***Unlock လုပ်ကြပါ***
တလောက သိလိုက်ရတာလေးကို အကြောင်းပြုပြီး ဒီစာကိုရေးလိုက်ပါတယ်။ ဒီစာကိုဖတ်တဲ့အခါမှာ ဖွင့်ထားတဲ့ စိတ်နှင့်သာ ဖတ်ကြစေလိုပါတယ်ခင်ဗျာ။
ဝိပဿနာတရားကို တကယ်ဇောက်ချကျင့်ကြံကြိုးစားအားထုတ်နေကြတဲ့ (သို့) အားထုတ်ချင်ကြတဲ့ ယောဂီသူတော်စင်များအတွက်ရည် ရွယ်ပြီးပြောချင်ပါတယ်။
မိမိတို့အနေနှင့် တရားအားထုတ်ကြရာမှာ ဆရာကောင်းသမားကောင်းနှင့်တွေ့မိလို့ဘဲဖြစ်ဖြစ်၊ ကိုယ်နှင့် သင့်လျှော်တဲ့ နည်းကောင်းလမ်းမှန်နှင့် တိုက်ဆိုင်ကြုံကြိုက်သွားလို့ဘဲဖြစ်ဖြစ် သမာဓိတရားတွေ၊ ၀ိပဿနာနှင့်ဆက်နွှယ်တဲ့ အသိထူး၊ အတွေ့အကြုံထူးတွေကို ရရှိခံစားကြရတဲ့အခါမှာ မိမိတို့ကို ညွှန်ကြားလမ်းပြပေးခဲ့တဲ့ ဆရာသမားနှင့် နည်းလမ်းအပေါ်မှာ ယုံကြည်မှု၊ လေးစားမှု၊ ကြည်ညိုမှုတွေ ဖြစ်တတ်ကြပါတယ်။ ဒါဟာ သဘာဝလည်းကျသလို ဖြစ်လည်း ဖြစ်ထိုက်ပါတယ်။ သို့သော် ဒီလို ယုံကြည်မှု၊ လေးစားကြည်ညိုမှုဟာ လွန်ကဲသွားတဲ့အခါမှာတော့ ဘယ်လိုမျိုးတွေဖြစ်သွားတတ်လဲဆိုရင် မိမိဆရာမှ မိမိဆရာ၊ မိမိနည်းမှ မိမိနည်း။ ဒီဆရာပြောတာသာ အမှန်၊ ဒီနည်းအတိုင်းကျင့်မှ အမှန်၊ ကျန်တာဆို မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ လွဲတယ်၊ တရားအသိဖြစ်မှမဟုတ်ဘူး စသဖြင့် တွေးထင်လာမိတတ်ကြပါတယ်။
ဒါဟာ ကျွန်တော်ကိုယ်တိုင်လည်း တစ်ချိန်က ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော် တရားကို စတင်ပြီး ဆရာသမားတွေဆီမှာ စနစ်တကျနည်းခံပြီး အားထုတ်ဖြစ်ခဲ့တဲ့အချိန်မှာ ၀ိပဿနာနှင့်ဆက်နွှယ်တဲ့ သိသင့်သိအပ်တာတွေ၊ ရှေးက မဖြစ်ဖူး၊ မသိဖူးခဲ့တာတွေကို အတန်အသင့် သိလာတဲ့အခါ ဆရာသမားတွေနှင့် နည်းလမ်းအပေါ်မှာ ယုံကြည်မှုက ပြင်းထန်သွားခဲ့ပါတယ်။ ငါ့ဆရာသမားတွေ အလွန်တော်တာဘဲ။ သူတို့ပြောတဲ့အတိုင်းလုပ်တာ တကယ်ဖြစ်တာဘဲ။ ဒီလိုဆရာသမားမျိုး၊ ဒီလိုနည်းစဉ်မျိုးက တခြားမှာရှိနိုင်မှာမဟုတ်ဘူး။ တခြားမှာ အားထုတ်နေကြတဲ့ယောဂီတွေ အခု ငါအားထုတ်တဲ့နည်းလမ်းအတိုင်း အားထုတ်ကြရင် ကောင်းမှာဘဲ စသဖြင့် စိတ်ကူးမိပါတယ်။ ပတ်ဝန်းကျင်မှာ ရင်းနှီးတဲ့သူတွေကိုလည်း ပြောဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်ကံကောင်းခဲ့တဲ့တစ် ချက်က ကျွန်တော့်ကိုတရားပြပေးခဲ့တဲ့ ဦးဇင်းက "ဒကာ၊ တခြားနည်းတွေကိုလည်း လေ့လာပါ။ ဘုရားဟောတရားတိုက်ရိုက်တွေကိုလည်း လက်လှမ်းမီသလောက် ရှာဖတ်ပါ" လို့ ဆုံးမခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း စမ်းတတ်တဲ့အကျင့်ရှိတာရယ်၊ စာဖတ်ဝါသနာပါတာတွေရယ်ကြောင့်  တခြားဆရာသမားတွေရဲ့  နည်းတွေ၊ တရားတွေကို ရသလောက် ရှာဖတ်၊ ရှာနားထောင် လုပ်ခဲ့ပါတယ်။ တရားအားထုတ်မှုနှင့် ပတ်သက်ပြီး ဟောထားတဲ့ သုတ်တော်ပါဠိတော်မြန်မာပြန် တွေကိုလည်း အလျင်းသင့်သလို ရှာဖတ်ခဲ့ပါတယ်။
ဒီတော့ ဘာဖြစ်လာလဲ။
အရင်က ငါ့ဆရာပြောတာ မှန်လိုက်တာ၊ တော်လိုက်တာ ဆိုတာတွေက ဒါ ဘုရားဟောထားတဲ့ ဘယ်သုတ်ထဲကနေ သူ ယူပြောတာပါလား၊ ဘယ်ဆရာတော်ကြီးရဲ့  တရားကို ယူသုံးထားတာပါလားဆိုတာမျိုး တွေကို တဖြည်းဖြည်း သိလာပါတယ်။ ငါ့ဆရာလိုမျိုးဘဲ တခြားဆရာသမားတွေလည်းဘဲ နည်းကောင်းလမ်းကောင်းတွေကို ပြပေးနိုင်ကြပါလား ဆိုတာမျိုးကိုသိလာရပါတယ်။ ငါသိခဲ့၊ နားလည်ခဲ့တဲ့ တရားအသိလိုမျိုး တခြားနည်းနှင့်အားထုတ်ကြတဲ့ သူတွေမှာလည်း သူတို့နည်း သူတို့ဟန်နှင့် ရကြတာပါလား ဆိုတာမျိုးသိလာပါတယ်။ ဘယ်ဆရာတွေ ဘယ်လိုနည်းနှင့်ဘဲ ပြပြ နောက်ဆုံးတော့ ဘုရားဟောထားခဲ့တဲ့ မဟာသတိပဋ္ဌာနသုတ်တော်နှင့် လွဲတာ ဘာမှ မရှိပါလားဆိုတာ သိလာပါတယ်။
ဒီတော့ တရားနည်းတွေအားလုံးကို တန်ဖိုးထားတတ်လာပါတယ်။ တရားပြပေးနေကြတဲ့ ဆရာသမားတွေအားလုံးဟာလည်း ကိုယ့်ဆရာသမားတွေ ဖြစ်လာပါတယ်။ မဟာသတိပဋ္ဌာနသုတ်တော်နှင့်သာချိန်ကိုက်ကြည့်လို့ လွဲမနေရင် နည်းလမ်းအားလုံးဟာ လက်ခံလိုက်နာရမယ့်၊ အငြင်းပွားနေစရာမရှိတဲ့ တရားစစ်တရားမှန်တွေချည်းဆို တာ နားလည်သဘောပေါက်လာပါတယ်။
တဖြည်းဖြည်းနှင့် ဆရာစွဲ၊ နည်းစွဲ လျှော့ပါးသွားပါတယ်။ မာန်လည်းကျသွားပါတယ်။ တရားအားထုတ်မှု လုပ်ငန်းစဉ်တစ်ခုလုံးရဲ့  Overview ကိုလည်း မြင်လာပါတယ်။ အထူးသဖြင့်တော့ စိတ်နှလုံးဟာ ပိတ်လှောင်မနေတော့ပဲ လွတ်လပ်ပွင့်လင်းသွားခဲ့ပါတ ယ်။
ဒါကြောင့် ကျွန်တော့်အတွေ့အကြုံကို သင်ခန်းစာယူပြီး အခုတရားအလုပ်ကို ကျင့်ကြံအားထုတ်နေကြတဲ့ ယောဂီသူတော်စင်များအနေနှင့် ကိုယ်နှင့် အဆင်ပြေတဲ့နည်းကိုတွေ့ပြီဆိုရင် ဒီနည်းကမှအမှန်ဆိုတာမျိုး ဖြစ်မနေအောင် အထူးသတိပြုကြစေလိုပါတယ်။ တခြားနည်းတွေကိုလည်း လက်လှမ်းမီသလောက်လေ့လာကြပါ။ ဆရာသမားစကားနှင့်ဘဲ လမ်းဆုံးမနေကြပါနဲ့။ ဒီလိုပြောလို့ ဆရာသမားစကားကို နားမထောင်ရဘူးလို့ မဆိုလိုပါဘူး။ ဆရာကတော့ ဒီလိုအယူရှိတယ်။ တခြားဆရာသမားတွေကရော ဘယ်လိုအယူမျိုးရှိမလဲဆိုတာ လေ့လာကြစေချင်ပါတယ်။ ပြီးတော့မှ ပိုပြီးသင့်လျှော်မှန်ကန်မယ့် အဆုံးအမမျိုးကို ကိုယ့်အတွက် ယူစေချင်ပါတယ်။ အထူးသဖြင့်တော့ မြတ်စွာဘုရားရဲ့  တရားတော်နှင့် မိမိဆရာသမားပြောတာ၊ တခြားဆရာသမားတွေပြောတာကို တိုက်ယူစစ်ဆေးကြည့်ကြဖို့ပါ ဘဲ။ တရားတော်နှင့်လွဲနေရင်တော့ ဆရာသမားကိုလည်း အားနာနေစရာမလိုပါဘူး။ တရားတော်မျက်နှာကိုကြည့်ဖို့ ဘဲရှိပါတယ်။
Open Mind ဆိုတဲ့စကားကို လူတွေတော်တော်များများသုံးတ တ်ကြပါတယ်။ ကြိုက်လည်း ကြိုက်ကြပါတယ်။ တကယ် ကိုယ်ကိုယ်တိုင် Open Mind ဖြစ် မဖြစ် အရင် စိစစ်ကြည့်သင့်ပါတယ်။ ကျွန်တော်တို့ယုံကြည်လက်ခံေ နတဲ့ မြတ်စွာဘုရားရှင်ရဲ့  အယူဝါဒကိုက ၀ိဘဇ္ဇ၀ါဒပါ။ ဝေဖန်စီစစ်ပြီးမှ ယုံကြည်လက်ခံရမယ်လို့ ဘုရားရှင်က မှာထားခဲ့ပါတယ်။ ကာလာမသုတ်တော်မှာလည်း ဘာကိုမှ လွယ်လွယ်နှင့်လက်မခံဖို့ မှာထားခဲ့တာ အားလုံးသိကြတာပါဘဲ။ ဒါကြောင့် ဆရာသမားက ဒီလိုမှာထားလို့ ဒါကို အမှန်ဘဲလို့ ပုံသေမတွက်ပဲ မိမိစရိုက်နှင့်ကိုက်မကိုက် ၊ ဘုရားဟောနှင့် ညီမညီ၊ တခြားဆရာသမားတွေကရော ဘယ်လိုမျိုး မိန့်မှာထားသလဲစသဖြင့် ဘက်ပေါင်းစုံကနေ ဝေဖန်စိစစ်ကြည့်ပြီးမှသာ ကိုယ်နှင့်သင့်လျှော်အဆင်ြေ ပတာကို ခံယူလိုက်နာကျင့်သုံးကြပါလို့ မေတ္တာရှေ့ ထားပြီး ခရီးသွားဖော်အချင်းချင်း သတိပေးစကားပြောလိုက်ရပါတယ်ခ င်ဗျာ။
မျက်ကန်းယုံကြည်မှု၊ သဒ္ဓါ လွန်မှုတွေကြောင့် အသိဉာဏ် ကို Lock မကျသွားပါစေနှင့်။ စိတ်နှလုံးကိုဖွင့်ထားပါ။ အသိဉာဏ်ကို Unlock ဖြစ်နေပါစေ။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၂၆၊ ၄၊ ၂၀၁၃။ (သောကြာနေ့)
တလောက သိလိုက်ရတာလေးကို အကြောင်းပြုပြီး ဒီစာကိုရေးလိုက်ပါတယ်။ ဒီစာကိုဖတ်တဲ့အခါမှာ ဖွင့်ထားတဲ့ စိတ်နှင့်သာ ဖတ်ကြစေလိုပါတယ်ခင်ဗျာ။
ဝိပဿနာတရားကို တကယ်ဇောက်ချကျင့်ကြံကြိုးစာ
မိမိတို့အနေနှင့် တရားအားထုတ်ကြရာမှာ ဆရာကောင်းသမားကောင်းနှင့်တေ
ဒါဟာ ကျွန်တော်ကိုယ်တိုင်လည်း တစ်ချိန်က ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော် တရားကို စတင်ပြီး ဆရာသမားတွေဆီမှာ စနစ်တကျနည်းခံပြီး အားထုတ်ဖြစ်ခဲ့တဲ့အချိန်မှာ
ဒါပေမယ့် ကျွန်တော်ကံကောင်းခဲ့တဲ့တစ်
ဒီတော့ ဘာဖြစ်လာလဲ။
အရင်က ငါ့ဆရာပြောတာ မှန်လိုက်တာ၊ တော်လိုက်တာ ဆိုတာတွေက ဒါ ဘုရားဟောထားတဲ့ ဘယ်သုတ်ထဲကနေ သူ ယူပြောတာပါလား၊ ဘယ်ဆရာတော်ကြီးရဲ့  တရားကို ယူသုံးထားတာပါလားဆိုတာမျိုး
ဒီတော့ တရားနည်းတွေအားလုံးကို တန်ဖိုးထားတတ်လာပါတယ်။ တရားပြပေးနေကြတဲ့ ဆရာသမားတွေအားလုံးဟာလည်း ကိုယ့်ဆရာသမားတွေ ဖြစ်လာပါတယ်။ မဟာသတိပဋ္ဌာနသုတ်တော်နှင့်သာခ
တဖြည်းဖြည်းနှင့် ဆရာစွဲ၊ နည်းစွဲ လျှော့ပါးသွားပါတယ်။ မာန်လည်းကျသွားပါတယ်။ တရားအားထုတ်မှု လုပ်ငန်းစဉ်တစ်ခုလုံးရဲ့  Overview ကိုလည်း မြင်လာပါတယ်။ အထူးသဖြင့်တော့ စိတ်နှလုံးဟာ ပိတ်လှောင်မနေတော့ပဲ လွတ်လပ်ပွင့်လင်းသွားခဲ့ပါတ
ဒါကြောင့် ကျွန်တော့်အတွေ့အကြုံကို သင်ခန်းစာယူပြီး အခုတရားအလုပ်ကို ကျင့်ကြံအားထုတ်နေကြတဲ့ ယောဂီသူတော်စင်များအနေနှင့်
Open Mind ဆိုတဲ့စကားကို လူတွေတော်တော်များများသုံးတ
မျက်ကန်းယုံကြည်မှု၊ သဒ္ဓါ လွန်မှုတွေကြောင့် အသိဉာဏ် ကို Lock မကျသွားပါစေနှင့်။ စိတ်နှလုံးကိုဖွင့်ထားပါ။ အသိဉာဏ်ကို Unlock ဖြစ်နေပါစေ။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၂၆၊ ၄၊ ၂၀၁၃။ (သောကြာနေ့)
No comments:
Post a Comment