(၁၁)
အဲဒီလိုနေလာရင်းနဲ့ပဲ နှစ်ကာလတွေ ဆက်လက်ရွေ့လျားသွားခဲ့ပါပြီ ။ အားနက်စ်ရဲ့ ခေါင်းပေါ်မှာ ဆံပင်ဖြူတွေ ပေါက်လာပြီး နဖူးမှာလည်း အရေတွေဟာ တွန့်လို့ ပါးပြင်တွေပေါ်မှာလည်း အရေးအကြောင်းတွေနဲ့ဖြစ်လာပြီ။ သူဟာ လူအိုတစ်ယောက်ဖြစ်သွားခဲ့ပြီ။ ဒါပေမယ့် အနှစ်သာရကင်းမဲ့နေတဲ့ လူအိုတော့မဟုတ်ခဲ့ဘူး။ သူ့ခေါင်းပေါ်မှာ ပေါက်နေတဲ့ ဆံပင်ဖြူအရေအတွက်တွေနဲ့အမျှ ကို သူ့စိတ်ထဲမှာ အသိအမြှော်အမြင်တွေ ဟာ ရှိနေခဲ့တယ်။
.
မထင်မရှားဘဝ မှာ သူနေလို့မရတော့ဘူး။ အများက လိုက်ရှာတွေ့ချင်နေရတဲ့သူတစ်ယောက် ဖြစ်လာခဲ့ပြီ။ လွင်ပြင်ဒေသ နယ်နမိတ်ကို ကျော်လွန်ပြီး သူဟာ ကျော်ကြားလာခဲ့တော့တယ်။ ကောလိပ်က ပါမောက္ခတွေ၊ မြို့ ကြီးပြကြီးက ထင်ရှားတဲ့ တက်ကြွလှုပ်ရှား သူတွေကတောင် သူ့နဲ့တွေ့ဖို့၊ စကားပြောဖို့ အဝေးကလာခဲ့ကြရတယ်။ လာတွေ့သူတိုင်းကို အားနက်စ်က သိမ်မွေ့တဲ့ရိုးသားဖြူစင်မှု နဲ့သာ လက်ခံတွေ့ဆုံတယ်။ စိတ်ကူးထဲပေါ်လာတာပဲ ဖြစ်ဖြစ်၊ သူ့စိတ်ထဲမှာ သို့မဟုတ် သူတို့စိတ်ထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်ငြိနေတဲ့အကြောင်းအ ရာတွေကိုပဲ ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ဆွေးနွေးပြောဆိုဖြစ်ကြတယ်။ သူတို့ချင်း စကားပြောနေကြချိန်မှာဆို ညနေခင်းရဲ့ မှိန်ဖျော့ဖျော့ရောင်ခြည်အောက်မှာ အားနက်စ်မျက်နှာဟာ တောက်ပလို့နေတတ်တယ်။ လာရောက်စကားပြောသူတို့အပေါ်မှာပါ မသိမသာ အလင်းရောင် ပေးထားသလိုမျိုးတောင် ရှိနေတတ်လေရဲ့။
အားနက်စ်အသက်အရွယ်ရလာချိန်မှာ ဘုရားသခင်က ကဗျာဆရာတစ်ယောက်ကို ကမ္ဘာမြေအတွက် ဖန်ဆင်းပေးတော်မူခဲ့တယ်။ အဲဒီကဗျာဆရာက တကယ်က လွင်ပြင်ဒေသကပဲ ဖြစ်တယ်။ ဒါပေမယ့် သူ့ရဲ ချိုမြဂီတကိုအရင်းပြုရင်း ဘဝရဲ့ အချိန်ကာလ အများစုကို မြို့ ပြတွေမှာပဲ ဖျော်ဖြေပွဲတွေနဲ့ ကုန်ဆုံးလိုက်ရသူဖြစ်ခဲ့တယ် ။ သူဟာ ဇာတိနဲ့ ဝေးနေပေမယ့် ကျောက်သားမျက်နှာကို မေ့မနေခဲ့ဘူး။ အဲဒီအကြောင်းကို သူ့ရဲ့  ကဗျာတွေမှာ တခမ်းတနားထည့်ရေးတတ်ခဲ့သူလည်း ဖြစ်တယ်။
အဲဒီကဗျာဆရာရဲ့ ကျောက်သားမျက်နှာနဲ့ ဆက်စပ်တဲ့ ကဗျာ တေးသွားတွေဟာ သူတို့ဘာသာ အားနက်စ် ဆီ ကို ဆိုက်ရောက်လာတယ်လို့ ပြောရမလားပဲ။ လုပ်နေကျ အလုပ်တွေနားချိန် သူ့တိုက်အိမ်လေးတံခါးနားက ခုံရှည်မှာ အားနက်စ်ဟာ ထိုင်လိုက်ရင်း အဲဒီကဗျာဆရာရဲ့ ကဗျာတွေကို သူဖတ်နေခဲ့တယ်။ ပြီးတော့ ကျောက်သားမျက်နှာကြီးရှိတဲ့ နေရာဆီကို သူ့အကြည့်ကို ရွှေ့ လိုက်တယ်။
.
''ကျွန်တော့်ရဲ့မဟာသူငယ်ချင်းကြီးရေ '' … အားနက်စ်က ရေရွက်ရင်း ကျောက်သားမျက်နှာကြီးကို ပြောလိုက်တာက "ဒီကဗျာဆရာက ခင်ဗျားနဲ့ ဆင်မနေဘူးလားဗျာ" တဲ့။
.
ကျောက်သားမျက်နှာကြီးက ပြုံးယောင်ယောင်တော့ဖြစ်သွားပုံပဲ။ ဒါပေမယ့် တစ်ခွန်းမှတော့ ပြန်မဖြေခဲ့ဘူး။
to be continued.....
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။
အဲဒီလိုနေလာရင်းနဲ့ပဲ နှစ်ကာလတွေ ဆက်လက်ရွေ့လျားသွားခဲ့ပါပြီ
.
မထင်မရှားဘဝ မှာ သူနေလို့မရတော့ဘူး။ အများက လိုက်ရှာတွေ့ချင်နေရတဲ့သူတစ
အားနက်စ်အသက်အရွယ်ရလာချိန်မ
အဲဒီကဗျာဆရာရဲ့ ကျောက်သားမျက်နှာနဲ့ ဆက်စပ်တဲ့ ကဗျာ တေးသွားတွေဟာ သူတို့ဘာသာ အားနက်စ် ဆီ ကို ဆိုက်ရောက်လာတယ်လို့ ပြောရမလားပဲ။ လုပ်နေကျ အလုပ်တွေနားချိန် သူ့တိုက်အိမ်လေးတံခါးနားက ခုံရှည်မှာ အားနက်စ်ဟာ ထိုင်လိုက်ရင်း အဲဒီကဗျာဆရာရဲ့ ကဗျာတွေကို သူဖတ်နေခဲ့တယ်။ ပြီးတော့ ကျောက်သားမျက်နှာကြီးရှိတဲ့
.
''ကျွန်တော့်ရဲ့မဟာသူငယ်ချင
.
ကျောက်သားမျက်နှာကြီးက ပြုံးယောင်ယောင်တော့ဖြစ်သွာ
to be continued.....
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။
No comments:
Post a Comment