ယခင်နေ့မှအဆက်
(၄)
အပေါ်မှာ ပြောထားခဲ့သလိုပါပဲ။ လွင်ပြင်ဒေသမှာနေထိုင်နေကြ တဲ့သူတွေကတော့ သူတို့နှစ်ရှည်လများ မျှော်လင့်စောင့်စားခဲ့ကြရတဲ့ ကျောက်သားမျက်နှာကြီးနဲ့ လုံးဝငြင်းမရအောင် ချွတ်စွပ်တူတဲ့ လူသားဟာ မစ္စတာဂယ်သာဂိုးလ်သာဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်။ မစ္စတာဂယ်သာဂိုးလ်ရဲ့ ဖခင်ပိုင်ဆိုင်တဲ့ မြေနေရာမှာ အရင်က ရာသီဥတုဒဏ် အတော်ခံထားရတဲ့ အိမ်ဟောင်းလေးအစား နန်းတော်တမျှ အင်မတန်ကြီးကျယ်ခန်းနားပြီး လှပတဲ့ အိမ်ကြီးတစ်လုံးပေါ်ထွက်လာတာကို မြင်လိုက်ရချိန်မှာတော့ လူတွေ ယုံကြည်ပြောဆိုနေကြတာတွေဟာ တိကျခိုင်မာတဲ့အချက်အလက်အဖြ စ် ပိုသေချာသွားခဲ့ပါတော့တယ်။
နန်းအိမ်ဆောင်ကြီးရဲ့ အပြင်ဘက်ခြမ်းကို နေရောင်ထိုးလိုက်ရင်တောင် အရည်ပျော်ကျသွားမလားလို့ တွေးထင်ရလောက်အောင် တောက်ပြောင်လှပတဲ့ အဖြူရောင်ကြွေပြားတွေနဲ့ တန်ဆာဆင်ထားတယ်။ အိမ်ရှေ့ ဆင်ဝင်နေရာကိုတော့ မြင့်မားတဲ့တိုင်လုံးကြီး တွေနဲ့ တန်ဆာဆင်ထားပြီး ဆင်ဝင် အောက်မှာတော့ လူဝင်ထွက်ဖို့အတွက် ကြီးမားတဲ့အိမ်တံခါးမကြီးရှိတယ်။ တံခါးရဲ့ လက်ကိုင်ဘုတွေကို ငွေသားတွေနှင့် လုပ်ထားပြီး၊ ပင်လယ်ရဲ့  အခြားတစ်ဘက်ကမ်းမှာရှိတဲ့ ဒေသကနေ ယူဆောင်လာတဲ့ အရောင်အသွေး ဆန်းကြယ်လှပတဲ့ သစ်သားတွေနှင့် တပ်ဆင်ထားတာ ဖြစ်တယ်။ အခန်းတစ်ခုစီတိုင်းရဲ့  ပြူတင်းပေါက်တွေ၊ မျက်နှာကြက်ကစလို့ ကြမ်းခင်းအထိ တိုင်အောင် အားလုံးကို ကြည်လင်ရှင်းသန့်နေတဲ့ အကောင်းစား မှန်နံရံတွေတပ်ဆင်ကာရံထားတယ်။
ဒီအိမ်တော်ကြီးရဲ့ အတွင်းဘက်ကိုတော့ လူတွေကို ပေးမပြဘူး။ ဒါပေမယ့်ပြောကြတာ ကြားရပုံအရတော့ အပြင်ဘက်မှာတွေ့မြင်ကြရတဲ့ အပြင်အဆင်တွေထက်ကို အထဲမှာက ပိုပြီးကြီးကျယ်ခန်းနားတယ် လို့ဆိုတယ်။ တခြားအိမ်တွေမှာဆိုရင် ကြေးနှင့်သံကိုပဲ အသုံးပြုတပ်ဆင်တဲ့ နေရာတွေမှာ နန်းဆောင်ကြီးအတွင်းဘက်ထဲမှာတော့ ရွှေနှင့်ငွေ တွေကိုပဲ အသုံးပြုတပ်ဆင်ထားတယ်လို့ ပြောကြတယ်။ မစ္စတာဂယ်သာဂိုးလ်ရဲ့  အိပ်ခန်းဆောင်ကြီးဆိုရင် ထူးခြားဆန်းပြားလှတဲ့ အဆောင်အယောင်အဆင်တန်ဆာတွေ ခန်းလုံးပြည့် တပ်ဆင်အသုံးပြုထားတာကြောင့်  သာမန်လူတွေသာ တကယ်လို့ အဲဒီအခန်းထဲရောက်သွားခဲ့ရင် မျက်လုံးတွေ ခဏလောက် မှိတ်ပြီးတောင် မထားနိုင်လောက်အောင် ရင်သပ်ရှုမောအံ့သြသွားကြရမယ်လို့ ဆိုတယ်။
သတ်မှတ်ထားတဲ့အချိန်မှာပဲ နန်းအိမ်ဆောင်ကြီးဟာ ဆောက်လုပ်လို့ပြီးစီးသွား ခဲ့တယ်။ ပြီးတာနဲ့ ပရိဘောဂတွေတပ်ဆင်ကြမယ့်သူတွေက သူတို့တပ်ဆင်မယ့် ခန်းနားလှတဲ့ပရိဘောဂတွေနှင့် အတူရောက်လာကြတယ်။ နောက်တော့ လူဖြူ၊ လူမဲ အစုံပါတဲ့ အခိုင်းအစေအဖွဲ့တွေ ရောက်လာကြပြန်တယ်။ နောက်ဆုံးမှာတော့ သူဌေးကြီးရဲ့  ရှေ့ တော်ပြေးအဖွဲ့တွေရောက်လာခဲ့ ကြပြီး သူဌေးကြီးဟာ ညနေချိန် နေညိုစောင်းတာနဲ့ ရောက်လာပါတော့မယ်လို့ ကြေငြာလိုက်ကြတော့တယ်။
အားနက်စ်လေးဟာ သူနှစ်ပေါင်းများစွာ မျှော်လင့်စောင့်စား တမ်းတခဲ့ရတဲ့ အင်မတန်မွန်မြတ်၊ ကြီးကျယ်လှတဲ့ ရှေးတဘောင်တွေထဲက လူသားဟာ နောက်ဆုံးမှာတော့ ဒီမွေးရပ်မြေမှာ ပြန်ပေါ်လာပြီဆိုတဲ့အတွေးတွေနှင့် ရင်ခုန်စိတ်လှုပ်ရှားနေရှာတ ယ်။ ကလေးတစ်ယောက်အနေနှင့် အားနက်စ်လေးသိထားတာက ဒီသူဌေးကြီးဟာ ပစ္စည်းဥစ္စာတွေ အဆမတန်ချမ်းသာတယ်၊ လူမကနတ်တမျှ ရက်ရောပေးကမ်းတတ်တယ်၊ လူသားတွေအပေါ်မှာ သြဇာလွှမ်းမိုးနိုင်တယ်၊ ကျောက်သားမျက်နှာကြီးအတိုင်း အင်မတန်ကြင်နာတတ်တဲ့ အပြုံမျိုး ရှိထားတဲ့သူတစ်ယောက်ဖြစ်တယ် ရယ်လို့ စိတ်ထဲတွေးထင်ထားမိတယ်။ ယုံကြည်မျှော်လင့်ချက်အပြည့်နှင့် လူတွေပြောနေကြတဲ့ စကားဟာ အမှန်တွေပဲ ဖြစ်လိမ့်မယ်၊ ဒီကျောက်တောင်ပေါ်က မျက်နှာကြီးကို သက်ရှိထင်ရှား အပြင်မှာ တကယ် တွေ့ခွင့်ရတော့မယ်ဆိုတဲ့အေ ပ်ါမှာ သံသယစိတ် လုံးဝရှိမနေခဲ့ဘူး။
အားနက်စ်လေးဟာ အဲဒီနေ့က သူလုပ်နေကျအတိုင်း တောင်ထိပ်ပေါ်က မျက်နှာကြီးကို ငေးစို်က်ကြည့်ရင်း ကျောက်သားမျက်နှာကြီးက သူ့ဆီကို ပြန်ပြုံးပြလာမှာကို စောင့်ကြည့်နေတုန်းမှာပဲ လမ်းမဆီက မြင်းလှည်းတွေရဲ့ ဘီးလှိမ့်သံတွေ ဆူဆူညံညံထွက်ပေါ်လာတာကို ကြားလိုက်ရတော့တယ်။
”သူရောက်လာပြီ...။” “သူဌေးကြီးမစ္စတာဂယ်သာဂိုးလ် ရောက်လာပြီ။” လို့ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးက တခဲနက် အော်ဟစ်လိုက်ကြတယ်။
မြင်းလေးကောင်ကတဲ့လှည်းရထား တစ်စီးဟာ လမ်းမတလျှောက်မောင်းဝင်လာတယ်။ လှည်းအိမ်ရဲ့  အတွင်းဘက်မှာတော့ ပြူတင်းပေါက်ကနေတဆင့် ရွှေဝါရောင်လွှမ်းနေတဲ့ အသားအရေရှိတဲ့ အဘိုးအိုတစ်ဦးရဲ့  ပုံပန်းသဏ္ဍာန်တစ်ခုကို မြင်တွေ့ကြရတယ်။ သူ့ရဲ့ နှဖူးတွေက ခပ်ကျဉ်းကျဉ်းရှိပြီး အရေတွန့်နေပြီဖြစ်တဲ့ သေးငယ်၊ စူးရှတဲ့မျက်လုံးတွေ ရှိတယ်။ တင်းတင်းကျပ်ကျပ်ဖိထားတဲ့ ပါးလွှာတဲ့ နှုတ်ခမ်းတစ်စုံလည်း ပိုင်ဆိုင်တယ်။
”ကျောက်တောင်ပေါ်က မျက်နှာကြီး”၊ ”ဒါဟာတကယ်ပဲ၊ ရှေးတဘောင်စကားဟာ နောက်ဆုံးမှာ မှန်သွားခဲ့ပြီ” စသဖြင့် လူတွေက ၀ိုင်းအော်ကောင်းချီးပေးကြ တယ်။
ဒါပေမယ့် အားနက်စ်အတွက်တော့ အခြားလူတွေပြောနေကြသလို ယုံကြည်နိုင်ဖို့ မဖြစ်နိုင်တော့လောက်အောင် စိတ်ရှုပ်ထွေးစရာ အဖြစ်အပျက်တစ်ခုကို မျက်မြင် ကြုံတွေ့လိုက်ရတယ်။
လမ်းဘေးတစ်နေရာမှာ ဟိုးအဝေးဒေသတစ်ခုကလာကြတဲ့ သူတောင်းစားအမျိုးသမီးနှင့် ကလေးနှစ်ယောက်တို့ဟာ သူဌေးကြီးရဲ့  လှည်းရထားနောက်ကနေလိုက်ပြီးတော့ လက်ကိုဆန့်တန်းကာ ပေးကမ်းစွန့်ကြဲခဲ့ဖို့ သနားစရာအသံတွေနှင့် တောင်းခံနေကြတယ်။ ဒီအခါမှာ လှည်းရထားထဲမှာထိုင်နေတဲ့ အင်မတန်ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးဟာ ပြူတင်းပေါက်ကနေ လက်ကိုထုတ်ပြီး ကြေးပြားစတချို့ ကို ပစ်ချပေးလိုက်တယ်။ ဒါကိုမြင်တွေ့လိုက်ရတဲ့ အားနက်စ်လေးဟာ ဒီသူဌေးကြီးကို သူ့နာမည်ကို ဂယ်သာဂိုးလ်လို့ ခေါ်မယ့်အစား ကြေးပြားစပစ်ချပေးတဲ့သူလို့  ခေါ်တာကမှ ပိုကောင်းလိ့မ်အုံးမယ်လို့ တွေးထင်လိုက်မိတော့တယ်။
လူတွေကတော့ စိတ်အားထက်သန်စွာနှင့် ကျောက်သားမျက်နှာနှင့် လူ အဖြစ် သူဌေးကြီးကို အော်ဟစ်ကောင်းချီးပေးနေကြတုန်းပဲ။ အားနက်စ်ကတော့ သူမြင်လိုက်ရတဲ့ ၀မ်းနည်းစိတ်ပျက်စရာကောင်းတဲ့မြင်ကွင်းရှိတဲ့နေရာကနေ လှည့်ပြန်လာလိုက်ပြီး တောင်ပေါ်က မျက်နှာကြီးရှိတဲ့ဆီကို ငေးကြည့်နေမိလိုက်တယ်။ နောက်ဆုံးပျောက်ကွယ်လုနီးနီးဖြစ်နေတဲ့ နေရဲ့ အလင်းရောင်အောက်က မြူတွေဆိုင်းနေတဲ့ တောင်ခိုးတောင်ငွေ့တွေရဲ့ ကြားမှာ သူ့နှလုံးသားထဲမှာ စွဲထင်နေတဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ အသွင်လက္ခဏာနှင့် ကျောက်သားမျက်နှာကြီးကို စိုက်ကြည့်နေမိတယ်။ ကြင်နာသနားတတ်တဲ့ နှုတ်ခမ်းလွှာတစ်စုံကနေ ဘာများ ပြောလာလိမ့်မလဲရယ်လို့ မျှော်လင့်ရင်းပေါ့။
သူ...လာကိုလာလိမ့်မယ်။ မစိုးရိမ်နဲ့ အားနက်စ်။ တစ်နေ့ ရောက်လာပါလိမ့်မယ်။
to be continued.......
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။
(၄)
အပေါ်မှာ ပြောထားခဲ့သလိုပါပဲ။ လွင်ပြင်ဒေသမှာနေထိုင်နေကြ
နန်းအိမ်ဆောင်ကြီးရဲ့ အပြင်ဘက်ခြမ်းကို နေရောင်ထိုးလိုက်ရင်တောင်
ဒီအိမ်တော်ကြီးရဲ့ အတွင်းဘက်ကိုတော့ လူတွေကို ပေးမပြဘူး။ ဒါပေမယ့်ပြောကြတာ ကြားရပုံအရတော့ အပြင်ဘက်မှာတွေ့မြင်ကြရတဲ့ အပြင်အဆင်တွေထက်ကို အထဲမှာက ပိုပြီးကြီးကျယ်ခန်းနားတယ်
သတ်မှတ်ထားတဲ့အချိန်မှာပဲ နန်းအိမ်ဆောင်ကြီးဟာ ဆောက်လုပ်လို့ပြီးစီးသွား
အားနက်စ်လေးဟာ သူနှစ်ပေါင်းများစွာ မျှော်လင့်စောင့်စား တမ်းတခဲ့ရတဲ့ အင်မတန်မွန်မြတ်၊ ကြီးကျယ်လှတဲ့ ရှေးတဘောင်တွေထဲက လူသားဟာ နောက်ဆုံးမှာတော့ ဒီမွေးရပ်မြေမှာ ပြန်ပေါ်လာပြီဆိုတဲ့အတွေးတေ
အားနက်စ်လေးဟာ အဲဒီနေ့က သူလုပ်နေကျအတိုင်း တောင်ထိပ်ပေါ်က မျက်နှာကြီးကို ငေးစို်က်ကြည့်ရင်း ကျောက်သားမျက်နှာကြီးက သူ့ဆီကို ပြန်ပြုံးပြလာမှာကို စောင့်ကြည့်နေတုန်းမှာပဲ လမ်းမဆီက မြင်းလှည်းတွေရဲ့ ဘီးလှိမ့်သံတွေ ဆူဆူညံညံထွက်ပေါ်လာတာကို ကြားလိုက်ရတော့တယ်။
”သူရောက်လာပြီ...။” “သူဌေးကြီးမစ္စတာဂယ်သာဂိုးလ်
မြင်းလေးကောင်ကတဲ့လှည်းရထား
”ကျောက်တောင်ပေါ်က မျက်နှာကြီး”၊ ”ဒါဟာတကယ်ပဲ၊ ရှေးတဘောင်စကားဟာ နောက်ဆုံးမှာ မှန်သွားခဲ့ပြီ” စသဖြင့် လူတွေက ၀ိုင်းအော်ကောင်းချီးပေးကြ
ဒါပေမယ့် အားနက်စ်အတွက်တော့ အခြားလူတွေပြောနေကြသလို ယုံကြည်နိုင်ဖို့ မဖြစ်နိုင်တော့လောက်အောင် စိတ်ရှုပ်ထွေးစရာ အဖြစ်အပျက်တစ်ခုကို မျက်မြင် ကြုံတွေ့လိုက်ရတယ်။
လမ်းဘေးတစ်နေရာမှာ ဟိုးအဝေးဒေသတစ်ခုကလာကြတဲ့ သူတောင်းစားအမျိုးသမီးနှင့်
လူတွေကတော့ စိတ်အားထက်သန်စွာနှင့် ကျောက်သားမျက်နှာနှင့် လူ အဖြစ် သူဌေးကြီးကို အော်ဟစ်ကောင်းချီးပေးနေကြတု
သူ...လာကိုလာလိမ့်မယ်။ မစိုးရိမ်နဲ့ အားနက်စ်။ တစ်နေ့ ရောက်လာပါလိမ့်မယ်။
to be continued.......
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။
No comments:
Post a Comment