

အခုတလော သတိရတိုင်း၊ အကြောင်းတစ်ခုခုတိုက်ဆိုင် ကြုံကြိုက်မိတိုင်း စိတ်ထဲက ရွတ်မိတဲ့ စာကြောင်းလေးတစ်ကြောင်း ရှိနေတယ်။ အဲဒါ ဂုဏ်တော်တွေလည်း မဟုတ်ဘူး၊ ဂါထာတွေလည်း မဟုတ်ဘူး။ အင်္ဂလိပ်စာနဲ့  ၀ါကျတိုလေးပါ။ "This, too, will pass." တဲ့။
ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိသတဲ့....
တစ်နေ့တော့ အဲဒီဘုရင်ကြီးဟာ သူ့ရဲ့ ပညာရှိအမတ်တွေကို ဆင့်ခေါ်လိုက်ပြီး မေးခွန်တစ်ခုကိုမေးတယ်။ ''အမတ်ကြီးတို့- အချိန်တိုင်း၊ နေရာတိုင်း၊ အခြေအနေတိုင်းမှာ အမြဲတမ်း အသုံးတည့်မယ့် မန္တန်ဖြစ်ဖြစ်၊ အကြံဉာဏ်ဖြစ်ဖြစ် တစ်ခုခုများ ရှိနိုင်မလား။ တကယ်လို့ ငါ့ရဲ့ အနားမှာ အကြံပေးမယ့်သူ၊ စောင့်ရှောက်မယ့်သူ တစ်ယောက်မှ မရှိတဲ့အချိန်မျိုးမှာ အဲဒီမန္တန်က ငါ့ကို စောင့်ရှောက်ပေးနိုင်ရမယ်။ အဲဒီလိုမန္တန်မျိုးရှိခဲ့ရင်
အမတ်တွေအားလုံးလည်း ဘုရင်ကြီးရဲ့  မေးခွန်းကြောင့် စဉ်းစားရကျပ်ကုန်ကြတယ်။ မေးခွန်းအားလုံးကို ပြေလည်စေမယ့် အဖြေတစ်ခု၊ နေရာတိုင်း အခြေအနေတိုင်းမှာ အသုံးတည့်မယ့် အရာတစ်ခု။ ပျော်ရွှင်မှုတိုင်းအတွက်၊ ပူလောင်စိုးရိမ်ရမှုတိုင်းအတ
သူတို့တွေလည်း ဘုရင်ကြီးဆီ အခစားဝင်ကြပြီး သူတို့တွေ့ရှိထားတဲ့ အဖြေကို စာရွက်တစ်ရွက်ပေါ်မှာ ရေးပြီး ပေးလိုက်ကြတယ်။ ဒါပေမယ့် သူတို့က ဘုရင်ကြီးဆီကနေ သဘောတူညီမှုတစ်ခုကို တောင်းကြတယ်။ အဲဒါက ဘာလဲဆိုတော့ ဘုရင်ကြီးက ဒီစာရွက်ထဲက အဖြေကို သိချင်ဇောနှင့် ဖွင့်မဖတ်ကြည့်ရဘူး။ တကယ်လို့ တစ်ချိန်ချိန် ဘုရင်ကြီးအန္တရာယ်တစ်ခုခု ကျရောက်လာတဲ့အချိန်၊ ဘေးမှာ ကူမယ့်ကယ်မယ့်သူလည်း တစ်ယောက်မှ မရှိတဲ့အချိန်မျိုးကျတော့မှ
ရက်အနည်းငယ်အကြာမှာပဲ ဘုရင်ကြီးအုပ်ချုပ်တဲ့ တိုင်းပြည်ကို အိမ်နီးချင်းတိုင်းပြည်တစ်ခ
တကယ်လို့ အရှေ့ ကိုဆက်သွားရင်တော့ ပြုတ်ကျပြီး သေဖို့ပဲရှိတယ်။ တကယ်လို့ နောက်ပြန်လှည့်မယ်ဆိုရင်လည်
ရုတ်တရတ်ဘုရင်ကြီးဟာ သူ့လက်စွပ်က စိန်ပွင့်လေး နေရောင်အောက်မှာ တလက်လက်ဖြစ်နေတာကို မြင်လိုက်ပြီး လက်စွပ်အောက်မှာထည့်ထားခဲ့တ
ဘုရင်ကြီးဟာ အဲဒီစာကြောင်းလေးကို ဖတ်ကြည့်တယ်။ နောက်တစ်ကြိမ်ထပ်ဖတ်ကြည့်တယ
သူ့မျက်နှာပေါ်မှာ အေးချမ်းကြည်လင်မှုတွေ ရောက်ရှိလာတယ်။ သူဟာ အဲဒီနေရာမှာပဲ ဆက်ပြီးရပ်နေမိတယ်။ သူလောလောဆယ်ရပ်နေတဲ့ နေရာ ပတ်ချာလည်ဟာ သဘာဝအလှတရားတွေနှင့် အင်မတန်သာယာလှပတယ်။ သူအုပ်ချုပ်နေတဲ့ တိုင်းပြည်ကြီးမှာ ဒီလိုသာယာလှပတဲ့နေရာမျိုး ရှိနေတယ်ဆိုတာကို သူအရင်က မသိခဲ့ရဘူး။ ဒီစာကြောင်းတိုလေးရဲ့  အဓိပ္ပါယ်နက်ရှိုင်းမှုဟာ ဘုရင်ကြီးအပေါ်မှာ အများကြီး သက်ရောက်သွားခဲ့တော့တယ်။ ဘုရင်ကြီးဟာ စိတ်သက်တောင့်သက်သာဖြစ်သွား
ဘုရင်ကြီးဟာ အင်မတန်မှ ရဲစွမ်းသတ္တိနှင့်ပြည့်စုံတဲ
ဒီ တဒင်္ဂအချိန်လေးမှာ ဘုရင်ကြီးဟာ သူ့ကို ကြိုဆိုဂုဏ်ပြုနေကြတာတွေ၊ ဧည့်ခံနေကြတာတွေကြောင့် သူ့ရဲ့ ကိုယ်တွင်းထဲက အတ္တမာနဟာ ခေါင်းပြူထွက်လာပြီး ''ငါဟာ ရဲစွမ်းသတ္တိအရှိဆုံးနှင့် အကြီးကျယ်ဆုံးမင်းတစ်ပါးပဲ။
ရုတ်တရတ်ပဲ သူ့လက်စွပ်ဆီက စိန်ပွင့်လေးဟာ နေရောင်မှာ အရောင်လက်လာပြီး စာကြောင်းတိုလေးကို သတိရမိသွားစေတယ်။ စာရွက်လေးကိုနောက်တစ်ခါထုတ်
တကယ်လို့ ဒါလည်းပြီးသွားအုံးမှာပဲဆို
ကျရှုံးမှုဟာလည်း မင်းပိုင်ဆိုင်တာမဟုတ်သလို၊
တကယ်တော့ မင်းဟာ စောင့်ကြည့်သူတစ်ယောက်သက်သက
ပုံပြင်လေးကတော့ ဒီမျှပါပဲ။
ဖြတ်သန်းခဲ့ရတဲ့ ဘ၀ရဲ့  အဖြစ်အပျက်တွေကို ပြန်တွေးကြည့်မိရင် ဘ၀မှာ ပျော်စရာတွေ၊ အောင်မြင်မှုဆိုတာတွေလည်း အများကြီးကြုံဖူးခဲ့သလို၊ စိတ်ညစ်စရာတွေ၊ ၀မ်းနည်းစိတ်ပျက်စရာတွေလည်း
ကြုံခဲ့ရတဲ့ အဖြစ်အပျက်တိုင်းကို သေသေချာချာသတိထားကြည့်ရင် ဖြစ်နေတဲ့ အချိန်လေးအတွင်းမှာတော့ အဲဒီကိစ္စလောက် အရေးကြီးတာ၊ သေရေးရှင်ရေးဖြစ်တာ မရှိတော့သလိုပါပဲ။ နောက်တော့လည်း ဒီအဖြစ်အပျက်က ပြီးဆုံးသွားပြီး နောက်ထပ်အသစ် နောက်ထပ်အသစ်တွေက သူ့လိုပဲ အရေးကြီးနေ၊ သေရေးရှင်ရေးဖြစ်နေပြန်တာပါ
ဒီတော့ ဘာကိုများ အသည်းအသန် ဖက်တွယ်လို့ နေချင်စရာ ရှိဦးမှာလဲ။
ဘာကိုများ ခါးခါးသီးသီး လက်မခံနိုင်အောင် ငြင်းဆန်နေစရာ လိုဦးမှာလဲ။
ကြည်နူးပျော်ရွှင်နေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ဝမ်းနည်းစိတ်ညစ်နေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
အဆင်ပြေနေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
အဆင်မပြေဖြစ်နေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ရင်ခုန်နေရတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
တမ်းတမ်းတတ သတိရနေတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
သူရှိမှ (ဒါလေးရှိမှ) ပြည့်စုံမှာပါလေ ဆိုတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ခါးခါးသီးသီး ဖြစ်နေရတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
တက်ကြွလန်းဆန်းနေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ငြီးငွေ့စိတ်ကုန်ဖြစ်နေတာလည
စိတ်ပူစိုးရိမ်နေရတာတွေလည်း
ဒီလိုလုပ်ခဲ့မိရင် အကောင်းသားလို့ မချင့်မရဲဖြစ်နေတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
သို့လော သို့လော အတွေးတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ချီးမွှမ်းနေကြတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ကဲ့ရဲ့ နေကြတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ငါ့လိုလူကိုများ ရာရာစစ လို့ ဖြစ်နေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ငါ့ကျမှ ဘာကြောင့်ဒီလို ဖြစ်နေရတယ် ဆိုတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ငါရှိမှ ဖြစ်မှာပါလေ ဆိုတာမျိုးတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ငါရှိနေဖို့ မလိုပါဘူးလေ ဆိုတာမျိုးတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ရုပ်တရား၊ နာမ်တရားတွေအပေါ် အာရုံယူဖို့ကြိုးစားရင်း မခံသာတာတွေ ဖြစ်လာတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
တရားနှလုံးသွင်းရာက ငြိမ့်၊ ငြိမ်၊ ငြိမ်းရင်း ကောင်းမှကောင်း ဖြစ်နေတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
နောက်ဆုံး ဘယ်လိုမှ မပြီးသေးရင်တောင် သေရင်တော့ အလိုလို အားလုံးပြီးသွားမှာပါပဲ။
အခု ဒီစာကို ဖတ်နေတဲ့ မိတ်ဆွေလည်း စာကိုဖတ်ရင်းက ခံစားမှုပေါင်းများစွားနှင့်
အားလုံး... အားလုံးဟာ အချိန်တန်တော့ ပြီးသွားမှာပါပဲလေ....။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
9.1.12 (Mon.)
(အင်္ဂလိပ်ပုံပြင်ကို အင်တာနက်မှ ကူးယူ၍ ဘာသာပြန် ဖော်ပြပါသည်။)
No comments:
Post a Comment