Wednesday, December 7, 2011

ချမ်းမြေ့ ဆရာတော်ဘုရားကြီး ၏ မေတ္တာပွားနည်း


အားလုံးသတ္တ၀ါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊

ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊

အစစ အရာရာ အဆင်ပြေကြပါစေ။


အားလုံးသတ္တ၀ါတွေ ဘေးကင်းကြပါစေ၊ ရန်ကင်းကြပါစေ၊

စိုးရိမ်ခြင်း ကင်းကြပါစေ၊ ပူဆွေးခြင်းကင်းကြပါစေ၊

ကြည်လင်ရွှင်လန်း ချမ်းမြေ့ကြပါစေ။


အားလုံးသတ္တ၀ါတွေ ဒေါသမာန်မာန ကင်းကြပါစေ၊

ရန်မူလိုခြင်း ကင်းကြပါစေ၊

နှိပ်စက်လိုခြင်း ကင်းကြပါစေ၊ သတ်ဖြတ်လိုခြင်း ကင်းကြပါစေ၊

ရန်ငြိုးသိုခြင်း ကင်းကြပါစေ၊ မနာလိုခြင်း ကင်းကြပါစေ။

စိတ်ထားဖြူစင် မေတ္တာဝင် ချစ်ခင်ကြင်နာကြပါစေ။


အားလုံးသတ္တ၀ါတွေ လိမ်ညာလှည့်ဖြား ရှောင်ရှားကြပါစေ၊

ကောက်ကျစ်စဉ်းလဲ ရှောင်လွှဲကြပါစေ၊

ကုန်းချောစကား ရှောင်ရှားကြပါစေ၊ ကြမ်းတမ်းစကား ရှောင်ရှားကြပါစေ၊

ကြိမ်းမောင်းစကား ရှောင်ရှားကြပါစေ၊ အကျိုးမဲ့စကား ရှောင်ရှားကြပါစေ၊

ဟုတ်မှန်ကျိုးရှိ အနှစ်ပြည့်၍ ပီယ၀ါစာ ချိုသာစကား

မေတ္တာထား ပြောကြားကြပါစေ။


အားလုံးသတ္တ၀ါတွေ သူ့ပစ္စည်းကို ရယူလိုခြင်း ကင်းကြပါစေ၊

သူ့အကျိုးကို ဖျက်ဆီးလိုခြင်း ကင်းကြပါစေ၊

အယူမှားကို စွဲယူလိုခြင်း ကင်းကြပါစေ၊

ယူမှားကင်းကြ လောဘကိုသိမ်း ဒေါသထိန်း အေးငြိမ်းကြပါစေ။


အားလုံးသတ္တ၀ါတွေ ဥစ္စာဓန ပြည့်စုံကြပါစေ၊ အလှူဒါန ပြုနိုင်ကြပါစေ၊

ကိုယ်ကျင့်သီလ ထိန်းနိုင်ကြပါစေ၊ ဥပုသ် သီလ စောင့်နိုင်ကြပါစေ၊

သမထတရား ပွားနိုင်ကြပါစေ၊ ၀ိပဿနာတရား ပွားနိုင်ကြပါစေ၊

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

လိုအင်ဆန္ဒ မှန်သမျှပြည့်ဝကြပါစေ။


ချမ်းမြေ့ မေတ္တာပို့  အဓိပ္ပါယ် တရားတော် ၄-၈-၁၉၉၉



ချမ်းမြေ့ဆရာတော်ဘုရားကြီး ၏ မေတ္တာစိတ်မြတ် အအေးဓါတ် တရားတော် မှ ကူးယူဖော်ပြပါသည်။

http://www.facebook.com/notes/monica-pyone/%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%81%BF%E1%80%99%E1%82%94-%E1%80%86%E1%80%9B%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%E1%81%BE%E1%80%80%E1%80%AE%E1%80%B8-%E1%80%B1%E1%80%99%E1%80%90%E1%81%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%B9%E1%80%B8/230779013657132

No comments:

Post a Comment