* Hay Fever သမားများအတွက် ရာသီစာ smile emoticon *
ကျွန်တော်တို့ မြန်မာပြည်မှာ Surgical Mask ဆိုတာကို ဆရာဝန်တွေ၊ ဓါတ်ခွဲခန်းဝင်ရတဲ့သူတွေနှင့် မကောင်းတဲ့ အနံ့အသက်တွေနှင့် စပ်နွှယ်ပြီး အလုပ်လုပ်နေကြရတဲ့သူတွေ အလုပ်ချိန်အတွင်း ၀တ်ဆင်ကြတာလောက်ပဲ မြင်တွေ့ဖူးပါတယ်။ သာမန်လူတွေအနေနှင့် mask ကို ပုံမှန်အချိန်တွေမှာ သပ်သပ်ဝတ်တာမျိုးကတော့ တော်တော်လေး ရှားမယ်လို့ထင်ပါတယ်။ အခုနောက်ပိုင်း လမ်းမမှာ ဆိုင်ကယ်စီး၊ ကားမောင်းကြတဲ့သူတွေ အိတ်ဇောပိုက်ကထွက်တဲ့ မီးခိုးအနံ့ သက်သာအောင်လို့ ၀တ်နေကြပြီလားတော့ မသိပါဘူး။
အခုလိုရာသီဆို ဂျပန်က လူတွေကြည့်လိုက်ရင်တော့ လူတိုင်းနီးပါး နှာခေါင်းနှင့် ပါးစပ်တွေကို Mask တွေအုပ်ပြီး သွားလာနေကြတာ နေရာတိုင်းမှာဆိုသလို တွေ့ကြရမှာဖြစ်ပါတယ်။ အခုမှ ဂျပန်စရောက်တဲ့သူတွေအတွက်ဆိုရင်တော့ ဒီမြင်ကွင်းဟာ အထူးအဆန်းတစ်ခုလိုဖြစ်နေမှာ ပါပဲ။
ဖေဖော်ဝါရီလ ဒုတိယပတ်လောက်ကစပြီး ဂျပန်မှာ Hay Fever လို့ခေါ်တဲ့ လေထုထဲ ပန်းဝတ်မှုံပျံ့ နှံ့ မှုကြောင့် Allergy ဖြစ်ပြီး မျက်စိနှင့် နှာခေါင်းတွေယားယံကာ မျက်လုံးတွေရဲ၊ နှာရည်တွေယိုပြီး တော်တော်ခံရခက်တဲ့ ပြဿနာကို လူတွေ အကြီးအကျယ်ခံနေကြရပါတယ်။
ဒါပေမယ့် ဂျပန်တွေအတွက်တော့ ဒီ Mask ကို မျက်နှာမှာ တပ်တာဟာ အခုရာသီကျမှတပ်တာတော့ မဟုတ်ပါဘူး။ ကျန်တဲ့ တစ်နှစ်ပတ်လုံးလည်း လူအများစုရဲ့  မျက်နှာမှာ တပ်ထားတတ်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဂျပန်လူမျိုးအများစုဟာ ရထားစီး၊ ကားစီးနှင့် လူတွေကြားထဲသွားလာကြရတဲ့အခါ လေထဲမှာ ပျံ့ နှံ့နေတတ်တဲ့ ပိုးမွှားတွေ မိမိဆီ ကူးစက်မလာအောင် ကြိုတင်ကာကွယ်တဲ့အနေနှင့် တပ်ထားကြတာလို့ဆိုပါတယ်။ နောက်ပြီး မိမိကိုယ်တိုင်က နှာစေး၊ ချောင်းဆိုး၊ အအေးမိဖြစ်နေတဲ့အခါမျိုး အပြင်ထွက်ရတဲ့အချိန်မှာ မိမိကြောင့် တခြားလူတွေ စိတ်အနှောက်အယှက်မဖြစ်အောင် ၊ မိမိဆီက ရောဂါပိုးမွှားတွေ တခြားသူဆီ ကူးစက်မသွားအောင် ကိုယ့်ကိုယ်ကိုတာဝန်ယူတဲ့ အနေနှင့်လည်း ၀တ်ထားတတ်ကြပါတယ်။ တချို့ ဆို အစားစားချိန်၊ ရေချိုးချိန်ကလွဲလို့ ကျန်တဲ့တစ်ချိန်လုံး Mask တပ်ထားပြီး နေတဲ့သူတွေတောင် မြင်ဖူးပါသေးတယ်။
ဂျပန်တွေကတော့ Mask ကို ကျန်းမာရေးအတွက် အဓိကထားပြီး တပ်ဆင်ကြတာပါပဲ။ (တချို့ ကောင်မလေးတွေကတော့ အလှတပ်ကြတာလည်း ရှိပါတယ်။) ဒါပေမယ့် သူတို့တွေ သတိမထားမိသေးတဲ့ Mask တပ်ခြင်းရဲ့  အကျိုးကျေးဇူးတစ်ခုရှိပါသေး တယ်။ အဲဒါလေးကို ကျွန်တော့်မိတ်ဆွေတွေကို ပြောပြချင်ပါတယ်။
အာနာပါနနှင့် တရားစအားထုတ်ခါစ ယောဂီတွေမှာ စစချင်း ထွက်လေ၊ ၀င်လေကို နှာသီးဖျားမှာ သတိကပ်ပြီး မှတ်ကြရတဲ့အခါ ထင်သလောက် မလွယ်တာ လုပ်ဖူးသူတိုင်းသိကြမှာပါ။ တချို့ ဆို နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ ကြိုးစားမှတ်ကြပေမယ့်လို့ ဘယ်လိုမှ မှတ်လို့ အဆင်မပြေ၊ မအောင်မြင်ကြတာတွေရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ ဆရာသမားတွေက လေကို ပြင်းပြင်းပြောင်းရှူခိုင်း ရတာမျိုး၊ ဂဏန်းရေတွက်ပြီး မှတ်ခိုင်းရတာမျိုး၊ ၀မ်းဗိုက် ပိန်တာဖောင်းတာကို မှတ်ခိုင်းတာမျိုး၊ ထိတာလေးတွေကို လိုက်သိခိုင်းရတာမျိုး၊ စင်္ကြံကမ္မဋ္ဌာန်းပြောင်းပေးရတာ မျိုး၊ ကသိုဏ်းတစ်ခုခု ပြောင်းပေးတာမျိုးနှင့် ထင်ရှားတဲ့အရှုခံအာရုံကို ပေးပြီး ယောဂီကို သမာဓိထူထောင်နိုင်အောင် ကူညီပေးကြရပါတယ်။
တကယ်လို့ အာနာပါနနှင့် သမာဓိထူထောင်တဲ့ယောဂီတစ်ယော က်အနေနှင့် ပုံမှန်အခြေအနေမှာ မှတ်ရတာ အခက်အခဲဖြစ်နေခဲ့ရင် Mask ကို ၀တ်ပြီး အားထုတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Mask ၀တ်ထားတဲ့အချိန် စစချင်း အသားမကျသေးခင်မှာတော့ အသက်ရှူလို့ မ၀သလိုမျိုး ခံစားရပေမယ့် နောက်ပိုင်း အသားကျသွားတဲ့အခါ လေရှူသွင်း၊ ရှူထုတ်မှုဟာ အာရုံမှာ အလွန်ထင်ရှားတာကို တွေ့ရပါလိမ့်မယ်။
အသက်ရှူလိုက်တိုင်းမှာ နှာသီးဖျားနှင့် နှာခေါင်းနားတ၀ိုက်မှာ ထင်ရှားတဲ့အာရုံတွေ ဆက်တိုက်လိုဖြစ်ပေါ်သွားတတ်ပါတယ်။ ကိုယ်က မသိချင်ပါဘူးဆိုရင်တောင် မရလောက်အောင်ပါပဲ။ အထူးသဖြင့် အသက်ရှူထုတ်လိုက်ချိန်မှာ နှာခေါင်းတလျှောက် နွေးနေတဲ့လေက တိုးပြီး ပြန်ထွက်သွားတာ၊ Mask အုပ်ထားတဲ့ နှာခေါင်းနှင့် ပါးစပ်နေရာ တ၀ိုက်မှာ နွေးကနဲဖြစ်သွားတာကို အာရုံမှာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။
ဓါတ်ကမ္မဋ္ဌာန်းအားထုတ်နေတဲ့ ယောဂီတွေအတွက်ဆိုရင်လည်း ဒီလို Mask တပ်ပြီး အားထုတ်တာကနေ ဥဏှတေဇောကို ခန္ဓာကိုယ်တစ်ခုလုံး ပွားများယူလို့ ရနိုင်ပါတယ်။
သာမန်အချိန် သွားရင်းလာရင်း တရားသတိကပ်ဖို့ကြိုးစားတဲ့အ ချိန်မျိုးမှာလည်း Mask တပ်ထားတဲ့အခါ အသက်ရှူလိုက်တိုင်း ပျံ့ လွင့်နေတဲ့စိတ်ဟာ လွယ်လွယ်ကူကူပဲ နှာခေါင်းနေရာကို ပြန်လာကပ်နိုင်တာ တွေ့ရပါလိမ့်မယ်။ လေရှူသွင်းချိန်မှာ သတိမထားမိရင်တောင်မှ လေရှူထုတ်တဲ့အချိန်မှာ ရှူထုတ်လိုက်တဲ့လေရဲ့  နွေးထွေးတဲ့ အထိအတွေ့ဟာ အထူးထင်ရှားပါတယ်။
Mask တပ်ပြီး အလုပ်လုပ်နေ၊ သွားနေလာနေကြရတဲ့ ကျွန်တော့် မိတ်ဆွေ အကိုအမတွေလည်း အရင်က ဒါကို သတိမထားမိသေးရင် အခုစမ်းပြီး သတိထားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
"Kafunsho" ဖြစ်နေကြတဲ့ ဂျပန်ကမိတ်ဆွေတွေလည်း Allergy ကြောင့် ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းပြီး ကိုယ်ထဲမှာ ဒုက္ခ၊ ဒေါမနဿတွေဖြစ်နေတာကို Mask အုပ်ထားတဲ့ နောက်ကွယ်က နှာခေါင်းနှင့် ပါးစပ်တ၀ိုက်မှာ အသက်ရှူရင်းဖြစ်လာတဲ့ ထင်ရှားတဲ့အာရုံတွေကို သတိကပ်တာနှင့် အစားထိုးရင်း ဘာဝနာကုသိုလ်စိတ်တွေ အဖြစ် ကြိုးစားပြီး ပြောင်းကြည့်ကြပါလို့ မေတ္တာနှင့် တိုက်တွန်းလိုက်ပါတယ်။ အလကားနေရင်း အကုသိုလ်စိတ်တွေ ဖြစ်နေမယ့်အစား Mask ကနေ ပေးနေတဲ့ ကုသိုလ်တွေကို ယူလိုက်ကြပါလို့။
Mask ဆိုတာ သုံးစွဲဝတ်ဆင်သူအတွက် ရောဂါပိုးမွှားတွေရဲ့  အန္တရာယ်ကို ကာကွယ်ပေးနိုင်သလို သတိနှင့် စောင့်ကြည့်သူအတွက်ဆိုရင်တော့ နိဗ္ဗာန်ရောက်တဲ့အထိ အကြောင်းအထောက်အပံ့ ပေးနိုင်ပါတယ်ဆိုတာလေး စကားလက်ဆောင် ပါးလိုက်ပါရစေ။
https://www.facebook.com/photo.php?fbid=867710286584974&set=a.218762134813129.56131.100000380319925&type=1&theater
ကျွန်တော်တို့ မြန်မာပြည်မှာ Surgical Mask ဆိုတာကို ဆရာဝန်တွေ၊ ဓါတ်ခွဲခန်းဝင်ရတဲ့သူတွေနှင
အခုလိုရာသီဆို ဂျပန်က လူတွေကြည့်လိုက်ရင်တော့ လူတိုင်းနီးပါး နှာခေါင်းနှင့် ပါးစပ်တွေကို Mask တွေအုပ်ပြီး သွားလာနေကြတာ နေရာတိုင်းမှာဆိုသလို တွေ့ကြရမှာဖြစ်ပါတယ်။ အခုမှ ဂျပန်စရောက်တဲ့သူတွေအတွက်ဆိ
ဖေဖော်ဝါရီလ ဒုတိယပတ်လောက်ကစပြီး ဂျပန်မှာ Hay Fever လို့ခေါ်တဲ့ လေထုထဲ ပန်းဝတ်မှုံပျံ့ နှံ့ မှုကြောင့် Allergy ဖြစ်ပြီး မျက်စိနှင့် နှာခေါင်းတွေယားယံကာ မျက်လုံးတွေရဲ၊ နှာရည်တွေယိုပြီး တော်တော်ခံရခက်တဲ့ ပြဿနာကို လူတွေ အကြီးအကျယ်ခံနေကြရပါတယ်။
ဒါပေမယ့် ဂျပန်တွေအတွက်တော့ ဒီ Mask ကို မျက်နှာမှာ တပ်တာဟာ အခုရာသီကျမှတပ်တာတော့ မဟုတ်ပါဘူး။ ကျန်တဲ့ တစ်နှစ်ပတ်လုံးလည်း လူအများစုရဲ့  မျက်နှာမှာ တပ်ထားတတ်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဂျပန်လူမျိုးအများစုဟာ ရထားစီး၊ ကားစီးနှင့် လူတွေကြားထဲသွားလာကြရတဲ့အခါ
ဂျပန်တွေကတော့ Mask ကို ကျန်းမာရေးအတွက် အဓိကထားပြီး တပ်ဆင်ကြတာပါပဲ။ (တချို့ ကောင်မလေးတွေကတော့ အလှတပ်ကြတာလည်း ရှိပါတယ်။) ဒါပေမယ့် သူတို့တွေ သတိမထားမိသေးတဲ့ Mask တပ်ခြင်းရဲ့  အကျိုးကျေးဇူးတစ်ခုရှိပါသေး
အာနာပါနနှင့် တရားစအားထုတ်ခါစ ယောဂီတွေမှာ စစချင်း ထွက်လေ၊ ၀င်လေကို နှာသီးဖျားမှာ သတိကပ်ပြီး မှတ်ကြရတဲ့အခါ ထင်သလောက် မလွယ်တာ လုပ်ဖူးသူတိုင်းသိကြမှာပါ။ တချို့ ဆို နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ ကြိုးစားမှတ်ကြပေမယ့်လို့ ဘယ်လိုမှ မှတ်လို့ အဆင်မပြေ၊ မအောင်မြင်ကြတာတွေရှိပါတယ်။
တကယ်လို့ အာနာပါနနှင့် သမာဓိထူထောင်တဲ့ယောဂီတစ်ယော
အသက်ရှူလိုက်တိုင်းမှာ နှာသီးဖျားနှင့် နှာခေါင်းနားတ၀ိုက်မှာ ထင်ရှားတဲ့အာရုံတွေ ဆက်တိုက်လိုဖြစ်ပေါ်သွားတတ်ပ
ဓါတ်ကမ္မဋ္ဌာန်းအားထုတ်နေတဲ့ ယောဂီတွေအတွက်ဆိုရင်လည်း ဒီလို Mask တပ်ပြီး အားထုတ်တာကနေ ဥဏှတေဇောကို ခန္ဓာကိုယ်တစ်ခုလုံး ပွားများယူလို့ ရနိုင်ပါတယ်။
သာမန်အချိန် သွားရင်းလာရင်း တရားသတိကပ်ဖို့ကြိုးစားတဲ့အ
Mask တပ်ပြီး အလုပ်လုပ်နေ၊ သွားနေလာနေကြရတဲ့ ကျွန်တော့် မိတ်ဆွေ အကိုအမတွေလည်း အရင်က ဒါကို သတိမထားမိသေးရင် အခုစမ်းပြီး သတိထားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
"Kafunsho" ဖြစ်နေကြတဲ့ ဂျပန်ကမိတ်ဆွေတွေလည်း Allergy ကြောင့် ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းပြီး ကိုယ်ထဲမှာ ဒုက္ခ၊ ဒေါမနဿတွေဖြစ်နေတာကို Mask အုပ်ထားတဲ့ နောက်ကွယ်က နှာခေါင်းနှင့် ပါးစပ်တ၀ိုက်မှာ အသက်ရှူရင်းဖြစ်လာတဲ့ ထင်ရှားတဲ့အာရုံတွေကို သတိကပ်တာနှင့် အစားထိုးရင်း ဘာဝနာကုသိုလ်စိတ်တွေ အဖြစ် ကြိုးစားပြီး ပြောင်းကြည့်ကြပါလို့ မေတ္တာနှင့် တိုက်တွန်းလိုက်ပါတယ်။ အလကားနေရင်း အကုသိုလ်စိတ်တွေ ဖြစ်နေမယ့်အစား Mask ကနေ ပေးနေတဲ့ ကုသိုလ်တွေကို ယူလိုက်ကြပါလို့။
Mask ဆိုတာ သုံးစွဲဝတ်ဆင်သူအတွက် ရောဂါပိုးမွှားတွေရဲ့  အန္တရာယ်ကို ကာကွယ်ပေးနိုင်သလို သတိနှင့် စောင့်ကြည့်သူအတွက်ဆိုရင်တေ
https://www.facebook.com/photo.php?fbid=867710286584974&set=a.218762134813129.56131.100000380319925&type=1&theater
No comments:
Post a Comment