

ညနေခင်းတစ်ခုမှာ ဘုန်းတော်ကြီးတစ်ပါး တရားစာ ရွတ်ဖတ်နေတဲ့အချိန်သူခိုးတစ
ဒီလိုတုံ့ပြန်မှုက သူခိုးအနေနှင့် ထင်မှတ်မထားတဲ့ အဖြစ်ပါပဲ။ ဒါကြောင့် သူတုန်လှုပ်သွားခဲ့တယ်။ ဒါပေမယ့် သူလာရင်းကိစ္စကို သူ့ဘာသာ ပြီးပြတ်အောင် လုပ်ရမှာမို့ ဆရာတော် မိန့်တဲ့အတိုင်း အံဆွဲဖွင့် ငွေကိုယူပြီးတာနဲ့ ပြေးဖို့ကြံလိုက်တယ်။ အဲဒီမှာ ရုတ်တရက်လိုပါပဲ။ ဆရာတော်ကအော်ပြောလိုက်တယ်။
''ဟေ့ အကုန်တော့ မယူသွားနဲ့။ မနက်ဖြန် ငါ အခွန်ဆောင်စရာ ရှိသေးတယ်။ ငါ့အတွက် နည်းနည်း ချန်ထားခဲ့အုံး ''။
သူခိုးလည်း ပိုက်ဆံတချို့  ချန်ထားခဲ့ပြီး ပြေးဖို့ တခါ ပြင်ပြန်တယ်။
အဲဒီအချိန်မှာပဲ ဆရာတော်က ''မင်းကွာ ငါ့ပိုက်ဆံတွေလည်း ယူသွားသေးတယ်။ ငါ့ကိုကျ ကျေးဇူးတင်ကြောင်းလေးတောင် ပြောမသွားပါလားကွ။ အတော် မယဉ်ကျေးတဲ့ကောင်ပဲ။” လို့ ပြောလိုက်ပြန်တယ်။
ဒီလို ကြောက်ရွံ့မှု ကင်းကင်းနှင့် မိန့်ကြားမူမှာ သူခိုး သိပ်လန့်သွားခဲ့တယ်။ ဒါ့ကြောင့် ဆရာတော်ကို ကျေးဇူးတင်ကြောင်းလျှောက်ထာ
ရက်အနည်းငယ်ကြာပြီးတဲ့နောက်
ဆရာတော်ကို သက်သေအဖြစ်ခေါ်လိုက်တဲ့အခါ ဆရာတော်က ဘယ်လို အမိန့်ရှိလိုက်သလဲဆိုတော့ -
''သူမခိုးပါဘူး။ ဒီလူ ငါ့ဆီက ဘာတစ်ခုမှ ခိုးယူမသွားခဲ့ပါဘူး ။ ငါကပဲ သူ့ကို ပေးလိုက်တာပါ။ ဒါ့ကြောင့် သူက ငါ့ကို ကျေးဇူးတင်ကြောင်းတောင် ပြောသွားပါသေးတယ်'' လို့ ဆိုတယ်။
ဆရာတော်ရဲ့  စကားက သူခိုးရဲ့ စိတ်ကို ခံစားသွားစေပြီး နောင်တပါ ရသွားစေခဲ့တယ်။ သူ့အပြစ်ကို သူခံယူလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ထောင်ကနေ သူပြန်ထွက်လာတဲ့အခါမှာတော့ ဆရာတော့် ထံပါးမှာ တပည့်သာဝကအဖြစ်နှင့် အလုပ်အကျွေးပြု နေထိုင်ရင်း နှစ်အနည်းငယ်အကြာမှာတော့ အသိဉာဏ်အလင်းရရှိသွားခဲ့တော

ဇင်ပုံပြင် "The Thief and the Zen Master" ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။
No comments:
Post a Comment