
ဘာသာရေး လေ့လာလိုက်စားနေကြတဲ့သူတွေကို ပုံစံအမျိုးမျိုးနှင့် တွေ့ ကြရမှာဖြစ်ပါတယ်။ တချို့ က အခုမှ ဘာသာရေးဆိုတာကို ဘာလဲဆိုပြီး ကကြီးရေ, က လေ့လာနေဆဲကာလဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနှင့် တခြားဘာသာတွေကို ယှဉ်တွဲလေ့လာကြမယ်။ ဘယ်နေရာ ကွာလဲ၊ ဘယ်နေရာ တူလဲစသည်ဖြင့်ပေါ့။
တချို့ ကတော့ ဗုဒ္ဓဘာသာဆိုတာကို အစကနေစပြီး ထဲထဲဝင်ဝင်လေ့လာဖို့ ကြိုးစားကြတယ်။ နီးစပ်ရာ စာပေတွေကို ဖတ်ရင်း၊ တရားခွေတွေနာရင်း၊ နီးစပ်ရာ ရဟန်းပညရှင်၊ လူပညာရှင်တွေကို မေးမြန်းစုံစမ်းရင်း မိမိတို့ရဲ့  ဘာသာရေးအသိအမြင်ဗဟုသုတကို မြှင့်တင်ဖို့ကြိုးစားနေကြတယ်။
တချို့ ကတော့ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်တွေကို အခြေခံကနေတဖြည်းဖြည်းလိုက်နာကျ
တချို့  တချို့ ကတော့ တရားအားထုတ်မှု ဘာဝနာပိုင်းကို စပြီးတက်လှမ်းနေကြပါတယ်။ အဲဒီမှာပဲ မတူညီကွဲပြားမှုတွေ နှင့် စတင်တွေ့ရပါတော့တယ်။
ကျွန်တော့်ပတ်ဝန်းကျင်မှာတော့ သမထဘာဝနာသက်သက်ကို သီးသန့်လေ့လာလိုက်စားတဲ့သူမျိုး အတွေ့ရနည်းပါတယ်။ တစ်ယောက်စ နှစ်ယောက်စတော့ မိမိတို့ ၀ါသနာအရနှင့် လက်ရှိနှီးနွှယ်နေတဲ့ လောကီကိစ္စတွေကြောင့် သမထဘာဝနာကို တစ်စိုက်မတ်မတ် လုပ်နေကြတာမျိုးတော့ရှိပါတယ်။ သူတို့တွေနှင့်ပတ်သက်ပြီးကတော့ အထူးဆွေးနွေးစရာအကြောင်း မရှိပါဘူး။ သူတို့ ယုံကြည်ချက်နှင့် သူတို့ လုပ်နေကြတဲ့သူတွေကိုး။
အခု ကျွန်တော်ဆွေးနွေးချင်၊ ပြောချင်တာကတော့ ၀ိပဿနာဘာဝနာ အားထုတ်နေကြသူတွေအကြောင်းပါ။ အဲဒီပုဂ္ဂိုလ်တွေမှာမှ သမထယာနိကသမားတွေနှင့် ၀ိပဿနာယာနိကသမားတွေဆိုပြီး ထပ်ခွဲကြည့်လို့ရပါတယ်။
တရားအလုပ်ဆိုတာ ကျွန်တော်နားလည်ထားသလောက်တော့ တခြားလောကီ လူမှုစီးပွားရေး အလုပ်တွေလိုမျိုး မဟုတ်ပါဘူး။ လောကီအလုပ်တော်တော်များများမှာ အတ္တနှင့် မောင်းတင်ပြီးလုပ်နိုင်မှ အောင်မြင်တတ်တာများပါတယ်။ တရားအလုပ်ကတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ြ
နောက်တစ်ခုက တရားအားထုတ်ပုံ နည်းလမ်းပါဘဲ။ အဲဒါကို ရှေးရှေးက ဆရာတော်တွေ၊ ဘာသာရေးဆိုင်ရာကျွမ်းကျင်သူတွေ၊ ဆရာသမားတွေလည်း အကြိမ်ကြိမ်အထပ်ထပ် သတိပေးခဲ့၊ ပြောခဲ့ကြပြီးပါပြီ။ တရားအားထုတ်ရာမှာ အားထုတ်ပုံနည်းတွေက ဆရာသမားများညွှန်ပြပုံပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားမှုရှိနေပါတယ်။ ဆရာသမားများက မိမိတို့ စရိုက်ဝါသနာအရ အားသန်ရာ၊ မိမိတို့ တရားအရသာသိခဲ့ကြရာ ရှုမှတ်နည်းများကို တဆင့် ပြန်လည်ပြသပေးကြတာမို့ မူတွေကတော့ အမျိုးမျိုးကွဲနေနိုင်မှာပါပဲ။
ကျွန်တော့်အနေနှင့် တရားအားထုတ်ကြမယ့်သူတွေကို တိုက်တွန်းချင်တဲ့ အခြေခံအချက် နှစ်ချက်ရှိပါတယ်။
(၁) တရားအားမထုတ်ခင် သဘောထားမှန်အောင် အရင်စလုပ်ကြဖို့ နှင့်
(၂) အချိန်တိုင်း မိမိကိုယ်ကို မိမိ တာဝန်ယူကြဖို့ ပါ။
နံပါတ် (၁) ကတော့ အပေါ်မှာပြောခဲ့တဲ့ အတ္တနှင့် တရားအလုပ်ကို မလုပ်မိဖို့အတွက် မိမိကိုယ်ကို အရင် သတိပေးဖို့ပါဘဲ။ တရားဆိုတဲ့အရာကို လောကီပစ္စည်းဥစ္စာတွေစုဆောင်းရှာေ
လူတစ်ယောက်ကို ဘယ်နည်းနှင့် တရားပြမှ တရားရမယ်ဆိုတာကို မြတ်စွာဘုရားရှင်ကလွဲလို့ ဘယ်သူမှ အတိအကျမသိကြပါဘူး။ ကြားဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ဘုရားလက်ထက်ကတောင် လက်ယာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်ကြီးဟာ အတူနေတပည့်ရဟန်းကို ငယ်ရွယ်သူဖြစ်လို့မို့ ရာဂစရိုက်အားကြီးလိမ့်မယ်ထင်ပြီ
တရားပြသပေးနေကြတဲ့ ဆရာသမားများဟာ သူတို့ သိထားတဲ့၊ အားထုတ်ဖူးတဲ့ နည်းကိုသာ သူတို့ သဘောပေါက်နားလည်သလို ယောဂီတွေကို ပြန်လည်ပြသပေးကြတာပါ။ သူတို့နည်းဟာ ယောဂီအားလုံးအတွက် အဆင်ပြေမယ်၊ တရားအသိဉာဏ်ကိုဖြစ်ပေါ်စေပါလိမ့်
ဒီတော့ စစချင်းတရားအားထုတ်မယ့်သူတစ်ယော
ဒီလိုနေ့စဉ်အားထုတ်ကြည့်လို့ တစ်ဆထက်တစ်ဆ မိမိရဲ့  စိတ်နှင့်အသိဉာဏ်မှာ ပြောင်းလဲမှု၊ တိုးတက်မှုဖြစ်လာသလားဆိုတာကို သတိထားစောင့်ကြည့်ပေးပါ။ တကယ်နည်းမှန်လမ်းမှန်အားထုတ်လျက်
ဒီနေရာမှာ သတိထားဖို့က တရားနည်းတွေကို ဟိုစပ်စပ်၊ ဒီစပ်စပ်နှင့် အားမထုတ်မိဖို့တော့လိုပါတယ်။ နည်းတစ်ခုကို အားထုတ်ကြည့်ပြီဆိုရင် ဆရာသမားတွေညွှန်ပြတဲ့အတိုင်း စနစ်တကျနှင့် လေးလေးစားစားလုပ်ကြည့်ဖို့တော့
နောက်တစ်ခုက တရားအားထုတ်မှုနှင့်အတူ တရားစာပေတွေကိုလည်း တတ်နိုင်သလောက် လေ့လာနိုင်ရင်ပိုကောင်းပါတယ်။ ပါဠိတော်မြန်မာပြန်စာအုပ်တြွေ
နောက်တစ်ခု အရေးကြီးတာကတော့ ကိုယ့်ကိုယ်ကို မညာမိဖို့ပါဘဲ။ ကိုယ်တကယ် တရားအသိဉာဏ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ကိုယ့်ဖာသာ အသိဆုံးပါ။ တရားသဘောကလည်း တအားရှင်းပါတယ်။ ၀ မရှိဘဲ ၀ိလုပ်လို့ မရသလို၊ အခန်း (၁) မပြီးသေးဘဲ အခန်း (၂) ကို ကူးလို့ မရပါဘူး။ တကယ်လို့ ကိုယ်က စာမကျေဘဲ နောက် တစ်ခန်းကူးလိုက်မိမယ်ဆိုရင် ကိုယ့်အစာအိမ်အတွက် အစာမကျေတဲ့ အစားအသောက်တစ်ခုကို စားလိုက်မိသလိုမျိုးပါဘဲ။ အသိဉာဏ်ထဲမှာ အစာမကျေဖြစ်တတ်ပါတယ်။ ဒါလေးကိုလည်း ကိုယ့်ဖာသာ သတိထားမိဖို့လိုပါတယ်။ ဆရာသမားတွေအနေနှင့်က တခါတလေ အများနှင့် သင်ပြပေးရတာမို့ တစ်ဦးချင်းစီ ဘယ်အခြေအနေဖြစ်နေပြီဆိုတာမျိုး
ဝိပဿနာတရားဆိုတာ တကယ်တော့ ဘယ်နည်းနှင့်ပဲ အားထုတ် အားထုတ် ရောက်ရမယ့် ပန်းတိုင်က တစ်ခုတည်းပါဘဲ။ ၀ိပဿနာလမ်းကြောင်းပေါ်မှာ အားလုံးဟာ အတူတူပါဘဲ။ နည်းတွေနှင့် ရှုပ်နေကြတာ တကယ်က ၀ိပဿနာလမ်းပေါ်ကို မရောက်နိုင်ကြသေးလို့ပါ။ မိမိတရားတိုးတက်မှု ရှိ၊ မရှိကို စမ်းစစ်ချိန်ကိုက်ကြည့်လို့ရတဲ့ အချက်လေးတွေရှိပါတယ်။ ၀ိပဿနာတရားဟာ ပညတ်ကနေခွဲထွက်ပြီး ပရမတ်ထဲကို ၀င်ရောက်ကျက်စားတဲ့တရားပါ။ မိမိရဲ့  အသိဉာဏ်ဟာ ပရမတ်ကို သဘောပေါက်တဲ့ အခြေအနေမှာ ရှိနေပြီလားဆိုတာနှင့် စမ်းစစ်ကြည့်လို့ရပါတယ်။ နောက် တစ်ခုက လက္ခဏာရေး (၃)ပါးပါ။ တကယ် ၀ိပဿနာဉာဏ်ဖြစ်ကြပြီဆိုရင် ဒီလက္ခဏာရေး (၃)ပါးထဲက တစ်ပါးပါးကိုတော့ ထင်ထင်ရှားရှား ဉာဏ်ထဲမှာ သိလာတတ်ကြပါတယ်။ နောက် တစ်ခုက ရုပ်နှင့်နာမ်ကို ခွဲခြားမြင်တတ်လာပါမယ်။ ပြီးတော့ အားလုံးကြားဖူးနေကြဖြစ်မယ့် ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်းပေါ့။ ဒါကိုလည်း အသိဉာဏ်ကနေပဲ သဲသဲကွဲကွဲ မြင်နိုင်သွားပါလိမ့်မယ်။ အခု ပြောခဲ့တဲ့ အခြေအနေတွေကို ကိုယ်ပိုင်ဉာဏ်နှင့် သိသွား၊ ကြုံဖူးသွားပြီဆိုတဲ့သူတစ်ယောက်
တခါတလေ တရားကလည်း သိသလိုလိုနှင့် မသိသေးတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ကျွန်တော်နှင့် အတော်ရင်းနှီးပြီး လေးစားချစ်ခင်ရတဲ့ ဘကြီးတစ်ဦးရှိပါတယ်။ တကယ်တရားသမားကြီးပါ။ တစ်သက်လုံး တရားအလုပ်ကိုပဲ တစ်စိုက်မက်မက်လုပ်လာခဲ့တဲ့သူပါ
နောက် သတိပေးချင်တာတစ်ခုလည်းရှိပါသေးတယ်။ ကျွန်တော်ကြုံခဲ့တဲ့ အတွေ့အကြုံထဲကပါပဲ။ တချို့ သောရိပ်သာများမှာ ပြသတဲ့နည်းတွေဟာ ဘုရားဟောတရားတော်တွေထဲကအတိုင်း မှန်ကန်ပြီး၊ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း လွယ်ကူသက်သာ တရားကို သိလွယ်၊ မြင်လွယ်စေပါတယ်။ ဒါပေမယ့် ခက်တာက အဲဒီရိပ်သာရဲ့ ဆရာသမားများက ဒီဘ၀မှာတင် တစ်မဂ်တစ်ဖိုလ်ရဖို့ဆိုတာ မလွယ်ကြောင်း (မဖြစ်နိုင်ကြောင်း) ဆရာအစဉ်အဆက် တပည့်တွေကို ပြောကြားဆုံးမသင်ပြနေကြတဲ့ ရိပ်သာမျိုးပါ။ သူတို့တွေနှင့် စကားပြောဆွေးနွေးလိုက်ရင် အခုတရားအလုပ်လုပ်တာဟာ နောက်ဘ၀အတွက် အထုံပါရမီဖြစ်ဖို့ပါဆိုတာမျိုး
နောက်တစ်မျိုးတွေ့ရတာကတော့ သမထယာနိကလမ်းနှင့်ပြသပေးတဲ့ ရိပ်သာတစ်ချို့ မှာပါ။ သမထနှင့် ဈာန်အဆင့်ဆင့်ကို တက်ပြီးကာမှ ၀ိပဿနာကူးလို့ရမယ်ဆိုတဲ့ပုံစံမျ
နံပါတ် (၂) ကို ဘာလို့ ကျွန်တော်ပြောရတာလဲဆိုတော့ တရားအားထုတ်ကြတဲ့သူတော်တော်များ
တရားအလုပ်ကို စလုပ်မယ်လို့ စိတ်ကူးနေကြသူများအတွက် အကြံပေးချင်တာကတော့ မိမိနှင့် အဆင်ပြေမယ့် တရားနည်းတစ်ခု (ရိပ်သာတစ်ခု) ကိုရွေးပါ။ အဲဒီက သင်ကြားပြသတာကို စနစ်တကျသင်ယူလေ့လာပါ။ တရားလောဘ သိပ်မကြီးပါနှင့်။ အနတ္တတရားမို့လို့ အကြောင်းညီညွတ်ရင် သူ့အလိုလိုရ ရသွားပါလိမ့်မယ်။ ကိုယ့်ဘက်ကသာ မှန်မှန်ကြိုးစားနေပေးဖို့ပါ။ စလုပ်ဖြစ်သွားဖို့နှင့် စွဲစွဲမြဲမြဲဆက်လုပ်သွားဖို့က အဓိကလိုရင်းပါလို့ ပြောချင်ပါတယ်။
အားထုတ်လက်စပုဂ္ဂိုလ်များကို အကြံပေးချင်တာကတော့ မိမိတရား တိုးတက်မှုရှိမရှိကို အမြဲသတိထားကြည့်ပေးပါ။ ကိုယ့်ကို အကောင်းဆုံး တရားစစ်ပေးမှာက လောကဓံတရားတွေပါဘဲ။ မင်္ဂလာတရားတော်မှာပါတဲ့ “ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊” ဆိုတဲ့ မင်္ဂလာတရားဟာ ကိုယ့်အတွက် တရားမှတ်ကျောက်တိုက်သလို ဖြစ်နေစေမှာပါ။ ၀ိပဿနာတရားဟာ ထိုင်ပြီးမှတ်မှ မှတ်လို့ရတဲ့တရားမျိုးလည်း မဟုတ်ပါဘူး။ တစ်နေ့လုံး အိပ်ရာနိုးတဲ့အချိန်ကနေ ညအိပ်ရာဝင်တဲ့အချိန်အထိ မှတ်လို့ရနေတာပါ။ ရိပ်သာတွေမှာ တရားထိုင်ချိန်ဆိုပြီး နာရီတွေနှင့် သတ်မှတ်ထာ
အခုပြောခဲ့တဲ့ အခြေခံအချက်(၂)ချက်ဟာ တရားစစအားထုတ်ခါစအချိန်တစ်ခုတည်
ကျွန်တော်လည်း သိပ်သိနေလို့ ဒီစာကိုရေးတာတော့ မဟုတ်ပါဘူး။ ခရီးတစ်ခုသွားနေရင်း လမ်းမှာ ကိုယ်နှင့်ခရီးတူသွားမယ့်သူတွေ
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ဇွန်လ ၂၈ ရက်၊ ၂၀၁၁ခုနှစ်။
ဆက်လက်ဖတ်ရှုရန်