2011 New Year Resolution
Prelude
ပြက္ခဒိန်စာမျက်နှာတွင် နှစ်တစ်ခု၏ ဒီဇင်ဘာလ (၃၁)ရက်နေ့ မှ အခြားနှစ်တစ်ခု၏ ဇန္န၀ါရီလ (၁) ရက်နေ့သို့ ကူးပြောင်းသွားခြင်းကို နှစ်သစ်ကူးသည်ဟုဆိုကြသည်။ နှစ်သစ်ကူးခြင်း၏ ထူးခြားသောအချက်မှာ အခြားသော ကူးပြောင်းခြင်းများတွင် ထင်ရှားသော လက္ခဏာရပ်များ ပြောင်းလဲဖြစ်ပေါ်ခံစားရတတ်သော်လည်း နှစ်သစ်ပြောင်းချိန်တွင်မူ မည်သို့မျှ ပြောင်းလဲမှု ဖြစ်မသွားခြင်းပင်ဖြစ်သည်။ ဥပမာ အရပ်ဒေသတစ်ခုမှ နောက်တစ်ခုသို့ ခရီးသွားသောသူတစ်ဦးသည် အရပ်ဒေသသစ်သို့ ရောက်ရှိသွားပါက ရာသီဥတုပြောင်းသွားခြင်း၊ ရှုခင်းများပြောင်းသွားခြင်း၊ အချိန်နာရီများ ပြောင်းသွားခြင်းများကို ဖြစ်ပေါ်ခံစားရမည် ဖြစ်သည်။ လူဘ၀မှ ရဟန်းဘ၀သို့ပြောင်းလိုက်သောသူသည် အ၀တ်အစားအသွင်အပြင်နှင့် နေပုံထိုင်ပုံ အပြောအဆိုအမူအရာများ ပြောင်းလဲသွားမည်ဖြစ်သည်။ အယူဝါဒတစ်ခုမှ အခြားသောအယူဝါဒတစ်ခုသို့ ပြောင်းလဲလိုက်သူသည်လည်း မိမိရှေးယခင်က လက်ခံကျင့်သုံးလိုက်နာခဲ့သော ယုံကြည်မှုများအားလုံးကို ခ၀ါချ၍ အသစ်အသစ်သော ယုံကြည်မှုများဖြင့် အစားထိုးလိုက်ရမည်ဖြစ်သည်။ သို့သော်လည်း နှစ်ဟောင်းမှ နှစ်သစ်သို့ ပြောင်းသွားသော သူတစ်ဦးအတွက်မှာမူ ဤသို့သော ထူးခြားလက္ခဏာဖြစ်စဉ်များ မဖြစ်ပေါ် မခံစားလိုက်ရဘဲ အများက ပြောင်းသွားပြီဟု တညီတညွတ်တည်း ပြောဆိုရေးသားလိုက်ကြခြင်းကို လက်ခံလိုက်ရုံမျှဖြင့် ကိစ္စပြီးလေသည်။
နှစ်ဟောင်းတစ်ခုမှ နှစ်သစ်သို့ကူးပြောင်းလိုက်သြ
Verse
နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးချိန်၌ လမ်းတွင်တွေ့သမျှ လူဖြူများကိုလည်းကောင်း၊ လူမည်းများကိုလည်းကောင်း၊ လူဝါများကိုလည်းကောင်း ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ ဟု လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ဖြစ်သည်။ ထိုပုဂ္ဂိုလ်များကလည်း မိမိကို ပြန်၍ ထိုနည်းလည်းကောင်းပြန်၍နှုတ်ဆက်ြ
နှစ်သစ်တစ်ခု၏ ပထမဆုံးရက် အိပ်ရာမှ နိုးထခြင်းသည် နှစ်ဟောင်းတုန်းကနေ့ရက်များ အတိုင်းပင်ဖြစ်သည်။ နိုးနိုးချင်း ၀င်နေကျအတွေးများသာဝင်လာသည်။ အိပ်ရာမှ ထထချင်း လုပ်နေကျအတိုင်း အလုပ်များသာ လုပ်ဖြစ်သည်။ မနက်စာကလည်း စားနေကျအတိုင်းပဲစားဖြစ်သည်။ နောက် သွားနေကျလမ်းအတိုင်းဘဲ သွားနေကျနေရာကို သွားသည်။ တွေ့နေကျလူတွေနှင့်တွေ့သည်။ ပြန်လာနေကျ အချိန်မှာ အိမ်ကိုပြန်ရောက်သည်။ တကယ်တော့ ဒီနှစ်သစ်ဆိုတာ အရင်နှစ်နှင့် ဘာမှလည်း မကွာဟု စိတ်ထဲတွေးမိသည်။
ပြီးခဲ့သည့် ၂၀၁၀ အစောပိုင်းကာလများက တစ်နှစ်အတွင်းလုပ်ဖို့ စဉ်းစားစိတ်ကူးထားခဲ့သည်များရှိ
ပြီးခဲ့သောနှစ်အတွင်း အချိန်ပိုတော်တော်များများ ရလိုက်သည်။ ထိုအချိန်ပိုများတွင် ပညာရပ်အသစ်အချို့ကို လေ့လာဆည်းပူးဖြစ်ခဲ့သည်။ ပတ်ဝန်းကျင်အသစ်အချို့ ကို ထိတွေ့ခွင့်ရခဲ့သည်။ မိတ်ဆွေသစ်အချို့ နှင့် ခင်မင်ခွင့် ရလိုက်သည်။ မိတ်ဆွေဟောင်းအချို့ နှင့်တော့ ဆက်ဆံရေး သိပ်အဆင်မပြေဖြစ်ခဲ့တာရှိသည်။ မလုပ်ဖူးသေးသည့်ကိစ္စအချို့  လုပ်ဖြစ်လိုက်သည်။ ကုသိုလ်ရေးကို မဆိုစလောက် လုပ်ဖြစ်သည်။ အကုသိုလ်ရေးကတော့ နေ့တိုင်းနီးပါး ဆိုသလိုပင်။
တစ်နှစ်ထက်တစ်နှစ် ခန္ဓာကိုယ်ကတော့ မသိမသာ မသိမသာဖြင့် အိုမင်းယိုယွင်းလာခဲ့ပြီဖြစ်သည်။ စိတ်ကကော နှစ်တွေပြောင်းသွားသည်နှင့်အမျှ ပို၍ အိုမင်းသွားလား၊ ပို၍ နုပျိုလာလား၊ အရင်အတိုင်းပဲလား ဆိုသည်မှာ မမြင်ရသည့်အရာမို့ ပြောဖို့ရန် အတော်လေးတော့ခက်သည်။ သို့သော် ဘာအတွေးတွေတွေးပြီး ဘာအာရုံတွေမှာ မွေ့လျှော်ပျော်ပါးနေလဲဆိုတာနှင့်တော့ မှန်းကြည့်လို့ရနိုင်ကောင်းသည်။ ဆရာတော်တစ်ပါးက တရားတစ်ပုဒ်၌ လူသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ (သို့) အသိဉာဏ်ရင့်ကျက်လာသည်နှင့်အမျှ အာရုံငါးပါးတွင် ဓမ္မာရုံကို ပို၍ခံစားနှစ်သက်လာတတ်ကြောင်း ဟောထားသည်ကို နာခဲ့ဖူးသည်။ တရားစာပေများ၌လည်း ဘုရားရှင်နှင့် အရိယာသူတော်ကောင်းကြီးများသည် မိမိတို့ အသီးသီးဆီ၌ ရရှိထားသော တရားအသိဉာဏ်နှင့် လျော်ညီထိုက်တန်သည့် တရားချမ်းသာအတွေ့ထူးကို ခံစားရင်း သီတင်းသုံးမွေ့လျော်နေတတ်ကြကြောင်း ဆိုထားသည်။ သို့ဆိုလျှင် မိမိအနေဖြင့်ရော အချိန်တော်တော်များများတွင် မည်သည့်အာရုံ၌ ကျင်လည်ကျက်စားမွေ့လျှော်ပျော်ပါးနေတတ်သနည်းဟု မေးခွန်းထုတ်ရန်သာ ရှိတော့သည်။
ကျိန်းသေသည်ကတော့ မနှစ်ကတွေးနေခဲ့သည့်အတွေးများနှ
Epilude
ယခုရောက်နေသည့် နှစ်သစ်အတွက် သန္နိဋ္ဌာန်အသစ်များ ဆုံးဖြတ်ချက်အသစ်များဖြင့် ခရီးဆက်ဖို့အတွက် ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ဖြစ်သည်။ နာမည်ကျော်ပုဂ္ဂိုလ်များကတော့ ၂၀၁၁အတွက် သူတို့ရှေ့ ဆက်လုပ်မည့် အစီအစဉ်များကို ထုတ်ပြန်ကြေငြာမှုတွေ ပြုလုပ်နေကြသည်။ တချို့ ကလည်း လုပ်လက်စ အလုပ်တွေ ဆက်လုပ်မည်ဟု ပြောကြသည်။ တချို့ ကလည်း ပြောဖို့ရန် စောနေသေးသည်ဟု ဆိုကြပြန်သည်။
မိမိအနေဖြင့်တော့ ယခုနှစ်သစ်တွင် ပြီးခဲ့သောနှစ်က အလုပ်အကြွေးများကို အရင်ကျေလည်အောင်ဆပ်ဖို့ရှိနေသည်။ ၄င်းအကြွေးများကုန်၍ အချိန်ထပ်ရသေးခဲ့လျှင်တော့ မိမိအတွက် ကိုယ်ပိုင်ချိန်သီးခြားရအောင် ရှာယူပြီး ၀ါသနာပါသော ကိစ္စအချို့ အတွက် အချိန်ပေးချင်သည်။ ကိုယ့်ဖာသာပေးထားသော နာမည်နှင့်လိုက်အောင်လည်း လွတ်မြောက်မှုချမ်းသာကို ရှာရပေအုံးမည်။ အကြမ်းအားဖြင့်တော့ ယခုနှစ်ကို အတ္တ ပရ မျှတအောင် ကြိုးစားနေထိုင်ဖို့ ဆုံးဖြတ်ထားသည်။ နောက် ဘုရားရှင်အဆုံးအမတော်အတိုင်း ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုမဟုတ် တစ်ခု နေ့တိုင်း ရနိုင်အောင် ထိန်းကျောင်းနေထိုင်ဖို့ သတိကို အားကိုးတစ်ခု ပြုရပေလိမ့်ဦးမည်ဖြစ်သည်။ ဂျပန်လူမျိုးများ နှစ်သစ်တွင် အချင်းချင်း နှုတ်ဆက်သည့်ဓလေ့ထုံးစံအတိုင်း “မင်္ဂလာရှိသော နှစ်သစ်ပါ။ ဒီနှစ်ကိုလည်း ကူညီစောင့်ရှောက်ဖေးမပေးပါအုံး။မေတ္တာဖြင့်
ဝိမုတ္တိသုခ
04.01.2011
Tue.
No comments:
Post a Comment