(အောက်ဖော်ပြပါအကြောင်းအရာက တော့ ကြည်ညိုလေးစားရပါသော ဦးဇောတိက ဆရာတော်ဘုရားမှ အခက်အခဲပြဿနာတွေအများကြီး ကြုံတွေ့ရတတ်တဲ့ ဘဝနှင့်ပတ်သက်ပြီး တပည့်တစ်ဦးကို သွန်သင်ဆုံးမထားတဲ့ တရားအဆုံးအမထဲကနေ ပြန်လည် ကောက်နှုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။)
▶️
ဘ၀မှာ ပြဿနာတွေ၊ အခက်အခဲတွေနှင့် ပြည့်နှက်နေတယ်လို့ ပြောတဲ့စကားဟာ မှန်ပါတယ်။
ဘ၀မှာ ပြဿနာတွေ၊ အခက်အခဲတွေနှင့် ပြည့်နေတယ်။
မွေးလာတဲ့အချိန်ကနေစပြီး အခက်အခဲဆိုတာတွေကို ရယူပိုင်ဆိုင်လာရတယ်။ ဒါက သဘာဝတရားပါပဲ။ သူတို့ကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေသွားဖို့ပဲ လိုအပ်တာပါ။
အခက်အခဲဆိုတာမှာ သဘာဝအတိုင်း သူ့အလိုလို ဖြစ်လာတဲ့ အခက်အခဲတွေရယ်၊ လူတွေဖန်တီးလိုက်လို့ ဖြစ်လာတဲ့ အခက်အခဲတွေရယ် ဆိုပြီး ရှိတယ်။
သဘာဝကြောင့် ဖြစ်လာတဲ့ အခက်အခဲပြဿနာတွေကိုတော့ သဘာဝကျတဲ့ နည်းလမ်းတွေကို ရှာဖွေစဉ်းစားပြီး သူတို့ကို ပြေလည်အောင် ဖြေရှင်းပစ်လိုက်လို့ရတယ်။
ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း ပြဿနာတွေဖြစ်လာအောင်လို့ ပြုလုပ်မိ
နေတတ်တယ်။ ကိုယ့်ကြောင့် ဖြစ်လာရတဲ့ ပြဿနာတွေကိုကျတော့ ဘယ်လိုနည်းတွေနှင့် ဖြေရှင်းပစ်မလဲ။
ပထမဆုံး ကိုယ်က ဒီအခက်အခဲပြဿနာတွေကို ဖြစ်လာအောင် ပြုလုပ်လိုက်မိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုအပ်တယ်။
ပြဿနာကို ဖြစ်လာအောင် ဖန်တီးလိုက်မိတဲ့စိတ်နှင့် ပြဿနာဖန်တီးလိုက်မိတဲ့စိတ်ကို ပြန်ပြီးသိလိုက်တဲ့စိတ်ဟာ စိတ်သဘာဝ ပုံစံချင်းမတူကြဘူး။
ပြဿနာကို ဖန်တီးတဲ့စိတ်မှာ သတိတရားမရှိဘူး။ တည်ကြည်မှုမရှိဘူး။ ပညာမပါဘူး။
ပြဿနာဖြစ်လာအောင် ဖန်တီးမိလိုက်ပါလားလို့ ပြန်သိလိုက်တဲ့စိတ်မှာကျတော့  သတိတရားလည်းပါတယ်။ ပညာလည်းပါနေတယ်။
ပြဿနာတွေကိုဖြေရှင်းဖို့အတွ က်ဆိုရင် အဲဒီ ပြဿနာတွေကို ဖြစ်လာအောင်ဖန်တီးလိုက်တဲ့ စိတ်နှင့် အမျိုးအစားပုံစံတူ အခြားစိတ်တစ်ခုနှင့် ဖြေရှင်းလို့ မရနိုင်ဘူး။
ပြဿနာကို ဖြေရှင်းဖို့အတွက်ဆိုရင် သတိတရားရှိပြီး အခက်အခဲအပေါ်မှာ ပညာဉာဏ်ကြီးကြီးနှင့် မြင်တတ်တဲ့ စိတ်မျိုးရှိဖို့လိုအပ်တယ်။
ကိုယ့်စိတ်က ပြဿနာတွေကို ဖန်တီးနေတယ်လို့ မြင်လာတဲ့အခါမှာ ပြဿနာအများစုဟာ ဖြေရှင်းပြီးသား ဖြစ်သွားတယ်။ ပြဿနာတွေဖြစ်အောင် ကိုယ်က မဖန်တီးတော့တဲ့အခါ သဘာဝကြောင့် သူ့အလိုလိုဖြစ်လာတဲ့ အခက်အခဲပြဿနာတွေလောက်ပဲ ကိုယ့်မှာ ဖြေရှင်းဖို့ ကျန်တော့တယ်။ ပြဿနာတွေရဲ့  ၉၀ ရာခိုင်နှုန်းကျော်ဟာ သူ့အလိုလို ပျောက်ပျက်သွားတယ်။ ဘာလို့လဲဆိုတော့ သူတို့ဖြစ်လာအောင် ကိုယ့်ဘက်က ထပ်ပြီး မလုပ်တော့လို့ပဲ။
ဖြေရှင်းဖို့ကျန်တဲ့ ပြဿနာ ၁၀ ရာခိုင်နှုန်းလောက်ဟာလည်း ကိုယ့်အပေါ်မှာ ၀န်ထုပ်ဝန်ပိုး မဖြစ်စေတော့ဘူး။ သူတို့ကို ဖြေရှင်းရင်လည်း ဖြေရှင်းလိုက်နိုင်မယ်။ မဖြေရှင်းပဲ သူတို့နှင့်အတူ နေသွားမယ်ဆိုရင်လည်း ရနိုင်တယ်။
အရင်က ပေါင်တစ်ရာလောက်အလေးချိန်ကို ထမ်းထားရာကနေ အခု ပေါင် ၉၀ လျှော့ကျသွားပြီး ၁၀ ပေါင်လောက်ပဲ ထမ်းစရာကျန်တော့မယ်ဆိုရင် ၀န်ပိမနေတော့ဘူး။ ဒီအလေးချိန်လောက်ကို ကောင်းကောင်းထမ်းထားလို့ရသွားတယ်။
ဘ၀မှာလည်း မလိုအပ်တဲ့ပြဿနာတွေကို စိတ်ကထပ်ပြီး မဖန်တီးတော့ဘူးဆိုရင် ဘ၀ဟာ ၀န်ပေါ့သွားတယ်။ ပေါ့ပေါ့ပါးပါးနှင့် ဘ၀ခရီးကို ဆက်သွားနိုင်တယ်။
ခန္ဓာ့ ဝန်နှင့် ကိလေသာဝန်ဆိုပြီးတော့ ၀န်ထုပ်ဝန်ပိုးက နှစ်မျိုးရှိတယ်။
ခန္ဓာကိုယ်ကို ကျန်းကျန်းမာမာဖြစ်အောင် စောင့်ရှောက်ဖို့ လိုအပ်တယ်။ ဒါကြောင့် အစားစားတယ်၊ အပူအအေးတွေ အလွန်အကျွံမဖြစ်အောင်လို့ ကာကွယ်တယ်။ ပင်ပန်းရင် နားရတယ်။ အိပ်ရတယ်။ နေမကောင်းတဲ့အခါ ဆေးကုသမှုကို ခံယူရတယ်။ ဒါတွေအားလုံးဟာ ခန္ဓာ့ ဝန်တွေပဲ။ ဒါပေမယ့် သူ့မှာ အကန့်အသတ်တော့ ရှိတယ်။
ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာတွေက ဒီလောက်ဈေးမကြီးဘူး။
ကျန်းမာရေးနှင့် မညီညွတ်တဲ့ အစားအစာတွေက ပိုဈေးကြီးတယ်။ စီးကရက်တွေ အရမ်း ဈေးကြီးတယ်။ ၀ိုင်အရက်တွေလည်း ဈေးကြီးတယ်။ တခြားတခြား စားဖို့မလိုတဲ့ဟာတွေ၊ သောက်ဖို့မလိုတာ၊ သုံးဖို့မလိုတာတွေက ဈေးပိုကြီးကြတယ်။ ကျန်းမာရေးနှင့် ညီညွတ်မျှတတဲ့ အ၀တ်အစားမျိုးတွေဆိုရင် ဈေးက ဒီလောက်မကြီးဘူး။
ခန္ဓာကိုယ် ကျန်းကျန်းမာမာနေဖို့အတွက်ဆိုရင် အခက်အခဲများများစားစားမရှိပဲ နေမယ်ဆို နေလို့ရနိုင်တယ်။ ရောဂါဝေဒနာအများစုကလည်း ခေတ်မီဆေးကုသမှု ကုထုံးတွေနှင့် ကုသမယ်ဆိုရင် ပျောက်ကင်းပြီး သက်သာနိုင်တယ်။
ဒါပေမယ့် ကိလေသာဝန်မှာတော့ အကန့်အသတ်ဆိုတာမရှိဘူး။
လောဘဖြစ်လာပြီဆိုရင် အကန့်အသတ်ဆိုတာမရှိတော့ဘူး။ ဘယ်တော့မှ တကယ် တင်းတိမ်ရောင့်ရဲတယ်ဆိုတာ မရှိဘူး။ လောဘကြောင့်ဖြစ်လာတဲ့ အာသာဆန္ဒကိုပြည့်ဝဖို့ ဘယ်လောက်ဖြည့်ဆည်းဖြည့်ဆည်း လုံလောက်သွားပြီ၊ ပြည့်သွားပြီဆိုတာ မရှိဘူး။ အသိဉာဏ်ကပဲ လောဘကို ကန့်သတ်ပေးနိုင်တယ်။ ထိန်းပေးနိုင်တယ်။
လောဘက သူ့ကြောင့်ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူး။ လောဘမရှိတဲ့ စိတ်ကမှ လောဘက ဖန်တီးပေးလိုက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်။
မာနကြီးတာ၊ စိတ်ကြီးဝင်ပြီး ဘ၀င်မြင့်တာ၊ ဒေါသထွက်တာ၊ မနာလိုတာ၊ ၀န်တိုတာ အားလုံးဟာ ပြဿနာတွေကို ဖန်တီးတယ်။
ဒေါသကလည်း သူ့ကြောင့်ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူး။ ဒေါသမရှိတဲ့ စိတ်ကမှ ဒေါသက ဖန်တီးပေးလိုက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်။
မာနကလည်း သူ့ကြောင့်ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူး။ မနာလိုတာတွေ၊ ၀န်တိုတာတွေကလည်း သူတို့ ဖန်တီးလိုက်တဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူး။
လောဘ၊ ဒေါသ၊ မာန၊ မနာလိုမှု၊ ၀န်တိုမှုတွေ မရှိတဲ့စိတ်၊ သတိရှိနေတဲ့စိတ်၊ ပညာဉာဏ်ဦးစီးနေတဲ့စိတ်ကသာ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ဖြေရှင်းပေးနိုင်တယ်။
ဒါကြောင့် ဘ၀မှာ ကောင်းကောင်းမွန်မွန်နေသွား ချင်တယ်ဆိုရင်၊ ဘ၀ခရီးမှာ ၀န်ထုပ်ဝန်ပိုးတွေ မထမ်းထားရပဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းသွား ချင်တယ်ဆိုရင်၊ ပျော်ပျော်ရွှင်ရွှင် နေသွားချင်တယ်ဆိုရင် သတိနှင့်နေထိုင်ကြရလိမ့်မယ် ။
သတိရှိလာတဲ့အခါ ဘ၀ကို ကိုယ့်စိတ်ကြိုက် ကိုယ်လိုသလို ဖန်တီးပုံဖော်နိုင်စွမ်း ပိုရှိလာတယ်။
သတိနှင့်နေထိုင်တာဟာ အကောင်းဆုံးသော ဘ၀နေနည်းပဲဖြစ်တယ်။
🔺
(မူရင်းအင်္ဂလိပ်ဆောင်းပါးကို ဆီလျှော်အောင် မြန်မာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

ဘ၀မှာ ပြဿနာတွေ၊ အခက်အခဲတွေနှင့် ပြည့်နှက်နေတယ်လို့ ပြောတဲ့စကားဟာ မှန်ပါတယ်။
ဘ၀မှာ ပြဿနာတွေ၊ အခက်အခဲတွေနှင့် ပြည့်နေတယ်။
မွေးလာတဲ့အချိန်ကနေစပြီး အခက်အခဲဆိုတာတွေကို ရယူပိုင်ဆိုင်လာရတယ်။ ဒါက သဘာဝတရားပါပဲ။ သူတို့ကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်
အခက်အခဲဆိုတာမှာ သဘာဝအတိုင်း သူ့အလိုလို ဖြစ်လာတဲ့ အခက်အခဲတွေရယ်၊ လူတွေဖန်တီးလိုက်လို့ ဖြစ်လာတဲ့ အခက်အခဲတွေရယ် ဆိုပြီး ရှိတယ်။
သဘာဝကြောင့် ဖြစ်လာတဲ့ အခက်အခဲပြဿနာတွေကိုတော့ သဘာဝကျတဲ့ နည်းလမ်းတွေကို ရှာဖွေစဉ်းစားပြီး သူတို့ကို ပြေလည်အောင် ဖြေရှင်းပစ်လိုက်လို့ရတယ်။
ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း ပြဿနာတွေဖြစ်လာအောင်လို့ ပြုလုပ်မိ
နေတတ်တယ်။ ကိုယ့်ကြောင့် ဖြစ်လာရတဲ့ ပြဿနာတွေကိုကျတော့ ဘယ်လိုနည်းတွေနှင့် ဖြေရှင်းပစ်မလဲ။
ပထမဆုံး ကိုယ်က ဒီအခက်အခဲပြဿနာတွေကို ဖြစ်လာအောင် ပြုလုပ်လိုက်မိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုအပ်တယ်။
ပြဿနာကို ဖြစ်လာအောင် ဖန်တီးလိုက်မိတဲ့စိတ်နှင့် ပြဿနာဖန်တီးလိုက်မိတဲ့စိတ်က
ပြဿနာကို ဖန်တီးတဲ့စိတ်မှာ သတိတရားမရှိဘူး။ တည်ကြည်မှုမရှိဘူး။ ပညာမပါဘူး။
ပြဿနာဖြစ်လာအောင် ဖန်တီးမိလိုက်ပါလားလို့ ပြန်သိလိုက်တဲ့စိတ်မှာကျတော
ပြဿနာတွေကိုဖြေရှင်းဖို့အတွ
ပြဿနာကို ဖြေရှင်းဖို့အတွက်ဆိုရင် သတိတရားရှိပြီး အခက်အခဲအပေါ်မှာ ပညာဉာဏ်ကြီးကြီးနှင့် မြင်တတ်တဲ့ စိတ်မျိုးရှိဖို့လိုအပ်တယ်။
ကိုယ့်စိတ်က ပြဿနာတွေကို ဖန်တီးနေတယ်လို့ မြင်လာတဲ့အခါမှာ ပြဿနာအများစုဟာ ဖြေရှင်းပြီးသား ဖြစ်သွားတယ်။ ပြဿနာတွေဖြစ်အောင် ကိုယ်က မဖန်တီးတော့တဲ့အခါ သဘာဝကြောင့် သူ့အလိုလိုဖြစ်လာတဲ့ အခက်အခဲပြဿနာတွေလောက်ပဲ ကိုယ့်မှာ ဖြေရှင်းဖို့ ကျန်တော့တယ်။ ပြဿနာတွေရဲ့  ၉၀ ရာခိုင်နှုန်းကျော်ဟာ သူ့အလိုလို ပျောက်ပျက်သွားတယ်။ ဘာလို့လဲဆိုတော့ သူတို့ဖြစ်လာအောင် ကိုယ့်ဘက်က ထပ်ပြီး မလုပ်တော့လို့ပဲ။
ဖြေရှင်းဖို့ကျန်တဲ့ ပြဿနာ ၁၀ ရာခိုင်နှုန်းလောက်ဟာလည်း ကိုယ့်အပေါ်မှာ ၀န်ထုပ်ဝန်ပိုး မဖြစ်စေတော့ဘူး။ သူတို့ကို ဖြေရှင်းရင်လည်း ဖြေရှင်းလိုက်နိုင်မယ်။ မဖြေရှင်းပဲ သူတို့နှင့်အတူ နေသွားမယ်ဆိုရင်လည်း ရနိုင်တယ်။
အရင်က ပေါင်တစ်ရာလောက်အလေးချိန်ကိ
ဘ၀မှာလည်း မလိုအပ်တဲ့ပြဿနာတွေကို စိတ်ကထပ်ပြီး မဖန်တီးတော့ဘူးဆိုရင် ဘ၀ဟာ ၀န်ပေါ့သွားတယ်။ ပေါ့ပေါ့ပါးပါးနှင့် ဘ၀ခရီးကို ဆက်သွားနိုင်တယ်။
ခန္ဓာ့ ဝန်နှင့် ကိလေသာဝန်ဆိုပြီးတော့ ၀န်ထုပ်ဝန်ပိုးက နှစ်မျိုးရှိတယ်။
ခန္ဓာကိုယ်ကို ကျန်းကျန်းမာမာဖြစ်အောင် စောင့်ရှောက်ဖို့ လိုအပ်တယ်။ ဒါကြောင့် အစားစားတယ်၊ အပူအအေးတွေ အလွန်အကျွံမဖြစ်အောင်လို့ ကာကွယ်တယ်။ ပင်ပန်းရင် နားရတယ်။ အိပ်ရတယ်။ နေမကောင်းတဲ့အခါ ဆေးကုသမှုကို ခံယူရတယ်။ ဒါတွေအားလုံးဟာ ခန္ဓာ့ ဝန်တွေပဲ။ ဒါပေမယ့် သူ့မှာ အကန့်အသတ်တော့ ရှိတယ်။
ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာတွေက ဒီလောက်ဈေးမကြီးဘူး။
ကျန်းမာရေးနှင့် မညီညွတ်တဲ့ အစားအစာတွေက ပိုဈေးကြီးတယ်။ စီးကရက်တွေ အရမ်း ဈေးကြီးတယ်။ ၀ိုင်အရက်တွေလည်း ဈေးကြီးတယ်။ တခြားတခြား စားဖို့မလိုတဲ့ဟာတွေ၊ သောက်ဖို့မလိုတာ၊ သုံးဖို့မလိုတာတွေက ဈေးပိုကြီးကြတယ်။ ကျန်းမာရေးနှင့် ညီညွတ်မျှတတဲ့ အ၀တ်အစားမျိုးတွေဆိုရင် ဈေးက ဒီလောက်မကြီးဘူး။
ခန္ဓာကိုယ် ကျန်းကျန်းမာမာနေဖို့အတွက်ဆ
ဒါပေမယ့် ကိလေသာဝန်မှာတော့ အကန့်အသတ်ဆိုတာမရှိဘူး။
လောဘဖြစ်လာပြီဆိုရင် အကန့်အသတ်ဆိုတာမရှိတော့ဘူး။
လောဘက သူ့ကြောင့်ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူး။ လောဘမရှိတဲ့ စိတ်ကမှ လောဘက ဖန်တီးပေးလိုက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်။
မာနကြီးတာ၊ စိတ်ကြီးဝင်ပြီး ဘ၀င်မြင့်တာ၊ ဒေါသထွက်တာ၊ မနာလိုတာ၊ ၀န်တိုတာ အားလုံးဟာ ပြဿနာတွေကို ဖန်တီးတယ်။
ဒေါသကလည်း သူ့ကြောင့်ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူး။ ဒေါသမရှိတဲ့ စိတ်ကမှ ဒေါသက ဖန်တီးပေးလိုက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်။
မာနကလည်း သူ့ကြောင့်ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူး။ မနာလိုတာတွေ၊ ၀န်တိုတာတွေကလည်း သူတို့ ဖန်တီးလိုက်တဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူး။
လောဘ၊ ဒေါသ၊ မာန၊ မနာလိုမှု၊ ၀န်တိုမှုတွေ မရှိတဲ့စိတ်၊ သတိရှိနေတဲ့စိတ်၊ ပညာဉာဏ်ဦးစီးနေတဲ့စိတ်ကသာ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ဖြေရှင်းပေးနိုင်တယ်။
ဒါကြောင့် ဘ၀မှာ ကောင်းကောင်းမွန်မွန်နေသွား
သတိရှိလာတဲ့အခါ ဘ၀ကို ကိုယ့်စိတ်ကြိုက် ကိုယ်လိုသလို ဖန်တီးပုံဖော်နိုင်စွမ်း ပိုရှိလာတယ်။
သတိနှင့်နေထိုင်တာဟာ အကောင်းဆုံးသော ဘ၀နေနည်းပဲဖြစ်တယ်။

(မူရင်းအင်္ဂလိပ်ဆောင်းပါးကို
No comments:
Post a Comment