

မြစ်ကမ်းဘေးတစ်ခုမှာ ရသေ့သူတော်စင်တစ်ပါး တရားရှုမှတ်ပွားများနေတဲ့အချ
”ဆရာအရှင်၊ အရှင်ဘုရားရဲ့ တပည့် ဖြစ်ချင်ပါတယ်။” လို့ လူငယ်က လျှောက်ထားလိုက်တယ်။
ဒီတော့ ရသေ့သူတော်စင်က ”ဘယ်လိုကြောင့်များလဲ ဒကာ” လို့ ပြန်ပြီး မေးတယ်။
လူငယ်က အတန်ကြာ စဉ်းစားလိုက်ပြီး “ဘုရားသခင်ကို ရှာတွေ့ချင်လို့ပါ။” လို့ ပြန်ဖြေလိုက်တယ်။
ရသေ့ဟာ ရုတ်တရတ် ခုန်ထလိုက်ပြီး လူငယ်ကို လည်ဂုတ်ကနေဆွဲကိုင်ကာ မြစ်ဆီကို ဆွဲခေါ်သွားလိုက်တယ်။ နောက်တော့ လူငယ်ရဲ့  ခေါင်းကိုရေထဲ ဆွဲနှစ်ပစ်လိုက်တယ်။
တစ်မိနစ်လောက် ကြာလာတော့ လူငယ်ဟာ သူ့ကိုယ်သူ လွတ်မြောက်ဖို့
ကန်ကြောက်ရုန်းကန်လာတာနဲ့ ရသေ့လည်း နောက်ဆုံးမှာ လူငယ်ရဲ့ ခေါင်းကို ရေထဲက ပြန်ဆွဲတင်ပြီး လွှတ်ပေးလိုက်တယ်။
လူငယ်ဟာ ရေမွှမ်းတာကြောင့် ချောင်းတဟွတ်ဟွတ်ဆိုးရင်း အသက်ကို မောပန်းတကြီး ရှူနေရရှာတယ်။
နောက်ဆုံး သူငြိမ်ကျပြီး အခြေအနေပုံမှန်ပြန်ဖြစ်သွား
”ဒကာ။ ရေထဲမှာ ရောက်နေတဲ့အချိန်မှာ ဘာကိုအလိုချင်ဆုံးလဲ ဆိုတာ ပြောစမ်းပါ။”
”လေ” လူငယ်က ပြန်ဖြေလိုက်တယ်။
”ဟုတ်ပြီ ဒကာ။ ဒါဆို အခုတော့ အိမ်ပြန်လိုက်ပါအုံး။ လေ ကို လိုချင်သလိုမျိုး ဘုရားသခင်ကို တွေ့ချင်လာတဲ့အခါကျတော့မှပဲ

ဇင်ပုံပြင် ”Wanting God" ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။
No comments:
Post a Comment