Sunday, July 15, 2012

ဗောဇ္ဈင် (၇) ပါး တရားတော်

Version (1)





Version (2)




လွန်ခဲ့တဲ့ လေးနှစ်နီးပါးအချိန်၊ ကျွန်တော် ဘလော့ဂ်စရေးခါစက ကျွန်တော့်ဘလော့ဂ်မှာ မဟာဗောဓိမြိုင်ဆရာတော်ကြီဲး့  ဗောဇ္ဈင် (၇) ပါး တရားတော်ကို တင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မှတ်မှတ်ရရ ဓမ္မဘလော့ဂ်ဂါတစ်ယောက်က အဲဒီတရားကို နာပြီးသွားတော့ သူဆက်လျှောက်ရမယ့်ဓမ္မလမ်းအတွက် သိချင်တာတွေ ဆရာတော်ကြီးတရားထဲကနေ သိလိုက်ရလို့ တကယ်အကျိုးများကြောင်း၊ အခုအချိန်ကစပြီး သူအားထုတ်မှုအတွက်အချိန်ပေးတော့မှာမို့ ဘလော့ဂ်လည်း ဆက်ရေးတော့မှာမဟုတ်ကြောင်း ကျွန်တော့်ကိုလည်း တခါတည်းနှုတ်ဆက်သွားကြောင်းပြောသွားပါတယ်။ အဲဒီအချိန်ကတည်းက သူလည်း အွန်လိုင်းကပျောက်သွားတော့တာပါပဲ။ 


မနေ့က ဆရာတော်ကြီးရဲ့  အဲဒီတရားတော်ကို သတိတရစိတ်ထဲက ဖြစ်လာတာနှင့် ပြန်နာဖြစ်ပါတယ်။ ကျွန်တော့်ဓမ္မမိတ်ဆွေတွေကိုလည်း ပေးပြီးနာကြည့်စေချင်တဲ့စိတ်ဖြစ်မိပါတယ်။ တကယ်လို့များ အချိန်ရခဲ့ရင် နာကြည့်ကြပါအုံးလို့....



မေတ္တာဖြင့်

ဝိမုတ္တိသုခ 

1 comment:

  1. ကိုဝိ နာယူချင်လို့ပါ။ ဖွင့်မရလို့။

    ReplyDelete