

(၂)
အဲဒီလို အရောင်းအဝယ် လုပ်ဖြစ်နေတာ ရက်နည်းနည်း ကြာလာပြီး တစ်ရက်မှာတော့ အဲဒီဒေသမှာ ကြောက်စရာမုန်တိုင်းကြီးတစ်
လမ်းရဲ့ တစ်ဘက် ပန်းခြံထဲမှာ ကစားနေကြတဲ့ ကလေးတွေကို သူတွေ့သွားတယ်။ ဒါနဲ့ သူတို့လေးတွေဆီသွားပြီး သစ်ကိုင်းတွေကို အကုန် ကောက်ပေးပြီး ဥယျာဉ်ဝင်းဝကြီးကို ရှင်းပေးနိုင်မယ်ဆိုရင် တစ်ယောက်ကို မုန့်ချိုတစ်လုံးဆီ ပေးမယ်လို့ ပြောလိုက်တော့ ကလေးတွေကလည်း သဘောတူကြတယ်။
အဲဒီအချိန်မှာပဲ ဘုရင့်အိုးဖုတ်သမားတစ်ယောက်
ဒီလိုနဲ့ သူဟာ ပန်းရောင်းလို့ရတဲ့ အမြတ်ငွေတွေရယ်၊ ထင်းရောင်းလို့ရတဲ့ အမြတ်ငွေတွေရယ် စုပြီး အစားအသောက်ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင် ဖွင့်လိုက်တယ်။ တစ်နေ့မှာတော့ မြို့ ကိုသွားကြမယ့် မြက်ရိတ်သမားတွေအားလုံးဟာ သူ့ဆိုင်မှာဝင်နားကြတယ်။ သူက အဲဒီလူတွေကို မုန့်ချိုတွေ နှင့် သောက်စရာရေ စတာတွေကို အလကားကျွေးမွေးဧည့်ခံတယ်။ သူ့ရဲ့ သဒ္ဓါတရားထက်သန်မှုကို အဲဒီမြက်ရိတ်သမားတွေက သိပ်အံ့ဩကြပြီး "ကျွန်တော်တို့ ဘာများ ခင်ဗျားကို ကူညီပေးလို့ရနိုင်ပါမလဲ" လို့ မေးကြတယ်။ အဲဒီအခါ သူက လောလောဆယ်မှာတော့ အကူအညီလိုနေတာမရှိသေးပါဘူး။
to be continued....
(Ven. Kurunegoda Piyatissa ရဲ့  Buddhist Tales For Young & Old, Vol. 1, Prince Good Speaker မှ "Mouse Merchant" ကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)
ဇာတက၊ ဧကကနိပါတ်၊ စူဠသေဋ္ဌိဇာတ်။
No comments:
Post a Comment