မင်းကွန်းဓမ္မနာဒတိုက် တိုက်အုပ်ဆရာတော်
အရှင်ဥက္ကံသာဘိဝံသ အနက်မြန်မာပြန်ဆိုသော
မင်းကွန်းဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သည့်
ယံ ဒုန္နိမိတ္တံ ဂါထာမှ အပြန်
ယံ သန္နိမိတ္တံ သုဘမင်္ဂလာ ဆုတောင်း သုံးဂါထာ
ယော ၀ါ မနာပေါ သကုဏဿ သဒ္ဒေါ။
သောဘဂ္ဂဟော သံသုပိနံ သုကန္တံ၊
ဗုဒ္ဓါနုဘာဝေန ၀ိပက္ကမေန္တု။
ယံ သန္နိမိတ္တံ ၀ါ = မျိုးရိုးတံထွာ စဉ်အလာဖြင့် ငါငါသူသူ ကောင်း၏ဟူ၍ စွဲယူထိမ်းမှတ် ပြုလုပ်အပ်သည့် အကြင်ကောင်းမြတ်သော နိမိတ်သည်လည်းကောင်း၊
ယံ သုဘမင်္ဂလံ ၀ါ = ရှုချင်စဖွယ် တင့်တယ်သော အဆင်းရူပါရုံကို မြင်ခြင်း ဒိဋ္ဌမင်္ဂလာ၊ နာချင်ဖွယ်ရာ သာယာသော အသံသဒ္ဒါရုံကို ကြားခြင်းသုတမင်္ဂလာ အစဖြာသား စဉ်လာထိမ်းမှတ် ပြုလုပ်အပ်သည့် အကြင်ကောင်းမြတ်သော မင်္ဂလာသည်လည်းကောင်း၊
မနာပေါ = စိတ်နှလုံးကို ပွားတိုးစေတတ် နှစ်သက်မြတ်နိုးအပ်သော၊
ယော ၀ါ သကုဏဿ သဒ္ဒေါ = အကြင်သာယာသော ကျေးသံငှက်သံသည်လည်းကောင်း၊
ယော သောဘဂ္ဂဟော ၀ါ = လောကီအလို ကျမ်းအဆိုဖြင့် ထိုထိုကောင်းကျိုး အမျိုးမျိုးတို့ကို ပွားတိုးဖြစ်ထွန်းစေတတ် အကြင်ကောင်းမြတ်သော ဂြိုဟ်မင်းတို့ စီးနင်းကြိုက်ကြုံခြင်းသည်လ
သုကန္တံ = အလွန် နှစ်လိုဖွယ်ကောင်းသော၊
ယံ သုပိနံ ၀ါ = အကြင်ကောင်းမြတ်သော အိပ်မက်ယာမက်သည်လည်းကောင်း၊
အတ္ထိ = လောကီအနေ ရှိသည် မှန်ပေ၏။
ဧတေ = ထိုကောင်းမြတ်သော နိမိတ်မင်္ဂလာ၊ သာယာသော ကျေးသံငှက်သံ၊ ကောင်းမွန်လှသော ဂြိုဟ်စီးဂြိုဟ်နင်း၊ သန့်ရှင်းစင်ကြယ် နှစ်သက်ဖွယ်သော အိပ်မက်ယာမက်တို့သည်၊
ဗုဒ္ဓါနုဘာဝေန = မြတ်စွာဘုရား၏ ကြီးမားတေဇော်အာနုဘော်ကြောင
ဝိပက္ကံ = ရင့်ကျက်ဘိလျှင်း အကျိုးပေးခြင်းသို့၊
ဧန္တု = မုချမသွေ ရောက်ကြပါစေကုန်သတည်း။
(၂) ယံ သန္နိမိတ္တံ သုဘမင်္ဂလံ ၀ါ၊
ယော ၀ါ မနာပေါ သကုဏဿ သဒ္ဒေါ။
သောဘဂ္ဂဟော သံသုပိနံ သုကန္တံ၊
ဓမ္မာနုဘာဝေန ၀ိပက္ကမေန္တု။
* ဓမ္မာနုဘာဝေန = ဆယ်ပါးသောတရားတော် တန်ခိုးအာနုဘော်ကြောင့်။
(၃) ယံ သန္နိမိတ္တံ သုဘမင်္ဂလံ ၀ါ၊
ယော ၀ါ မနာပေါ သကုဏဿ သဒ္ဒေါ။
သောဘဂ္ဂဟော သံသုပိနံ သုကန္တံ၊
သံဃာနုဘာဝေန ၀ိပက္ကမေန္တု။
* သံဃာနုဘာဝေန = အရိယာရှစ်ဖော် သံဃာတော်၏ တန်ခိုးတေဇော်အာနုဘော်တော်ေ
(မင်းကွန်းဝတ်ရွတ်စဉ်စာအုပ်
No comments:
Post a Comment