

ဟိုးရှေးရှေးတုန်းက လယ်သမားအဖိုးကြီး တစ်ယောက် ရှိသတဲ့။ သူဟာ နှစ်ပေါင်းများစွာ ကောက်ပဲသီးနှံတွေကို ထွန်ယက်စိုက်ပျိုးလုပ်ကိုင်
”ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ...” လို့ လယ်သမားအဖိုးအိုက ပြန်ဖြေလိုက်တယ်။
နောက်တနေ့ မနက်ကျတော့ သူ့ မြင်းက ပြန်ရောက်လာတယ်။ သူနဲ့အတူ မြင်းရိုင်း သုံးကောင်ကိုပါ အပါ ခေါ်လာတယ်။ "သိပ်ကို ကောင်းတဲ့အဖြစ်ပါလား" လို့ အိမ်နီးနားချင်းတွေက တအံ့တဩပြောကြပြန်တယ်။
”ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ...” လို့ပဲ အဖိုးအိုကတော့ ပြန်ဖြေတယ်။
နောက်ရက်တွေမှာ အဖိုးအိုရဲ့ သားဖြစ်သူက မလေ့ကျင့်ရသေးတဲ့ မြင်းကို တက်စီးဖို့ ကြိုးစားရင်း ပြုတ်ကျပါလေရော။ သူ့ရဲ့ ခြေထောက်ပါ ကျိုးသွားတော့တယ်။ အဲဒီမှာတင် အိမ်နီးနားချင်းတွေက အခုလို ကံဆိုးမှုအတွက် သူတို့က ကရုဏာသက်စာနာပါကြောင်း နောက်တစ်ကြိမ် လာပြောကြပြန်တယ်။
”ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ...” လို့သာ လယ်သမားအဖိုးအိုက ပြန်ဖြေတယ်။
နောက်တရက်မှာတော့ အဲ့ဒီဒေသက သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း အသက်ပြည့်လူငယ်တွေကို စစ်မှုထမ်းဆောင်ဖို့ စစ်အရာရှိတွေက ရွာထဲအထိလာခေါ်ကြတယ်။ အဖိုးအိုရဲ့ သားဖြစ်သူက ခြေကျိုးနေတာမို့ သူ့ကိုခေါ်မသွားပဲ ချန်ထားရစ်ခဲ့တယ်။
ဒါကိုသိပြန်တော့ အိမ်နီးနားချင်းတွေက အဖိုးအိုကို ဝိုင်းပြီး ဝမ်းမြောက်ကြောင်းပြောကြပြန
အဖိုးအိုက ပြန်ပြောလိုက်တယ်။
”ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ...”

ဇင်ပုံပြင် "Maybe" ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။
No comments:
Post a Comment