ခဏလောက် တရားအားထုတ်ကြရအောင်။
အရင်ဆုံး အသက်ရှူတာလေးမှာ စိတ်ကို စူးစိုက်ထားမယ်။ ခန္̕ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်အောင် ထိုင်မယ်။ လက်တွေ၊ ခြေထောက်တွေနှင့် မျက်နှာကို သက်တောင့်သက်သာ ဖြစ်အောင် ထားမယ်။ ခန္ဓာကိုယ်နှင့် စိတ်ကို သက်သာသလိုလေး ထားဖို့ အရေးကြီးပါတယ်။ နှစ်သက်တဲ့ ပုံစံနှင့် ထိုင်လို့ရပါတယ်။ ဒါပေမယ့် အသက်သာဆုံး ပုံစံမျိုး ဖြစ်အောင်တော့ကြိုးစားပြီး ထိုင်ပါ။ မျက်လုံးတွေ၊ နှုတ်ခမ်းတွေ၊ လျှာတွေ၊ မျက်နှာတွေကို သက်တောင့်သက်သာဖြစ်အောင်လို
အသက်ရှူသွင်း၊ ရှူထုတ်တာမှာ သတိကို ကပ်ထားပါ။ အသက်ရှူသွင်းလိုက်တဲ့အခါမှာ
အတွေးတစ်ခုခုဝင်လာတဲ့အခါမှာ
အခု ကိုယ်က နာကြင်အောင် လုပ်ခဲ့ဖူးတဲ့သူ တစ်ယောက်ယောက်အကြောင်းကို စဉ်းစားလိုက်ပါ။ နာကြင်အောင် ဆိုတဲ့နေရာမှာ သူ့ကို နာကြင်ထိခိုက်သွားအောင် ပြောဆိုခဲ့တာ၊ မျက်လုံးတွေနှင့် ကြည့်ခဲ့တာတွေကအစ ပါပါမယ်။ သူ ဘယ်လို နာကြင်ခဲ့ရမယ်၊ ဘယ်လို ခံစားခဲ့ရမယ် ဆိုတာကို တွေးကြည့်လိုက်ပါ။
ဒီလိုစဉ်းစားနေတဲ့အချိန်မှာ
ဒီလူအကြောင်းကို စဉ်းစားပြီး နူးနူးညံ့ညံ့၊ ရိုးရိုးသားသား စိတ်နှင့် “ငါမှားသွားခဲ့ပါတယ်။ ငါ့ကို ခွင့်လွှတ်ပါ။” လို့ ပြောပါ။ ဒီလိုစိတ်ထဲကနေ ရိုးရိုးသားသားနှင့် တောင်းပန်လိုက်တဲ့အခါမှာ စိတ်ထဲမှာ ဘယ်လို ခံစားရလဲဆိုတာကို ကြည့်ကြည့်ပါ။ စိတ်ထဲမှာ နေရာပိုထွက်လာသလိုမျိုး ဖြစ်တာကို တွေ့ရလိမ့်မယ်။ ဒီလို စိတ်ထဲမှာ နေရာလွတ်သွားသလို ဖြစ်သွားပြီဆိုရင် စိတ်ကို အသက်ရှူနေတာလေးမှာ တခါပြန်ပြီး သတိကပ်ပေးလိုက်ပါ။ စိတ်ထဲမှာ အေးချမ်းမှုနှင့် ငြိမ်းချမ်းနေပါစေ။
အခုတခါ ကိုယ့်ကို နာကြင်အောင် လုပ်ခဲ့ဖူးတဲ့ တစ်ယောက်ယောက်အကြောင်းကို စဉ်းစားလိုက်ပါ။ စိတ်ထဲ ဘယ်လိုခံစားရလဲ။ နာကြင်မှုကို ခံစားလာရမယ်။ မတရားအလုပ်ခံခဲ့ရလို့ ဒေါသတွေ ဖြစ်လာမယ်။ ဘာ့ကြောင့် သူက ငါ့ကို ဒါမျိုးလုပ်ခဲ့ရတာလဲ။ ငါ့ကို ဒီလိုမျိုး လုပ်ခဲ့ရတဲ့ အကြောင်းက ဘာလဲဆိုတာကို ကြည့်ပါ။ ဒါကို မတရားဘူးလို့ ခံစားရမယ်။ အနိုင်ကျင့်ခံလိုက်ရတယ်လို့
အခုဒီတခါတော့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ရမယ့် အချိန်ရောက်ပြီ။ ကိုယ့်အကြောင်းကို ကိုယ့်ဖာသာ စဉ်းစားကြည့်ပါ။ ကိုယ်လုပ်ခဲ့မိပြီး ကိုယ့်ဖာသာ ခွင့်မလွှတ်နိုင်တဲ့ကိစ္စတွေက
သိမ်မွေ့အေးချမ်းနေတဲ့ စိတ်နှင့် ကိုယ့်အကြောင်းကို စဉ်းစားပြီး ကိုယ့်ဖာသာပြောလိုက်ပါ။
“ငါ့ကိုယ်ငါ ခွင့်လွှတ်ပါတယ်။ အခု “ငါ” ဖြစ်နေတဲ့ ငါ့ကိုငါကို ချစ်ပါတယ်။”
ဒီလိုမျိုးပြောလိုက်တဲ့အခါ စိတ်ထဲမှာ ဘာဖြစ်သွားလဲ ကြည့်ကြည့်ပါ။ ဒီလိုပြောလိုက်တာကို လက်ခံလို့ရလား။
ငါဟာ လေ့လာသင်ယူဖို့၊ နားလည်လက်ခံဖို့အတွက် အခု ဒီနေရာကို ရောက်နေတယ်။
ငါအပါအ၀င် အားလုံးကို သည်းခံခွင့်လွှတ်ဖို့အတွက် ဒီနေရာကို ရောက်နေတယ်။
ငါ့မှာ တခြားပိုပြီးတော့ အရေးကြီးတာတွေ လုပ်ဖို့ ရှိနေသေးတယ်။
ငါဟာ လွတ်လပ်မှုဆီရောက်ဖို့အတွက် ရှေ့ ကို တက်လှမ်းနေတဲ့သူဖြစ်တယ်။
အားလုံးအပေါ် နားလည်ခွင့်လွှတ်လိုက်ခြင်ြး
ငါလက်ရှိရောက်နေတဲ့ အခြေအနေအတွက် ဘယ်သူ့အပေါ်မှာမှ အပြစ်ပုံမချဘူး၊ တာဝန်မခံစေဘူး။
ငါ့ဘ၀ကိုငါ လွတ်လွတ်လပ်လပ်နှင့် နေထိုင်မယ်။
ငါ့ရဲ့  စိတ်ဓါတ်အရည်အသွေးမြင့်မားတ
ငါဟာ စိတ်ဓါတ် ကြီးမြတ်တဲ့သူဖြစ်တယ်။
ငါဟာ စိတ်ဓါတ်ခိုင်မာတဲ့သူဖြစ်တယ
ငါဟာ သဒ္ဓါတရား အားကောင်းတဲ့သူဖြစ်တယ်။
ငါဟာ ခွင့်လွတ်နိုင်တဲ့သူဖြစ်တယ်
စိတ်ကလေး ငြိမ်းချမ်းနေတဲ့အခါမှာ ကိုယ့်စိတ်ကို လိုသလို ညွှန်ကြားလို့ရတယ်။ ဒါကြောင့် စိတ်ကို ကောင်းတဲ့ ကုသိုလ်တရားတွေဘက်မှာပဲ ပျော်မွေ့နိုင်အောင် ထိန်းကြောင်း ညွှန်ကြားနိုင်တဲ့ အနည်းဆုံးလိုအပ်တဲ့ စိတ်အေးချမ်းမှုနှင့် ငြိမ်းချမ်းမှု အခြေအနေ၊အတိုင်းအတာတစ်ခု ရှိနေအောင် ပြုစုပျိုးထောင်ထားဖို့ အရေးကြီးပါတယ်။
Ven Sayadaw U Jotika
(From Forgiveness)
(အင်္ဂလိပ်လိုရေးထားတဲ့ ဆရာတော့်တရားကို မြန်မာလို ဆီလျှော်အောင် ဘာသာပြန်ဆိုထားတာဖြစ်လို့ အမှားအယွင်း တစ်စုံတစ်ရာ ပါခဲ့ပါလျင် ကျွန်တော့်ရဲ့  ဘာသာပြန် ချို့ ယွင်းအားနည်းမှုသာ ဖြစ်ကြောင်း အသိပေးတောင်းပန်အပ်ပါတယ်။)
ဆက်လက်ဖတ်ရှုရန်