Wednesday, July 4, 2018

Sit, Walk & Eat



တခါမှာ မြတ်စွာဘုရားကို လူတစ်ယောက်က မေးလျှောက်သတဲ့။

“အရှင်ဘုရားနှင့် အရှင်ဘုရားရဲ့  တပည့်ရဟန်းတွေဟာ ဘာကိုလေ့ကျင့်ပွားများအားထုတ်ကြပါသလဲဘုရား။”

ဒီတော့ မြတ်စွာဘုရားရှင်က “ငါတို့တွေဟာ ထိုင်တယ်၊ လမ်းလျှောက်တယ်၊ အစားစားတယ်။” လို့ ပြန်ဖြေတော်မူတယ်။

ဒီတော့ မေးတဲ့သူက “ ဒါပေမယ့်ဘုရား။ လူတိုင်းလည်း ထိုင်ကြ၊ လမ်းလျှောက်ကြ၊ အစားစားကြတာပဲ ဘုရား။” လို့ ဆက်ပြီး လျှောက်တယ်။

ဒီအခါ မြတ်စွာဘုရားရှင်က “ငါတို့တွေ ထိုင်ကြတဲ့အခါမှာ ထိုင်နေတာကို သိကြတယ်။ လမ်းလျှောက်တဲ့အခါမှာလည်း လမ်းလျှောက်နေတာကို သိတယ်။ ငါတို့တွေ အစားစားနေရင်လည်းပဲ အစားစားနေတာကို သိကြတယ်” လို့ ပြန်လည်မိန့်ကြားတော် မူလိုက်ပါတယ်။


"When the Buddha was asked, 'Sir, what do you and your monks practice?' he replied, 'We sit, we walk, and we eat.'
The questioner continued, 'But sir, everyone sits, walks, and eats,' and the Buddha told him,
'When we sit, we know we are sitting. When we walk, we know we are walking. When we eat, we know we are eating.' "

~ Thich Nhat Hanh, Living Buddha, Living Christ

ဆက်လက်ဖတ်ရှုရန်

Tuesday, July 3, 2018

How about eating? How much should I eat?





မေး - အစားကရော ဘယ်လိုမျိုးလဲ။ တပည့်တော် ဘယ်လောက်လောက်စားသင့်ပါသလဲဘုရား။

ဖြေ - အစာကို ဆေးလိုမျိုး သဘောထားပြီးမြင်ကြည့်ပါ။ အစားစားပြီးရင် အိပ်ငိုက်သွားတဲ့အထိ စားနေသလား။ နေ့တိုင်း ပို၀၀လာသလား။ ဒါဆိုရင်တော့ ရပ်လိုက်ပါ။ ကိုယ့်ခန္ဓာနှင့် စိတ်ကို ပြန်စစ်ပါ။ အစားရှောင်ဥပုသ်စောင့်ဖို့ အဓိကမကျပါဘူး။ အဲဒီအစား ကိုယ်စားနေတဲ့ အစားအစာရဲ့ ပမာဏကို စမ်းစစ်ပါ။ ကိုယ့်ခန္ဓာကိုယ်ရဲ့  သဘာဝမျှခြေကိုရှာပါ။ ဓုတင်ကျင့်သလိုမျိုး ကိုယ်စားမယ့်ပန်းကန်ထဲကို အစားအစာအားလုံးကို ပေါင်းထည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်စားရမယ့် အစားအသောက်ပမာဏကို လွယ်လွယ်ကူကူ ချိန်ကြည့်လို့ရပြီပေါ့။ စားနေတဲ့အချိန်မှာလည်း သတိလေးနှင့် ကိုယ့်ကိုယ်ကို စောင့်ကြည့်ပေးပါ။ ကိုယ့်ကိုယ်ကို သိနေပါ။ ဘုန်းကြီးတို့ ပြုစုပျိုးထောင်နေတဲ့ အကျင့်တရားရဲ့  အနှစ်သာရဟာ အဲဒါပါဘဲ။ ဒီထက်ပိုပြီးဘာမှအထူးတလည်လုပ်နေစရာမလိုဘူး။ သတိနှင့် စောင့်ကြည့်နေရုံသက်သက်ဘဲ။ ကိုယ့်ကိုကိုယ်လည်း ဆန်းစစ်။ စိတ်ကိုလည်းစောင့်ကြည့်။ ဒါဆိုရင် ကိုယ့်ကိုယ်ပိုင် အားထုတ်နေမှုရဲ့  သဘာဝမျှခြေက ဘာလဲဆိုတာကို နားလည်သွားပါလိမ့်မယ်။

Q: How about eating? How much should I eat?

Answer: Look at your food as medicine. Are you eating so much that you only feel sleepy after the meal and are you getting fatter every day? Stop! Examine your own body and mind. There is no need to fast. Instead, experiment with the amount of food you take. Find the natural balance for your body. Put all your food together in your bowl following the ascetic practice. Then you can easily judge the amount you take. Watch yourself carefully as you eat. Know yourself. The essence of our practice is just this. There is nothing special you must do. Only watch. Examine yourself. Watch the mind. Then you will know what is the natural balance for your own practice.

Ajahn Chah

ဆက်လက်ဖတ်ရှုရန်

Sunday, June 24, 2018

What about sleep? How much should I sleep?





မေး - အိပ်တာကရော ဘယ်လိုမျိုးလဲ။ တပည့်တော် ဘယ်လောက်လောက် အိပ်သင့်ပါသလဲဘုရား။

ဖြေ - ဒါကတော့ ဘုန်းကြီးကို မမေးပါနဲ့။ ပြောလို့မရနိုင်ပါဘူး။ တချို့ တွေအတွက်တော့ ပျမ်းမျှ တစ်ည လေးနာရီလောက် အိပ်ရင် အဆင်ပြေကြတာပဲ။ ဒါပေမယ့် အရေးကြီးတာက ကိုယ့်ဖာသာသတိထားကြည့်ပြီး ကိုယ့်အခြေအနေကိုယ်သိဖို့ပါပဲ။ တကယ်လို့ အိပ်ချိန်ကအရမ်းနည်းသွားတဲ့အခါမှာ ခန္ဓာကိုယ်က နေလို့ထိုင်လို့ မကောင်းတော့ပဲ စိတ်တည်ငြိမ်မှုကို ထိန်းထားရတာ ခက်ခဲသွားလိမ့်မယ်။ အိပ်ချိန်များသွားပြန်ရင်လည်း လေးလံထိုင်းမှိုင်းပြီး စိတ်က အနားမရသလို ဖြစ်ပြန်တယ်။ သဘာဝအတိုင်း ကိုယ့်နှင့်သင့်လျှော်မယ့် အိပ်ချိန်အနည်းအများမျှခြေကို ကိုယ့်ဖာသာရှာကြည့်ပါ။ ကိုယ့်စိတ်နှင့် ခန္ဓာ ကို သေသေချာချာသတိထားစောင့်ကြည့်ပြီး အကောင်းဆုံးအနေအထား လိုအပ်တဲ့အိပ်ချိန်ရောက်တဲ့အထိ လုပ်ပါ။ အိပ်ရာကနေနိုးလာပြီးတော့ အိပ်ချင်းမူးတူးနဲ့ ဟိုလှိမ့်ဒီလှိမ့်လုပ်တာဟာ ကိလေသာကြောင့်ပါ။ မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်းမှာပဲ သတိကိုထူထောင်ယူလိုက်ပါ။

Question: What about sleep? How much should I sleep?

Answer: Don't ask me, I can't tell you. A good average for someis four hours a night. What is important, though, is that you watch andknow yourself. If you try to go with too little sleep, the body will feel uncomfortable and mindfulness will be difficult to sustain. Too much sleep leads to a dull or a restless mind. Find the natural balance for yourself. Carefully watch the mind and body and keep track of sleep needs until you find the optimum. If you wake up and then roll over for a snooze, this is defilement. Establish mindfulness as soon as your eyes open.

Ajahn Chah

ဆက်လက်ဖတ်ရှုရန်

Saturday, June 23, 2018

သင့်အတွက်.... (၈)


(၈) တစ်ယောက်ယောက်က ကိုယ့်အပေါ်လှည့်စားသွားလို့ ငိုနေသူ သင့်အတွက်.....

တချို့ နေရာကျရင် ကိုယ့်မျက်နှာကိုယ် ခပ်နာနာလေးရိုက်ပြီး မေးခွန်းရဲရဲ မေးကြည့်စမ်းပါ။ “ကိုယ့်ရဲ့  အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုတွေဟာ ဒီလို ၀မ်းသာလုံးဆို့နေတာတွေ၊ ဒုက္ခခံစားနေတာတွေနှင့် တကယ်ထိုက်တန်ပါရဲ့ လား“ လို့။

အနှေးနှင့်အမြန်ဆိုသလိုပဲ လူတိုင်းဟာ သူတို့အကြောင်းကလွဲရင် တခြားဘာမှ မစဉ်းစားကြတော့ပါဘူး။ မင်းကတော့ ပြောမှာပဲ။ ဒါကို ကောင်းတယ် လို့။ ကောင်းတယ်ဆိုတာဘာလဲ။ မင်းကိုယ်တိုင်မှာ ကောင်းကျိုးဖြစ်မှသာ ကောင်းတာမဟုတ်လား။

ငါတို့လူတွေဟာ ဘာကြောင့် ဒီလောက်တောင်လက်လျှော့လွယ်ကြတာလဲ။ အဲဒီလို လက်လျှော့လိုက်တဲ့အခါကျရင် နဲနဲလောက် စိတ်သက်သာရာရသွားလို့ ဒါကိုပဲ စဉ်ဆက်မပြတ် အားထုတ်နေကြတာဖြစ်တယ်။

ထင်ယောင်ထင်မှားဖြစ်တယ်ဆိုတာ မငြိမ်မသက်ဖြစ်တာကို ပြောတာပဲ။ ထင်ယောင်ထင်မှားဖြစ်တယ်ဆိုတာဟာ အခြေအနေက ထိန်းချုပ်တာကို ခံလိုက်ရတာပဲဖြစ်တယ်။

လူတစ်ယောက်မှာ လိုအင်ဆန္ဒကြီးကြီးမားမားရှိပြီဆို သူ့ကို အရူးလုပ်ဖို့သိပ်လွယ်တာပဲ။ ဘာမှမလိုချင်တဲ့သူကိုကျတော့အတော်ဆုံး ကလိန်ကကျစ်လုပ်နိုင်တဲ့သူကတောင် အမြတ်အစွန်းရအောင် လုပ်လို့မရဘူး။

ဗုဒ္ဓအယူဝါဒဆိုတာဟာ အတ္တကနေ ဆိတ်သုဉ်းတာ၊ ရယူဖို့ ဘာမှမရှိတာကို ဆိုလိုတယ်။ သင်ဟာ တလောကလုံးနှင့်ရော သက်ရှိအားလုံးနှင့်ပါ တစ်သားထဲဖြစ်နေရမယ်။

သက်ရှိအားလုံးဟာ အယူမှားနေကြတယ်။ ငါတို့တွေက ပျော်ရွှင်မှုဆိုတာဟာ မပျော်ရွှင်မှုကို သွားနေတယ်လို့ မြင်ကြတယ်။ ဒီအခါမှာ မပျော်ရွှင်လို့ ဆိုပြီး ငိုကြွေးတယ်လို့ဆိုပေမယ့် တကယ်တော့ ဒီမပျော်ရွှင်မှုဟာ မပျော်ရွှင်မှုအစစ်မဟုတ်ပြန်ဘူး။ ငိုနေတဲ့ကလေးတစ်ယောက်ကို မင်းက ကွတ်ကီမုန့်လေးပေးလိုက်ရင် ကလေးဟာ ငိုနေတာကနေ ချက်ချင်းရယ်သွားတယ်ဆိုတာကို အားလုံးသိထားကြတာပဲ။ ငါတို့လူတွေပြောနေကြတဲ့ ပျော်ရွှင်မှုဆိုတာမျိုးဟာလည်း ဒီအဖြစ်အပျက်ထက် ဘာများပိုထူးသေးလို့လဲ။

(ဆက်ရန်....)

Kōdō Sawaki Rōshi

ဆက်လက်ဖတ်ရှုရန်

Friday, June 22, 2018

I'm trying very hard in my practice but don't seem to be getting anywhere.





မေး - တပည့်တော် တရားကို ကြိုးစားပမ်းစား အားထုတ်နေပေမယ့် ဘာမှ တိုးတက်မှုရှိလာပုံ မပေါ်ဘူးဖြစ်နေပါတယ်။

ဖြေ - ဒါ အရမ်းကို အရေးကြီးပါတယ်။ တရားအားထုတ်ရာမှာ တစ်နေရာရာ အဆင့်တစ်ခုခုကို ရောက်ဖို့အတွက် မကြိုးစားပါနဲ့။ လွတ်မြောက်မှုကို လိုချင်လွန်းနေရင်၊ ဒါမှမဟုတ် အသိဉာဏ်ထူး၊ တရားထူးကိုရချင်လွန်းနေရင် အဲဒီ ရချင်လိုချင်နေတာကပဲ လွတ်မြောက်မှုကို တားဆီးပိတ်ပင်နေပါလိမ့်မယ်။ ဒကာကြီးတို့ စိတ်ရှိသလောက် ကြိုးစားပြီးပဲ အားထုတ်အားထုတ်၊ နေ့ရောညပါ ဇွဲသန်သန်နှင့်ပဲ အားထုတ်အားထုတ်။ တကယ်လို့ စိတ်ထဲမှာ လိုချင်ရချင်စိတ်ကြီးနှင့် ကြိုးစားနေသမျှတော့ ငြိမ်းအေးမှုကို ရှာလို့တွေ့မှာမဟုတ်ဘူး။ ဒီလိုချင်ရချင်စိတ်ကဖြစ်လာတဲ့ စွမ်းအင်ဟာ သံသယတွေရယ်၊ စိတ်မငြိမ်မသက်မှုတွေရယ်ကို ဖြစ်စေတဲ့အကြောင်းပါပဲ။ ဘယ်လောက်ကြာကြာပဲ အားထုတ်အားထုတ်၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဒီလိုချင်ရချင်စိတ်ကနေ အသိဉာဏ်ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့်... ရိုးရိုးရှင်းရှင်းလေး သူ့သဘောနှင့်သူ ရှိနေပါစေ။ ခန္̕ဓာနှင့်စိတ်ကိုတော့ သတိနှင့် စောင့်ကြည့်ပြီးနေလိုက်ပါ။ ဒါပေမယ့် ဘာကိုမှ ရအောင် မကြိုးစားပါနဲ့။ နိဗ္ဗာန်ရဖို့အတွက်ကျင့်ကြံအားထုတ်မှု ဆိုတာကိုတောင်မှ ငြိတွယ်မနေမိပါစေနဲ့။


Question: I'm trying very hard in my practice but don't seem to be getting anywhere.


Answer: This is very important. Don't try to get anywhere in the practice. The very desire to be free or to be enlightened will be the desire that prevents your freedom. You can try as hard as you wish, practise ardently night and day, but if it is still with the desire to achieve in mind, you will never find peace. The energy from this desire will be a cause for doubt and restlessness. No matter how long or how hard you practise, wisdom will not arise from desire. So, simply let go. Watch the mind and body mindfully but don't try to achieve anything. Don't cling even to the practice of enlightenment.

 Ajahn Chah

ဆက်လက်ဖတ်ရှုရန်

Thursday, June 21, 2018

Thich Nhat Hanh Collection





အာရုံနဲ့စိတ် တစ်သားတည်းဖြစ်ဖို့ မင်း လေ့ကျင့်ဖြစ်တော့ တဖက်မှာ ငြိမ်သက်သွားပြီး အေးချမ်းလာတယ်။ အခြားတဖက်မှာလည်း မင်းအနေနဲ့ ဘဝကို မမေ့လျော့မှုနဲ့ နေသွားဖို့ကျင့်ဖြစ်ရင်း အေးအေးချမ်းချမ်းရှိသွားသလို နောင်မှာလည်း ချမ်းမြေ့လျက်နေနိုင်ဖို့ မျှော်လင့်ချက်အကြောင်းတရားရယ်လို့ ဖြစ်လာတယ်။

- Thich Nhat Hanh

ဆက်လက်ဖတ်ရှုရန်

Monday, June 18, 2018

လိင်တူချင်းအာရုံခံစားမှုအပေါ် ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ အမြင်





ကျွနု်ပ်တို့အနေနှင့် ဒီလူ့အမူအကျင့်ရဲ့  အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ လိင်တူချင်းအာရုံခံစားမှုဆိုတာကို ရှက်စရာကောင်းတဲ့ကိစ္စတစ်ခုလိုမျိုး၊ အချိန်ကြာကြာလေး မသိချင်ယောင်ဆောင်ထားလိုက်ရင် သူ့အလိုလို ပျောက်ကွယ်သွားမှာပဲ ဆိုတာလိုမျိုးတွေ ဆက်လက်ပြီး ဟန်ဆောင်နေလို့ မရတော့ပါဘူး။

အခုလက်ရှိ သဘောထားတွေဟာ ၁၉ ရာစု ၀ိတိုရိယခေတ်က အင်္ဂလန်နိုင်ငံမှာ သမ္မာကျမ်းစာအုပ်ထဲကနေ တစိတ်တဒေသ ခွဲထွက်သွားတဲ့ ဘာသာရေး သဘောထားကျဉ်းမြောင်းတဲ့ တူဒါ-ခရစ်ယာန်ပုံစံ ချဉ်းကပ်မှုရဲ့  သြဇာလွှမ်းမိုးမှုကို ကြီးကြီးမားမားခံရတာကနေ စတင်လာခဲ့တာဖြစ်ပါတယ်။

အာရှမှာ၊ အထူးသဖြင့်တော့ အိန္ဒိယနှင့် တရုတ်နိုင်ငံတွေမှာ ကာမဂုဏ်ခံစားမှုဆိုတာဟာ ကာယကံရှင်တွေကြား သိုသိုသိပ်သိပ်သာ မွေ့လျော်ပျော်ပါးကြရတဲ့ ညစ်ညမ်းတဲ့အရာမျိုး၊ မျိုးဆက်ပျံ့ပွားရေးသက်သက်အတွက်သာ ရည်ရွယ်တဲ့အရာမျိုး အဖြစ် ဘယ်တော့မှမမြင်ခဲ့ကြပါဘူး။ အိန္ဒိယမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ တွေ့ရတဲ့ ကျောက်သားပန်းပုလက်ရာတွေက ဘာကိုသက်သေခံနေလဲဆိုရင် တစ်ကိုယ်ရည်အာသာဖြေခြင်း အပါအ၀င် လိင်ပိုင်းဆိုင်ရာအလေ့အထအားလုံးဟာ သူတော်ကောင်းတွေကျင့်သုံးကြတဲ့ တရားဓမ္မကျင့်ဝတ်စည်းကမ်းတွေရဲ့  အကန့်အသတ်ဘောင်အတွင်းမှာသာ ၀င်နေမယ်ဆိုရင် လက်ခံနိုင်တဲ့ အာရုံခံစားမှုတွေဖြစ်တယ်ဆိုတဲ့အချက်ကို သက်သေခံနေပါတယ်။

လူသားတွေဖြစ်တဲ့အတွက် ကျွနု်ပ်တို့ ရရှိထားတဲ့ ခန္ဓာကိုယ်တွေဟာ ကာမဂုဏ်ကိစ္စရပ်တွေကိုသာမကပဲ တခြားသော အစားအသောက်၊ အမွှေးနံ့ သာ၊ အသံစတဲ့ သာယာဖွယ်အာရုံအားလုံးအပေါ်မှာပါ ညွှတ်နူးလိုက်စားစွဲလန်းတတ်ပါတယ်။ ဒီလိုဖြစ်တာကို မကောင်းမှုတွေအဖြစ်နှင့် အတင်းကာရော ထိန်းချုပ်ငြင်းပယ်လိုက်တဲ့အခါမှာတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ သဘာဝဗီဇစိတ်တွေကို ဖိနှိပ်လိုက်သလိုဖြစ်သွားစေတယ်။ သက်ရှိဆိုတာဟာ မသိမှုအ၀ိဇ္ဖာနှင့် မာယာရဲ့  သားကောင်ပါ။ သူဟာ ခန္ဓာကိုယ်ဆိုတာကို တကယ့်အရှိတရား အစစ်အမှန်အဖြစ်နဲ့ပဲ မြင်တတ်မှာဖြစ်တယ်။ ဒါကြောင့်လည်း သူ့ရဲ့ ကာမလိုဘ ပြည့်ဝနိုင်ဖို့အတွက် တောင့်တရှာဖွေနေမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီပုဂ္ဂိုလ်ဟာ အသိဉာဏ်တဖြေးဖြေးရင့်ကျက်လာချိန်မှာတော့ မာယာရဲ့ နေရာမှာ သိမှုဝိဇ္ဖာနှင့် ပညာက နေရာယူသွားပါတယ်။ အဲဒီအခါမှာတော့ ခန္ဓာဆိုတာကို အတုအယောင်အဖြစ်သိမြင်လာပြီး ဒီပုဂ္ဂိုလ်ဟာ သူ့အလိုလိုပဲ ငြိတွယ်စွဲလန်းမှုကနေ လွတ်မြောက်သွားပါတော့တယ်။ ဒီနေရာမှာ အသိဉာဏ်ရင့်ကျက်သွားကြတဲ့ သူတော်စင်တွေအနေနှင့် ကာမဂုဏ်ခံစားမှုတွေကို စွန့်ခွာသွားမှုဟာ ကလေးငယ်တစ်ယောက်လူကြီးဖြစ်သွားတဲ့အခါ အရုပ်တွေနှင့်ကစားနေရာကနေ ရပ်လိုက်သလိုမျိုးလို့ နားလည်နိုင်ပါတယ်။

ကာမဂုဏ်ခံစားမှုဟာ ဘာမှမှားယွင်းတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ မှားယွင်းနေတာက ကာမဂုဏ်လိုက်စားခြင်းဟာ အဆုံးစွန်ပျော်ရွှင်မှုကို ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပြီး သူ့အပေါ်မှာ ငြိတွယ်တာရယ်၊ ကာမဂုဏ်ခံစားမှုရဲ့  ကျေးကျွန်ဖြစ်သွားတာရယ်ပဲဖြစ်ပါတယ်။ အဲဒီကနေဖြစ်လာတဲ့ပြဿနာကတော့ ဒီနေ့ခေတ်မှာ ကာမကိုဦးစားပေးတဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ အုံနဲ့ကျင်းနဲ့ ပေါက်ပေါက်လာတာ ဖြစ်တယ်။ ကာမဂုဏ်ခံစားမှုကသာ ရေရှည်စစ်မှန်တဲ့ပျော်ရွှင်မှုကို ဖြစ်စေနိုင်တယ်ဆိုတဲ့ ယုံတမ်းစကားတွေ ဖြစ်လာပါတော့တယ်။

ဗုဒ္ဓဘာသာဝင်တွေ နေ့တိုင်းရွတ်ဆိုစောင့်တည်နေကြတဲ့ ငါးပါးသီလရဲ့  တတိယသိက္ခာပုဒ်ဟာ ကာမဂုဏ်ကို မှားယွင်းစွာ ကျင့်ကြံမှုကနေ ရှောင်ကျဉ်ဖို့အတွက် “တာဝန်ယူတာ” ဖြစ်ပါတယ်။ ပထမသတိထားဖို့က ဒါက မဖြစ်မနေစောင့်ထိန်းခိုင်းထားလို့ စောင့်ထိန်းရတာမျိုးမဟုတ်ဘူး။ ဘုရားရဲ့  ဥပဒေတော်ကို ချိုးဖောက်လို့ အပြစ်ပေးခံရမှာကို ကြောက်ရွံ့ ပြီး စောင့်ထိန်းရမှာမျိုး မဟုတ်ဘူး။ ကာမဂုဏ်မှာ ငြိတွယ်မှုကြောင့် ဖြစ်လာမယ့် အန္တရာယ်ကို နားလည်သဘောပေါက်တဲ့အတွက် ဒီအမူအကျင့်ကနေ လွတ်မြောက်ချင်လို့ ဒီသီလကို စောင့်ထိန်းလိုက်နာတာဖြစ်တယ်။ ဒါကို “တာဝန်ယူတယ်“လို့ ပြောချင်တာဖြစ်ပါတယ်။

နောက်တစ်ခု သတိထားဖို့က “ကာမဂုဏ်မှာ မှားယွင်းစွာကျင့်ကြံမှု” ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ဒီနေရာမှာ အတိအကျ ပြောထားတာက ကာမဂုဏ်မှာ မှားယွင်းစွာကျင့်သုံးမှု ဖြစ်တယ်။ ကာမဂုဏ်ခံစားမှု အားလုံးကို မဆိုလိုပါဘူး။ ဗြဟ္မာ့စရိယအကျင့်ကို ကျင့်သုံးဖို့ ရွေးချယ်ထားတဲ့သူတွေကလွဲလို့ ကျန်တဲ့သူတွေကို ကာမဂုဏ်မခံစားရဘူးလို့ မတားမြစ်ထားပါဘူး။ ဘုန်းကြီးတွေ၊ သီလရှင်တွေ မဟုတ်တဲ့သူတွေအပေါ် ဒီစည်းကမ်းဥပဒေက သပ်ရောက်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

ဘုန်းကြီးနှင့် သီလရှင်တွေအနေနှင့်ကတော့ သူတို့ရဲ့  တရားအသိဉာဏ်ဖွံ့ဖြိုးမှုအတွက် ပိုကောင်းတဲ့သမာဓိတွေရရှိလာနိုင်အောင် ကာမဂုဏ်ခံစားမှုကနေ ရှောင်ကြဉ်တာကို သူတို့ကိုယ်တိုင် ကျေနပ်လက်ခံယူထားကြတာပါ။ မှားယွင်းစွာကျင့်ကြံမှုဆိုတာမှာ ဒီအမှုကိစ္စကို လွန်ကျူးသူ သို့မဟုတ် အခြားတဘက်ကသူအပေါ် ထိခိုက်နစ်နာစေတဲ့ အပြုအမူမျိုးကို ဆိုလိုပါတယ်။

ဒီသီလက တကယ်လို့ ကာယကံရှင် နှစ်ဦးမှာ အရွယ်လည်းရောက်နေပြီ၊ တခြားသူ တစ်ဦးဦးနှင့် ဥပဒေအရဖြစ်ဖြစ်၊ တခြားတနည်းနည်းနှင့် ဖြစ်ဖြစ် ပတ်သက်ဆက်နွှယ်နေမှု ရှိမနေဘူးဆိုရင် ထိခိုက်နစ်နာမှုမရှိတဲ့ နည်းလမ်းလို့ ဆိုလိုပါတယ်။

ဘုရားသခင်ရဲ့  ပညတ်တော်တွေကို ဖောက်ဖျက်ကျူးလွန်တာကို မကောင်းတဲ့အပြုအမူအဖြစ်နှင့် ဗုဒ္ဓဘာသာမှာတော့ မယူဆပါဘူး။ ကျွနု်ပ်တို့ဟာ မသိမှုကြောင့် မှားယွင်းစွာပြုကျင့်မိတတ်တယ်။ ဒါကို အကုသိုလ်လို့ခေါ်ပြီး ဒီအကုသိုလ်က ကျွန်ုပ်တို့ရဲ့  တရားအသိဉာဏ်တိုးတက်မှုမှာ နှောင့်နှေးစေတယ်။ သို့မဟုတ် အနှောက်အယှက်ဖြစ်စေတယ်။ တရားအသိဉာဏ်ရှုထောင့်ဘက်က ကြည့်တဲ့အမြင်နှင့်ဆိုရင်တော့ ကျွန်ုပ်တို့တတွေဟာ ရုပ်နာမ်ခန္ဓာရဲ့ သဘာဝအစစ်အမှန်ကို မသိမှုကြောင့် ကိုယ့်အတွက်အန္တရာယ်ဖြစ်စေတတ်တဲ့ ကိစ္စတွေကို လုပ်မိကြတယ်။

မှန်ကန်တဲ့နားလည်မှုနှင့် မှန်ကန်တဲ့အသိဉာဏ်က ကျွနု်ပ်တို့ကို ခန္ဓာကိုယ်မှာရော၊ စိတ်မှာပါ ထိခိုက်စေတတ်တဲ့ အပြုအမူတွေကနေ ရှောင်ကြဉ်နိုင်ဖို့အတွက် အထောက်အကူပေးပါတယ်။

ဒီစပ်ဆက်မှုအရပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာအနေနှင့် ထိမ်းမြားလက်ထပ်တယ်ဆိုတာဟာ ကာမဂုဏ်ခံစားခွင့်ကို ရုတ်ချည်းဆိုသလို ခွင့်ပြုလိုက်တဲ့ ဘုရားသခင် ကောင်းချီးပေးတဲ့ အထိမ်းအမှတ်အခမ်းအနားတစ်ခုအဖြစ် အသိအမှတ်မပြုပါဘူး။ ကာမဂုဏ်ကိစ္စဆိုတာဟာ လူတွေရဲ့  အမူအကျင့်ကိစ္စသာဖြစ်ပြီး နတ်ပြည် ငရဲပြည်တွေနှင့် ဘာမှ မပတ်သက်ပါဘူး။ ကာမဂုဏ်နှင့်ပတ်သက်ပြီး ထိန်းရမှာက ငါးပါးသီလထဲက တစ်ခုတည်းသော သီလသာဖြစ်တယ်ဆိုတာ သတိထားမိကြမှာပါ။

ပါဏာတိပါတကံဆိုတာ သူတစ်ပါးကို ရက်ရက်စက်စက် နာကျင်မှုတွေဖြစ်စေနိုင်တဲ့အတွက် ပိုပြီးတောင် ပြင်းထန်တယ်လို့ဆိုနိုင်ပါတယ်။ အစားအသောက်မှာ တပ်မက်တာ၊ အရက်စွဲတာ၊ ဆေးစွဲတာ၊ ပစ္စည်းဥစ္စာမက်တာ၊ အာဏာရူးတာ စတာတွေလိုပဲ ကာမဂုဏ်ဟာလည်း ငြိတွယ်မှုကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ ဒီအရာတွေကို ငြိတွယ်သမျှ အကုသိုလ်ကံပါဘဲ။ ဗုဒ္ဓဘာသာအနေနှင့် ဒီလိုငြိတွယ်မှုအားလုံးကို အားမပေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဟာ ကျွန်ုပ်တို့ကို သံသရာကနေ ရုန်းထွက်လွတ်မြောက်ခွင့်မရအောင် ချည်နှောင်ဆွဲချနေကြတဲ့ အရာတွေဖြစ်နေလို့ပါဘဲ။ ဒီလိုပါဘဲ။ ကာမဂုဏ်မှာ စိတ်ကိုအလိုလိုက်တာဟာလည်း မကောင်းမှုဒုစရိုက်တွေကို ဖြစ်ပေါ်စေတတ်ပါတယ်။

ဒီလိုဆိုရင် ဗုဒ္ဓဘာသာအနေနှင့် လိင်တူချင်းအာရုံခံစားတာကို မှားတယ်လို့ မမြင်သလို ဆန့်ကျင်ဘက်လိင်နှင့်အာရုံခံစားတာကိုလည်း မှန်တယ်လို့ မမြင်ဘူးဆိုတာကို သဘောပေါက်နိုင်ပါတယ်။ ဒီနှစ်ခုစလုံးဟာ ခန္ဓာကိုယ်ကိုအသုံးချရတဲ့ ကာမဆိုင်ရာအပြုအမူတွေဖြစ်ပြီး နှစ်ခုလုံးဟာ ရာဂထကြွမှုရဲ့  အားကြီးတဲ့ ပုံဖော်မှုတွေသာဖြစ်ကြပါတယ်။ ဒါတွေဟာ ဘ၀အပေါ် ခုံမင်မှုကိုတိုးပွားလာစေပြီး သံသရာခရီးမှာ ပိုကြာအောင် ထောင်ချောက်ဆင်ခံရတာတွေသာဖြစ်ပါတယ်။ ယောကျာ်းနှစ်ယောက်ပဲဖြစ်ဖြစ်၊ ယောကျာ်းမိန်းမစုံတွဲပဲဖြစ်ဖြစ် ချစ်ခင်စုံမက်ကြတာဟာ တူညီတဲ့ လူသားနှစ်ဦးရဲ့  အကန့်အသတ်ထဲကပဲ ထွက်ပေါ်လာကြတာဖြစ်ပြီး ခန္̕ဓာကိုယ်အပေါ်မှာ အမှန်တရားကို အဆုံးစွန်အထိ မသိမမြင်နိုင်ကြသေးလို့ပဲဖြစ်ပါတယ်။

ဗုဒ္ဓဘာသာအနေနှင့် လိင်တူချင်းအာရုံခံစားမှုအပေါ်မှာ ရှုံ့ ချပြစ်တင်မှာမဟုတ်ပါဘူး။ ကျွန်ုပ်တို့ဟာ စစ်မှန်တဲ့သဘာဝတရားတွေအပေါ်မှာ မသိမှုအခြေခံနှင့် ဆက်ဆံပြုမူတတ်ကြတဲ့အတွက်ကြောင့် အကုသိုလ်ကံရဲ့  အကျိုးပေးခြင်းကို ခံရပါမယ်။ တခြားသူတွေရဲ့  အပြုအမူတွေအပေါ်မှာ ကျွန်ုပ်တို့အနေနှင့် ကဲ့ရဲ့ ရှုံ့ ချပိုင်ခွင့် ရှိမနေပါဘူး။

ကျွန်ုပ်တို့ရဲ့ တာဝန်က တခြားသူတွေအနေနှင့် မသိမှုနှင့်လုပ်ဆောင်နေကြတာကနေလွန်မြောက်ပြီး စစ်မှန်တဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုဘယ်လိုရရှိနိုင်တယ်ဆိုတာကို ပြသပေးဖို့ပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကျနု်ပ်တို့ကိုယ်တိုင်ကိုက တခြားသောကာမဂုဏ်အာရုံတွေရဲ့  ကျေးကျွန်တွေ ဖြစ်နေတဲ့အချိန်မှာ ကိုယ်လိုမတွေးမကြံ၊ ကိုယ်လိုမပြုမူတဲ့ တခြားသူတွေကို သွားပြီး ပြစ်တင်ရှုံချနေခွင့် မရှိပါဘူး။ သိထားရမှာက ကိုယ်က လက်ညှိုးတစ်ချောင်း သူများကိုထိုးရင်၊ ကျန်တဲ့သုံးချောင်းက ကိုယ့်ကိုပြန်ထိုးနေတယ်ဆိုတာပဲဖြစ်ပါတယ်။

အကျဉ်းချုပ်ရမယ်ဆိုရင်တော့ လိင်တူချင်း အာရုံခံစားတာဟာ ဆန့်ကျင်ဘက်လိင်နှင့်အာရုံခံစားတာလိုမျိုးပါပဲ။ မသိမှုအ၀ိဇ္ဖာကနေ စတင်ပေါက်ဖွားလာတာပါ။ ဒါကြောင့် တခြားဘာသာအချို့ ကမြင်သလို မကောင်းမှုဒုစရိုက်တစ်ခု မဖြစ်တာတော့ ကျိန်းသေပါတယ်။ ကာမဂုဏ်ခံစားမှုတိုင်းဟာ ရာဂလည်း များလာစေတယ်။ ငြိတွယ်မှုလည်း များလာစေတယ်။ ခန္ဓာကိုယ်အပေါ်မှာ စွဲလန်းမှုလည်း တိုးလာစေပါတယ်။

ဒီငြိတွယ်မှုတွေကနေ လွတ်မြောက်ဖို့ကြိုးစားနိုင်တဲ့ အသိဉာဏ်ပညာနှင့်အတူ လိင်တူချင်းအာရုံခံစားတာကိုလည်း မှားယွင်းမှု၊ မကောင်းမှုဒုစရိုက်အဖြစ် အပြစ်တင် မရှုံ့ ချသလို၊ ဒါကို အားပေးအားမြှောက်လည်း ပြုမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါတွေဟာ တခြားကာမဂုဏ်ခံစားမှုတွေနည်းတူ သံသရာကနေလွတ်မြောက်ဖို့ရာမှာ နှောင့်နှေးကြန့်ကြာစေလို့ပဲဖြစ်ပါတယ်။

ဆရာတော် ဒေါက်တာ ကေ ရှရီ ဓမ္မနန္ဒ

(Dhamma Wheel မှာ ၂၀၁၅ ခု၊ ဇွန်လ ၃၀ ရက်နေ့က ဖော်ပြထားတဲ့ Ven. Dr K Sri Dhammananda ရဲ့  “A Buddhist view of homosexuality“ ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ဆိုပါသည်။)


ဆက်လက်ဖတ်ရှုရန်

Friday, June 15, 2018

အမှန်နှင့် အမှား





ဘုန်းကြီးအနေနှင့်ကတော့ နတ်ပြည်တွေ ငရဲပြည်တွေနှင့် ဆုပေးဒဏ်ပေးလုပ်တဲ့ အယူအဆမျိုးတွေကို မနှစ်သက်ဘူး။ ကိုယ့်ဟာကို စဉ်းစားထားတာကတော့ တစုံတစ်ခုကို ငါလုပ်တယ်ဆိုရင် ဒါဟာ လုပ်သင့်တယ်လို့ ခံစားရလို့လုပ်လိုက်တာ။ တစ်ခုခုချီးမြှောက်တာခံရဖို့အတွက် လုပ်တာမဟုတ်ဘူး။ အပြစ်ဒဏ်ခံရမှာမျိုးကိုလည်း မကြောက်ဘူး။

တကယ်လို့ တစ်ယောက်ယောက်က ဘုန်းကြီးလုပ်လိုက်တဲ့ အပြုအမူတစ်ခုဟာ ဒီလိုအကျိုးတွေရမယ်၊ ဟိုလို အကျိုးတွေရမယ်။ ချီးမြှောက်ခံရဖို့တွေ၊ အပြစ်ပေးခံရဖို့တွေ ပြောလာမယ်ဆိုရင် ဒါဟာ ဘုန်းကြီးကို ဘယ်လိုမျိုးလုပ်ပါလို့ အတင်းအကျပ် တောင်းဆိုသလိုမျိုးလို့ စိတ်ထဲမှာ ခံစားရတယ်။

ဘုန်းကြီးလုပ်လိုက်တာဟာ ဒါကို လုပ်ရတာကို သဘောကျနှစ်သက်လို့ကို လုပ်လိုက်တာ။ အဲဒါဆို လုံလောက်ပြီ။

ဘုန်းကြီးအနေနှင့် ကိုယ့်ကိုယ်ကိုလည်း လေးစားချင်ပါတယ်။ သူတစ်ပါးကလည်းပဲ ကိုယ့်ကို လေးစားစေချင်ပါတယ်။ ဒါကြောင့် ကိုယ်မှန်မယ်လို့ထင်တာကို လုပ်ပါတယ်။ တကယ်လို့ ကိုယ်ကမှားနေတယ်လို့ ထင်တဲ့အရာကို လုပ်လိုက်မိမယ်ဆိုရင် ကိုယ့်ကိုယ်ကို ဘယ်လိုလေးစားလို့ရနိုင်တော့မလဲ။ တခြားသူတွေကရော ကိုယ့်အပေါ် ဘယ်လိုလေးစားပါ့မလဲ။

အဲဒါဘာကြောင့်လဲဆိုရင် ကိုယ့်ကိုယ်ကိုချစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်မှန်တယ်လို့ ယူဆတဲ့အရာကို လုပ်တာပါ။ တကယ်လို့ ဒကာ၊ ဒကာမတွေလည်း ကိုယ့်ကိုယ်ကို တကယ်ချစ်တယ်ဆိုရင် မဟုတ်တာ၊ မမှန်တာတစ်ခုကို ဘယ်လိုလုပ်နိုင်ပါ့မလဲ။

ဆရာတော် ဦးဇောတိက

(ဆရာတော် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် ဟောကြားထားသော မူရင်းတရားတော်ကို နိုင်ငံခြားသားဒကာတစ်ဦးမှမှတ်စုပြန်ထုတ်ထားတဲ့စာကို ဆီလျှော်အောင် မြန်မာဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)


ဆက်လက်ဖတ်ရှုရန်

သင့်အတွက်.... (၇)





(၇) ပြိုင်ဘက်တွေကို နောက်ချန်ထားခဲ့ချင်တဲ့ သင့်အတွက်.....

ငါတို့တွေဟာ ဒီနေရာမှာဆိုရင် ဘယ်သူက ပိုသာသလဲဆိုတာမျိုး စဉ်းစားလေ့ရှိကြတယ်။ ဒါပေမယ့် ငါတို့အားလုံးဟာ တူညီတဲ့ ရွှံ့ စေးတစ်ပုံတည်းကနေ လုပ်ထားကြတာမှ မဟုတ်တာ။

ပိုသာတာတွေ၊ ပိုနာတာတွေ မရှိတဲ့ နေရာတစ်ခုမှာ လူတိုင်းဟာ မြဲမြဲကျောက်ချပြီး ထိုင်နေသင့်ပါတယ်။

သင့်ဘ၀တစ်လျှောက်လုံးမှာ “သင်“ နှင့် “တခြားသူ” ရှိနေတယ် ဆိုတာအထင်အရှားပဲလို့ စဉ်းစားမိနေတာကြောင့် သင်တို့ဟာ အရူးလုံးလုံးဖြစ်နေကြရတာ။ သင်က ဒါကိုလူကြားသူကြားမှာ အမှန်တရားတစ်ခုလို ပြုမူနေပေမယ့် တကယ်မှာကတော့ “သင်“ ဆိုတာလည်း မရှိဘူး။ “တခြားသူ“ဆိုတာလည်း ရှိမနေဘူး။ ဒါကို သင် သေသွားတဲ့အချိန်ကျရင်တော့ နားလည်သွားမှာပါ။

ဗုဒ္ဓရဲ့ တရားဓမ္မမှာ ချုပ်စပ်ချည်နှောင်ထားတာမျိုး မရှိဘူး။ ဘယ်လို ချုပ်စပ်ချည်နှောင်မှုက “ငါ“ နှင့် “သူတပါး“ ကြားမှာ လည်ပတ်နေစေတာလဲ။ အနှေးနှင့်အမြန်ဆိုသလိုပဲ ရန်သူရယ်၊ မိတ်ဆွေရယ် ခွဲခြားတဲ့ ချုပ်စပ်ချည်နှောင်မှုမှာ ငါတို့အားလုံး အဆုံးသတ်ကြတယ်။ ငါတို့တွေဟာ ဒီအလေ့အထမှာ အရမ်း အသားကျနေကြတော့ ဒီချုပ်စပ်ချည်နှောင်နေမှုဟာ တကယ်ရှိနေတယ်လို့ ယုံကြည်သွားကြတော့တယ်။

ဆင်းရဲတာ၊ ချမ်းသာတာ၊ အရေးကြီးတာ၊ အရေးမကြီးတာ - ဒါတွေ တစ်ခုမှ တကယ်မရှိဘူး။ ဒါဟာ ရေလှိုင်းတွေပေါ်မှာ တဖိတ်ဖိတ်တောက်နေတဲ့ အလင်းရောင်လိုမျိုးပဲ။ တချို့ တွေက မပျော်ရွှင်မှုတွေထဲမှာပဲ ငြိတွယ်နေလို့၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ကိုယ့်ထက်ပိုပျော်ရွှင်နေလို့ဆိုပြီး ဗုဒ္ဓဘုရားရှင်ကို ကြိမ်ဆဲနေတဲ့သူတွေလည်း ရှိနေကြသေးတယ်။

ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု၊ အရေးကြီးတာနှင့် အရေးမကြီးတာ၊ ချစ်တာ၊ မုနးတာ - ဒီအရာတွေအပေါ်မှာ တလောကလုံးက ရေးကြီးခွင်ကျယ်လုပ်နေကြတယ်။ လောကကြီးထဲမှာ ဒါတွေတစ်ခုမှ မရှိတော့ဘူးဆိုရင် ဒါဟာ သုညတ ဆိုက်သွားတဲ့ ကမ္ဘာကြီးပဲပေါ့။

အနောက်တိုင်းကလူတွေ ပြောတတ်ကြတယ်။ “လူတစ်ယောက်ဟာ အခြားလူ တစ်ယောက်အတွက် ၀ံပုလွေတစ်ကောင်ပဲဖြစ်တယ်“တဲ့။ ဘာသာရေးမှာ ပထမအဆင့်ဆိုတာဟာ ၀ံပုလွေတွေအချင်းချင်း တစ်ကောင်နှင့်တစ်ကောင် ကိုက်နေကြတာတွေ ရပ်လိုက်ကြဖို့ပဲ ဖြစ်ရပါမယ်။

ဗုဒ္ဓတရားတော်တွေက တစ်ယောက်ကိုတစ်ယောက် နိုင်တာ၊ ရှုံးတာ၊ ချစ်တာ၊ မုန်းတာတွေအကြောင်း မဟုတ်ပါဘူး။

တချို့ က သူတို့ရထားတဲ့ “တရားထူး“ ဆိုတာကို ကြွားချင်ကြတယ်။ ဒါပေမယ့် ဒါဟာရှင်းပါတယ်။ သင်တို့အနေနှင့် ကြွားစရာတစ်ခုအဖြစ်သုံးလို့ရတဲ့ “တရားထူး“ ဆိုတာဟာ “တရားထူး“ ဆိုတာ နှင့် လားလားမှ မသက်ဆိုင်ပါဘူး။

(ဆက်ရန်....)

Kōdō Sawaki Rōsh

ဆက်လက်ဖတ်ရှုရန်

Thursday, June 14, 2018

ထပ်ဖြည့်မရတော့တဲ့ ခွက်





တခါက တရားဓမ္မနှင့်ပတ်သက်လာရင် အသိပညာဗဟုသုတ အင်မတန်ပြည့်စုံကြွယ်ဝတဲ့ တက္ကသိုလ်ဆရာကြီးတစ်ယောက်ဟာ ဇင်ဘုန်းတော်ကြီးတစ်ပါးဆီကို သွားရောက်ပြီး ဇင် အကြောင်းမေးမြန်းပါတယ်။

ဇင်ဘုန်းတော်ကြီးက တိတ်ဆိတ်စွာနဲ့ တစ်ခွန်းမှ မပြောပဲ လက်ဖက်ရည်ကြမ်းနှင့် ဧည့်ဝတ်ပြုနေချိန်မှာ တက္ကသိုလ်ဆရာကြီးဟာ သူသိထားတဲ့ ဇင်အကြောင်းတွေကို တောက်လျှောက်ပြောနေတယ်။

တက္ကသိုလ်ဆရာရဲ့  ရေနွေးခွက်ထဲမှာ ရေနွေးကြမ်းလျှော့သွားတဲ့ တစ်ကြိမ်မှာတော့ ဇင်ဘုန်းတော်ကြီးက ခွက်ထဲကို ရေနွေးလှမ်းဖြည့်ပေးတယ်။ ရေနွေးဟာ ခွက်နှုတ်ခမ်းသားနားရောက်ပေမယ့် မရပ်ပဲ ဆက်ဖြည့်လိုက်တဲ့အခါမှာ ခွက်ကနေလျှံကျပြီး စားပွဲခုန်ပေါ်အထိ ရေတွေဖိတ်ကျကုန်တယ်။

တက္ကသိုလ်ဆရာလည်း မနေနိုင်တော့ပဲ “ရပ်တော့လေ။ ခွက်ကပြည့်နေပြီ။ ထပ်ဖြည့်လို့မရတော့ဘူး။“ လို့ ဇင်ဘုန်းတော်ကြီးကို လှမ်းပြောလိုက်တယ်။

ဒီအခါမှာ ဇင်ဘုန်းတော်ကြီး ပြောလိုက်တာက “ဟုတ်တယ်။ ဒီခွက်က ခင်ဗျားလိုပဲ။ ခင်ဗျားမှာ သိထားတာတွေ ပြည့်လျှံနေပြီ။ ကျုပ်ဆီကို ဇင် အကြောင်း လာမေးပေမယ့် ခင်ဗျားကို ကျုပ်ဘာမှ ထပ်ပြောလို့မရတော့ဘူး။ ဒီတော့ ခင်ဗျားကို ဇင်အကြောင်းမပြောပြခင် ခင်ဗျားရဲ့ ခွက်ကို အရင် ထည့်လို့ရအောင် လုပ်လိုက်ပါအုံး။”

* ဇင်ပုံပြင် "Empty Your Cup" ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။ *

ဆက်လက်ဖတ်ရှုရန်

Thich Nhat Hanh Collection





ကျွနု်ပ်တို့တတွေဟာ “တစ်ခုခုကိုလုပ်နိုင်နေဖို့“ကိုပဲ စဉ်းစားတတ်တဲ့အလေ့အထရှိပြီး “တစ်ခုခုဖြစ်နေဖို့“အတွက်ကိုတော့ မစဉ်းစားဖြစ်ကြဘူး။ ကျွနု်ပ်တို့ဘာမှလုပ်မနေဖြစ်တဲ့အခါမှာဆို အချိန်တွေ ဖြုန်းမိနေပြီလို့ပဲ တွေးနေတတ်ကြတယ်။ ဒါပေမယ့် ဒါဟာ မမှန်လှပါဘူး။ ကျွနု်ပ်တို့ရဲ့ အချိန်ဆိုတာ ကျွနု်ပ်တို့အတွက် ဖြစ်နေဖို့ကို အရင်ဦးဆုံးလုပ်ရမှာပါ။

ဘာကို ဖြစ်အောင် လုပ်ရမှာလဲ။ 

အသက်ဝင်နေထိုင်ဖို့၊ ငြိမ်းချမ်းနေဖို့၊ ရွှင်လန်းကြည်သာဖို့၊ ချစ်မေတ္တာတွေဖြစ်နေဖို့ပဲဖြစ်တယ်။ ဒါတွေကသာ လောကကြီးမှာ အလိုအပ်ဆုံး ဖြစ်နေတဲ့အရာတွေမို့ပါပဲ။

TNH

ဆက်လက်ဖတ်ရှုရန်

Sunday, June 10, 2018

ဘ၀မှာ ဘာအတွက် အသက်ရှင်မလဲ






ကမ္ဘာပေါ်မှာရှိနေကြတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ပညာရှင်တွေနှင့် အမြှော်အမြင်ရှိသူတွေဟာ သူတို့ရဲ့ ရှုထောင့်အသီးသီးကနေ ဘဝအဓိပ္ပာယ်နှင့် ရှင်သန်နေထိုင်ရခြင်းရဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်းဖော်ပြကြတယ်။ ဗုဒ္ဓကရော ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ရှင်သန်နေထိုင်ရခြင်းရဲ့ ရည်ရွယ်ချက်နှင့် ဘဝမှာဘယ်လိုနေထိုင်ရမလဲ ဆိုတာကို ဘယ်လို မိန့်ကြားခဲ့ပါသလဲရယ်လို့များ ကျွန်တော့်ကို မေးလာခဲ့မယ်ဆိုရင်တော့ ဒီလိုပါလို့ မေးလာသူကို ပြန်ဖြေမိပါလိမ့်မယ်။

ဗုဒ္ဓရဲ့ အဆုံးအမတော်အတိုင်းဆိုရင် ကျွန်တော်တို့ဟာ ဒီအချက်သုံးချက်ကို ဘဝတလျှောက်လုံးမှာ ကျင့်သုံးသွားကြရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ...
၁) လောကမှာ နေထိုင်ကြသူအားလုံးရဲ့ ကောင်းကျိုးချမ်းသာကို ဆောင်ရန်။
၂) အဆွေအမျိုးတွေ၊ မိတ်ဆွေတွေ နှင့် မိမိရှိနေရာဝန်းကျင်ရဲ့ကောင်းကျိုးချမ်းသာကို ဆောင်ရန်။
၃) မိမိကိုယ်တိုင်လည်း ဒီသံသရာစက်ဝိုင်းထဲကနေ ရုန်းထွက်လွတ်မြောက်နိုင်ရေးအတွက် ကြိုးပမ်းကယ်ထုတ်ရန်။

ဗုဒ္ဓဘာသာဝင်တိုင်းဟာ ဒီမျှော်မှန်းဦးတည်ရာအမြင်သုံးရပ်ကို လောကထဲ ပထမဆုံးစရောက်လာတဲ့ နေ့မှသည် နောက်ဆုံးထွက်သက်အချိန်အထိ လိုက်နာသွားကြရမှာဖြစ်ပါတယ်

မြတ်စွာဘုရားရှင် နောက်ထပ်မှာကြားသတိပေးခဲ့တာကတော့ ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ် “ကုသိုလ်၊ ပညာ၊ ဥစ္စာ“ တစ်ခုခုကို နေ့စဉ်နေ့တိုင်းမှ ရအောင်ယူနေနိုင်ပါရဲ့လားလို့ ဆင်ခြင်ခိုင်းတာပဲ ဖြစ်ပါတယ်။ ဒီလို ဖြည့်ဆည်းနိုင်ဖို့အတွက်လည်း သင့်တော်ရာအရပ်ဒေသနေရာကို ရှာမှီးနေထိုင်သင့်တယ်လို့ မိန့်တော်မူထားပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအနေနှင့် သူတို့ဘဝတလျှောက်လုံးမှာ ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးထဲက တစ်ခုခုကို နေ့စဉ်ရယူနေဖို့ကိုက သူတို့ရဲ့ ဦးတည်ရည်မှန်းချက်၊ ဒါမှမဟုတ် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားပဲဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ပွင့်ထွန်းခဲ့သမျှ ဗုဒ္ဓဘုရားရှင်တိုင်းဟာ ကျွန်တော်တို့ကို မိန့်မှာခဲ့တဲ့ အဆုံးအမစကားကြီး သုံးခွန်းလည်း ရှိပါသေးတယ်။
၁) မကောင်းမှု မှန်သမျှကို ကျွန်တော်တို့ဟာ(လုံးဝ) ရှောင်ကျဉ်ကြရပါမယ်။
၂) ကောင်းမှု မှန်သမျှကို လုပ်ဆောင်ကြရပါမယ်။
၃) မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ဖြူစင်သန့်ရှင်းနိုင်ဖို့ ကျွန်တော်တို့ဟာ ထိန်းသိမ်းစောင့်ရှောက်ကြရပါမယ်။

မကောင်းမှုဒုစရိုက်ကို ရှောင်ကျဉ်ဖို့လို့ ဆိုရာမှာ ဘယ်လိုအရာမျိုးတွေကမကောင်းမှုတွေမှန်း သိဖို့ လိုအပ်ပါတယ်။ အကျဉ်းအားဖြင့်ဆိုရင်တော့ ဒီအပြုအမူတွေဟာ ဒုစရိုက်အမှုတွေပဲဖြစ်ပါတယ်။

၁) သူတပါးတို့ကို နာကျင်စေခြင်း၊ သူ့အသက်ကိုသတ်ဖြတ်ခြင်း။
၂) သူတပါးတို့ရဲ့ ဥစ္စာနဲ့ ပိုင်ဆိုင်မှုတွေကို အလွဲသုံးစားပြုခြင်း၊ ခိုးယူခြင်း။
၃) ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ကြံခြင်း။
၎) မဟုတ်မမှန် ပြောဆိုခြင်း၊ ကြမ်းတမ်းတဲ့စကားတွေ ပြောဆိုခြင်း၊ ကုန်းတိုက်စကားတွေ၊ တစ်ယောက်နှင့်တစ်ယောက် ဒေါသဖြစ်စရာအမုန်းပွားမယ့်စကားတွေ ပြောဆိုခြင်း၊ အနှစ်သာရ မရှိတဲ့ စကားတွေပြောဆိုခြင်း။
၅) မေ့လျော့စေတတ် မူးယစ်စေတတ်တဲ့ သေရည်သေရက်နှင့် မူးယစ်ဆေးဝါးတွေကို သောက်သုံးခြင်း။
၆) မတော်လောဘကြီးလွန်းစွာနေထိုင်အသက်မွေးခြင်း။
၇) အငြိုးအတေးထားခြင်း၊ သောကအပူမီးလောင်မြိုက်ခြင်း၊ မုန်းတီးမကျေနပ်မှုဒေါသတွေကို ကိုင်စွဲနေထိုင်ခြင်း။
၈) လူသတ်လက်နက်မျာ့း၊ အဆိပ်အတောက်များ၊ သေရည်သေရက်များ နှင့် စိတ်ကိုထုံထိုင်းဘေးဖြစ်စေတတ်တဲ့ ဆေးဝါးတွေကို ရောင်းဝယ်ဖောက်ကားခြင်း၊ ကျွန်ပြုခြင်းနှင့် သားသတ်သမားအဖြစ် အသက်မွေးခြင်း။
၉) အယူမှားဖြင့် ရှင်သန်နေထိုင်ခြင်း။

အထက်ဖော်ပြပါအပြုအမူတွေကို ရှောင်ရှားနိုင်ပြီဆိုရင်တော့ ကျွန်တော်တို့ဟာ မြတ်စွာဘုရားအဆူဆူတို့ လိုက်နာစေချင်ခဲ့တဲ့ ပထမအဆုံးအမ စကားတော်မြတ်ကို လိုက်နာစောင့်ရှောက်ထားသူတွေလို့ ဆိုနိုင်ပြီ ဖြစ်ပါတယ်။

ဒုတိယအဆုံးအမစကားတော်ကို လိုက်နာဖို့အတွက်ဆိုရင်တော့ အပေါ်မှာရေးခဲ့တဲ့ မကောင်းမှုဒုစရိုက်တွေကို ရှောင်ရှားပြီး၊ သူတို့ရဲ့ ဆန့်ကျင်ဘက် ကောင်းမှုအလေ့အထတွေကို ကျင့်ကြံအားထုတ်ကြဖို့သာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကောင်းမှုသုစရိုက်တရားတွေကို မကျင့်ကြံမဖြည့်ဆည်းမီမှာ မမေ့လျှော့သင့်တာတစ်ခုကတော့ ကျွန်တော်တို့ရဲ့  စိတ်ထဲမှာ ကိုယ်ချင်းစာတရားကို အရင်အခြေခံထားဖို့ပါပဲ။ ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့ဟာ ငြင်းလို့မရတဲ့ အခြေအနေကြောင့်သာ ဘုရားရှင်ရဲ့ မိန့်မှာချက်တွေကို လိုက်နာနေရသလိုမျိုး၊ ဒါမှမဟုတ်လည်း မကောင်းတဲ့အကျိုးဆက်တွေ ဒီဘဝရဲ့  နောက်ပိုင်းအချိန်ရောက်လာရင် ပြန်ခံစားရမှာ၊ သို့မဟုတ် နောင်လာမယ့် ဘဝတွေမှာ သက်ရောက်ခံစားရမှာကို စိုးရွံ့လို့ လိုက်နာရသလိုမျိုး ဖြစ်သွားပါလိမ့်မယ်။

ဒါ့အပြင် အပိုဆောင်းကျင့်သုံးဖို့အတွက် ကျွန်တော်တို့နေ့စဉ်ဘ၀မှာ ဒီအချက်ေးလးချက်ကို ထပ်ဖြည့်ပေးလိုက်မယ်ဆိုရင် ပိုကောင်းနိုင်ပါတယ်။
၁) ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အားလုံးအပေါ် ကရုဏာစိတ်အခြေခံနှင့် ဆက်ဆံပေါင်းသင်းခြင်း
၂) လူတိုင်းအပေါ် မေတ္တာကိုပေးဝေပြီး ကူညီ စောင့်ရှောက်ခြင်း
၃) သူတပါးရဲ့ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမှုနဲ့ ပိုင်ဆိုင်မှုတွေအပေါ်မှာ ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး မုဒိတာပွားခြင်း
၎) ကောင်းဆိုးလောကဓံသက်ရောက်လာချိန်တွေမှာ အလွန်အကျွံ စိတ်လှုပ်ရှားခံစားတာမျိုးတွေ မဖြစ်ပဲ စိတ်ကို မျှခြေထိန်းထားခြင်း တို့ဖြစ်ပါတယ်။

နောက်ဆုံးအနေနှင့် တတိယအဆုံးအမစကားတော်ကို လိုက်နာကျင့်သုံးနိုင်ဖို့အတွက်ဆိုရင်တော့ ကျွန်တော်တို့ဟာ ဘယ်လိုအခြေအနေတွေ ကြုံကြိုက်နေသည်ဖြစ်ပါစေ၊ မိမိတို့စိတ်ကို တည်ငြိမ်စေရင်း အေးချမ်းမှုနှင့် နေထိုင်နိုင်ဖို့ ပြင်ဆင်ကြရမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ လုပ်ဖို့လိုတာက ဦးတည်ရာမဲ့ လျှောက်သွားနေတတ်တဲ့ ကျွန်တော်တို့စိတ်ကို ယခုလက်ရှိ အချိန်ဆီမှာသာ တည်နေနိုင်ဖို့ လေ့ကျင့်ရမှာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမအတိုင်းဆိုရင် မိမိရဲ့ စိတ် လျှောက်မပြေးပဲ သမာဓိတည်နေနိုင်ဖို့အတွက် အားထုတ်လို့ရတဲ့ ကမ္မဋ္ဌာန်း-၄၀ (စိတ်အာရုံစူးစိုက်ရာဌာန- လေးဆယ်)ရှိပါတယ်။ အဲ့ဒီကမ္မဋ္ဌာန်း လေးဆယ်ထဲက ကိုယ့်စရိုက်ဝါသနာနှင့် ကိုက်ညီမယ့်- ကမ္မဋ္ဌာန်းတစ်ပါးပါးနှင့် စိတ်ကို လေ့ကျင့်ပျိုးထောင်း အားထုတ်ယူနိုင်မယ်ဆိုရင် စိတ်တည်ကြည်မှု သမာဓိကို ရရှိနိုင်ပါလိမ့်မယ်။ ကမ္မဋ္ဌာန်း တစ်ပါးပါးကို ရွေးချယ်ပြီးသွားပြီဆိုရင်တော့ အဲဒီကမ္မဋ္ဌာန်းကျင့်စဉ်နှင့် စိတ်ကို လက်ရှိခဏအချိန်မှာ ဆက်တိုက်တည်နေနိုင်အောင် ဒါမှမဟုတ် အချိန်အတိုင်းအတာတစ်ခုအထိ တည်နေနိုင်အောင် အကြိမ်ကြိမ်အဖန်ဖန် ထပ်ခါ ထပ်ခါအားထုတ်ကြရပါလိမ့်မယ်။

တကယ်တော့ ပျံ့လွင့်နေတဲ့စိတ်က သဘာဝမကျတဲ့ ပြဿနာတွေကို ဖန်တီးပြီး လူရဲ့  ခန္ဓာကိုယ်နှင့် စိတ်ကို ပင်ပန်းနွမ်းနယ်စေတာဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ စိတ်ကို ပျံ့လွင့်နေမှု မရှိအောင်များ ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင်၊ ယခုခဏမှာသာ တည်နေအောင်အားထုတ်နိုင်မယ်ဆိုရင်၊ ပြဿနာရယ်လို့ ကျွန်တော်တို့မြင်နေမိတဲ့ အရာအများစုဟာ လွင့်ပါးပျောက်ပျက်သွားကြမှာဖြစ်ပါတယ်။ ဒါ့အပြင် တချိန်ထည်းမှာပဲ ကျွန်တော်တို့ရဲ့ စိတ်ဟာ သာယာချမ်းမြေ့မှုနဲ့ တည်ငြိမ်မှုတို့နှင့်အတူ ငြိမ်ဝပ်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ စိတ်ကိုအာရုံစုစည်း ထိန်းချုပ်နိုင်လာလို့ သတိ နဲ့ သမာဓိအားကောင်းလာတဲ့ အခါမှာတော့ အဲဒီအင်အားကိုအမှီပြုပြီး ကျွန်တော်တို့ဟာ ကိုယ်နှင့် စိတ်မှာ ဖြစ်ပေါ်နေတဲ့ သဘာဝဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာသုံးသပ်ရင်း ဘာဝနာမယနှင့် ယှဉ်တဲ့ အသိဉာဏ်ကိုရရှိနိုင်ဖို့အတွက် ရှေ့ ကို တက်လှမ်းနိုင်လာမှာ ဖြစ်ပါတယ်။

ဘာဝနာမယဉာဏ်ကို ရရှိနိုင်ဖို့အတွက် ဗုဒ္ဓမြတ်စွာဘုရား လမ်းညွှန်သင်ကြားပေးခဲ့တဲ့ သတိကိုအထောက်အပံ့ဖြစ်စေတဲ့ အားထုတ်ရမယ့် သတိပဋ္ဌာန်ကျင့်စဉ်တရား လေးပါးရှိပါတယ်။ အဲဒါတွေကတော့ .....
၁) ကိုယ်ကာယအပေါ် ရှုမြင်သုံးသပ်ရတဲ့ ကာယနုပဿနာ သတိပဋ္ဌာန်
၂) ခံစားမှုတွေအပေါ် ရှုမြင်သုံးသပ်ရတဲ့ ဝေဒနာနုပဿနာ သတိပဋ္ဌာန်
၃) စိတ်သဘာဝတွေအပေါ် ရှုမြင်သုံးသပ်ရတဲ့ စိတ္တနုပဿနာ သတိပဋ္ဌာန်
၎) သဘောတရားတွေအပေါ် ရှုမြင်သုံးသပ်ရတဲ့ ဓမ္မာနုပဿနာ သတိပဋ္ဌာန် တို့ပဲဖြစ်ပါတယ်။

ဖော်ပြပါ သတိပဋ္ဌာန်တရားလေးပါးနဲ့ ကိုက်ညီအောင်ကျင့်သုံးပွားများလိုက်တဲ့အခါမှာတော့ ကျွန်တော်တို့ဟာ ပုံမှန်အားဖြင့်မမြင်ရတဲ့၊ အရင်ကမသိနိုင်ခဲ့တဲ့ စိတ်နဲ့ ရုပ်တို့ရဲ့  သဘာဝဖြစ်စဉ်တွေကို သိရှိနားလည်လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးကို စိုးပိုင်စေစားကာ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့ အကြောင်းအကျိုး ဆက်နွယ်နေမှုဖြစ်စဉ်အပေါ် နားလည်သဘောပေါက်လာမှာ ဖြစ်ပါတယ်။ ဒီလိုသိမြင်နားလည်လာပြီးတဲ့နောက်မှာတော့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ဟာ ဒီမပြတ်နိုင်တဲ့ ရုပ်နာမ်ဖြစ်စဉ်တွေတ၀ဲလည်လည်ဖြစ်နေမှုကို စိတ်ကုန်ငြီးငွေ့လာပြီး အဲဒီကနေ လွတ်မြောက်ရာဆီကို စိတ်ကတောင့်တလာပါလိမ့်မယ်။ ဒါ့ကြောင့် တရံမပြတ်ပြင်းပြစွာအားထုက်မှုနဲ့ ကျွန်တော်တို့ဟာ တက်ကြွလုံ့လဝီရိယနဲ့ အပတ်တကုတ် ဆက်တိုက်ကြိုးစားခဲ့မယ်ဆိုရင် နောက်ဆုံးမှာ၊ အချိန်ကာလတစ်ခုအရောက်မှာတော့ အပြီးသတ်ထွက်ပေါက် (ဒါမှမဟုတ်) အဆုံးရည်မှန်းရာဆီ အရောက်လှမ်းနိုင်သွားမှာ ဖြစ်ပါတယ်။ သံသရာဝဲကနေ လွတ်မြောက်သွားတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ရောက်ရင်တော့ ကျွန်တော်တို့ဟာ ဉာဏ်အလင်းရသူတစ်ယောက် ဖြစ်သွားပြီဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရမယ်ဆိုရင် အပေါ်မှာဖော်ပြခဲ့တဲ့ နည်းနာဖြစ်စဉ်တွေအားလုံးကို ဘုရားရှင်အဆုံးအမ သာသနာတော်ကြီးရဲ့ အနှစ်သိက္ခာသုံးပါး ဖြစ်တဲ့ သီလ (ကိုယ်နှင့်နှုတ်အပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ခြင်း)၊ သမာဓိ (စိတ်တည်ငြိမ်အောင် ကျင့်ကြံ အားထုက်ခြင်း)၊ နဲ့ ပညာ (ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးအပေါ်မှာ ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ခြင်း)တွေလို့ ခေါ်ဆိုနိုင်ပါတယ်။

ဒီသိက္ခာသုံးပါးကို ကိုယ်တိုင်ကိုယ်ကျ အားထုတ်ကျင့်ကြံခြင်းဖြင့် လူတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း ကုသိုယ်၊ ပညာနှင့် ဥစ္စာတို့ကို တိုးပွားအောင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဖော်ပြပါ သာသနာတော်ရဲ့  အနှစ်သိက္ခာသုံးရပ်ဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာ တို့ ရရာရကြောင်းအားထုတ်နေတဲ့ လူတယောက်ဟာ၊ သတ္တဝါအပေါင်းတို့ရဲ့ ကောင်းရာကောင်းကျိုးကို သယ်ပိုးနေရုံသာမကပဲ၊ အဆွေအမျိုး မိတ်ဆွေတွေ နဲ့ သူရဲ့ ဝန်းကျင်မှာပါ ကောင်းရာကောင်းကျိုး ထမ်းဆောင်နေပြီးသား ဖြစ်နေမှာ ဖြစ်ပါတယ်။ သူ့စိတ်ဟာ ငြိမ်အေးနေပြီ။ သူ့အသိဟာ မှန်ကန်သောဉာဏ်သိ ရှိနေပြီး အဲ့ဒီအခြေအနေနှစ်ခုကပဲ သူ့ဘဝကို ဦးဆောင်သွားတော့မှာ ဖြစ်ပါတယ်။ သူဟာ သူ့ဝန်းလျင်က ရှိရှိသမျှဝေနေယျသတ္တဝါအပေါင်းတို့အပေါ်မှာ မေတ္တာရယ်၊ ကျယ်ပြန့်နက်ရှိုင်းနေတဲ့စောင့်ရှောက်မှုတွေရယ်နဲ့သာ ဆက်သွယ်နေထိုင်ဖို့ အားထုတ်တော့မှာ ဖြစ်တယ်။ ဒီလို သတိအသိနဲ့ ယှဉ်လျက်နေထိုင်သွားခြင်းက သူ့ဘဝကိုအရည်အသွေးပြည့်ဝလာအောင် ကောင်းသောအထောက်အပံ့ဖြစ်လာစေပါတယ်။ သူအားထုတ်ရင် ထုတ်သလောက်၊ သူအစွမ်းအစရှိရင်ရှိသလောက် လောကီ ကြွယ်ဝချမ်းသာမှုတွေဟာလည်း ကံအားလျှော်စွာ ရရှိပိုင်ဆိုင်လာမှာဖြစ်တယ်။ ဒါ့ကြောင့်လည်း သူ့ကို မှီခိုပြီးနေနေရတဲ့သူတွေ၊ သူနဲ့ပတ်သက်ဆက်ဆံနေရတဲ့ သူအပေါင်းဟာ သူ့ဆီကနေ စိတ်ကျေနပ်မှုတွေကို သေချာပေါက် ရရှိခံစားကြရပါလိမ့်မယ်။

တချိန်ထဲမှာပါပဲ။ ဒီလိုမိမိကိုယ်မိမိ သတိနဲ့ နေထိုင်အားထုတ်နေတဲ့ သူကိုယ်တိုင်အတွက်လည်း သူဟာ ဒီလောကီသံသရာကနေ လွတ်မြောက်ရာလွတ်မြောက်ကြောင်းအတွက် သူ့ဘာသာ ကယ်မထောက်ပံ့ပြီးသားဖြစ်နေမှာလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာရှုဒေါင့်ကနေကြည့်မယ်ဆိုရင် ဗုဒ္ဓအလိုကျ အသက်ရှင်နေထိုင်ခြင်းရဲ့ ရည်မှန်းချက်ဟာ ဒီဘဝကနေ လွတ်မြောက်သွားဖို့အတွက်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ လက်ရှိဘဝမှာ ဥစ္စာပစ္စည်းကြွယ်ဝဖို့၊ ဒါမှမဟုတ် အောင်မြင်ကျော်ကြားဖို့၊ ဒါမှမဟုတ် ဘဝမှာအောင်ပွဲခံဖို့တွေအတွက် ကြိုးပမ်းနေကြရတဲ့ တချိန်တည်းမှာ၊ မေ့မထားသင့်တဲ့ အချက်က ရရှိထားတဲ့လူ့ဘ၀မှာ ဘာအတွက် ရှင်သန်နေထိုင်သွားမှာလဲ ဆိုတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝမှာ တခါတခါ ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြည့်ဆည်းနိုင်တာတွေရှိသလို၊ တခါတခါကျတော့လည်း ဆုံးရှုံးမပြေလည်မှုများစွာနဲ့ အလဲထိုးလိုက်တဲ့ ဒဏ်ကို ခံရတာလည်း ရှိပါတယ်။ တကယ်တမ်းမှာတော့ ဒီလို အတက်အကျ ဖြစ်စဉ်တွေဟာ ဘဝရထားသူတိုင်း ကြုံတွေ့ရမှာတွေဖြစ်ပါတယ်။ ဒီဒဏ်က ဘယ်သူမှ မလွန်မြောက်နိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ စိတ်အတက်အကျပြတဲ့ဂရပ်ဖ်ပုံမျဉ်းကွေးမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေကြောင့် လှိုင်းအတက်အကျတွေ မကြမ်းရလေအောင် ထိန်းသိမ်းရင်း ကိုယ့်ကိုယ်ကို အသက်ရှင်သန်နေထိုင်နေခြင်းရဲ့  ရည်ရွယ်ချက်အစစ်အမှန်ဟာ ဘာလဲဆိုတာကို အမြဲ သတိပေးနေသင့်ပါတယ်။

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ပီသဖို့၊ နောက်ပြီး ဗုဒ္ဓမြတ်စွာဘုရားကို နက်ရှိုင်းစွာ ရိုသေမြတ်နိုးကျေးဇူးတင်တတ်ဖို့အတွက်ဆိုပါရင် ကျွန်တော်တို့အားလုံးဟာ ဗုဒ္ဓမြတ်စွာဘုရား သတ်မှတ်ပြဌာန်း ထားရစ်ခဲ့တဲ့ သာသနာတော်ကြီးရဲ့ အနှစ်သုံးပါး မှီရာတည်ရာ သီလ၊ သမာဓိ၊ ပညာ ကို ကိုယ်တိုင်ကိုယ်ကျ အားထုတ်ကျင့်ကြံခြင်းဖြင့် ဗုဒ္ဓအလိုတော်ကျ မျှော်မှန်းချက်တွေ နှင့် ရည်မှန်းချက်တွေကို ဖြည့်ဆည်းထမ်းဆောင်သွားဖို့သာရှိပါတော့တယ်ခင်ဗျာ။

ဝိမုတ္တိသုခ
ဇွန်လ ၁၀ ရက်။ ၂၀၁၈။



🌸🌸 What Are We Living For? 🌸🌸

There are many religious leaders, scholars and wise people around the world defined life and the purpose of living from their own perspectives. If someone asked me what Buddha taught about the purpose of living and how to live the life as a Buddhist, my answer would be as follows.

According to the Buddha's teachings, we should practise three things throughout the life. They are
(1) to serve the welfare of all beings,
(2) to serve the welfare of relatives, friends and surroundings, and
(3) to salve ourselves to liberate from this vicious world.

These will be the three vision statements of all Buddhists to follow from the very first day of our life until our last breath.

Buddha also reminded us that we should always check ourselves whether we accumulate three things everyday in our life, namely; Merits, Wisdom and Wealth. And we will have to choose a suitable place to live in order to collect these three things properly. These three things (or) objectives may be the mission statements for all Buddhists to practise in their whole life.

Besides, all Buddhas told us to practise the following three main discourses, also.
(1) we must avoid all evil things,
(2) we should practice all wholesome activities and
(3) we should maintain our mind as clear and pure as possible.

In order to avoid evil things, firstly, we should know exactly what are evil activities. They can be summarized as
(1) Hurting or killing other living beings,
(2) Improper using or stealing others' wealth and properties,
(3) Misconducting upon sexual pleasures,
(4) Telling lies, harsh words, slandering and vain talks,
(5) Drinking alcohol and taking intoxicating drugs,
(6) Living on extreme greed,
(7) Dwelling with hatred, resentment and anger,
(8) Trading weapons, poisons, intoxicating drinks and narcotics, slavery and handling meats as a butcher and
(9) Living with false concepts.

If we avoid the above mentioned things, it can be said that we are preserving the first main discourse what all Buddhas wanted to be.

For the second main discourse to be followed, it is simple to reverse the above all mentioned evil things and practice those reversed things respectively. But, before we practise them, don't forget that we are sure to hold empathy in our mind. Otherwise, it will be like that we follow the commands that we cannot deny or we avoid these things because we fear from bad reactions in return which we will have to suffer later in this life or in our future lives.

Moreover, it is better if we add these following four things in our daily life as bonuses.
(1) Dealing with compassion to all beings around us
(2) Giving Loving-kindness and taking care to everyone
(3) Being sympathetic joy to others' wealth and prosperities
(4) Balancing the mind not to be wavered a lot whenever good or bad things strike upon us.

Finally, for the third main discourse, we are going to prepare our mind to be calm and peaceful under any circumstances. At first, we have to practise our wandering mind to be still at the present moment. According to Buddha's teachings, there are forty ways to control the mind not for wandering. So, we can choose any one among out of forty which is suitable for our own traits and personalities. After that, we will have to practise it again and again repeatedly until we can maintain the mind at the present moment continuously (or) to some extent of time. Actually, wandering mind makes up unrealistic and imaginary problems to the person to be wear out. If we maintain the mind not to wander and stand still at the present moment, most of our problems will fade away. Moreover, our mind will settle down in peace and calmness simultaneously.

Stepping on the strength of mindfulness and concentration we got by controlling the mind, we can move forward to watch the natural phenomena that is occurring in our body and mind to get the insight wisdom. Buddha taught four foundations of mindfulness to be practised in getting the insight wisdom. They are
(1) Mindfulness of the body,
(2) Mindfulness of the feelings (sensations),
(3) Mindfulness of the mind, and
(4) Mindfulness of the phenomena (or) mental objects.

If we follow those four foundations accordingly, we will realize the true nature of mental and physical phenomena that all of us could not see and recognize them before. We will clearly comprehend the continuous process of cause and effect that dominates upon all beings. Later, we will gradually feel bored with the vicious cycle of that continuous life process and want to escape from it. So, with great effort, if we continue to practise enthusiastically and industriously, at last, at a time, we can get to the final exit or destination and totally escape from that cycle. At that time, we will become the Enlightened One.

In other words, all these above processes can be called as Three Essences Of Sasana (Buddha's Teachings); Sila (Moral Precepts) , Samadhi (Mental Disciplines) and Panna (Wisdom).

By practising these three essences, one can accumulate merits, wisdom and wealth everyday.

A person who is practising these three essences will surely serve for the welfare of all beings and also serve for the welfare of relatives, friends and his surroundings. His mind, which is calm and peaceful, and his knowledge, which is based on insight wisdom, lead his life. With loving-kindness and great care, he will communicate people and all beings around him. His mindful activities will support his life as a quality one. He will be sure to get prosperities and material wealth according to his efforts and qualification. So, it will be sure that people who depend on him and relate to him will get satisfaction from him.

At the same time, since he is practicing mindfulness meditation, he can be said that he is trying to help himself for the liberation of this vicious world too.

From the Buddhism point of view, what Buddha wanted to be for the purpose of living is to get the liberation from this very life. So whatever we try to get for the material wealth or fame or success in this life, we should always remember the real purpose of living as a human being. In our life, sometimes we can fulfil our desires and sometimes we can be knocked down with different kinds of failures. In fact, those are the ups and downs that everyone will have to face in their life. No one can escape from them. So, we will try to maintain curves of our state of mind not to become big slopes in every situation we faced and we should remind ourselves what the real purpose of living is.

So, to be a good Buddhist and to honor the Buddha with our deepest gratitude, we, all of us should follow the mission and vision statements, prescribed by the Buddha through practising Three Essences Of Sasana.

With Metta,
Vimuttisukha Bliss
03.05.2013





ဆက်လက်ဖတ်ရှုရန်

Tuesday, June 5, 2018

သင့်အတွက်.... (၆)





(၆) ၀န်ကြီးချုပ် (နိုင်ငံ့ခေါင်းဆောင်) ကို တကယ်ထူးခြားတဲ့သူလို့ ထင်နေသူ သင့်အတွက်.....

ကိုယ့်ဘ၀အတွက် စစ်မှန်တဲ့မူဝါဒကို ရှာဖွေနေတဲ့သူအဖို့ စားဝတ်နေရေးအဆင်ပြေရုံလောက် အသက်မွေးဝမ်းကျောင်းအလုပ်တွေနောက်ကို လိုက်မနေတော့ဘူး။ သမ္မတဖြစ်ချင်တဲ့သူဟာ ဘ၀မှာ သူဘယ်ကိုသွားနေတယ်ဆိုတာကို သိတာမှမဟုတ်တာ။

သူတို့ရဲ့ ရွေးကောက်ပွဲတွေဟာ သူတို့အတွက်တော့ အရမ်းကိုအရေးကြီးကြတယ်။ သမ္မတတွေနှင့် လွှတ်တော်အမတ်တွေဟာ မဲရဖို့အရေး မဲဆွယ်စည်းရုံးရေးပွဲတွေ လုပ်ကြတယ်။ ငတုံးတွေပဲ။ တကယ်လို့များ ငါ့ကို သမ္မတလုပ်မလားလို့ မေးလာခဲ့ရင် ငြင်းရလိမ့်မယ်။ ငါ့ကို သိပ်တုံးတယ်ပဲပြောပြော။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။

လူတစ်ယောက်က သမ္မတရွေးကောက်ပွဲမှာ ရှုံးသွားတယ်။ ဒါကြောင့် သူငိုတယ်။ နောက်တစ်ကြိမ်ရွေးကောက်ပွဲကျတော့ သူအနိုင်ရတယ်။ အဲဒီအချိန်ကျတော့ ကင်မရာတွေရှေ့ မှာ သူကပြုံးတယ်။ နိုင်ငံရေးသမားတွေဟာ ကလေးလေးတွေနှင့် ဘာများကွာလို့လဲ။ ငိုနေတဲ့ကလေးတွေလိုပဲ။ ငိုနေတဲ့ကလေးကို သကြားလုံးသွားပေးလိုက်ရင် မျက်ရည်တွေကြားကနေ မျက်နှာကပြုံးလာတာပဲ။
(နိုင်ငံရေးသမားတွေ )ဒီထက်ပိုပြီး ရင့်ကျက်ကြရင်တော့ ကောင်းမှာပါ။

တစ်ယောက်ယောက်ဟာ သူ့ရဲ့ ကိုယ့်ရေးအချက်အလက်တွေ (CV) ပေါ်မှာ မှီတည်နေရပြီဆိုရင် ရှုံးတော့တာပဲ။

တခါတုန်းက ဆူဂါမိုဆေးရုံမှာ သူ့ကိုယ်သူ အာရှိဝါရာ စစ်အကြီးအကဲတစ်ယောက်ဆိုပြီး ထင်ချင်ရာထင် ပြောချင်ရာ ပြောဆိုနေတတ်တဲ့ လူတစ်ယောက်ရှိတယ်။ လည်ပင်းမှာဆွဲထားတဲ့ ဆုတံဆိပ်ကြီးတပြပြနှင့် သူနှင့်တွေ့တဲ့သူတွေကို ဟန်တလုံးပန်တလုံးနှင့် စကား ပြောနေတတ်တယ်။ အခု စစ်ပွဲကလည်း ပြီးသွားပြီ။ စစ်တပ်က လုပ်ခဲ့တာတွေကလည်း ဖန်တစ်ရာထေနေတဲ့ အလုပ်တွေချည်းပဲဆိုတာ ငါတို့အားလုံး သေသေချာချာမြင်နေရတယ်။ ဒါပေမယ့် ဒီဆုတံဆိပ်တွေနှင့်ပဲ လူသိအောင်တဖန် ပြန်လုပ်ဖို့ သူတို့ကြိုးစားချင်နေကြပြန်တယ်။

ရုရှ-ဂျပန်စစ်ပွဲကို နိုင်ပြီးတဲ့နောက်မှာ ငါတို့က ကိုလိုနီတွေကို အောင်နိုင်ခဲ့ပြီလို့ ထင်ခဲ့တယ်။ ဒါပေမယ့် တကယ်က ဘာဖြစ်လာခဲ့လဲ။ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးသွားတဲ့အခါကျတော့ နောက်ဆုံးမှာ ရုရှတွေရဲ့  ရန်ငြိုးထားမှုကိုပဲ ရလိုက်တယ်ဆိုတာကို သဘောပေါက်နားလည်ခဲ့ကြရတယ်။

လူတိုင်းကတော့ ဖခင်နိုင်ငံတော်ကြီးအပေါ်သစ္စာရှိဖို့ကို ပြောနေကြတာပဲ။ မေးရမယ့်မေးခွန်းက ရှင်းရှင်းလေး။ ဒီသစ္စာရှိမှုကြီးက ငါတို့ကို ဘယ်ကို ခေါ်ဆောင်သွားမှာလဲ။ ရုရှတွေကိုဆန့်ကျင်တဲ့တိုက်ပွဲမှာ ငါကိုယ်တိုင်လည်း လိုလိုလားလား စစ်ထဲလိုက်ခဲ့တယ်။ ငါတို့ချေမှုန်းလိုက်ပြီးတဲ့နောက်မှာတော့ ငါတို့တွေဟာ မလုပ်သင့်တာတစ်ခုကို လုပ်လိုက်မိပြီဆိုတာ သဘောပေါက်သွားခဲ့တယ်။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် စစ်ပွဲတွေကို အစကတည်းက မဖန်တီးတာ ပိုကောင်းပါတယ်။

(ဆက်ရန်....)

Kōdō Sawaki Rōshi

ဆက်လက်ဖတ်ရှုရန်

Monday, June 4, 2018

မိုးသို့ .....တိုင်တည်ခြင်း





ကိုယ့်အကြောင်းကိုယ် ပြန်စဉ်းစားကြည့်မိတာပါ။

ကျွန်တော်ငယ်ငယ် ကျောင်းသားဘ၀ကို ပြန်သတိရမိပါတယ်။ ကျောင်းက ဆရာမပေးလိုက်တဲ့ အိမ်စာတွေကို အိမ်ပြန်ရောက်ရင် ချက်ချင်းပြီးအောင်လုပ်၊ ကျက်စရာရှိတဲ့စာတွေကျက်။ အားလုံးပြီးသွားတဲ့အချိန်ဆိုရင် ကျွန်တော်စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်နေခဲ့ဖူးပါတယ်။ ငါလုပ်ရမယ့် တာဝန်တွေအားလုံး ပြီးသွားပြီပေါ့။ တာဝန်ကျေပြီပေါ့။

ကျောင်းသားဘ၀ စာမေးပွဲတွေအများကြီးဖြေခဲ့ဖူးပါတယ်။ စာအကုန်ရထားတဲ့ဘာသာမျိုး သွားဖြေရမယ့်နေ့ ဆိုရင် စိတ်ထဲမှာ ဘာထိတ်လန့် စိုးရိမ်စိတ်မှ မရှိဘဲ ပေါ့ပေါ့ပါးပါးဘဲ စာမေးပွဲခန်းထဲဝင်၊ မေးခွန်းလွှာကို ကောက်ကိုင်ပြီး မေးထားသမျှတွေဖြေပြီး အိမ်ပြန်ခဲ့တဲ့ အကြောင်းကိုလည်း ပြန်လည် သတိရမိပါတယ်။

ကျောင်းတွေပြီးလို့  လုပ်ငန်းခွင်ထဲရောက်လာတဲ့အချိန်ကျပြန်တော့ ကိုယ်လုပ်ရမယ့် တာဝန်ဝတ္တရားပိုင်းကို ကျွမ်းကျင်လာပြီးတဲ့နောက် အမှားအယွင်းမရှိလုပ်နိုင်လာတော့လည်း စိတ်ထဲမှာ လွတ်လပ်မှုတစ်မျိုးကို ခံစားရပြန်တာပါဘဲ။ အလုပ်အပေါ်မှာ စိတ်တင်းကျပ်မှုမရှိ လုပ်နိုင်သွားခဲ့ပြန်တာကိုး

ဒီလိုနဲ့ အချိန်တန်လို့  အိမ်ထောင်ပြု၊ စီးပွားဥစ္စာရှာပြီး လောက ၀တ္တရားတွေ ထမ်းဆောင်ရတဲ့ အလှည့်ရောက်လာ ပြန်တော့လည်း ကိုယ့်ဘက်က အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်ပေးလိုက်နိုင်လို့  အစစအဆင်ပြေသွားတာ မျိုးတွေနှင့် တခါတလေ တွေ့ ကြုံရတဲ့အခါမျိုးတွေမှာ စိတ်ကျေနပ်မှုတွေခံစားခဲ့ရဖူးပါတယ်။

လောကလူသားတစ်ယောက်အတွက် ဘ၀ရဲ့ ပြီးပြည့်စုံမှုလို့ ဆိုလာရင် ဇနီး၊ မယား၊ သမီး၊ သား၊ ဥစ္စာစီးပွား၊ အခြံအရံ နှင့် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေထိုင်နိုင်မှုကိုဘဲ တန်ဖိုးထား ပြောကြမှာ ကမ္ဘာ့လူသားတိုင်းရဲ့  (၉၀) ရာခိုင်နှုန်းကျော်လောက်ဖြစ်နေလိမ့်မယ် လို့  ကျွန်တော်ထင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်းဘဲ ဒီပန်းတိုင်တွေအတွက်ပဲ ဘ၀ရဲ့ အချိန်တော်တော်များများကို ဖြတ်သန်းအသုံးချ ခဲ့ပြီးပါပြီ။ အတိုင်းအတာတစ်ခုထိလည်း ကျေနပ်စရာ ကောင်းတဲ့ အခြေအနေတွေကို ရရှိ ပိုင်ဆိုင်ဖြတ်သန်းဖူး ခဲ့ပါပြီ။

တစ်နေ့ ကနာလိုက်ရတဲ့ တရားတစ်ပုဒ်ထဲမှာ ဟောထားတဲ့ဆရာတော်က “မကျေနပ်ရင် အောက်ကြည့်၊ ကျေနပ်ရင် အထက်ကြည့်” တဲ့။ ဆိုလိုတာက ကိုယ့်ဘ၀ကို အလိုမကျ၊ စိတ်တိုင်းမကျ၊ အားမရ တွေဖြစ်တဲ့ အချိန်အခါမျိုးမှာ ကိုယ့်လောက် အဆင်မပြေ၊ အခြေအနေမလှကြတဲ့ သူတွေကို သတိရပါပေါ့၊ ဒါဆိုရင် ဒေါသထွက် မကျေမနပ်ဖြစ်နေတာတွေ လျော့သွားပါလိမ့်မယ်တဲ့။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ အကျေနပ်ကြီး ကျေနပ်နေတဲ့ အချိန်တွေမှာဆိုရင်တော့ ကိုယ့်ထက် အစစသာသူတွေကို သတိရလိုက်ပါပေါ့။ ဒါဆိုရင် သွေးနားထင်ရောက်နေတာ လျော့သွားပါလိမ့်မယ်တဲ့။

ဒီရက်ပိုင်း ကျွန်တော် ဗုဒ္ဓတရားတော်တွေကို အွန်လိုင်းမှာရှာဖတ်ရင်းနှင့် ဘုရားလက်ထက်ကလည်း ကိုယ့်ကိုယ်ကို လောကီဝတ္တရားတွေကျေပွန်လို့  အားရကျေနပ်ပြီး ပါးစပ်ကကို ထုတ်ဖော်ပြောရလောက်အောင် ၀မ်းသာလုံးဆို့ နေတဲ့ ပုဏ္ဏားတစ်ယောက်အကြောင်းလေး ဖတ်လိုက်ရပါတယ်။ သူက ဘယ်လိုတွေ ထုတ်ဖော် ပြောသလဲဆိုတော့....

၁။ “ငါသည် ထမင်းချက်ပြီးသူ နွားနို့ညှစ်ယူပြီးသူ ဖြစ်၏၊ မဟီမြစ်၏ ကမ်းနား၌ အခြံအရံနှင့်တကွ နေသူဖြစ်၏၊ (ငါ၏) အိမ်ကိုလည်း မိုးပြီးလေပြီ၊ မီးကိုလည်း ထွန်းညှိပြီးလေပြီ၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုပါမူ ရွာသွန်းလိုက်ပါလော့။”

မိုးကို တိုင်တည်ပြီး ပြောလိုက်ပုံလေးပါ....

နောက် သူက ဆက်ပြောပါသေးတယ်

၂။ “(ဤအရပ်၌)မှက် ခြင် မရှိကုန်၊ မြက်တို့ပေါက်ရာ မြစ်ဝှမ်း၌ နွားတို့ ကျက် စားကုန်၏၊ ထိုနွားတို့သည် ရွာချလာသော မိုးကြီးကိုလည်း ခံနိုင်ရည် ရှိကြကုန်၏၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”

သူက နွားကျောင်းသား သူဌေးတစ်ဦးပါ။

၃။ “(ငါ၏ အိမ်ရှင်မ) ဂေါပီသည် လင့်အလိုသို့ လိုက်တတ်၏၊ လော်လည်မှု မရှိ၊ ကာလရှည်စွာက ပေါင်းသင်းခဲ့သော မယားဖြစ်ခဲ့၏၊ ငါ့ကို မြတ်နိုး၏၊ ထိုမယား၏ အပြစ် တစ်စုံတစ်ရာကိုမျှ့ ငါမကြားစဖူး၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”

ကဲ....သူ့ မိန်းမကောင်းကြောင်းလေးကို ကြွားကြွားလေးပြောထားတာပါ။

၎။ “ငါသည် ကိုယ်ပိုင်အလုပ်ဖြင့်သာ အသက်မွေးမြူ၏၊ ငါ၏ သားသမီးတို့သည်လည်း ငါနှင့်အတူတကွ နေထိုင်ကြကုန်၏၊ အနာရောဂါ မရှိကြကုန်၊ ထိုသားသမီးတို့၏ အပြစ် တစ်စုံတစ်ရာကိုမျှ ငါမကြားစဖူး၊ (မိုးနတ်မင်း) အကယ်၍ ရွာသွန်း လိုမူ ရွာသွန်းလိုက်ပါလော့။”

ဒါကျတော့ သူ့ အလုပ်နှင့် သားသမီးတွေ ကောင်းကြောင်းဗျ။

၅။ “ဤအရပ်၌ ငါ့အား မသင်းမကွပ်ရသေးသော နွားပေါက်တို့လည်း ရှိကုန်၏၊ နို့စို့ နွားငယ်တို့လည်း ရှိကုန်၏၊ ကိုယ်ဝန်ဆောင် နွားမတို့လည်း ရှိကုန်၏၊ အရွယ် ရောက် နွားမတို့လည်း ရှိကုန်၏၊ နွားတို့၏ အကြီးဖြစ်သော နွားလား (ဥသဘ) လည်း ရှိ၏၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”

ဒါကတော့ သူ့ ပိုင်ဆိုင်မှုကို ကြွားတာပေါ့ဗျာ။

၆။ “နွားချည်တိုင်တို့ကို မတုန်လှုပ်စေကုန်မူ၍ မြဲစွာ စိုက်ထားအပ်ကုန်ပြီ၊ ဖြူဆန်မြက် ဖြင့် ပြုအပ်ကုန်သော ကြိုးအသစ်တို့ကို ကောင်းစွာ ကျစ်ထားကုန်ပြီ၊ (ထိုကြိုး တို့ကို) နွားငယ်တို့သည်လည်း ဖြတ်ခြင်းငှါ မတတ်နိုင်ကုန်၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”

ဒါကကျတော့ သူ့ အလုပ်ကိစ္စတွေမှာ ပြုလုပ်စရာတာဝန်တွေကို လုပ်ပြီးပြီဆိုတာ ပြောပြန်ရော။

သူပြောလိုက်တာလေးတွေကို ဖတ်ကြည့်လိုက်တော့ ပုဏ္ဏားကို တော်တော်အားကျဖို့ ကောင်းနေပါတယ်။ တယ်ဟုတ်တဲ့ လူဘဲ။ ဇနီးကောင်းလည်း ရှိတယ်။ သားသမီးတွေနှင့် တပျော်တပါး။ ဥစ္စာပစ္စည်းကလည်း ကြွှယ်ဝချမ်းသာတယ်။ သူလုပ်ရမယ့် တာဝန်ဝတ္တရားတွေလည်း အကုန်လုပ်ပြီးနေတဲ့သူတစ်ယောက်။ ဘယ်လောက်အားကျဖို့ ကောင်းလဲ။ ကိုယ်တွေများ သူ့ လိုပြောချင်လိုက်တာ ဖြစ်ချင်လိုက်တာ။

အဲဒီမှာဘဲ သူထက်သာတဲ့သူတစ်ဦးက ပေါ်လာပါရောဗျား။ ဘယ်သူများလဲဆိုတော့.........“ဗုဒ္ဓ” ဘုရားရှင် ပေါ့။

ပုဏ္ဏားက တစ်ခွန်းထုတ်ပြောလိုက်တာနှင့် မြတ်စွာဘုရားကလည်း ချက်ချင်း တစ်ခွန်းပြန်ပြီးပြောတယ်။ မသိရင် (ခေတ်စကားနှင့်ပြောရရင်တော့) ဗုဒ္ဓက ပုဏ္ဏားကို ဖဲ့ နေသလိုပါဘဲ။

၁။ “ငါသည် အမျက်မထွက်သူ စိတ်၌ စူးဝင်တတ်သော ငြောင့်တံသင်း ကင်းပြီးသူ ဖြစ်၏၊ မဟီမြစ်၏ ကမ်းနား၌ တစ်ညဥ့်သာ နေသူဖြစ်၏၊ ငါ၏ (ခန္ဓာ) အိမ်ကို (ကိလေသာ) အမိုး ဖွင့်လှစ်ထားပြီ၊ မီး (တစ်ဆယ့်တစ်ပါး) ငြိမ်းအေး လေပြီ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”

မြတ်စွာဘုရားရဲ့ မိုးသို့ တိုင်တည်ပုံလေးပါ။

ပုဏ္ဏားက နွားတွေအကြောင်းပြောတော့ မြတ်စွာဘုရားက ဒီလိုလေး ပြန်ပြောတယ်။

၂။ “ငါဘုရားသည် (အရိယမဂ်တည်းဟူသော) ဖောင်ကို (ဉာဏ်ဖြင့်) ဖွဲ့ထားပြီး ကောင်းစွာ စီရင်ထားပြီး ဖြစ်ခဲ့၏၊ (ငါသည်) သြဃလေးပါးဟူသော ရေအလျဉ်ကို တွန်းလှန်ပယ် ဖျောက်ကူးမြောက်ပြီးလျှင် နိဗ္ဗာန်ဟူသော ကမ်းတစ်ဘက်သို့ ရောက်ပြီး ဖြစ်ရကား (ငါ့အား) ဖောင်ဖြင့် အကျိုး မရှိတော့ပေ၊ (ကိလေသာဟူ သော) မိုးနတ်မင်း သင်သည် ရွာသွန်း လိုမူ ရွာသွန်းလိုက်ပါလော့။”

ပုဏ္ဏားက သူ့ မိန်းမအကြောင်းပြောတော့ မြတ်စွာဘုရားက ဒီလိုပြန်ဆိုပြန်ရော။

၃။ “ငါ၏ စိတ်သည် (ငါ့) အလိုသို့ လိုက်၏၊ ကိလေသာ အနှောင်အဖွဲ့မှ လွတ်၏၊ ကာလရှည်ကြာစွာ ထက်ဝန်းကျင် ပွါးစေအပ်ပြီးသည်ဖြစ်၍ ကောင်းစွာ ယဉ်ကျေး ပြီးဖြစ်ရကား ငါ့အား မကောင်းမှု မရှိတော့ချေ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”

ပုဏ္ဏားက သူ့ အလုပ်အကြောင်း၊ သားသမီးတွေအကြောင်းပြောတော့ မြတ်စွာဘုရားကလည်း အခုလိုပြောလိုက်တယ်။

၎။ “ငါသည် တစ်စုံတစ်ယောက်သော သူ၏ အခစားမဟုတ်၊ လောကအားလုံး၌ သဗ္ဗညုတဉာဏ် လောကုတ္တရာ သမာဓိ ချမ်းသာဖြင့် လှည့်လည်နိုင်သူ ဖြစ်၍ အဖိုးအခဖြင့် ငါ့အား အကျိုးမရှိတော့ပေ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”

ပုဏ္ဏားက သူ့ ပိုင်ဆိုင်မှုတွေကို ကြွားတော့ မြတ်စွာဘုရားက ဒီလိုဆိုပါတယ်။

၅။ “ဤသာသနာတော်၌ ငါဘုရားအား မသင်းမကွပ်ရသေးသော နွားပေါက် (ပရိယုဋ္ဌာနကိလေသာ) တို့သည်လည်း မရှိကုန်၊ နို့စို့နွားငယ် (အနုသယကိလေသာ) တို့သည်လည်း မရှိကုန်၊ ကိုယ်ဝန်ဆောင် နွားမ (ပုညာဘိသင်္ခါရ) စသည်တို့သည် လည်းကောင်း အရွယ်ရောက်နွားမ (တဏှာ) တို့သည်လည်းကောင်း မရှိကုန်၊ နွားတို့၏ အကြီးဖြစ်သော နွားလားဥသဘ (အဘိသင်္ခါရဝိညာဉ်)သည်လည်း မရှိ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”

ပုဏ္ဏားက နောက်ဆုံး သူ့ တာဝန် လုပ်စရာရှိတာတွေ လုပ်ပြီးတဲ့အကြောင်းပြောချိန်မှာတော့ မြတ်စွာဘုရား ကလည်း ဒီလိုအဆုံးသတ်လိုက်ပါတယ်။

၆။ “နွားလားဥသဘသည် ကြိုးအနှောင်အဖွဲ့တို့ကို ဖြတ်၍ တည်သကဲ့သို့ ငါသည် အထက်ပိုင်း သံယောဇဉ် အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့် လည်းကောင်း၊ ဆင်ပြောင်ကြီးသည် ဆင်တုံးမနွယ်ကြိုးကို ချိုးဖြတ်၍ တည်သကဲ့သို့ ငါသည် အောက်ပိုင်း သံယောဇဉ် အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့် လည်းကောင်း အမိဝမ်းတိုက်၌ ကိန်းနေခြင်းသို့ တစ်ဖန် ကပ်ရောက်တော့မည် မဟုတ်၊ (ကိလေသာ ဟူသော) မိုးနတ် မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”

ဒီတရားတော်ကို ဖတ်နေရင်း ကျွန်တော့် စိတ်နှလုံးတွေ တကယ်ကို တုန်လှုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ တွေမှာ လောကီပြည့်စုံမှုတွေအတွက် အသည်းအသန်ကြိုးစားရုန်းကန်နေရချိန်မှာ ပုဏ္ဏားလိုမျိုးလည်း မကြုံးဝါးနိုင်။ မြတ်စွာဘုရားလိုမျိုး ဥဒါန်းကျူးဖို့ ကတော့ ဝေးလိုက်သည်များ။

နောက် ကျွန်တော်တို့ တွေ အချိန်ပေးလုပ်ကိုင်ရှာဖွေနေကြတာတွေကရော။ တကယ်ကိုယ့်အတွက် ဘာများ အာမခံချက်ပေးနိုင်မှာလဲ။ သေကြပြီဟေ့ဆိုရင် ဘာတွေက၊ ဘယ်သူတွေက ကိုယ့်နောက်ကို ပါလာမှာလဲ။

ဒါဆို တစ်ဘ၀လုံး တာဝန်ဝတ္တရားတွေကျေအောင်လုပ်နေတာတွေ၊ တော်တော်များများကိစ္စတွေမှာ တာဝန် ကျေတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေမှုတွေဟာ တကယ်ဟုတ်လို့ လား။ ကိုယ့်အတွက် တကယ်အသုံးတည့်တဲ့ အရာတွေလား။ ကိုယ့် သံသရာခရီးအတွက် ကိုယ်ဘာများတာဝန်ကျေအောင် လုပ်ထားပြီးခဲ့ပြီလဲ။

မြတ်စွာဘုရားက အဲဒီသုတ်တော်မှာ ဆက်လက်ပြီး ဟောထားတာက-

“သားသမီးရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ နွားရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊ မှန်၏- ဥပဓိတို့သည် လူတို့ကို စိုးရိမ်စေကုန်၏၊ ဥပဓိမရှိသူသည် မစိုးရိမ်ရ။”

ကျွန်တော်တို့  ပိုင်ဆိုင်ထားကြတာတွေက အချိန်တော်တော်များများမှာ ကျွန်တော်တို့ အတွက် စိုးရိမ်မှုကိုဘဲ ဖြစ်စေတာ တကယ်အမှန်ပါ။ ဒီပိုင်ဆိုင်မှုတွေအပေါ်မှာ ငြိတွယ်မှုကြောင့် ပူလောင်မှုတွေဘဲ ဖြစ်စေခဲ့တာပါ။ ဒါတွေကြောင့် ချမ်းသာတယ်ဆိုတာ တဒင်္ဂ၊ ခဏ အချိန်လေးမျှပါ။ ကိုယ်တွေက မငြိအောင်လည်းဘဲ နေမှ မနေနိုင်ကြတာကိုး။ ဒီတော့လည်း “သမုဒယကြောင့် ဒုက္ခဖြစ်တယ်” ဆိုတဲ့ တရားစကားနှင့်က ကွက်တိကိုကျလို့ ။

ကျွန်တော်တို့ ရဲ့ တကယ်ကျေရမယ့်တာဝန်က ကျွန်တော်တို့ တွေနှင့် တစ်သံသရာလုံး အမြဲလိုက်ပါနေတဲ့ ကိလေသာတွေကို ကုန်အောင်လုပ်ကြဖို့ ပါ။ ဒီဟာတွေကြောင့်ဘဲ ကျွန်တော်တို့ တွေဟာ ဘ၀ဇာတ်ခုံ အဖုံဖုံကို ပုံစံအမျိုးမျိုးနှင့် ကနေကြရတာပါ။

ဒီကိလေသာတွေက ဆွဲချခဲ့လို့ စုတ်ပြတ်စွာ ကျခဲ့ရတဲ့ ဘ၀အခြေအနေတွေ ကြိမ်ဖန်များစွာရှိခဲ့ပါပြီ။ နောင်လည်း သူတို့ တွေက ကိုယ့်ကို ကြုံရင်ကြုံသလို အနေနိမ့်အောင် လုပ်နေကြအုံးမှာပါ။ ဒုက္ခပေါင်းစုံခံစားခိုင်းကြအုံးမှာပါ။

ဒါတွေကို ဘာလို့ ကျွန်တော်သိရက်နဲ့  သံဝေဂ မရနိုင်ရတာလဲ။ ဘာတွေများကောင်းနေလို့ သာယာနေရတာလဲ။ မေးခွန်းများစွာ ကိုယ့်ကိုယ်ကို မေးမိပါတယ်။

“ငါသည် အရိယာမဂ်တည်းဟူသော ဖောင်ကို ကောင်းစွာဖွဲ့ထားပြီးလေပြီ ၊ ဩဃတည်းဟူသော ရေအလျင်ကို ကူးမြောက်၍ နိဗ္ဗာန်ဟူသော တဖက်ကမ်းသို့ ရောက်ပြီးဖြစ်၏၊ ထို့ကြောင့် ငါ့အားဖောင်ဖြင့် အကျိုးမရှိတော့ ၊ အို… ကိလေသာတည်းဟူသော မိုးပဇ္ဇုန်.. သင်ရွာလိုက ရွာသွန်းလေလော့…….။”

မြတ်စွာဘုရားရှင်ရဲ့  ရင်ထဲကထွက်လာတဲ့ ဒီနှုတ်ထွက်စကား။ ကျွန်တော် လိုက်ပြီး ရေရွတ်မိပါတယ်။

သြော်...ငါ ဘယ်အချိန်များ ဒီလိုမျိုး ပြောနိုင်မှာပါလိမ့် မိုးရယ်...။

ကျွန်တော့်အာရုံမြင်ကွင်းထဲကို ညပိုင်းတာဝန်ပြီးဆုံးလို့  ခရီးသည်မတင်တော့ဘဲ ဒီအတိုင်းမောင်းထွက်သွားတဲ့ ခရီးသည်တင်ဘက်စ်ကား တစ်စီးဝင်လာပါတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ ကားရဲ့ အရှေ့ ဘက်မှန်အပေါ်က Display Screen မှာ ပေါ်နေတဲ့စာက “OUT OF SERVICE” တဲ့။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
မေ ၁၃၊ ၂၀၀၉။

(ဘုန်းဘုန်း ဦး တိက္ခဉာဏရဲ့ ဘလော့ဂ်က “မဟီမြစ်ကမ်းမှ ကျူးရင့်သံ“ ပို့စ်ကိုဖတ်ပြီး မူရင်း တရားတော် “ဓနိယသုတ်၊ ဥရဂ၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်“ ကို ဘုန်းဘုန်းဦးလောကနာထ၏ အကူအညီဖြင့် ထပ်ဆင့်ရှာဖွေဖတ်ရင်းက ဒီဆောင်းပါးကို ရေးဖြစ်ပါသည်။)

ဆက်လက်ဖတ်ရှုရန်