကိုယ့်ကိုယ်ကိုလည်း နှစ်သိမ့်ထားကြပါသေးတယ်။ ဒါကြောင့်ပဲ ဒီလိုမျိုး တခြားသူတွေလည်း ကိုယ်လိုပါပဲလို့ တွေးတတ်ကြတာကို ကျွန်တော်က “အုပ်စုလိုက် အသုံးမကျမှု“ လို့ နာမည်တပ်ရတာပါ။
“ဆာတိုးရီ“ ဆိုတဲ့ အဓိပ္ပါယ်က ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင် ဖန်တီးပြုပြင် တည်ဆောက်ယူတာကို ပြောတာပါ။ “အုပ်စုလိုက် အသုံးမကျမှု“ ကနေ နိုးထလာတာကို ဆိုလိုပါတယ်။
မန်ချူရီးယားအရပ်မှာ ဟိုးအရင်က လှည်းတွေကို ခွေးအကြီးကြီးတွေကို ဆွဲခိုင်းကြတယ်။ လှည်းမောင်းသမားက အသားတုံးလေးကို ခွေးရဲ့  နှာခေါင်းရှေ့ နားမှာ တွဲလောင်းချိတ်ထားတယ်။ ဒီအခါမှာ ခွေးခမျာ ဒီအသားတုံးကို စားရဖို့အရေး အရူးလိုပဲ ပြေးရတော့တယ်။ ဒါပေမယ့်လည်း ကျိန်းသေတာပေါ့။ သူဘယ်စားလို့ရနိုင်မလဲ။ နောက်ဆုံး လှည်းက လိုရာခရီးကို ရောက်သွားတော့မှ သူ့ကို အဲဒီအသားတုံးကို ပစ်ပေးလိုက်တယ်။ အဲဒီအခါမှာ သူဟာ တစ်လုပ်ထဲနှင့် အဲဒီအသားတုံးကို မျိုချပစ်လိုက်တယ်။
ဒါဟာ လူတွေရယ်၊ သူတို့တွေရဲ့ လစာငွေရယ်နှင့် သဘာတရားချင်း အတိအကျ တူပါတယ်။ လမကုန်မချင်း သူတို့ဟာ သူတို့နှာခေါင်းထိပ်မှာ တွဲလောင်းချပေးထားတဲ့ လစာနောက်ကို ပြေးလိုက်ကြတယ်။ လစာရပြီဆိုတာနှင့် အဲဒီငွေကို တစ်ခါတည်း သုံးပစ်လိုက်ကြတယ်။ အဲဒီနောက်မှာတော့ သူတို့လက်ထဲ ပိုက်ဆံက ပြတ်သွားတယ်။ ဒီလိုနဲ့ နောက်တစ်ခါ လစာထုတ်ရက်နောက်ကို တခါ ပြေးလိုက်ကြပြန်တယ်။
ဘယ်သူကမှ သူတို့နှာခေါင်းတဆုံးကိုလွန်ပြီး မမြင်နိုင်ကြဘူး ဖြစ်နေတယ်။ လူတိုင်းလူတိုင်းကတော့ သူတို့ဘ၀တွေဟာ တစ်နည်းနည်းနှင့် အဓိပ္ဗါယ်ပြည့်စုံနေတယ်ရယ်လို့ ထင်နေတတ်ကြပေမယ့် တကယ်က သူတို့တွေဟာ ပျံလွှားငှက်တွေနှင့် ဘာမှ သိပ်မကွာကြဘူး။ အထီးတွေက အစာရှာတယ်။ အမတွေက ဥ၀ပ်တယ်။
လူအများစုဟာ ဘ၀လမ်းကို ရှင်းရှင်းလင်းလင်း မချဉ်းကပ်နိုင်ကြဘူး။ ရေတိုနည်းလမ်းတွေသုံးပြီး ဘ၀ကို ခက်ခက်ခဲခဲရုန်းကန်နေကြရတယ်။ အကြောတက်နေတဲ့ ပုခုံးပေါ်မှာ ဆေးလိမ်းနေကြသလို ဖြစ်နေတယ်။
မေးချင်တာက.... ခင်ဗျားက ဘာလို့ နှာဖူးကြောကြီးကို ဒီလောက်တောင် ရှုံ့ ထားရတာလဲ။
ဒါကို ဂရုမစိုက်ပဲနေမယ်ဆိုရင်ေ တာ့ ခင်ဗျားဟာ ဘ၀တစ်လျှောက်လုံး ဘာမှ မယ်မယ်ရရ လုပ်ဖြစ်တော့မှာမဟုတ်ဘူး။ ဒါ့အပြင် ခင်ဗျားရဲ့  သူလိုငါလိုမျှော်လင့်ချက်တွေ တစ်နေ့နေ့မှာ ပြည့်စုံလာမလားရယ်လို့ စောင့်စားရင်းနှင့်ပဲ အချိန်တွေကုန်ဆုံးသွားရမှာဖြစ်တယ်။
(ဆက်ရန်....)
Kōdō Sawaki Rōshi
လူရယ်လို့မွေးဖွားလာပြီးမှေ
မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်း....ဒီဘယ်လိုမြှ
လူတစ်ယောက်တလေကမှ သူတို့ရဲ့  ဘ၀နှင့်ပတ်သက်ပြီး သေသေချာချာဂဃနဏ မစဉ်းစားတတ်ကြတာ အံသြစရာကောင်းပါတယ်။ နှစ်ပေါင်းများစွာ ကျွန်တော်တို့တွေဟာ မချက်ပြုတ်ထားရသေးတဲ့ အစားအစာတွေကို သယ်ဆောင်ရင်း လျှောက်သွားနေကြသလိုမျိုးပါ
“ဆာတိုးရီ“ ဆိုတဲ့ အဓိပ္ပါယ်က ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင် ဖန်တီးပြုပြင် တည်ဆောက်ယူတာကို ပြောတာပါ။ “အုပ်စုလိုက် အသုံးမကျမှု“ ကနေ နိုးထလာတာကို ဆိုလိုပါတယ်။
မန်ချူရီးယားအရပ်မှာ ဟိုးအရင်က လှည်းတွေကို ခွေးအကြီးကြီးတွေကို ဆွဲခိုင်းကြတယ်။ လှည်းမောင်းသမားက အသားတုံးလေးကို ခွေးရဲ့  နှာခေါင်းရှေ့ နားမှာ တွဲလောင်းချိတ်ထားတယ်။ ဒီအခါမှာ ခွေးခမျာ ဒီအသားတုံးကို စားရဖို့အရေး အရူးလိုပဲ ပြေးရတော့တယ်။ ဒါပေမယ့်လည်း ကျိန်းသေတာပေါ့။ သူဘယ်စားလို့ရနိုင်မလဲ။ နောက်ဆုံး လှည်းက လိုရာခရီးကို ရောက်သွားတော့မှ သူ့ကို အဲဒီအသားတုံးကို ပစ်ပေးလိုက်တယ်။ အဲဒီအခါမှာ သူဟာ တစ်လုပ်ထဲနှင့် အဲဒီအသားတုံးကို မျိုချပစ်လိုက်တယ်။
ဒါဟာ လူတွေရယ်၊ သူတို့တွေရဲ့ လစာငွေရယ်နှင့် သဘာတရားချင်း အတိအကျ တူပါတယ်။ လမကုန်မချင်း သူတို့ဟာ သူတို့နှာခေါင်းထိပ်မှာ တွဲလောင်းချပေးထားတဲ့ လစာနောက်ကို ပြေးလိုက်ကြတယ်။ လစာရပြီဆိုတာနှင့် အဲဒီငွေကို တစ်ခါတည်း သုံးပစ်လိုက်ကြတယ်။ အဲဒီနောက်မှာတော့ သူတို့လက်ထဲ ပိုက်ဆံက ပြတ်သွားတယ်။ ဒီလိုနဲ့ နောက်တစ်ခါ လစာထုတ်ရက်နောက်ကို တခါ ပြေးလိုက်ကြပြန်တယ်။
ဘယ်သူကမှ သူတို့နှာခေါင်းတဆုံးကိုလွန
လူအများစုဟာ ဘ၀လမ်းကို ရှင်းရှင်းလင်းလင်း မချဉ်းကပ်နိုင်ကြဘူး။ ရေတိုနည်းလမ်းတွေသုံးပြီး
မေးချင်တာက.... ခင်ဗျားက ဘာလို့ နှာဖူးကြောကြီးကို ဒီလောက်တောင် ရှုံ့ ထားရတာလဲ။
ဒါကို ဂရုမစိုက်ပဲနေမယ်ဆိုရင်ေ
(ဆက်ရန်....)
Kōdō Sawaki Rōshi
No comments:
Post a Comment