(၁၀)
အဲဒီလိုနဲ့ အဲဒီ အထင်ကရနိုင်ငံရေးသမား ရောက်လာတဲ့နေ့မှာ မြင်းသည်တော်တွေကလည်း လမ်းတလျှောက် မြူးမြူးကြွကြွလှမ်းလို့ ဖုန်တွေတောင်တထောင်းထောင်းထ
အခုလိုမြင်ရတဲ့မြင်ကွင်းဟာ သိပ်ကို တောက်ပ ခမ်းနား တင့်တယ် လှပလွန်းလှတယ်။ အထူးသဖြင့်တော့ အဲဒီနိုင်ငံရေးသမားနဲ့ ကျောက်သားမျက်နှာကြီးတို့ရဲ
ပြောပြဖို့ ကျန်နေသေးတာက တေးဂီတအဖွဲ့ပါသေးတယ် ဆိုတာပဲ ဖြစ်တယ်။ သူတို့တီးမှုတ်လိုက်တာတွေက ပဲ့တင်ထပ်လို့ တောင်တန်းတွေပါ မြူးပြီး၊ သံစဉ် အနိမ့်အမြင့်တွေကြားမှာ လွင်ပြင်ဒေသကြီးတစ်ခုလုံး ကိုယ့်တေးသံကိုယ် ပြန်ရှာတွေ့ပြီး ကြားနေရသလို လှပကြည်နူးစရာကောင်းနေတော့တ
.
အဲဒီတခဏအတွင်းမှာပဲ လူတွေက သူတို့တွေရဲ့  ဦးထုပ်တွေကို မြှောက်ပင့်ရင်း၊ ဝမ်းသာ ဂုဏ်ယူစွာ အော်လိုက်သံတွေကြားရပါတော့တ
"အဲဒီမှာဟေ့ သူပဲ" ။
"ဟိုမှာလေ" "ဟိုမှာ"။
"ကြည့်လိုက်ကြစမ်းပါဗျာ"
"ကျောက်သားမျက်နှာရှင်ကြီး နဲ့ ကျောက်သားမျက်နှာတို့ ဆင်တူလိုက်ကြတာ"
"ညီအကိုလားတောင် ထင်ရတယ်"
အော်ဟစ်နေကြတဲ့လူအုပ်ကြီးရဲ
အားနက်စ် ရဲ့ အိမ်နီးနားချင်းတစ်ယောက်က " ကျောက်သားမျက်နှာကြီး နဲ့ တူတဲ့ သူ ကို နောက်ဆုံးတော့ တွေ့ခဲ့ပြီ" လို့ သူ့ကိုလှမ်းပြောနေတယ်။
.
အားနက်စ် လှမ်းကြည့်လိုက်တဲ့အခါမှာတေ
"ဟုတ်တယ်မဟုတ်လား"
"တူတယ်မဟုတ်လား၊ ဝန်ခံလိုက်။ သူသည်သာလျှင် ကျောက်သားမျက်နှာရဲ့ ပုံတူပဲ မဟုတ်လား။"
"မတူဘူး" ခပ်ပြတ်ပြတ်ပဲ အားနက်စ် က ပြန်ပြောလိုက်တယ်။
"ငါ မြင်တာကတော့ နည်းနည်းလေးတောင်မှမတူ၊ လုံးဝကို မတူဘူးကွယ်"
"အဲဒါဆိုရင်တော့ ကျောက်သားမျက်နှာအတွက် သတင်းဆိုးပဲ" အားနက်စ်ရဲ့ အိမ်နီးနားချင်းက ပြောရင်း ကျောက်သားမျက်နှာရှင်ကြီး ကို ကြိုဆို ဝမ်းသာကြောင်း ဆက်လက်အော်သွားလေရဲ့။
အားနက်စ်ကတော့ လှည့်ပြန်လာခဲ့ပြီ။ သူအလွန်ပဲ ဝမ်းနည်းနေတယ်။ သူက တဘောင်စကားမှန်လာဖို့ကို မျှော်လင့်နေခဲ့တာမို့ အခုလို မပြေလည်မှုအတွက် သိပ်ကို စိတ်မကောင်းဖြစ်မိတယ်။ စိတ်ပျက်လက်ပျက် ဖြစ်သွား
တယ်။ ကြိုဆိုနေတဲ့ လူအုပ်တွေ၊ အလံတွေ၊ တေးဂီတတွေ၊ မြင်းရထားတွေ ထွက်ခွာသွားကြပြီမို့ ဖုန်မှုန့်တွေငြိမ်သွားပြီ ဖြစ်တဲ့အတွက် ကျောက်သားမျက်နှာကြီး တဖန်ပြန်လို့ပေါ်လာပြီဖြစ်တယ
"ဟေး အားနက်စ်ရေ။ ငါ ဒီမှာလေ" လို့ ခေါ်လိုက်လေသလားပဲ။
"မင်းစောင့်စားခဲ့ရတာထက်ကို
ငါတောင်မှ စိတ်မပျက်သေးပါဘူးကွယ်။ ဘာမှစိတ်ပူပင်မနေပါနဲ့။ သူလာပါလိမ့်မယ်။"
to be continued.....
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။
No comments:
Post a Comment