(၂) တစ်ခုခုထဲမှာ ပါဝင်ပတ်သက်နေမှရလိမ့်မယ်လို့ တွေးနေတဲ့ သင့်အတွက်
သင်ဟာတစ်ယောက်ယောက်အပေါ်မှာ အမြဲတမ်းသွားမှီနေတတ်တယ်။ တစ်ယောက်ယောက်က အာလူးချောင်းကြော်စားနေရင် လိုက်စားချင်တယ်။ တစ်ယောက်ယောက် တုတ်ထိုးသကြားလုံးလေး စုပ်နေတာတွေ့ရင်လည်း လိုက်စားချင်တယ်။ တစ်ယောက်ယောက်က ပုလွေချောင်းလေးမှုတ်နေတာတွေ့ ရင် “မေမေ။ သားကိုလည်း ပုလွေချောင်းလေးဝယ်ပေးပါ“ ဆိုပြီး ပူဆာတယ်။ ဒါက ကလေးတွေမှာချည်း ဖြစ်တတ်တာမျိုးမဟုတ်ဘူး။
နွေဦးရောက်လာပြီဆိုရင် နွေဦးက သင့်ရဲ့ စိတ်ကိုလွှမ်းမိုးခြယ်လှယ် နိုင်ဖို့ သင်ကခွင့်ပေးလိုက်တယ်။။ ဆောင်ဦးရောက်ပြီဆိုလည်း ဒီအတိုင်းပဲ။ လူတိုင်းဟာ တစ်စုံတစ်ခုက ကိုယ့်စိတ်ကို လွှမ်းမိုးခြယ်လှယ်ထားတာကို စောင့်မျှော်နေတတ်ကြတယ်။ တချို့ ဆို လူတွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်ဖို့ လုပ်ငန်းကြော်ငြာတွေပြုလုပ် ဖန်တီးပြီး အသက်မွေးဝမ်းကြောင်းတောင် လုပ်လိုက်ကြသေးတယ်။
လူတွေဟာ စိတ်ခံစားချက် ရှုပ်ရှုပ်ထွေးထွေးဖြစ်တာမျိုးကို သဘောကျတတ်ကြတယ်။ ရုပ်ရှင်ရုံရှေ့ က ကြော်ငြာပိုစတာကိုကြည့်ရုံလေးနဲ့တင် သူတို့မျက်နှာတွေမှာ ခံစားချက်တွေ ယောက်ရက်ခပ်သွားတာမျိုးဖြစ် ကြတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့  ဓမ္မတရားတော်က လူတွေ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေမှာ ကိုယ်တိုင် ဒူးထောက်အညံ့ခံနေရတာမျိုး မဖြစ်စေဖို့အတွက်ဖြစ်ပါတယ် ။ အခြားတစ်ဘက်မှာလည်း လောကကြီးထဲမှာ ဘာမှ မဟုတ်တာတွေကို လူတွေက ဇာချဲ့ နေတတ်ကြတယ်။
ပုံမှန်လူသားတစ်ယောက်ဆိုရ င် ဒီပုံစံအတိုင်းပဲ။ သူဟာ အသုံးမကျမှုတွေစုစည်းထားတဲ့  မျက်လုံးတွေနှင့်ပဲ ကြည့်မြင်နေတတ်တယ်။
သူရဲကောင်းတွေရဲ့ ဝန်းကျင်မှာနေနေရတာကြောင့် သတ္တိဗျတ္တိအပိုင်းအစတွေနှင့်  ကိုယ့်ကိုယ်ကို သူရဲကောင်းဆိုတဲ့ ဇာတ်ရုပ်တစ်ခုကို ကပြဖို့ပါပဲ။ တကယ်က ဒါဟာလည်း သူရဲကောင်းဆန်တာမျိုးမှ မဟုတ်တာ။ အဖေလုပ်တဲ့ သူခိုးကြီးက သူ့သားကို ပြောတယ်။ “မင်းရဲ့ အသုံးမကျတဲ့ရိုးသားမှုကို ချက်ချင်းရပ်မပစ်လိုက်ဘူးဆိုရင်တော့ မင်းဟာငါ့လို လေးစားခံရလောက်တဲ့ သူခိုးတစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး။ မင်းဟာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ်မှာ မထေမဲ့မြင် လုပ်လိုက်တာပဲဖြစ်တယ်“ တဲ့။
လူတွေဟာ လူတတ်ကြီးဆိုတဲ့ မျက်နှာပေးတွေနှင့် ကမ္ဘာမြေကြီးအပေါ်မှာ မင်းမူနေတဲ့ အရှင်သခင်ဖြစ်တဲ့အကြောင်း ပြောကြတယ်။ တချိန်တည်းမှာပဲ ကိုယ့်ဟာကို ဘယ်ကနေစလုပ်ရမယ်မှန်းတောင် မသိကြဘူး။ တီဗွီကလာနေတဲ့ အားကစားပွဲတွေကို ကြည့်နေပြီး တခြားသူတွေလည်း သူလိုပဲ ကြည့်ကြတာလို့ ကိုယ့်အတွက်ကိုယ် ကာကွယ်ပြောဆိုတတ်ကြတယ်။
ငါတို့တတွေဟာ ဒီလို အုပ်စုလိုက်အသုံးမကျမှုမှာ နေထိုင်ကြတယ်။ ဒီလို ရူးကြောင်ကြောင်ဖြစ်မှုတွေကိုပဲ စစ်မှန်တဲ့ အတွေ့အကြုံတွေရယ်လို့ ထင်မှတ်မှားကြတယ်။ သင်ဟာ အမှန်ကို အမှန်အတိုင်း ကိုယ့်ဖာသာ သိလာအောင်လုပ်ဖို့နှင့် ဒီရူးသွပ်မှုကနေ နိုးထလာဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ တရားဘာဝနာပွားများအားထုတ် တယ်ဆိုတာ အုပ်စုကနေစွန့်ခွာထွက်ပြီး ကိုယ့်ခြေထောက်နှစ်ဘက်နှင့်  ကိုယ့်လမ်းကိုယ်လျှောက်ဖို့ဖြစ်တယ်။
တစ်ယောက်တည်းဆိုရင်တော့ လူတွေက တောင့်ခံထားနိုင်ကြပေမယ့်လို့၊ အုပ်စုဖွဲ့မိသွားကြပြီဆိုရင်တော့ သူတို့ရဲ့  အသုံးမကျမှုကို စတင်ကြတော့တာပါပဲ။ အုပ်စုလိုက် အသုံးမကျမှုထဲ စီးမျှောလိုက်ကြတော့တာပဲ။ သူတို့ဟာ ဒီလိုအုပ်စုလိုက် အသုံးမကျဖို့အတွက်လည်း ဆုံးဖြတ်ချက်တွေခိုင်မာကြတ ယ်။ ကလပ်တွေထောင်ကြတယ်။ အဖွဲ့ဝင်ကြေးတွေတောင် ပေးကြသေးတယ်။ တရားဘာဝနာပွားများအားထုတ် တယ်ဆိုတာဟာ အုပ်စုလိုက် အသုံးမကျမှုကနေ စွန့် ခွာ ခွဲထွက်လာလိုက်တာကို ခေါ်ပါတယ်။
(ဆက်ရန်....)
Kōdō Sawaki Rōshi
သင်ဟာတစ်ယောက်ယောက်အပေါ်မှာ အမြဲတမ်းသွားမှီနေတတ်တယ်။ တစ်ယောက်ယောက်က အာလူးချောင်းကြော်စားနေရင် လိုက်စားချင်တယ်။ တစ်ယောက်ယောက် တုတ်ထိုးသကြားလုံးလေး စုပ်နေတာတွေ့ရင်လည်း လိုက်စားချင်တယ်။ တစ်ယောက်ယောက်က ပုလွေချောင်းလေးမှုတ်နေတာတွေ
နွေဦးရောက်လာပြီဆိုရင် နွေဦးက သင့်ရဲ့ စိတ်ကိုလွှမ်းမိုးခြယ်လှယ်
လူတွေဟာ စိတ်ခံစားချက် ရှုပ်ရှုပ်ထွေးထွေးဖြစ်တာမျို
ပုံမှန်လူသားတစ်ယောက်ဆိုရ
သူရဲကောင်းတွေရဲ့ ဝန်းကျင်မှာနေနေရတာကြောင့်
လူတွေဟာ လူတတ်ကြီးဆိုတဲ့ မျက်နှာပေးတွေနှင့် ကမ္ဘာမြေကြီးအပေါ်မှာ မင်းမူနေတဲ့ အရှင်သခင်ဖြစ်တဲ့အကြောင်း ပြောကြတယ်။ တချိန်တည်းမှာပဲ ကိုယ့်ဟာကို ဘယ်ကနေစလုပ်ရမယ်မှန်းတောင်
ငါတို့တတွေဟာ ဒီလို အုပ်စုလိုက်အသုံးမကျမှုမ
တစ်ယောက်တည်းဆိုရင်တော့ လူတွေက တောင့်ခံထားနိုင်ကြပေမယ့်လ
(ဆက်ရန်....)
Kōdō Sawaki Rōshi
No comments:
Post a Comment