စူးစူးစိုက်စိုက် ကြည့်ရှုတတ်တာဟာ ဘ၀နေထိုင်နည်းပုံစံ တစ်မျိုးဖြစ်လာနိုင်ပါတယ်။ သတိနှင့် အသက်ရှူတာကို လေ့ကျင့်မှုက သက်ရှိသက်မဲ့အရာဝတ္ထုတွေအပေါ် နီးကပ်ယဉ်ပါးလာစေပြီး သူတို့ရဲ့ မတည်မြဲတဲ့သဘာဝကို စူးစိုက်ကြည့်ရှုမှုမှာ အထောက်အကူဖြစ်စေပါတယ်။ အဲဒီအလေ့အကျင့်က အရာရာတိုင်း အစဉ်မတည်မြဲနိုင်တာကြောင့် ဘ၀မှာ နေထိုင်နေရတာ ဘာများ တန်ဖိုးရှိအုံးတော့မှာလဲလို့ အပြစ်တင်နေတတ်တာကို တားဆီးထိမ်းပေးလိုက်ပါတယ်။
မတည်မြဲမှုဆိုတာ ပြောင်းလဲနိုင်ဖို့အတွက် ဖြစ်လာတာပါ။ “မတည်မြဲမှုကြီး သက်တော်ရာကျော်ရှည်ပါစေ။“ လို့တောင် အားလုံးက ဆုတောင်းပေးသင့်ပါသေးတယ်။
ခံစားနေရတဲ့ စိတ်ဆင်းရဲသောကတွေကို ပျော်ရွှင်မှုအဖြစ် ပြောင်းလဲပစ်လိုက်နိုင်လို့ မတည်မြဲမှုကြီးကို ကျေးဇူးအထူးတင်ကြရမှာပါ။
~ Thich Nhat Hanh
No comments:
Post a Comment