နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အရဟတော = တစ်ထောင့်ငါးရာ ကိလေသာတို့မှ ကင်းဝေးသန့်ရှင်းတော်မူ၍ မကောင်းမှုတရားတို့ကို ဆိတ်ကွယ်ရာ၌ပင် ပြုတော်မမူ၊ ပြောတော်မမူ၊ စိတ်တော်ကပင် ကြံစည်တော်မမူသဖြင့်၊ ဗြဟ္မာ၊ နတ်၊ လူသုံးဘုံသူတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေထသော။
သမ္မာသမ္ဗုဒ္ဓဿ = သစ္စာလေးပါး မြတ်တရားနှင့် အလုံးစုံသော တရားတော်မြတ်တို့ကို ဆရာမကူ သယမ္ဘူဉာဏ်မြတ်ဖြင့် ကိုယ်တော်တိုင် တတ်အပ်ထင်ထင် သိမြင်တော်မူနိုင် ပါပေထသော။
တဿ ဘဂ၀တော = ထိုဘုန်းတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား။
နမော = ရိုသေမြတ်နိုး မာန်ညွတ်ကျိုးး၍ ရှိခိုးခြင်းသည်။
အတ္ထုဘ၀န္တု = စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။
(သာဓု၊ သာဓု၊ သာဓု။)
No comments:
Post a Comment