မနေ့က စကားပြောဖြစ်တဲ့ မိတ်ဆွေက စိတ်အကြောင်းဆွေးနွေးရင်း စပ်ဆက်မိသွားရာက စိတ်ခွန်အားရှိခြင်း နှင့် ပတ်သက်တဲ့ စကားလမ်းကြောင်းဆီ ရောက်သွားခဲ့ပါတယ်။
သူက တခါတလေ ကောင်းတာတစ်ခုခုလုပ်ချင်တဲ့ အခါမျိုး၊ အရေးကြီးတာ တစ်ခုခုလုပ်ဖို့အတွက် ဆုံးဖြတ်ချက်တွေ ချချင်တဲ့အခါမျိုးမှာ စိတ်ထဲမှာ ခွန်အားရှိမနေတာကို သတိထားမိတယ်တဲ့။ ဒီတော့ စိတ်ထဲမှာ ခွန်အားဖြစ်နေအောင် ဘယ်လုပ်လုပ်ရင် ကောင်းမလဲလို့ မေးပါတယ်။
ကျွန်တော်က Will Power ကောင်းဖို့ စိတ်ပညာရှုထောင့်ကနေ ပညာရှင်တွေပြောထားကြတာတွေတော့ အများကြီး ရှိပေမယ့် ဘာသာရေးဘက်ကနေပဲ သူ့ကို ဆွေးနွေးပေးဖြစ်လိုက်တယ်။
လူတစ်ယောက်မှာ အခြေခံအနေနှင့် ကိုယ်ကျင့်သီလကောင်းနေရင်၊ ထိန်းထားနိုင်ရင် စိတ်ထဲမှာခွန်အားဖြစ်ပါတယ်။ နေ့စဉ်သွားလာလုပ်ကိုင်ရတဲ့ ကိစ္စမှန်သမျှမှာ စိတ်လုံခြုံမှုရနေစေပါတယ်။
သီလဆိုတဲ့နေရာမှာလည်း ကိုယ်ချင်းစာနာစိတ်ကိုအခြေခံပြီး မိမိကြောင့် တစ်ဘက်သားဒုက္ခမဖြစ်စေရဘူးဆိုတာမျိုးနှင့် စောင့်ထိန်းတာမျိုးမှ၊ ရှောင်ကြဉ်တာမျိုးမှ ပိုကောင်းပါတယ်။
သီလထိန်းတဲ့နေရာမှာ ကျွန်တော့်အကြိုက်ကတော့ တစ်ပါးထိန်းနိုင် တစ်ပါးထိန်း၊ နှစ်ပါးထိန်းနိုင် နှစ်ပါးထိန်း ဆိုတာမျိုးနှင့် ကိုယ်နိုင်သလောက် ထိန်းရတာမျိုးကို သဘောကျမိပါတယ်။ အခြေခံအနေနှင့် ငါးပါးသီလကို လူတိုင်းထိန်းရမယ်လို့ဆိုပေ မယ့် ကိုယ့်ရဲ့ လောလောဆယ် ရပ်တည်နေရတဲ့ ဘ၀အခြေအနေပေါ်မူတည်ပြီး ငါးပါးလုံးမထိန်းနိုင်တဲ့အခါမျိုးမှာ ကိုယ် နိုင်သလောက်ကို ရသလောက်ထိန်းသင့်ပါတယ်။
သီလထိန်းတာကို ပိုက်ဆံစုသလိုမျိုး စဉ်းစားကြည့်ရင် ပိုမြင်လွယ်ပါတယ်။ ပိုက်ဆံစုတဲ့သူတစ်ယောက်ဟာ တစ်ကျပ်ရ တစ်ကျပ်စု၊ တစ်မတ်ရ တစ်မတ်စု ဆိုတာမျိုးနှင့် စုရင်းကနေ နောင်မှာ ပိုက်ဆံတွေအများကြီး စုမိလာသလို သီလထိန်းတဲ့သူအနေနှင့်လည်း တစ်ပါးရ တစ်ပါးထိန်း၊ နှစ်ပါးရ နှစ်ပါးထိန်းရင်းက အချိန်ကြာလာရင် ကိုယ့်ရဲ့  စောင့်စည်းနိုင်မှုက စိတ်ခွန်အားကို ကြီးလာစေပါတယ်။
ဥပမာ ငါးရောင်းတဲ့ဈေးသည်တစ်ယောက်ဟာ ပါဏာတိပါတ သီလကို မိမိစားဝတ်နေရေးအလုပ်အတွက် မထိန်းနိုင်ပေမယ့် ကျန်တဲ့ လေးပါးကိုတော့ ထိန်းမယ်ဆို ထိန်းလို့ရပါတယ်။ ငါးပါးလုံးထိန်းနိုင်မှ ထိန်းတော့မယ်ဆိုရင်တော့ ငါးပါးစုံအောင်ဘယ်အချိန်ထိ စောင့်နေမှာလဲ။ ငါးပါးလုံးမစောင့်နိုင်သေးတဲ့ကြားအချိန်တွေမှာ ဒီလိုပဲ ပေါ့ပေါ့လျော့လျော့နဲ့ နေလိုက်ရတော့မလားဆိုတာ တွေးစရာရှိပါတယ်။
ဥပုသ်သီလစောင့်တာလည်း ဒီအတိုင်းပဲလို့ထင်ပါတယ်။ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတဲ့ အခြေအနေအရသော်လည်းကောင်း၊ ကျန်းမာရေးအခြေအနေအရသော်လည်းကောင်း သီလကို (၈)ပါးလုံး၊ (၉ )ပါးလုံး ပြည့်အောင် စောင့်ထိန်းဖို့ဆိုတာ တခါတလေမှာ ခဲယဉ်းတတ်ပါတယ်။ (၈)ပါးလုံးပြည့်အောင် မစောင့်ထိန်းနိုင်လို့ စောင့်နိုင်တဲ့အချိန်ရောက်မှပဲ ဥပုသ်စောင့်ပါတော့မယ်လေ လို့ တချို့ လူတွေ ပြောတတ်ကြတယ်။ တကယ်ဥပုသ်စောင့်ချင်စိတ်ရှိ ရင်တော့ ဒီသီလ (၈)ပါးထဲက ကိုယ်မစောင့်နိုင်တဲ့သီလ ဘာရှိလဲ ကြည့်လိုက်ပြီး၊ အဲဒီမစောင့်နိုင်တဲ့ သီလကို ချန်၊ ကျန်တဲ့သီလတွေကို ထိန်းထားလို့ ကော မရနိုင်ဘူးလား စဉ်းစားစရာကောင်းပါတယ်။
ဥပမာ အစာအိမ်ရောဂါရှိလို့ ၀ိကာလဘောဇနာသီလကို မထိန်းနိုင်ရင် အဲဒီသီလကို ချန်ထားလိုက်ပြီး ကျန်တဲ့ (၇)ပါး စောင့်လိုက်ရင် ကိုယ့်အတွက် ပိုမကောင်းဘူးလား တွေးကြည့်သင့်ပါတယ်။ (၈)ပါးပြည့်အောင် မစောင့်နိုင်လို့ လုံးဝမစောင့်ဖြစ်တာထက်စာရင် (၇)ပါးထိန်းထားတော့ရော အကျိုးယုတ်လျှော့သွားမှာမို့လို့လားဆိုတာ မေးစရာရှိပါတယ်။
ဘာပဲဖြစ်ဖြစ် သီလကို တစ်ပါးပဲရရ၊ နှစ်ပါးပဲရရ ကိုယ်နိုင်သလောက်ထိန်းထားမယ်၊ စင်ကြယ်အောင် စောင့်ရှောက်ထားမယ်ဆိုရင် အရေးကြုံရင် သက်လုံကောင်းမှ ဆိုသလို တကယ်အကြောင်းကြီးငယ်ပေါ်လာလို့ စိတ်ခွန်အားသုံးရတော့မယ်အချိန်တွေမှာ သီလထိန်းထားတဲ့စိတ်က ခွန်အားအပြည့်နှင့် ကိုယ့်ကို စောင့်ရှောက်တော့တာပါပဲ။
စိတ်ဆိုတာမျိုးက သူလုပ်ချင်ရာ လုပ်ပါစေ၊ သူဖြစ်ချင်ရာ ဖြစ်ပါစေ ဆိုပြီး လွှတ်ထား၊ အလိုလိုက်ခံထားရတဲ့စိတ်ထက် အမြဲတမ်း စည်းကမ်းပေးပြီး ထိန်းကြောင်းခံထားရတဲ့စိတ်က ပိုအင်အားပြည့်ပြီး အရည်အသွေးရှိနေတတ်ပါတယ်။ ဒါကြောင့်လောကီကြီးပွားရေး ကိစ္စကိုပဲလုပ်လုပ်၊ လောကုတ္တရာရေးကိုပဲ အားထုတ်အားထုတ် သီလနှင့် ထိန်းကြောင်းခံထားရတဲ့စိတ်က ခွန်အားအပြည့်နှင့် ကိုယ့်ရဲ့  လုပ်ငန်းအပေါ် အထောက်အကူပေးတော့တာပါပဲ။
တချို့ ကတော့ မိမိစောင့်ထိန်းထားတဲ့ သီလကိုအာရုံပြုဆင်ခြင်ပြီး ကိုယ်လိုချင်တဲ့ အကျိုးတစ်ခုခုအတွက် အဓိဋ္ဌာန်ပြုဆုတောင်းကြတာမျိုး လုပ်ကြတာမျိုးလည်း ရှိပါတယ်။ အဓိဋ္ဌာန်အနေနှင့်မလုပ်ရင်တော င်မှ ကိုယ်စောင့်ထိန်းထားတဲ့သီလကို ပြန်ဆင်ခြင်ပြီး အားရကျေနပ်မှုဖြစ်ရာကနေ ပီတိ၊ ပဿဒ္ဓိတွေဖြစ်ပြီး အဲဒီကနေ တဆင့်တက်လို့ နောက်ဆုံးတရားထူးတွေရသွားကြ တဲ့ သာဓကတွေလည်း စာပေထဲမှာ အများကြီးရှိပါတယ်။
များသောအားဖြင့် သတိ၊ သမာဓိအားကောင်းတဲ့သူတွေဟာ စိတ်ဓါတ်ခွန်အားကြီးကြတယ်လို့ လူပြောများပေမယ့် သူတို့ ဒီလို သတိ၊ သမာဓိ အားကောင်းလာအောင်ဆိုတာက သီလစောင့်ထိန်းမှုအပိုင်းမပါ ဘဲ မဖြစ်နိုင်တာမို့ သီလက ပိုပြီး အခြေခံကျတယ်လို့ ပြောရင်ရနိုင်ပါတယ်။
သီလစောင့်ထိန်းတာကို ဘာသာရေးရှုထောင့်ကနေမဟုတ်ဘဲ စိတ်ကလုပ်ချင်တာကို စောင့်စည်းသည်းခံတဲ့၊ အလိုမလိုက်တဲ့ စိတ်လေ့ကျင့်ခန်းလုပ်နေတယ်လို့ သဘောထားလိုက်ရင် စိတ်ပညာရှင်တွေ၊ တက်ကျမ်းဆရာတွေ ပြောကြတဲ့ Will Power တက်အောင်လုပ်နေတာနှင့် အတူတူလို ဖြစ်သွားပါတယ်။
သီလလုံရင် ဘ၀လုံခြုံပါတယ်။ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုကို တိုးစေပါတယ်။ စိတ်မှာ ခိုင်ခန့်မှုရှိနေစေပါတယ်။ ဒီလို ခွန်အားပြည့်တဲ့ စိတ်နှင့် ဘ၀ပြဿနာတွေကို တည်တည်ငြိမ်ငြိမ်၊ ရဲရဲဝံ့ဝံ့နှင့် ဆုံးဖြတ်လုပ်ကိုင်နိုင်ပါတယ်။ သမထ၊ ၀ိပဿနာအားထုတ်တဲ့အခါမှာလည်း စိတ်ကို အထူးကြည်လင်စေပြီး သဒ္ဓါ၊ ၀ီရိယကို တက်စေပါတယ်။
ဒါကြောင့် စိတ်ထဲမှာ ခွန်အားဖြစ်နေအောင် သီလကိုနိုင်သလောက် လုံအောင်ထိန်းဖို့ မိတ်ဆွေကို ကျွန်တော် ပြောပြဖြစ်ခဲ့ပါတယ်။
သူက တခါတလေ ကောင်းတာတစ်ခုခုလုပ်ချင်တဲ့
ကျွန်တော်က Will Power ကောင်းဖို့ စိတ်ပညာရှုထောင့်ကနေ ပညာရှင်တွေပြောထားကြတာတွေတေ
လူတစ်ယောက်မှာ အခြေခံအနေနှင့် ကိုယ်ကျင့်သီလကောင်းနေရင်၊ ထိန်းထားနိုင်ရင် စိတ်ထဲမှာခွန်အားဖြစ်ပါတယ်။
သီလဆိုတဲ့နေရာမှာလည်း ကိုယ်ချင်းစာနာစိတ်ကိုအခြေခ
သီလထိန်းတဲ့နေရာမှာ ကျွန်တော့်အကြိုက်ကတော့ တစ်ပါးထိန်းနိုင် တစ်ပါးထိန်း၊ နှစ်ပါးထိန်းနိုင် နှစ်ပါးထိန်း ဆိုတာမျိုးနှင့် ကိုယ်နိုင်သလောက် ထိန်းရတာမျိုးကို သဘောကျမိပါတယ်။ အခြေခံအနေနှင့် ငါးပါးသီလကို လူတိုင်းထိန်းရမယ်လို့ဆိုပေ
သီလထိန်းတာကို ပိုက်ဆံစုသလိုမျိုး စဉ်းစားကြည့်ရင် ပိုမြင်လွယ်ပါတယ်။ ပိုက်ဆံစုတဲ့သူတစ်ယောက်ဟာ တစ်ကျပ်ရ တစ်ကျပ်စု၊ တစ်မတ်ရ တစ်မတ်စု ဆိုတာမျိုးနှင့် စုရင်းကနေ နောင်မှာ ပိုက်ဆံတွေအများကြီး စုမိလာသလို သီလထိန်းတဲ့သူအနေနှင့်လည်း တစ်ပါးရ တစ်ပါးထိန်း၊ နှစ်ပါးရ နှစ်ပါးထိန်းရင်းက အချိန်ကြာလာရင် ကိုယ့်ရဲ့  စောင့်စည်းနိုင်မှုက စိတ်ခွန်အားကို ကြီးလာစေပါတယ်။
ဥပမာ ငါးရောင်းတဲ့ဈေးသည်တစ်ယောက
ဥပုသ်သီလစောင့်တာလည်း ဒီအတိုင်းပဲလို့ထင်ပါတယ်။ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတဲ့ အခြေအနေအရသော်လည်းကောင်း၊ ကျန်းမာရေးအခြေအနေအရသော်လည်
ဥပမာ အစာအိမ်ရောဂါရှိလို့ ၀ိကာလဘောဇနာသီလကို မထိန်းနိုင်ရင် အဲဒီသီလကို ချန်ထားလိုက်ပြီး ကျန်တဲ့ (၇)ပါး စောင့်လိုက်ရင် ကိုယ့်အတွက် ပိုမကောင်းဘူးလား တွေးကြည့်သင့်ပါတယ်။ (၈)ပါးပြည့်အောင် မစောင့်နိုင်လို့ လုံးဝမစောင့်ဖြစ်တာထက်စာရင်
ဘာပဲဖြစ်ဖြစ် သီလကို တစ်ပါးပဲရရ၊ နှစ်ပါးပဲရရ ကိုယ်နိုင်သလောက်ထိန်းထားမယ
စိတ်ဆိုတာမျိုးက သူလုပ်ချင်ရာ လုပ်ပါစေ၊ သူဖြစ်ချင်ရာ ဖြစ်ပါစေ ဆိုပြီး လွှတ်ထား၊ အလိုလိုက်ခံထားရတဲ့စိတ်ထက် အမြဲတမ်း စည်းကမ်းပေးပြီး ထိန်းကြောင်းခံထားရတဲ့စိတ်က
တချို့ ကတော့ မိမိစောင့်ထိန်းထားတဲ့ သီလကိုအာရုံပြုဆင်ခြင်ပြီး ကိုယ်လိုချင်တဲ့ အကျိုးတစ်ခုခုအတွက် အဓိဋ္ဌာန်ပြုဆုတောင်းကြတာမျို
များသောအားဖြင့် သတိ၊ သမာဓိအားကောင်းတဲ့သူတွေဟာ စိတ်ဓါတ်ခွန်အားကြီးကြတယ်လိ
သီလစောင့်ထိန်းတာကို ဘာသာရေးရှုထောင့်ကနေမဟုတ်ဘဲ စိတ်ကလုပ်ချင်တာကို စောင့်စည်းသည်းခံတဲ့၊ အလိုမလိုက်တဲ့ စိတ်လေ့ကျင့်ခန်းလုပ်နေတယ်လ
သီလလုံရင် ဘ၀လုံခြုံပါတယ်။ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုကို တိုးစေပါတယ်။ စိတ်မှာ ခိုင်ခန့်မှုရှိနေစေပါတယ်။ ဒီလို ခွန်အားပြည့်တဲ့ စိတ်နှင့် ဘ၀ပြဿနာတွေကို တည်တည်ငြိမ်ငြိမ်၊ ရဲရဲဝံ့ဝံ့နှင့် ဆုံးဖြတ်လုပ်ကိုင်နိုင်ပါတယ
ဒါကြောင့် စိတ်ထဲမှာ ခွန်အားဖြစ်နေအောင် သီလကိုနိုင်သလောက် လုံအောင်ထိန်းဖို့ မိတ်ဆွေကို ကျွန်တော် ပြောပြဖြစ်ခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန်