Tuesday, August 31, 2010

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၅)

*မဟောတွေ့ ကြုံ ပြဿနာစုံ*

အလောင်းတော်မဟောသဓာ တွေ့ ကြုံရသော ပြဿနာများသည် အကျဉ်းချုပ်အားဖြင့်
၁။ ရွှေနန်းတော်သို့ မရောက်မီ တွေ့ ကြုံရသော ပြဿနာများ
၂။ ရွှေနန်းတော်သို့  သုခမိန်အဖြစ် အမှုထမ်းဖို့  ရောက်ရှိပြီးနောက် တွေ့ ကြုံရသော ပြဿနာများဟူ၍ နှစ်မျိုးဖြစ်ပါသည်။

၁။ ရွှေနန်းတော်သို့ မရောက်မီ တွေ့ ကြုံရသော ပြဿနာများမှာ အလောင်းတော်မဟောသဓာ၏ တိုးတက်ကြီးပွားမှုကို မလိုလားသော သေနကအမတ်ကြီးက ဖန်တီးခြင်းကြောင့် တွေ့ ကြုံရခြင်းဖြစ်သည်။ ၀ိဒေဟရာဇ်မင်းကြီးသည် မိမိ၏ အိပ်မက်အရလည်းကောင်း၊ အလောင်းတော်၏ တရားသူကြီးဂုဏ် သတင်းကြောင့်လည်းကောင်း၊ အလောင်းတော်ကို (၅)ဦးမြောက်သုခမိန်အဖြစ် ရွှေနန်းတော်သို့  ခေါ်ယူချီးမြှောက်လိုသည်။

မင်းကြီး၏ဆန္ဒကို သေနကအမတ်ကြီးက မနှစ်သက်ပေ။ အလောင်းတော်၏ ပညာစွမ်းကြောင့် မိမိအကျိုးစီးပွား လျှော့ကျသွားမည်ကို စိုးရိမ်ပြီး အလောင်းတော်အပေါ် မုဒိတာမပွားနိုင်ပေ။ သို့ အတွက် အလောင်းတော် ရွှေနန်းတော်အရောက်နှေးပြီး ကြီးပွားတိုးတက်ဖို့ ဝေးသွားစေရန် ပြဿနာများကို စီရင်စမ်းသပ်သည်။

ထိုပြဿနာတို့ ကား ရှားလွှတ်ပြဿနာ၊ ဦးခေါင်းခွံပြဿနာ၊ မြွေပြဿနာ၊ ကြက်ပြဿနာ၊ ပတ္တမြားပြဿနာ၊ သားဖွားပြဿနာ၊ ထမင်းပြဿနာ၊ သဲလွန်ပြဿနာ၊ ရေကန်ပြဿနာ၊ ဥယျာဉ်ပြဿနာ၊ ရွှဲပြဿနာတို့ ဖြစ်ကြပါသည်။

မဟောသဓာသုခမိန်ကား သေနကအမတ်ကြီး ဖန်တီးစီရင်သော ထိုထိုပြဿနာများကို တိကျမှန်ကန်စွာ ရှင်းလင်းနိုင်ခဲ့သည်။ သေနကအမတ်ကြီး၏ ဣဿာ = မနာလိုမှုကြောင့် ပေါ်ထွက်လာသော ပြဿနာများသည် အလောင်းတော်၏ ပညာစွမ်းရည်ကို ဖော်ထုတ်တောက်ပြောင်စေခဲ့သည်။

အလောင်းတော်၏ ပညာဂုဏ်ထူးကြောင့် ၀ိဒေဟရာဇ်မင်းကြီးသည် အလောင်းတော်ကို ရွှေနန်းတော်သို့ ခေါ်ယူကာ (၅)ဦးမြောက် သုခမိန်အဖြစ် ချီးမြှောက်ခဲ့သည်။ အလောင်းတော်၏ မိဘနှစ်ပါးကိုလည်း မင်းစည်းစိမ်နီးပါးမျှ ဂုဏ်ပြုခဲ့သည်။ အလောင်းတော်အဖို့ ကား သေနကအမတ်ကြီး၏ အောက်ကျသောစိတ်ထားကြောင့် ဖြစ်ပွားလာရသော ပြဿနာများသည် ပြဿနာပေါ် ပညာတော်ခြင်းနှင့် မိဘကျေးဇူးဆပ်နိုင်ခြင်းဟူသော ကောင်းကျိုးများ ရယူနိုင်ရေးအတွက် အားဆေးများသဖွယ် ဖြစ်လာရပေသည်။ ဂုဏ်ယူအားကျဖွယ် ကောင်းလှပါပေစွ။

ပြဿနာပေါ် ပညာတော်

ပြဿနာပေါ် ပညာတော်သည့်
မဟော်သုခမိန် ဂုဏ်စွမ်းရှိန်ကို
ကြိမ်ကြိမ်ဖန်ခါ ပွားယူကာလျှင်
သူသူငါငါ ပြဿနာတို့ 
ကြုံလာလေတိုင်း ချိန်ဆနှိုင်းလျှက်
ခြားပိုင်းဝေဖန် ကိုယ့်စွမ်းဉာဏ်ကို
အားမာန်ပြည့်ဖြိုး တိုးထက်တိုးဖို့ 
ကောင်းကျိုးပွားရေး ပီတိမွေး၍
အေးအေးရွှင်ကြည် ကြိုးစားညီသော်
မြန်ပြည်နောက်ခေတ် ရွှေရောင်သစ်မည်
ပြည်ချစ်သူတို့  စွဲဖို့ တည်း။ ။

အညတြသုတေသီတစ်ဦး

ရွှေရတု
အတွဲ (၉)၊ အမှတ် (၁၁)၊
မတ်လ ၂၀၁၀။

(ဆက်လက်ဖော်ပြပေးသွားပါမည်။)

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၂)
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၃)
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၄)

ဆက်လက်ဖတ်ရှုရန်

Monday, August 30, 2010

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၄)


ဘ၀ခန္ဓာသည် ဒုက္ခအစုအဝေးဖြစ်သည်။ စက္ကန့် တိုင်းတွင် ဖြစ်ပျက်ပြောင်းလဲနေသည်။ ဘ၀ခန္ဓာ၏ မူလသဘာဝသည် ဒုက္ခသစ္စာဖြစ်သဖြင့် ဘ၀ခန္ဓာပိုင်ရှင်လူသားတို့ သည် ဒုက္ခ-ပြဿနာများကို ကြုံတွေ့ ကြရသည်မှာ ဓမ္မတာဖြစ်သည်။ ဒုက္ခ-ပြဿနာ ကြီး၊ သေး၊ နည်းများသာ ကွာခြားမည်။ ပြဿနာကား ရှိနေသည်သာဖြစ်သည်။

သို့ သော် လူသားတို့ သည် ပြဿနာများပေါ်ပေါက်လာလျှင် ဖြေရှင်းနည်းများကို ကြံဆဖွေရှာကြရသည်။ ပြဿနာများကို အခြေပြုပြီး ငြိမ်းချမ်းမှုကို ရရှိအောင် ကြိုးစားကြရသည်။ ပြဿနာများကြောင့် အသိဉာဏ်ပညာ တိုးပွားလာရသည်ဟု ဆိုနိုင်ပါသည်။ ပြဿနာများသည် လူသားတို့ ကို
၁။ ပြဿနာပေါ် ပညာတော်
၂။ ပြဿနာများ ပညာပွား ဟူသော ဘ၀မူကို ချမှတ်ပေးသည်ဟု မှတ်ယူနိုင်ပါသည်။

ပြဿနာများသည် လူသားအချင်းချင်း ကိလေသာ-ညစ်နွမ်းအောက်ကျသော စိတ်ထားအားကြီးသူများ၏ ဖန်တီးမှုကြောင့် အဖြစ်များပါသည်။ စိတ်ဓာတ်ယုတ်မာသူ အဓမ္မ၀ါဒီတို့ သည် မိမိတို့ ၏ ဘ၀ကောင်းစားကြီးပွားရေးအတွက် မိမိတို့ ၏ ပတ်ဝန်းကျင် လူသားများအကြားဝယ် ဒုက္ခ-ပြဿနာများကို ဖန်တီးအားထုတ်လေ့ ရှိကြသည်။

ဓမ္မ၀ါဒီ- စိတ်ဓာတ်ဖြူစင်မြင့်မြတ်သူတို့ ကား အဓမ္မ၀ါဒီတို့ ဖန်တီးသော ဒုက္ခ-ပြဿနာများကြောင့် ကိုယ်စိတ်ဆင်းရဲကြရသော အများပြည်သူတို့ ကောင်းကျိုး (ထိုထိုဒုက္ခ-ပြဿနာများမှ လွတ်မြောက်ချမ်းမြေ့မှု)အတွက် မေတ္တာဓာတ်ဖြင့် သတ္တိရှိရှိကြိုးစားအားထုတ်လေ့ရှိကြသည်။ လိုအပ်ပါလျှင် အသက်ကိုပင် စွန့် လှူကြလေ့ရှိသည်။

ထိုထိုမေတ္တာရှင် ဓမ္မ၀ါဒီတို့ အတွက်ကား ဒုက္ခပြဿနာများသည်
၁။ ပြဿနာပေါ် မေတ္တာဖော်
၂။ ပြဿနာများ မေတ္တာပွားဟူသော ဓမ္မဥပဒေသကို ချမှတ်ပေးသည်ဟု ဆိုနိုင်ပါပေသည်။

အတုမဲ့နိုင်ငံရေးသုခမိန် မဟောသဓာအလောင်းတော်၏ ဘ၀ကား ဒုက္ခ-ပြဿနာများကို အခြေပြုပြီး
၁။ ပြဿနာပေါ် ပညာတော်
၂။ ပြဿနာများ ပညာပွား
၃။ ပြဿနာပေါ် မေတ္တာဖော်
၎။ ပြဿနာများ မေတ္တာပွား နိုင်ခဲ့သော အားကျဂုဏ်ယူဖွယ် ဇာတ်တော်ကြီးဖြစ်ပါသည်။

ထိုထိုနိုင်ငံရေးဆောင်ရွက်သူတို့ သည် မဟောသဓာအလောင်းတော်၏ ပြဿနာများကြားဝယ် မွေးမြူဖော်ထုတ်နိုင်ခဲ့သော ပညာနှင့်မေတ္တာစွမ်းအားကြီး နှစ်ပါးကို လေးစားအားကျ အတုယူကြရပါမည်။ မိမိတို့ သည်လည်း ပြဿနာပေါ် ပညာတော်ပြီး ပြဿနာများ မေတ္တာပွားနိုင်သူများ ဖြစ်လာအောင် လေ့ကျင့်အားထုတ်ကြရပါမည်။ နိုင်ငံရေးပြဿနာ၊ ဘ၀ပြဿနာများ ကြုံတွေ့ လာတိုင်း
၁။ ပြဿနာပေါ် ပညာတော်
၂။ ပြဿနာများ မေတ္တာပွား ဟူသော အလောင်းတော် မဟောသဓာ၏ ဂုဏ်ရည်များ ပွားများလာတော့မည် ဟူသော သတိတရားဖြင့် ၀မ်းမြောက်ပီတိ ဖြစ်ကြရပါမည်။

အညတြသုတေသီတစ်ဦး

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၂)
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၃)

ဆက်လက်ဖတ်ရှုရန်

Friday, August 27, 2010

CO2 ကောက်ကြောင်း၌ စီးမြောမိခြင်း


*ဤပို့ စ်ကို ရွံတတ်သူများ ဖတ်ရှုရန် မသင့်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။*

နိဒါန်း

“ဥပဒ္ဒုတံ ၀တ ဘော, ဥပဿဋ္ဌံ ၀တ ဘော

မနက်အလုပ်သွားဖို့  ရထားစီးရင်း အမြဲလို သတိထားမိတဲ့ ကိစ္စတစ်ခုကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅၀၀)ကျော်လောက်က လူငယ်တစ်ဦး ညကြီးမိုးချုပ် တရေးနိုးမှာ အလန့် တကြားရေရွတ်လိုက်တဲ့ စကားလေးကို သတိရမိစေပါတယ်။

ကျွန်တော် အခုရောက်နေတဲ့မြို့ က ခေတ်မီတိုးတက်တယ်လို့ သတ်မှတ်ထားတဲ့ အခြားနိုင်ငံတွေမှာရှိတဲ့ မြို့ ကြီးများနည်းတူ မနက်အလုပ်သွားချိန်နှင့် ညနေအလုပ်ဆင်းချိန်တွေမှာ ရထားဘူတာတွေနှင့် ရထားတွေထဲမှာ ရုံးသမား၊ အလုပ်သမား အလွှာပေါင်းစုံက လူမျိုးအသီးသီးတွေနှင့် ပြည့်ကျပ်ညှပ်ပိတ်နေတတ်တာ ဓမ္မတာပါဘဲ။ ရထားတွေကလည်း တစ်စီးပြီး တစ်စီးဆက်တိုက်ဆိုသလို တန်းစီဆွဲပေးနေပေမယ့်လို့  ထူထပ်တဲ့လူဦးရေကြောင့် အလုပ်ချိန်တွေမှာ ရထားစီးတဲ့လူက လျော့သွားပြီး ချောင်တယ်ရယ်လို့ မရှိတတ်ပါဘူး။ ဆင်းတဲ့သူက အတင်းတိုးဆင်း၊ တက်မယ့်သူက အတင်းတွန်းတက်နှင့် ရထားရဲ့ တံခါးအပေါက်ဝကျဉ်းကျဉ်းတွေဟာ ရထားထွက်ဖို့ တံခါးအလိုအလျောက်ပိတ်တော့မှဘဲ တိုးနေတာတွေ ရပ်သွားရတတ်ပါတယ်။ အထဲရောက်တော့လည်း ထိုင်ခုံတွေက အားလုံးပြည့်နေ၊ ရပ်နေတဲ့လူတွေကလည်း အပြည့်။ အဲဒီမှာမှ သွားမယ့်ခရီးဝေးသေးရင် တံခါးပေါက်ကနေ အတွင်းထဲရောက်အောင် အတင်းတိုးဝင်ရပ်ဖို့ ကြိုးစားရပါတယ်။ အင်း...ဘာပဲပြောပြော မြန်မာပြည်အလွမ်းပြေလေးပါဘဲ။


တခါတလေ ကံကောင်းရင်တော့ ကိုယ်ရပ်နေတဲ့နေရာ အရှေ့ ကထိုင်ခုံမှာ ထိုင်နေတဲ့သူက ကိုယ် သူ့ ရှေ့ ရပ်လို့ မှ သိပ်မကြာခင် ဆင်းဖို့ လုပ်ပြီဆိုရင်တော့ ကံထူးသူအဖြစ် ထိုင်ခုံ နေရာရတတ်ပါတယ်။ ထိုင်လိုက်ရရင်တော့ ရပ်ပြီးစီးရတာထက်တော့ အများကြီးသက်သာသွားတယ်လို့  ဆိုရပေမပေါ့။ သို့ သော်လည်း.........အဲဒီ သို့ သော်လည်းက ဒီစာရေးဖြစ်တဲ့ အကြောင်းပါပဲ။

(၁)

ယေဘုယျအားဖြင့် ကျွန်တော်မြင်သလောက်ပြောကြည့်ရရင် ဒီမြို့ကလူတွေရဲ့ ဘ၀ပုံစံက မနက် မိုးလင်းကနေ မိုးချုပ်တဲ့အထိ တစ်နေကုန် အလုပ်လုပ်ကြတယ်။ မိုးချုပ်လို့ အလုပ်ပြီးရင် အများအားဖြင့် အိမ်ကိုတော့ တန်းမပြန်တတ်ကြဘူး။ အပေါင်းအသင်းမိတ်ဆွေတွေနှင့် စားသောက်ဆိုင်တစ်ခုခုကိုဝင်ပြီး ညနေစာ စားရင်း၊ သောက်ရင်း စကားစမြည်ပြောကြတယ်။ ညနက်မိုးချုပ်မှ အိမ်ပြန်ဖို့ လုပ်ကြပါတယ်။ အိမ်ပြန်ချိန်မှာတော့ တစ်နေ့ လုံးအလုပ်လုပ်ထားလို့  ပင်ပန်းနေတာရော၊ သောက်စားထားတာတွေရောပေါင်းပြီး သူတို့ တွေ အားအင်ကုန်ခန်းလို့  ချိနဲ့ နေကြပါပြီ၊ အချို့ လည်း အမူးလွန်ပြီး ဘူတာမှာ အန်တဲ့သူကအန်၊ ရထားထဲ အန်တဲ့သူက အန်ပေါ့။

ဒီလို့ နဲ့ မနက်ရောက်လို့  အလုပ်ပြန်သွားရမယ်ဆိုတော့ အိပ်ယာကနေ အလုပ်ချိန်နီးကပ်မှ ထပြီး ဘူတာကို အပြေးတစ်ပိုင်းသွားကြ၊ ရထားမီအောင် လုတက်ကြ၊ ဒီလိုနဲ့  တစ်နေ့ တာ ပြန်စကြတာပါဘဲ။ အချို့ ဆို ဘူတာသန့် စင်ခန်းထဲက လက်ဆေးဘေဇင်ကျမှ မျက်နှာသစ်၊ သွားတိုက်လုပ်ကြတာမျိုးလည်း တွေ့ ရတတ်ပါတယ်။ သင်ဖူးတဲ့စာထဲက ဂျပန်လူမျိုးတွေကျင့်သုံးတဲ့ Just In Time စနစ်ဆိုတာကိုတောင် ပြေးပြီးသတိရမိပါတယ်။ အခုမှပဲ လက်တွေ့ မြင်ရတော့တာကိုး။


ဒီလိုနဲ့ ရထားထဲကို ရောက်ကြပြီဆိုတဲ့အချိန်မှာတော့....။
ရထားထဲမှာ လေအေးပေးစက်က ဖွင့်တော့ထားပါတယ်၊ ဒါပေမယ်လို့  လူတွေတအားများနေတော့ သူလည်း အေးသင့်သလောက် မအေးပေးနိုင်တော့ဘူးပေါ့။ အထူးသဖြင့် အခုလိုနွေရာသီအချိန်မှာဆို အပူချိန်က အပြင်မှာ သိသိသာသာမြင့်နေတော့ ရထားတွင်းမှာလည်း အအေးက အပြင်အပူကို ကျော်ဖို့ မနဲကို ကြိုးစားနေရပုံပါ။

ထိုင်ခုံနေရာရပြီး စီးရတဲ့သူ (၁၀)ယောက်မှာ (၇)ယောက်လောက်က စထိုင်ပြီဆိုတာနှင့် ငိုက်ကြပါတော့တယ်။ ဒါကတော့ဒီမြို့ ကလူတွေရဲ့ ဓလေ့ထုံးစံပါဘဲ။ အိပ်ရေးမ၀တဲ့ ဝေဒနာဟာ လူတိုင်းနီးပါးမှာ ရှိနေကြပါတယ်။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ကျားမ မရွေး ငိုက်ကြပါတယ်။ ငိုက်ရင်းတချို့ ဆို ဟောက်သံတောင်ထွက်လာတတ်ပါတယ်။ တချို့ လည်း ဘေးကလူပေါ် ယိုင်ကျလိုကျ၊ ဒါမှမဟုတ် ခေါင်းနှင့် အနောက်ကပြူတင်းပေါက်မှန်နှင့် ဆောင့်လို ဆောင့်ပေါ့။

(၂)

နေရာရလို့ ထိုင်စီးတဲ့အခါ မတ်တပ်ရပ်နေရတာမဟုတ်တော့လို့  ခန္ဓာကိုယ်သက်သာသော်လည်း ကိုယ့်ရဲ့ ဘေးက ငိုက်နေသော ပုဂ္ဂိုလ်များရဲ့ ခေါင်းများ ကိုယ့်စီအရှိန်နှင့် လာမဆောင့်အောင် သတိပြုနေရတတ်သလို၊ တခြားဆိုးတဲ့ကိစ္စတစ်ခုကတော့ အနံ့ အသက်များပဲ ဖြစ်ပါတယ်။

လေအေးပေးစက်တွေ သိပ်မနိုင်တာလည်း အကြောင်းတစ်ခုပါဘဲ။ ခုနကပြောခဲ့သလို လူတော်တော်များများက အိပ်ယာက လူးလဲထလာကြတာတွေဆိုတော့....။ သူတို့ တွေရဲ့ ထွက်သက်တိုင်းဟာ လေထုကို သက်ရောက်မှုဖြစ်နေတော့တာပါဘဲ။ အားလုံးနီးပါးကတော့ ကိုယ်ခန္ဓာကို ရေမွှေးတွေ၊ ခေါင်းလိမ်းဆီတွေ၊ ပေါင်ဒါတွေ လိမ်းကျံချယ်သလာကြတဲ့ သူတွေချည်းပါဘဲ။ ဒါပေမယ့် လိမ်းထားတဲ့နံ့ သာတွေရဲ့ အနံ့ က သက်သက်၊ ကိုယ်ခန္ဓာထဲကထွက်ပေါ်လာတဲ့အနံ့ က သက်သက်ဆိုတာ သတိပြုမိသူ နည်းလိမ့်မယ်ထင်ပါတယ်။

ရထားစီးရင်းက မြန်မာပြည်မှာတုန်းက ခရီးဝေးသွားခဲ့တဲ့အတွေ့ အကြုံတွေကိုလည်း သတိရမိပါတယ်။ လေအေးပေးစက်သိပ်မကောင်းတဲ့၊ ဒါမှမဟုတ် ဆီချွေတာပြီး အအေးလျှော့ထားတတ်တဲ့ Express ကားတွေကို စီးရတဲ့အခါမျိုးတွေနှင့် ကြုံခဲ့ဖူးပါတယ်။ ညဘက်အားလုံးအိပ်ပျော်နေတဲ့အချိန် ရုတ်တရတ်တရေးနိုးလာမိပြီဆိုရင် တစ်ကားလုံးမှာရှိတဲ့ ခရီးသည်တွေရဲ့  ထွက်သက်က ဖြစ်လာတဲ့ အနံ့ ကို ရှူရှိုက်ရမိတတ်ပါတယ်။ အဲဒီအခါ တော်တော်ကို နှာခေါင်းအဆင်မပြေမှုဖြစ်ပြီး အမြန်ဆုံးပြန်အိပ်ပျော်နိုင်ဖို့ ကို ကြိုးစားရပါတော့တယ်။ မဟုတ်ရင်တော့ ဒီဒေါမနဿဝေဒနာနှင့် မနက်ရောက်တဲ့အထိ နှစ်ပါးသွားရပါတော့တယ်။

(၃)

ဒီမြို့ မှာရှိတဲ့ အိမ်ခန်းတွေအားလုံးဟာ အလုံပိတ်တွေများတယ်။ မှန်တံခါးထုကြီးတွေ၊ သံတံခါးမကြီးတွေနှင့် ဖွဲ့ စည်းထားပါတယ်။ ရာသီဥတုကလည်း အေးပြီဆို သုညအောက်ရောက်သွားတတ်သလို ပူပြီဆိုရင်လည်း မီးဖိုနားရပ်နေရသလိုမျိုးကိုး။ အဲဒီတော့ လူတိုင်း အခန်းထဲမှာ လေအေးနှင့် လေပူ ပေးလို့ ရတာတွဲပါတဲ့ စက်တွေတပ်ဆင်ပြီး နေကြပါတယ်။ အခန်းတွေက လေ၀င်ပေါက် လုံးဝမရှိတော့ တခါတလေ မနက်စောစောစီးစီး အခန်းထဲက သူများတွေအိပ်နေချိန်မျိုး အပြင်ကနေပြန်လာမိရင် အခန်းတံခါးမကြီး ဆွဲဖွင့်လိုက်တာနှင့် နှာခေါင်းထဲကို အနံ့ တစ်ခုက တန်းခနဲဝင်လာပြီး ကြိုဆိုတတ်ပါတယ်။ (အခုတော့ လေသန့် စက်လေး တစ်လုံးဝယ်ပြီး အခန်းထဲဖွင့်ထားတော့ နဲနဲတော့ တော်သွားပါတယ်။ ဒီလိုဘဲ နည်းပညာအထောက်အကူယူရတာပေါ့လေ။)

အမှန်တော့ ကျွန်တော်အပါအ၀င် လူတိုင်း၊ သတ္တ၀ါတိုင်းဟာ အပုပ်ကောင်ရုပ်ဆောင်ပြီး နေကြရတဲ့ သူတွေမဟုတ်ပါလားဗျာ။ ကိုယ်ကသူများတွေနံတာလျှောက်ပြောနေလို့  ကိုယ်ကိုယ်တိုင်ရော မနံဘူးလားဆိုတော့ နံတာပါဘဲ။ ဒါက သဘာဝတွေထဲက သဘာဝတစ်ခုဘဲကိုး။ လူဆိုတာမျိုးကလည်း တစ်ကိုယ်ရည် သန့် ရှင်းရေး လုပ်ပေးနေလို့ သာပါ။ သန့် သန့် ရှင်းရှင်းမနေဘဲ နှစ်ရက်လောက် ပစ်ထားကြည့်ရင် မသာရဲ့ သဘာဝတွေ အထင်းသားပေါ်လာတော့တာပါဘဲ။

မြန်မာပြည် နယ်ဘက်တွေက သုဿန်တွေကို သွားဖူးရင် အသုဘကမ္မဋ္ဌာန်းကို အမြည်းအနေနှင့် တီးခေါက်ကြည့်လို့ ရတတ်ပါတယ်။ တစ်ယောက်ယောက်သေဆုံးလို့  သုဿန်မှာ လာမြေမြှုပ်သွားတဲ့အခါ တကယ်လို့ အဲဒီမြှုပ်သွားတဲ့တွင်းကလည်း တိမ်မယ်၊ သေသေချာချာလည်း မြေမဖို့ ခဲ့ဘူးဆိုရင် မြှုပ်ပြီး နောက်တစ်ရက်ရောက်ပြီဆိုရင်တော့ အနံ့ က လှိုင်နေအောင်ထွက်လာတော့တာပါဘဲ။ သက်ဆိုင်သူမိသားစုကတော့ နောက်တစ်ခေါက်ထပ်မလာတော့လို့  သူတို့ ရဲ့ သေဆုံးသွားတဲ့ ချစ်ခင်သူရဲ့ နောက်ဆက်တွဲအခြေအနေကို မသိနိုင်လောက်တော့ဘူးပေါ့။ ဂူသွင်းပြီး သဂြိုလ်ရင်တော့ မြင်ကွင်းက ပိုရှင်းတတ်ပါတယ်။ ဂူသွင်းပြီး နောက်တစ်ရက်နှစ်ရက်လောက်နေရင် အုပ်ဂူအောက်ခြေပိုင်းကနေ အရည်စီးကြောင်းတွေ စိမ့်ထွက်လာတတ်ပါတယ်။ အဲဒီအရည်နှင့်အတူ အနံ့ ကလည်း ရောပါလာတာပေါ့။ သေဆုံးသွားသူရဲ့  သက်ဆိုင်သူတွေသာ ဒီမြင်ကွင်းကို မြင်ကြရရင် ဘယ်လိုခံစားကြရမလဲတော့ မပြောတတ်ပါဘူး။ ကိုယ့်မှာတော့ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုအပေါ် ထိတ်လန့် မှုတွေအစဉ်အတန်းကြီး ဖြစ်ရတတ်ပါတယ်။


(၄)

“ဥပဒ္ဒုတံ ၀တ ဘော, ဥပဿဋ္ဌံ ၀တ ဘော”

“အို-အချင်းတို့ ...အလုံးစုံသော ကိုယ်၏အဖြစ်သည် နှစ်သက်ခင်မင်ဖွယ် မရှိဘဲလျက် တပ်ငြိစွဲလန်းသဖြင့် ပင်ပန်းနှိပ်စက်လေစွတကား၊ ဤခန္ဓာငါးပါး၏ အဖြစ်သည် အနှစ်သာရမရှိ၊ တစီးတွင်း၌ တက်သောအမြှုပ်ကဲ့သို့  ယုတ်မာလှစွာလျက် တဏှာ၏အဟုန်ဖြင့် စုံမက်ခြင်းပြင်း၍ ညှဉ်းဆဲပူလောင်လေစွတကား”

ဒီစကားကို ရေရွတ်လိုက်တဲ့သူကတော့ ဘုရားရှင်လက်ထက်တော်အခါက အားလုံးသိထားကြတဲ့ ယသသူဌေးသားပါပဲ။

မြတ်စွာဘုရားရှင် ပဉ္စ၀ဂ္ဂီငါးပါးကို ဓမ္မစကြာတရားဦးဟောပြီး မိဂဒါဝုန်တောမှာ သီတင်းသုံးနေတော်မူတဲ့အချိန် ဗာရာဏသီပြည် သေနနိဂုံးက နို့ ဆွမ်းလှူတဲ့ သုဇာတာရဲ့ သား ယသသူဌေးသားဟာ ပြဿဒ်သုံးဆောင်မှာ ရာသီအလိုက် တလှည့်စီ တစ်ထောင့်ငါးရာသော မောင်းမမိဿံတွေနှင့် မိမိကလွဲ တခြားသော ယောကျာ်းမရှိပဲ ကာမဂုဏ်စည်းစိမ်းကို ခံစားနေပါတယ်။

တစ်ညမှာတော့ သတို့ သားဟာ ခပ်စောစောအိပ်ပျော်သွားပြီး ညဥ့်နက်ပိုင်းမှာ တရေးနိုးထလာတယ်။ အဲဒီအချိန်ဟာ မိုးတွင်းကာလဖြစ်တော့ (ကျွန်တော့်စိတ်ထင် ပြဿဒ်ရဲ့ လေသာပြူတင်းတွေကို မိုးလေမ၀င်အောင်လို့ ပိတ်ထားကြမယ်ထင်တယ်) ညအစောပိုင်းတုန်းကတော့ သူဌေးသားကို အလုပ်အကျွေးတွေက ၀ိုင်းပြီး ယပ်ခပ်ပေးနေကြမှာပါ။ မင်းသားလည်း အိပ်ပျော်သွားရော၊ သူတို့ တွေလည်း ယပ်ခပ်တာကို ရပ်နားကြပြီး အိပ်မောကျနေစဉ် အခန်းဟာ လေ၀င်လေထွက်မရှိတော့ဘဲ လှောင်ပိတ်နေဖို့ များပါတယ်။ သတို့ သားက အိုက်စပ်စပ်နှင့် နိုးလာတဲ့အချိန် မိမိရဲ့ ကိုယ်လုပ်မောင်းမတွေမှာ ဟောက်တဲ့သူက ဟောက်၊ အ၀တ်အစားဖရိုဖရဲနှင့် အိပ်ပျော်တဲ့သူက ပျော်၊ လက်ကားယား ခြေကားယားတွေနှင့် အိပ်တဲ့သူကအိပ်၊ ဒီကြားထဲ သူတို့ တွေဆီကထွက်လာတဲ့ စက်ဆုပ်ဖွယ်အနံ့ တွေကို ရတဲ့အခါ သတို့ သားဟာ စိတ်နှလုံးတုန်လှုပ်ပြီး အလန့် တကြား ခုနက စကားကို ရေရွတ်မိတာ ဖြစ်ပါလိမ့်မယ်။

ဒီလိုနဲ့ ပဲ ယသသတို့သားဟာ ပြဿဒ်ကနေထွက်လာ၊ မိဂဒါဝုန်တောကို ရောက်ပြီး စကြံင်္လျှောက်တော်မူနေတဲ့ မြတ်စွာဘုရားရှင်နှင့် ဆုံတွေ့ပါတော့တယ်။ ဒီအခါမှာလည်း ယသဟာ “ဥပဒ္ဒုတံ” ကိုပဲ မြတ်စွာဘုရားရှင်ကို ပြောကြား လျှောက်ထားလိုက်ပါတယ်။ ဒီတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက-

“ဣဒံ ခေါ ယသ အနုပဒ္ဒုတံ အနုပဿဋ္ဌံ၊ ဧဟိ ယသ နိသီဒ၊ ဓမ္မံ တေ ဒေသေဿာမိ”

“ချစ်သား ယသ.... ငါ ရအပ်သော အမြိုက်နိဗ္ဗာန်သည် ရွံ့ရှာစက်ဆုပ်အပ်သော သဘောမရှိ၊ ထိပါးနှိပ်စက်ခြင်းလည်း ကင်း၏၊ သန့် ရှင်းစင်ကြယ်စွာ ချမ်းသာ တကာတို့ ၏ အထွတ်လည်းဖြစ်၏၊ ယုတ်ညံ့သော သတ္တ၀ါတို့  ရောက်ခြင်းငှာမထိုက်၊ ကြီးမြတ်သော ပုညသမ္ဘာရ ရှိသောသူတို့ ၏ နေရာသာလျှင်ဖြစ်၏၊ အနှစ်သာရနှင့်ပြည့်စုံ၍ ဂုဏ်အပေါင်းတို့ ၏ တည်ရာလည်းဖြစ်၏၊ ချစ်သား ယသ.... စင်ကြယ်လှသော သုခကို သင်အလိုရှိမူကား လျင်စွာလာလော့၊ ချမ်းသာကြောင်းဖြစ်သော နိဗ္ဗာန်တရားကို သင့်အား ငါဟောအံ့”


လို့ မိန့် တော်မူပြီး ကြိုဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ပဲ ယသလုလင်တစ်ယောက် ဘ၀တွေရဲ့ ကုန်ဆုံးရာဆီသို့ ဆိုက်ရောက်ခိုလှုံသွားခဲ့ရပါတော့တယ်။

နိဂုံး

ကျွန်တော်အခုရောက်နေတဲ့ မြို့ မှာတော့ တီဗွီတွေထဲမှာ အိပ်ယာထ ပါးစပ်မနံအောင်ဆိုပြီး သောက်ဖို့ ဆေးပြားလေးတွေ ကြော်ငြာနေတာတော့ တွေ့ နေရပါတယ်။ သွားတိုက်ဆေးကြော်ငြာတွေ၊ ခံတွင်းသန့် ဆေးကြော်ငြာတွေကတော့ ထုံးစံအတိုင်း အသွင်အမျိုးမျိုးနှင့် စားသုံးသူတွေ ၀ယ်ချင်စိတ်တဖွားဖွားပေါ်လာအောင် ဆွဲဆောင်နေကြလေရဲ့ ။

ခေတ်မီနည်းပညာတွေနှင့်တော့ လူတွေရဲ့ အမှန်သရုပ်ကို ဟန်လုပ်ဖုံးကွယ်ဖို့  နည်းပေါင်းစုံနှင့် ကြိုးစားနေကြတာ တိုးတက်ဖွံ့ ဖြိုးမှုရဲ့ လက္ခဏာတစ်ခုအနေနှင့်တော့ ချီးကျူးရမှာ အမှန်ပါပဲ။ ဒါပေမယ့်....ခန္ဓာရဲ့ တကယ့်အရှိတရားက အပုပ်ကောင်ရုပ်ဆောင်နေတာသာမို့  တစ်ချိန်မှာတော့ ကြိုးစားပြုပြင် ဖုံးကွယ်ထားတာတွေ အားလုံးရပ်ဆဲပြီး အရှိ အရှိအတိုင်း ဖြစ်မယ့်၊ ကျန်ခဲ့မယ့် အချိန် ရောက်လာကြမှာပါဘဲ။ အဲဒီအချိန်မတိုင်မီ ဒီအပုပ်ခန္ဓာကိုယ်ကို အရင်းပြုပြီး အကျိုးတစ်စုံတစ်ရာထွက်အောင် လုပ်ထားနိုင်မှသာ တော်ပေတော့မယ်လို့  ရထားပေါ်မှာ နိုးတစ်ဝက် ငိုက်တစ်ဝက်နှင့် ကိုယ့်ဟာကိုယ်နှလုံးသွင်းမိရင်း.....

လေးစားစွာဖြင့်
ဝိမုတ္တိသုခ


ကျမ်းကိုး
ဇိနတ္ထပကာသနီကျမ်း




ဆက်လက်ဖတ်ရှုရန်

Tuesday, August 24, 2010

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၃)

ဘုန်းကံကြီးမားခြင်း၏ အကြောင်းတရားများ

ပစ္စုပ္ပန်တိုင်း အလေးထားကာ မေတ္တာတရားဖြင့် ပျော်ရွှင်ကြည်နူးစွာ ပြုလုပ်သင့်သော ဘုန်းကြီးခြင်း၏ အကြောင်းတရားသည် ဆယ်ပါးရှိပါသည်။ ၄င်းတို့ မှာ-

(၁) ဒါန - စွမ်းသမျှသော ပစ္စည်းဥစ္စာဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၂) သီလ - ဖြူစင်သောကိုယ်ကျင့်တရားဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၃) ဘာဝနာ - မြင့်မြတ်သောစိတ်ထားများ မွေးမြူပွားများ၍ နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၄) အပစာယန - သက်ရှိ၊ သက်မဲ့ လောကတစ်ခုလုံးအပေါ် ရိုသေမှု၊ လေးစားမြတ်နိုးမှုဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၅) ဝေယျာဝစ္စ - ကိုယ်ထိလက်ရောက်အပင်ပန်းခံ၍ နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၆) ပတ္တိဒါန - မိမိ၏ဖြူစင်သောကောင်းမှုများကို သူတစ်ပါးအားမျှဝေတိုက်တွန်းမှုဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၇) ပတ္တာနုမောဒန - သူတစ်ပါးတို့ ၏ ဖြူစင်သောကောင်းမှုများကို အားပေးဝမ်းမြောက်မှုဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၈) ဓမ္မသ၀နာ - ဗုဒ္ဓဒေသနာတော်နှင့် မြင့်မြတ်မှန်ကန်သော အသိပညာတို့ ကို လေ့လာနာယူ၍ နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၉) ဓမ္မဒေသနာ - ဗုဒ္ဓဒေသနာတော်နှင့် မြင့်မြတ်မှန်ကန်သော အသိပညာတို့ ကို သူတစ်ပါးတို့ ကို ဟောပြောပို့ ချသင်ကြားပေးလျှက် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၁၀) ဒိဋ္ဌိဇုကမ္မ - ကမ္မနိယာမနှင့် အထက်ပါ (၉)ပါးတို့ ကို လေးနက်စွာ ဖြောင့်မှန်စွာ နားလည်သိမြင်သဘောပေါက်လျှက် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း

အထက်ပါဆယ်ပါးသော ကောင်းမှုတရားတို့ ကို ပစ္စုပ္ပန်တိုင်း စွမ်းနိုင်သမျှ ပျော်ရွှင်ဝမ်းမြောက်စွာ ကျင့်သုံးနေပါလျှင် နိုင်ငံရေးဆောင်ရွက်သူတို့ သည် အလောင်းတော်မဟောသဓာကဲ့သို့ ပင် မိမိတို့ စွမ်းရည်အလျှောက် ဘုန်းရှိန်တောက်လာမည်။ နိုင်ငံနှင့် လောကကောင်းကျိုးကို တနေ့ တခြား တိုးပွားဆောင်ရွက်လာနိုင်မည် ဖြစ်ပါသတည်း။

အညတြသုတေသီတစ်ဦး

ရွှေရတု
အတွဲ ၉၊ အမှတ် (၁၀)
ဖေဖော်ဝါရီလ၊ ၂၀၁၀။

(ဆက်လက်ဖော်ပြပေးသွားပါမည်။)

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၂)

ဆက်လက်ဖတ်ရှုရန်

Monday, August 23, 2010

သာရောပမသုတ် (အကာပယ်ပစ် အနှစ်ကိုရှာ) (အပိုင်း ၃)

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ

ဘုရား ကိုယ်တိုင်လည်း ဟောပြီးသား.. အနှစ်သာရ က ဘာလဲဆိုရင် အချိန်မရွေး လွတ်မြောက်မှုပဲ.. သဘောပေါက်လား.. သီလပိုင်းကလည်း ဘာအတွက်လည်း ဆိုရင် လွတ်မြောက်ဖို့ အတွက်ပဲ.. သမာဓိကလည်း ဘာအတွက်လည်း ဆိုရင် လွတ်မြောက်ဖို့ အတွက်ပဲ.. အဲဒီအတွက်သာ ဘုရားဟောတာ.. ဒါမှသာ တဏှာအစပ် ပြတ်မှ ဇာတိ မလာမှာကိုး.. နားလည်ပြီနော်.. မဟာသာရောပမ သုတ္တန်မှာ ဟောထားပြီးသား.. ဒါလည်းပဲ ဘုန်းကြီးတို့ လူကော၊ ရဟန်းကော သတိထားရမယ့် အချက်ပဲနော.. တစ်နေ့ ဘုရားက ရဟန်းတွေကို အမိန့်ရှိတယ်၊ တရားကို မှတ်ကြတဲ့.. ငါဘုရား ရှိတုန်းမှာ ကြိုးစားမှတ်ကြ၊ ငါဘုရား မရှိမှ နောင်တတဖန် မဖြစ်ကြနဲ့လို့ အမိန့်ရှိတယ်။ ဒေ၀ဒတ်ကြီး အကြောင်းပြုပြီးတော့ကာ ဘုရားဟောတဲ့ တရား.. မဟာ သာရောပမ သုတ္တန် ဆိုတာရှိတယ်..

တစ်နေ့တဲ့ သစ်ပင်ရဲ့ အနှစ် ကို ရှာတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနှစ်ကို မသိဘဲနဲ့ကာ တောထဲသွားတယ်.. သစ်ပင်တွေ့တဲ့ အခါမှာ သူက အခက်အရွက် ကလေးတွေကို အနှစ်ထင်ပြီး ပြန်လာတယ်တဲ့.. ဒါ တစ်ယောက်ပေါ့နော.. ချစ်သားတို့.. အနှစ်နဲ့မှပြီးမယ့် ကိစ္စမှာ ပြီးပါ့မလားလို့ မေးတော့.. ပြီးပါ့မလား.. မပြီးဘူးနော်.. တစ်ခါ နောက်တစ်ယောက်လည်း သွားပြန်တယ်.. သူလည်း အနှစ် မသိဘူးတဲ့.. သူကျတော့ အပွေးလေးတွေ ကို အနှစ်ထင်ပြီး ခွါလာတယ်.. ဒီတစ်ယောက်က ဘာတုန်း.. အပွေး.. နောက်တစ်ယောက်ကလည်း အနှစ်မသိဘူး.. တစ်ခါ အခေါက် ကလေးကို အနှစ်ထင်ပြီး ခွါလာတယ်.. မှတ်ထားနော်.. နောက်တစ်ယောက် ကျတော့ကာ အကာ ရောက်သွားပြီ.. တော်တော် ကောင်းပြီ.. အကာကိုလည်း အနှစ်ထင်ပြီး ခွါလာတယ်.. အနှစ် မရောက်သေးဘူးနော်.. နောက်ဆုံး တစ်ယောက်ကျမှ အနှစ်ကို သိလို့ အနှစ် ကို ယူလာတယ်တဲ့..

ဘယ်နှစ်ဦးလဲ.. ငါးဦး.. ပထမက အခက်အရွက်၊ ပြီးတော့ အပွေး၊ အခေါက်၊ အကာ၊ အနှစ် မရောက်သေးဘူးနော်.. အနှစ် က နောက်ဆုံးမှ ရောက်တာ..

အဲဒီလိုပဲ.. ဘုရား သာသနာမှာကွယ်.. ပထမ အခက်အရွက် ကိုခူးတဲ့ သာသနာတွင်း ပုဂ္ဂိုလ် ရှိတယ်တဲ့.. ဘုရားရှင် မိန့်တာက အခက်အရွက် ကို ခူးကြတယ်တဲ့.. ဘာလဲ ဆိုတော့.. လာဘ်လာဘ အပူဇော် အကျော်စော တဲ့.. စပြီ ဆိုကတည်းကိုက လာဘ်လာဘ ဗဟိဒ္ဒ အခြွေရံ အကျော်စောကို အနှစ်ထင်တာတဲ့.. ငါက ထင်ပေါ် ကျော်စောတယ်၊ ငါက ကျောင်းကြီး အကြီးကြီး၊ ဖုန်း ဘယ်လောက်.. မျိုးစုံ ကြွားတာ.. အဲဒါတွေကို အနှစ်သာရ ထင်ပြီးတော့ကာ၊ ပန်းတိုင် ထင်ပြီးတော့ကာ အားထုတ်ကြတာ.. ကျောင်းကြီး ဆောက်ပြီးပြီ၊ ကားတွေ ပိုင်မယ်၊ ဖုန်းတွေ ပိုင်မယ်.. ဘုန်းကြီးတဲ့ သံဃာတစ်ပါး.. ဘုန်းကြီးတဲ့ ရဟန်း.. ဘုန်းကြီးတဲ့ ယောဂီ.. အမျိုးမျိုးပေါ့နော.. လာဘ်ပသက္ကာ အပူဇော် အကျော်စောကိုပဲ အဆုံး ထင်ပြီးတော့ကာ ပန်းတိုင် ထင်ပြီးတော့ ကျင့်ပြီးတော့ “ငါသာလျှင် ပြည့်စုံတယ်.. သူများက မပြည့်စုံဘူး ဆိုပြီး နှိမ့်ချတာ” ကိုယ့်ကိုယ်ကို မာန်ရစ်ပြီးတော့ တင်နေတယ်တဲ့.. အဲဒါဟာ အခက်အရွက် ခူးတဲ့ ပုဂ္ဂိုလ်.. ဘာမှ အနှစ် မရောက်ဘူးတဲ့..

နောက် ဒုတိယ တစ်ဆင့်.. သီလ ကို စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်.. သီလကို ဩော်.. လာဘ်လာဘတွေ အရေးမကြီးဘူး.. သီလမြဲဖို့ အဓိကပဲ ဆိုပြီး သီလကို အားစိုက်တာ.. စိုက်တော့ သီလမှာ လုံနေတဲ့ အခါကျတော့.. မာန တက်သွားတယ်.. သီလမာန.. “ငါသာ သီလလုံတာ.. ဒင့်ဖြင့် ပုဂ္ဂိုလ်တွေက ငါ့လို မဟုတ်ဘူး.. ဖိုးသူတော်လောက်ပဲ အောက်မေ့တာ” တစ်ဖက်သားကို သီလ မလုံဘူးဆိုပြီး နှိမ့်ချတာ.. ကိုယ့်ကိုယ်ကို မြှင့်တင်တာ.. အဲမှာ သောင်တင်ပြန်ရော.. သဘောပေါက်လား.. ပြောရရင် မျက်မှောင်ကုတ် ကြည့်တာပေါ့.. သီလ မလုံတဲ့သူတွေကို မျက်မှောင်ကုတ် ကြည့်တာ.. သင်္ကန်းရုံတာလေး စောင်းရင်တောင် မှပဲ.. ကိုယ်က တည့်ထားတော့ မျက်မှောင်ကုတ် ကြည့်တယ်ဆိုတာ မာန တက်တာ.. သဘောပေါက်လား.. နားလည် ခွင့်လွှတ်စိတ် မရှိတော့ဘူး.. သီလ သဘောတရားကလည်း ဘာအတွက် ဆိုတာ သိမထားတာ.. ၀ိမုတ္တိ ရောက်ဖို့ အတွက် ဘုရားက လမ်းခင်းထားတာပဲ ရှိသေးတယ်.. သာသနာမှာ ဆိုရင် အပွေးလေး ခွါတာ.. တဲ့.. ဘာခွါတာတုန်း.. အပွေး ခွါတာနော်..

တစ်ခါ တစ်ဆင့်တက်.. ဒါက ဘာလဲ ဆိုရင် ပညာ ၀ိမုတ္တိ သွားဖို့အတွက် ဘုရားက ဟောတဲ့ တရားနော်.. သာသနာတော်ကြီး ခိုင်မြဲဖို့ အတွက်ကတော့ သီလက အဓိကပေါ့.. ၀ိနည်းက အဓိကပေါ့.. သဘောပေါက်လား.. ရေရှည်ခိုင်ဖို့ ထားနော်.. သို့သော် လုပ်ငန်းခွင် ကျတော့ကာ.. ကြည့်လိုက်တော့ အပွေး လောက်ပဲ ရှိတယ်လို့ ဘုရားက ပြတာ.. ၀ိမုတ္တိ လုပ်ငန်းစဉ်မှာကျတော့ ဘာခေါ်လဲ.. အပွေး အဆင့်ပဲထား.. သာသနာ အရှည်တည်ဖို့ကျတော့ စည်းကမ်း မို့လို့.. စည်းကမ်းဘောင် ရှိမှ သာသနာက နှစ်ပေါင်းများစွာ ခိုင်မှာ.. ဒါက တစ်ပိုင်း.. သဘောပေါက်လား.. ဒါလည်း မြဲအောင် ကြိုးစားရ မှာပဲနော်.. အဲ ဒါပေမယ့်လို့ လုပ်ငန်းခွင် ကျတော့ ၀ိမုတ္တိ လမ်းကြောင်းကျတော့.. ဘုရားက ဘယ်လို ပြတုန်း.. သာသနာမှာဆို အပွေးပဲ ရှိသေးတယ်.. အကာတောင် မရောက်သေးဘူး.. အခေါက်တောင် မရောက်သေးဘူး..

တစ်ချို့ကျတော့ သီလကလည်းပဲ ဘာမှ မဟုတ်သေးဘူး.. ထပ်တိုးပြီး တစ်ဆင့် တက်ရဦးမယ်.. ကမ္မဋ္ဌာန်းတွေ ပွားရဦးမယ်.. ဆိုပြီး ကမ္မဋ္ဌာန်းကို အားစိုက်တော့ကာ သမာဓိတွေ မြဲပြီး.. အားကောင်းလာတော့ ကြည်လင်တော့ကာ.. ဘေးလူတွေကို ကြည့်ပြီး.. “ငါ့လို ကမ္မဋ္ဌာန်း မပွားကြဘူး” သူများနှိမ့်ချ.. ကိုယ့်ကိုယ်ကို မြှင့်တင်.. သောင်တင်နေပြန်ရော.. နားလည်မလား.. အဲဒီမှာလည်း တစ်ခါ အဲဒါ အခေါက် ခွါတာ.. နားလည်ပြီနော်.. မျက်စိ မလည်နဲ့နော်.. ရှိတယ်နော်.. ဒါ သတိထားပါ..

တစ်ခါ တစ်ဆင့်တက်လိုက်တော့ကာ သမာဓိ ဈာန် ပါ ရပြီတဲ့ အဘိဉာဉ် တန်ခိုးပါ ရပြီတဲ့.. ဒေ၀ဒတ်ကြီးလို.. သဘောပေါက်လား.. လောကီ အဘိဉာဉ် ဈာဉ်တွေ ရပြီး အကြားအမြင်တွေ ရတယ်.. ဖောက်မြင်တယ်.. အားအင်တွေ ကောင်းပြီး ကောင်းကင် ပျံနိုင်တယ်.. အားရှိသွားတာ.. အဲဒီတော့ကာ မာန တက်ပြီးတက်ပြီးတော့ “ဒင့်ဖြင့် ပုဂ္ဂိုလ်တွေက တကယ်မှ မကျင့်ဘဲ.. ငါ့လိုဘယ်ရမလဲ. ငါသာ ပျံနိုင်တာ” ဆိုပြီးတော့ တစ်ဖက်သား နှိမ့်ချ.. ကိုယ့်ကို မြှင့်တင်ပြီးတော့ မာန တက်ပြီးတော့ အဲမှာ သောင်တင်နေ ပြန်ရော.. အဲဒါ ကပ်နေပြီနော်.. အကာ ရောက်နေပြီ.. အနှစ်နား ကပ်နေပြီ.. အလှည့် လိုတော့တာနော်.. အဲဒီမှာ တစ်ခါ သွားပြန်တာပဲ.. တစ်ချို့ရှိတယ်.. နာရီပေါင်းများစွာ ထိုင်နိုင်တယ်.. သမာဓိ ကောင်းတာကိုး.. အကြာကြီး ထိုင်ပြီး.. ငြိမ်ပြီး အေးချမ်းနေပြန်တယ် ဆိုရင်ပဲ အထိုင်ကျနေတာပဲ.. “ငါက အထိုင်နိုင်ဆုံး.. ဒင့်ဖြင့်လူက ငါ့လို မထိုင်နိုင်ဘူး” ဆိုပြီး.. မာန်တက်တာ.. အဲဒီမှာ သောင်တင်တာ အများကြီးပဲ.. သဘောပေါက်လား.. လူများရင် ထိုင်ကြပြီ.. လေးငါး ဆယ်ရက်.. တစ်ချို့ လေးငါးရက်.. လေးငါးနာရီ ထိုင်ကြပြန်ပြီ.. မသိမသာ မာန်တက်တာ မသိဘူး..

အမှန် ဒီအကျင့်က သူများသိအောင် ကျင့်တာမှ မဟုတ်ဘဲနဲ့.. ကိုယ့်ကိုယ့်ကို စောင့်ရှောက်တဲ့ အလုပ်.. ဘုရားဟောမှာ မထေရ်တစ်ပါး.. ရဟန်းတာနေပြီ.. ရှင်ဘုရင် ပင့်တာ မလိုက်ချင်တော့ ရှင်ဘုရင် ကြွတဲ့ အချိန် ကုတင်ပေါ်မှာ ၀မ်းလျားမှောက်ပြီး.. တုတ်နဲ့ မြေကြီး ခြစ်ပြနေတာ.. ဘုရင်က တွေ့တော့ “ဟင်” ဆိုပြီး ပြန်သွားရော.. အဲတော့ ဘေးက သံဃာတွေက အရှင်ဘုရား ဘယ်လိုလုပ်လိုက် တာတုန်း.. သာသနာ ကြည်ညိုရာ မဖြစ်တော့ဘူးပေါ့.. ဆိုပြီး ၀ိုင်းပြောကြတာ.. အေးကွယ်.. သာသနာ ကြည်ညိုဖို့က ငါ့တာဝန်ထား ဆိုပြီး အဓိဋ္ဌာန်ပြီးတော့က ပရိနိဗ္ဗာန် ပြုသွားကော..

နောက်ပြီး ရဟန်းတစ်ပါး.. စာချရင်းနဲ့ ရဟန်းတာနေတာ.. ဒါပေမယ့် ရဟန္တာ ဖြစ်နေတာ လူမသိကြဘူး.. အရှင်ဘုရား ကျောင်း ခေါင်မိုးထက်မှာ အခေါင်းနှစ်ခေါင်း ဆန်းဆန်း ကြယ်ကြယ် ရောက်နေပါတယ် ဆိုတော့.. အော် အော် အော်.. ဘုန်းရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ရောပြီး အပူဇော် ခံရမှာပေါ့ဆိုပြီး သင်္ကန်းလေး ရုံပြီး ကောင်းကင် ပျံသွားရော.. နောက်ပြီး အခေါင်းထဲ ၀င်လိုက်တာ ပရိနိဗ္ဗာန် ပြုသွားရော.. အခေါင်း တစ်ခေါင်းက ခုန ပျံလွန်တော်မူ သွားတဲ့.. မြေကြီး တုတ်နဲ့ခြစ်တဲ့ ရဟန္တာရဲ့ အခေါင်း.. အခေါင်း နှစ်ခေါင်းက အပေါ်မှာ တံ့နေတာနော်.. ဘယ်သူမှ ချလို့ မရဘူး.. ဘုရင်ကိုယ်တိုင် ကန်တော့မှ ကျတယ်.. သဘောပေါက်လား.. သာသနာကို ကြည်ညိုအောင်လည်း လုပ်တော့ လုပ်ပစ်ခဲ့တာပဲ..

အဲတော့ သတိထားရမှာ ဘာလဲ ဆိုတော့.. သူများ အထင်ကြီးအောင် ဟန်ဆောင်ပြီးတော့ ထိုင်တာမျိုး မလုပ်ရဘူးနော်.. သိမ်မွေ့တဲ့ မာန.. မာန.. ငါအကြာကြီး ထိုင်နိုင်တာပဲ.. ဆိုပြီး မာနနဲ့ ထိုင်တော့ ကောင်းပါ့မလား.. မလုပ်နဲ့.. သဘောပေါက်လား.. သူများသိအောင်.. သိမ်မွေ့တဲ့ မာနနော်.. ငါထိုင်တာ သူများသိအောင်၊ ငါကျင့်တာ သူများ သိအောင်.. ညဘက်က ငါ ဘယ်နှစ်နာရီ ကြာအောင် ပွားမိတာ.. မကြွားနဲ့.. သဘောပေါက်လား.. တစ်ချို့က ညက ငါ ဓုတင် ဆောက်တည်တာ.. သူများကို သိအောင် ကြွားတယ်.. ကြွားစရာ အလုပ်မှ မဟုတ်ဘဲနဲ့နော်.. သဘောပေါက်လား.. အဲဒါကိုက သိမ်မွေ့တဲ့ မာန.. ငါဘယ်လောက် ထိုင်နိုင်တယ် ဆိုတာလည်း ကောင်းပါ့မလား.. လုပ်မပြရဘူးနော်.. ဆုံးမပြီးသား. ဆရာတော်တွေ ၀ိသုဒ္ဓိမဂ်မှာ.. ဆုံးမပြီးသားနော်.. ဓုတင် ဆောက်တည်တာ တောင်မှ သူများ အသိမခံရဘူး..

ရဟန်းနှစ်ပါး ရှိရာမှာ.. တစ်ပါးက ကျောမချ ဓုတင်ကို တစ်သက်လုံး အဓိဋ္ဌာန် ထားတာ.. အဲဒါ ညကျရင် ထိုင်နေပြီ.. ညကျရင် တုံးလုံး မလှဲဘူး.. ထိုင်နေပြီနော်.. အဲဒါ တစ်ပါးက အိပ်တာ.. မိုးရွာတော့ လျှပ်လက်တဲ့ အခါ နိုးတော့ ကြည့်လိုက်တဲ့အခါ.. ထိုင်လျက် သွားတွေ့တာ.. အရှင်ဘုရား.. ဓုတင် ဆောက်တည်တာလား ဆိုတော့ လှဲလိုက်တယ်.. မပြောဘူး.. ဆောက်တည်တယ် မပြောဘူး.. တုံးလုံးလှဲလိုက်တယ်.. သူများ အသိမခံဘူး.. ဘာမှ မပြောဘဲ လှဲအိပ်လိုက်တယ်.. နောက်မှ သူ့အလုပ်သူ ပြန်လုပ်တာ.. ဓုတင် ဆောက်တည်တာ တောင်မှ အသိမခံဘူး.. အဲလို ဖြစ်ရမယ်တဲ့.. နားလည်တယ်နော်.. ကိုယ်ကျင့်တာကို သူများ သိစေချင်တဲ့ စေတနာလေး ပါတာကိုက သိမ်မွေ့တယ်နော်.. သူများနှိမ့်ချ ကိုယ့်ကို မြှင့်တင်တဲ့ မာန.. သိမ်မွေ့တယ်နော်.. ပါမနေဘူးလား.. အဲမှာ သောင်တင်တတ်တယ်.. နားလည်ကြရဲ့လား.. သဘောပေါက် တယ်နော်.. အရေးကြီး တယ်နော်.. အဲတော့ကာ.. အထိုင်ပြိုင်တာလည်း ဘုန်းကြီးက သတိပေးပါတယ်.. မပြိုင်ကြပါနဲ့.. တစ်ချို့ နာရီတောင် ပြိုင်တယ်.. နာရီပေါင်း ဘယ်လောက် ထိုင်ထားတာ..

အဲလို မဟုတ်ဘူးနော်.. ဘုရား ဟောတာက.. ဘယ်လို ပုံစံဖြစ်ဖြစ်.. အမူအယာ တိုင်းမှာ တဏှာအစပ် ပြတ် မပြတ် သိအောင် ကြိုးစားရမယ်.. ဖြတ်တတ်ရမယ်.. တုံးလုံးလှဲရင်းလည်း မသေနိုင် ဘူးလား.. မေးပါဦးမယ်.. ကဲ.. တစ်နိုင်ငံလုံးမှာ သေတဲ့ မသာကို တွက်လိုက်.. တစ်ရာမှာ တစ်ယောက် ဆိုသလိုနော်.. ရှာကြည့်လိုက်.. ထိုင်သေတဲ့ မသာက နည်းမနေဘူးလား.. လဲသေတဲ့ မသာက များပါတယ်နော်.. တုံးလုံးလှဲရင်း တရားကျင့်လို့ မရနိုင်ဘူးလား.. တုံးလုံး လှဲရင်ပဲ တစ်ချို့က တရားကျင့်တယ် မထင်ဘူးလေ.. တုံးလုံးလှဲရင်းလည်း တရားကျင့်လို့ ရပါတယ်.. သဘောပေါက်လား.. ဒါ သက်သာသော ဣရိယာပုတ် ခေါ်တယ်.. ညာတော့ မညာနဲ့ပေါ့.. တရားကျင့်တယ် ဆိုပြီး အိပ်တော့ မအိပ်နဲ့ပေါ့.. အဲဒါတော့ ညာလို့ မရဘူးပေါ့နော်.. ရှိဘူးတယ်.. ဘုန်းဘုန်းတို့ တောသွားတော့.. ဘုန်းဘုန်းနဲ့အတူ တစ်ပါးပါတယ်.. အဲဒီ ကိုယ်တော်ကြီးက သူက ခပ်ပျော်ပျော် နေတာကိုး.. အဲဒါ နေ့ခင်းဘက် အိပ်ချင်တော့.. ကျောင်းသားကို မှာတယ်.. ဘုန်းကြီး မေးလို့ရှိရင် တရားထိုင်နေတယ် ပြောလိုက်တဲ့.. အဲဒါ ကျောင်းသားက တင်ပါ့ဘုရား ဆိုတော့ သူက ၀င်အိပ်တာ.. ဧည့်သည်လာတော့ ကလေးက ချောင်းကြည့်တယ်.. ကလေးက မညာတတ်ဘူး.. အဲဒါ ချောင်းကြည့်တော့ အိပ်နေတာ တွေ့တော့.. ဘုန်းဘုန်း ဘာလုပ်နေလဲ ဆိုတော့.. တရား ကျိန်းနေတယ်တဲ့..  ထိုင်တယ် မပြောဘဲ တရားကျိန်းနေတယ်တဲ့.. အခုလည်းပဲ တရား မကျိန်းကြနဲ့ ပေါ့နော်.. အဲတော့ ညာတော့ မညာကြနဲ့ ပေါ့နော်.. တုံးလုံးလှဲလည်းပဲ.. အိပ်တော့ တကယ် မအိပ်နဲ့ပေါ့နော်.. တရား ကြိုးစားပေါ့.. နားလည်ပြီလား.. ဒီတော့ကာ ဘုရားဟောတာက အင်မတန် ဖြောင့်စင်းဖို့..

ဒါဖြင့်ရင် သာသနာရဲ့ အနှစ်သာရ ကို ရှာတဲ့ နေရာမှာ.. လာဘ်လာဘ ပူဇော်တာတွေ နာမည် ကြီးတာက.. သာသနာမှာ ဘာခေါ်လဲ.. အခက်အရွက်၊ နားလည်မလား.. သီလမှာ သောင်တင်တာ ကျတော့.. အပွေး၊ ကမ္မဋ္ဌာန်းတွေမှာ မြဲတာက.. အခေါက်၊ အဘိဉာဉ် တန်ခိုးပါ ရတဲ့ ပုဂ္ဂိုလ်ကျတော့.. အကာ ပဲ ရှိသေးတယ်တဲ့.. ဒါဖြင့်ရင် အဓိက အနှစ်က ဘာလဲ ဆိုတော့.. အချိန်မရွေးနော်.. လွတ်မြောက်နေဖို့ ပါ။ လွတ်မြောက်မှုကို ဘုရားက လိုချင်တာ.. နားလည်ပြီလား.. အချိန်မရွေး၊ ကာလ မရွေးမှာ.. ဉာဏ်တည့် လွတ်မြောက်မှု သဘောတရား ရဖို့သာ အနှစ်သာရ.. ကျန်တာတွေက ရှေ့ကနေ လမ်းခင်းထားတာ ခေါ်တယ်..

သို့သော် သီလသည် သာသနာရဲ့ အသက်ပါနော်.. သီလကိုလည်း အရှည်တည်အောင် အားလုံး စောင့်စည်းကြရ မှာပေါ့.. သို့သော် အလုပ်ခွင် ကျတော့ကာ မာန ထားရမှာလား.. သီလ မာန မထားရဘူး.. ဖြတ်သွားရ မှာနော်.. ဒါ သတိထားပါ.. “သူများ နှိမ့်ချ ကိုယ့်ကို မြှင့်တင်” တဲ့ မာနမျိုး မဖြစ်စေရဘူးတဲ့.. သဘောပေါက်လား.. သေချာမှတ်ကြနော်.. အဲတော့ ဒီမှာ ဘုန်းကြီးတို့ သတိပေးနေကြတယ်.. သိမ်မွေ့တယ်နော်.. တရားအတင်း ဆိုတာလည်း ပေါ်တတ်တယ်.. တရားအတင်း ဆိုတာလည်း ရှိတတ်တယ်.. ခဏခဏ ဘုန်းဘုန်း ပြောဘူးပါတယ်.. တောင်ငူနယ်မှာ ကလေးတွေ ပြောတာကို တစ်ဆင့် မှတ်ရတာ.. ဗလီ သွားတတ်တော့ ညီအစ်ကို နှစ်ယောက်.. အဲမှာ ညီက ပြန်လည်း ပြန်ရော.. အိမ်ရောက်တော့ အဖေကို တိုင်တယ်.. “အဖေ အဖေ.. အစ်ကိုရယ်တဲ့.. ဘုရားရှိခိုးတာ ဘုရားဆီမှာ စိတ်မရှိဘူး.. ဟိုကြည့် ဒီကြည့်နဲ့တဲ့” “မင်း ဘယ်က မြင်တာတုန်း” ဆိုတော့ “ကျွန်တော် သူ့ကြည့်နေတာတဲ့”  သဘောပေါက်လား.. သူကော ဘုရားဆီမှာ စိတ်ရှိလား.. မရှိဘူးလေ..

တစ်ချို့ရှိတယ်နော်.. ယောဂီတွေ အချင်းချင်း အတင်းပြောကြတာ.. ယောဂီတွေက ရိပ်သာမှာ လာပြီး စကားတွေ များနေကြတာ.. တရားလည်း မထိုင်ဘူး.. လို့ ပြောကြတယ်.. ပြောတဲ့သူကော ထိုင်လား.. 

တစ်ချို့ ပြောတယ်နော်.. အမလေး.. ရိပ်သာနဲ့ မတူဘူး.. စကားတွေ များနေကြတာပဲ.. တရားလည်း မလုပ်ကြဘူး ပြောတော့.. ပြောတဲ့ ပုဂ္ဂိုလ်ကကော.. သူကော ထိုင်လား ဆိုတော့.. ဒီအချိန်မှာ မထိုင်လို့ ပြောတာ.. ဟို ရိုးရိုးတန်းတန်း ပြောတဲ့ ပုဂ္ဂိုလ်က မေ့မေ့ လျော့လျော့ ပြောတာမို့လို့ တော်သေးတယ်.. သူက သူများအပေါ် အထင်သေး ပြောတာ.. ပိုတောင် ညံ့သေးတယ်.. သဘောပေါက်လား.. သူက မာနနဲ့ပြောတာ ပိုတောင် ညံ့သေးတယ်.. နားလည်တယ်နော်.. သတိထားနော်.. သိမ်မွေ့လွန်း အားကြီးလို့ ပြောနေတာနော်.. တစ်ဖက်သား နှိမ့်ချ.. ကိုယ့်ကို မြှင့်တင်တာ အင်မတန် သိမ်မွေ့တာ.. သဘောပေါက်လား.. နားလည်တယ်နော်.. ရိပ်စားမိလား.. အဲတော့ ကိုယ့်ကိုယ်ကို သတိထား.. မမှားစေနဲ့နော်..

အင်မတန် ဆိုးတာ.. သီလလေး မြဲထားလို့ ရှိရင်လည်း တင်းထားပြီးတော့ကာ.. ဒင့်ဖြင့် ပုဂ္ဂိုလ်က ငါ့ထက်နိမ့်တယ်လို့ မြင်သွားရင်ကော ကောင်းလား.. မကောင်းဘူး.. အဲဒီမှာ ခံရတာပဲ.. သဘောပေါက်လား.. နားလည်တယ်နော်.. အားလုံးကို နားလည် ခွင့်လွှတ်ထားပါ.. သူမသာ ကိုယ်မသာပဲ  ဘာမှ မထူးပါဘူးနော်.. နားလည်ကြတယ် မှတ်လား.. အဲတော့ကာ သူလည်း မှားမှာပဲ.. ကိုယ်လည်း မှားမှာပဲ.. မောဟ မကင်းသေးရင် အမှားက ဘယ်ရမလဲ.. ရှိမှာပေါ့.. စံကင်း ဆရာတော်ဘုရားကြီး ပြောသလို “သူမှားလည်း ကိုယ်ပြင်၊ ကိုယ်မှားလည်း အပြင်ခံ” ဒီလိုစိတ် မွေးရမှာနော်.. ယှဉ်ပြိုင်ပြီးတော့ကာ မာနနဲ့ ဆက်ဆံရမှာလား.. အဲဒီ မာနမျိုး မ၀င်ရဘူးနော်.. သတိထားကြ.. ပြင်ကြနော်.. ကဲ.. ဆက်ရအောင်..

တကယ့် အရှိ သဘောတရားကတော့ ၀ိမုတ္တိ ခေါ်တယ်နော်.. ကာလသုံးပါး လွတ်ပြီးတော့ ချုပ်ငြိမ်းနေတာပဲ.. အခု ပြောရင်း ဆိုရင်း ကဲ.. ကြားသိ၊ တွေးသိ၊ သိသဘောတွေဟာ.. အပေါင်းအားဖြင့်နော်.. လောင်ပြီးတော့ကာ ပြီးဆုံး မနေဘူးလား.. အချိန်ထားလိုက်၊ အချိန် ထားလိုက်နော်.. ကုန်မနေဘူးလား.. ကုန်တဲ့ အချိန်က ပြန်လာပါ့မလား.. မလာဘူးနော်.. ခုန ပြောတဲ့ အသံတွေ၊ အသိတွေ လိုချင်တယ်.. ရမလား.. ဘယ်တော့မှ မရတော့ဘူး.. ကဲ ခုနပြောတဲ့ ခံစားမှုတွေ လိုချင်တယ်.. ရမလား.. ကဲ အသက်ရှူလိုက်တဲ့ ခံစားမှုကော ပြန်လိုချင်တယ်.. တစ်ပေါင်းတည်း နော်.. ထုတ်လိုက်တဲ့ ခံစားမှုကိုလည်း ပြန်လိုချင်တယ်.. ရမလား.. မရဘူးလေ.. ခံစားမှုနောက်မှာ အရိပ်ပါ ပါသွားတာနော်.. အရိပ်ကို ထူးပြီးတော့ လုပ်မနေနဲ့.. သဘောပေါက်လား.. တစ်ပေါင်းတည်း ပါတာ.. ပျောက်အောင်လည်း မကြိုးစားနဲ့.. နားလည်ပြီလား.. သူ့သဘော အတိုင်းပဲ.. ပျောက်တာလည်း ရှိပြီးသား.. ပျောက်အောင်လို့ ငါနဲ့ အားမစိုက်နဲ့နော်.. အမှန်သိ လိုက်ရင် သူ့ဟာသူ ပျောက်နေလိမ့်မယ်.. ဒါဖြင့် ကဲ ထပ်ရှူမယ်.. ရှူဆဲကာလ ပေါ်သမျှ ခံစားမှုနဲ့ အရိပ်တွေကို ပြန်လိုချင်တယ်.. ရမလား.. မရှိတော့ဘူးလေ.. သဘောပေါက်လား.. ကဲ ထပ်ပြီး တစ်ခါ ထုတ်လိုက်ပြန်တယ်.. အဲမှာ ရှိတဲ့ ခံစားမှုတွေကို မြဲအောင် ခိုင်အောင် ရပ်ထားမယ်.. ရလား.. ပြန်လိုချင်လို့ကော ရလား.. ပြီးဆုံးနေတာပဲ ရှိတယ်.. နားလည်ပြီနော်.. အချိန်နဲ့ ယှဉ်ထားတာကိုး..

သုတ္တန်က ဘာတုန်း.. ဘဒ္ဒေကရတ္တ သုတ္တန် နော်.. မနက်ဖြန် သဘက်ခါ စိတ်မချရဘူး.. ဒီနေ့ပဲ လုပ်ပါ.. ဘုရားက ဆုံးမခဲ့တာနော်.. အင်မတန် ရှင်းအောင် ဟောပစ်ခဲ့တာ.. နားလည်ပြီလား.. ဒါကြောင့် နတ်တွေ ကြိုက်လွန်းလို့ ဘုရားက လေးခါတောင် ဟောရတာကိုး.. အတိတ်ခန္ဓာ အစဉ်မလိုက်ပါနဲ့.. ပြီးဆုံးခဲ့ပြီ.. အနာဂတ်ခန္ဓာ မတောင့်တပါနဲ့.. မလာသေးဘူး.. ခု ပေါ်ဆဲ ခန္ဓာကကော.. ရေမှာ အရုပ်ရေးသလို၊ ရဲနေတဲ့ သံအိုးကင်းပေါ် ရေစက်ကျသလို.. ထိရင်းပျောက်၊ သိရင်းပျောက်၊ လောင်ရင်းကုန်.. ပြီးဆုံးနေတာ.. ဒါ ခန္ဓာငါးပါးကို ရှုတဲ့နေရာမှာ ဒီနည်းက အမြင့်ဆုံးပဲ.. ဘုရားပေးတာ.. အဲဒါ ဘုရားပြောတဲ့ ၀ယဓမ္မာ သင်္ခါရာ.. ဒါနဲ့မှ သဘောပေါက်ကြ လိမ့်မယ်.. ရပြီလား.. ကိုယ်လုံးထဲက ရွရွမွမွ ရှုတာ ဟုတ်ရဲ့လား.. မဟုတ်ဘူးလေ.. ကိုယ်လုံးကြီး အထည်ထင်ထား ကတည်းကိုက ငြိမ်နေပြီလေ.. ငါ့ကိုယ်လုံးလို့ ထင်ထား ကတည်းကိုက ဒိဋ္ဌိ ပါမနေဘူးလား.. ငါ့ကိုယ်ထဲက လက်ခြေတွေ လိုက်ပြီး ချာလပတ် ရမ်းနေတာပဲ.. ဘယ်တော့ ဆုံးမလဲ.. ငါနဲ့ တိုက်တာကိုး.. မျက်နှာက ငါ ထင်ထားတာကိုး.. အဲလိုဆိုရင်တော့ လည်နေမှာပဲ.. သေအောင်ရှု၊ နိဗ္ဗာန် မပေါ်ဘူး.. သဘောပေါက်လား.. နားလည်တယ်နော်..

ပြန်ပြောမယ်နော်.. ၀ိပဿနာ ရှုတာက ရှေ့စိတ် နောက်စိတ် စကားပြောခဲ့တယ်လေ.. မိုးကုတ် ဆရာတော် ဘုရားကြီးက ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာဟေ့ လို့ မပြောခဲ့ဘူးလား.. ပြောခဲ့ပြီးသား.. အစဉ် ကိုပြောခဲ့ပြီးသား.. ပုစ္ဆာသင်္ချာ တွက်သလိုပဲ..

တစ်ခေါက် ပြန်ပြောမယ်နော်.. ငါးဆယ် အမြှောက် လက္ခဏာ လေး.. ညီမျှခြင်း.. ကဲ ဘာအဖြေ ပေါ်တုန်း.. မနောမှာ ဘာပေါ်လာတုန်း.. ပေါ်တယ်နော်.. အဲတော့ ပြောတဲ့ အသံထဲမှာ အဖြေပါလား.. မနော ပေါ်ပေါ်ချင်းကော အဖြေပေါ်လား.. မပေါ်ဘူး.. နောက်စိတ် အစုကနော်.. နှစ်ရာ ဆိုတဲ့ ပုံလေး ပေါ်မလာဘူးလား.. ပေါ်လာတာ.. အဲဒါ ပညာအလင်းက ဖော်ပေးတာ.. ငါမဟုတ်ဘူး.. အဲဒီအတိုင်းပဲ အသက် ဒီလို ရှူလိုက်ပြီ ဆိုတာနဲ့ ကိုယ်မှာ ထိတာနဲ့ မနောမှာ ပေါ်တာ.. ပေါ်တာကို ခေါင်းမဟုတ်ကြောင်း၊ လက်လို့ မဟုတ်ကြောင်း၊ စကား မပြောကြောင်း.. တံလျှပ်လို ကြည့်ပြီး တရိပ်ရိပ် ကုန်ဆုံးကြောင်း ကြည့်တာက.. ပညာအလင်း.. နားလည်ပြီလား.. အဲဒီအတိုင်း ရှုတာပါ..

တဏှာဆိုတာ အဲဒီ အာရုံကို ဆက်တာ.. အကောင်ထင်ပြီး ဆက်တာက တဏှာ.. ဆက်တော့မှ ငါ့ခေါင်း၊ ငါ့ကိုယ်၊ ငါဘယ်လို နေချင်တာ၊ ငါဘယ်လို ဖြစ်ချင်တာ.. ဆိုရင် ဥပါဒါန်.. နားလည်ပြီလား.. အဲလို အားစိုက်လိုက်တာနဲ့ ရင်ထဲမှာ တင်းပြီး တွန်းအားထွက်ရင် ဓါတ်ရိပ် ဓါတ်ခိုးပြောင်းပြီး တော့ကာ ကမ္မဘ၀ ပဲ.. မကျေမနပ်ဆိုရင် မျက်နှာက ငြှိုးကျပြီး ပူလောင်နေရင် အပါယ် ဇာတိပဲ.. ပြန်ပြောမယ်နော်.. သေချာမှတ်ကြ.. ကိုယ့်ကိုယ်ကို ပြန်ပြီး မကျေမနပ် ဖြစ်နေလို့ မျက်နှာ ငြှိုးကျသွားလည်း ဘာခေါ်လဲ.. အပါယ်ဇာတိ ဖြစ်နေတာပဲ.. ညံ့တာ.. ပူလောင်တယ် ဆိုကတည်းက ညံ့နေပြီ.. အားမရရင် ပူလောင်ပြီ ဆိုကတည်းက ဘာတုန်း.. အပါယ် ဇာတိပဲ.. ဓါတ်ရိပ်ဓါတ်ခိုး ညံ့နေပြီ.. အမှန်က မျက်နှာ အမြဲတမ်း ရွှင်လန်းနေမှ ကောင်းတာ.. ကုသိုလ်သမား ဆိုတာ ရင်ထဲအေးပြီး အမြဲတမ်း ရွှင်လန်းနေရမှာ.. နားလည်လား.. တစ်နေ့ တစ်နေ့ မျက်နှာ ငြှိုးနေပြီ ဆိုရင်.. အဲဒီ ငြှိုးနေတာကိုက အပါယ်ဇာတိ ဖြစ်နေတာ.. ကိုယ့်ကိုယ်ကို ဒါကြောင့်မို့ အရှုံး မခံနဲ့နော်.. အမြဲတမ်း ပြုံးနိုင်အောင် ကြိုးစားရမှာ..

တဏှာဆိုတဲ့ သဘောတရားက တခြား မဟုတ်ဘူး.. ပေါ်တဲ့အာရုံ၊ မြင်ဖူးတဲ့ အဆင်း၊ ကြားဖူးတဲ့ အသံ၊ နံဖူးတဲ့ အနံ့၊ စားဖူးတဲ့ အရသာ၊ တွေ့ဖူးတဲ့ အတွေ့အထိ.. ပုံရိပ်တွေ ပါပဲနော်.. အဲဒါကို အကောင်အထည် ထင်လိုက်တဲ့ ဒိဋ္ဌိရှိတော့မှ.. ငါထင်တော့မှ တဏှာက ဆက်တာ.. သဘောပေါက်လား.. သူ့သဘောတရား အမှန်ကတော့ ကာလနဲ့ ယှဉ်ပြီး တရိပ်ရိပ်နဲ့ ကုန်ဆုံးဖို့ ပေါ်လာတာ.. ပျောက်ဖို့ ပေါ်တာ.. စကားပြောတာ ပါလား.. မပါဘူး.. တောင်းဆိုချက် ရှိပါ့မလား.. မရှိဘူးနော်.. အဲဒီအတိုင်း သိနေမယ်ဆိုရင် ဒါက ၀ိမုတ္တိ ခေါ်တယ်.. အနာဂတ်လည်း မဟုတ်၊ အတိတ်ကော ဟုတ်လား.. မဟုတ်ဘူးနော်.. ပစ္စုပ္ပန်ကော တင်လား.. လွတ်မြောက်နေတယ်.. အဲဒီရောက်အောင် သွားဖို့ကို ဘုရားက သင်တာ.. နားလည်ပြီနော်.. ဒါ အဓိက သာသနရဲ့အနှစ်ပဲလို့ ဘုရားက ဆုံးမတာ.. ဒါကလိုရင်းပဲလို့ ဘုရားက အမိန့်ရှိတာ.. ဒေ၀ဒတ်ကြီးက အဲဒီ လိုရင်း မရောက်ဘဲနဲ့ ဈာဉ်အဘိဉာဉ်မှာ သောင်တင်ပြီးတော့ ငရဲ ကျသွားတာကိုး.. သဘောပေါက်လား.. နားလည်တယ်နော်.. ဒီအဆင့်ရောက်မှ စိတ်ချရမှာ.. သီလမှာ တင်လည်းပဲ အနှစ် ရောက်ပ့ါမလား.. မရောက်.. သို့သော် သီလသည် သာသနာရဲ့အသက်ဆိုတော့ စောင့်စည်းရမယ်နော်.. လုပ်ငန်းခွင်မှာတော့ ဒါ အပွေး လောက်ပဲ ရှိတယ်လို့ မှတ်ထားရမှာ.. သီလ မာနလည်း မထားရဘူးနော်..

********************************

ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတော်မူသော ကိလေသ သံယောဇဉ်ဆယ်ပါး ပယ်ပုံ တရားတော်မှ ထုတ်နုတ်ရေးသား ပူဇော်ပါသည်..။ အဖြူရောင်မေတ္တာ (http://www.apymt.com/2010/07/blog-post_11.html) မှ ထပ်ဆင့် ကူးယူဖော်ပြပါသည်။

သာရောပမသုတ် (အကာပယ်ပစ် အနှစ်ကိုရှာ)
သာရောပမသုတ် (အကာပယ်ပစ် အနှစ်ကိုရှာ) (အပိုင်း ၂)
သာရောပမသုတ် (အကာပယ်ပစ် အနှစ်ကိုရှာ) (အပိုင်း ၄)


ဆက်လက်ဖတ်ရှုရန်

Sunday, August 22, 2010

ကျေးဇူးတော်ရှင် ဆားတောင်ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိနှင့် ကိုယ်တွေ့ ဖြစ်ရပ်များ

ကျေးဇူးတော်ရှင် ဆားတောင်ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိတော်

Biography Of Ven. Sar Taung Sayadawgyi

(ကိုကျော်ဇေလှ (http://www.dhammaknowledge.co.cc) ထံမှ အီးမေးလ်ဖြင့်လက်ခံရရှိတဲ့ဖိုင်ကို ပြန်လည်ဝေမျှပူဇော်ခြင်းဖြစ်ပါသည်။ )

ဆရာတော်ကြီး၏ အန္တိမဈာပနပုံတော်များနှင့် ဗွီဒီယိုကလစ်ဖိုင်များ
ဆက်လက်ဖတ်ရှုရန်

Saturday, August 21, 2010

သာရောပမသုတ် (အကာပယ်ပစ် အနှစ်ကိုရှာ) (အပိုင်း ၂)

၁ဝ - စူဠသာရောပမသုတ်

၃၁၂။ အကျွန်ုပ်သည် ဤသို့  ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ပိင်္ဂလကောစ္ဆပုဏ္ဏားသည် မြတ်စွာဘုရားသို့  ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် စကား ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံး စေ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ပိင်္ဂလကောစ္ဆ ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့  လျှောက်၏-

''အသျှင်ဂေါတမ တပည့်အပေါင်းနှင့် ပြည့်စုံကုန်သော ဂိုဏ်းနှင့် ပြည့်စုံကုန်သော ဂိုဏ်းဆရာဖြစ်ကုန်သော ထင်ရှား ကုန်သော ကျော်စော ကုန်သော အယူဝါဒကို တီထွင်သူ ဖြစ်ကုန်သော သူတော်ကောင်း ဟု လူအများက သမုတ်ထားသူ ဖြစ်ကုန်သော ပူရဏကဿပ, မက္ခလိဂေါသလ, အဇိတကေသကမ္ဗလ, ပကုဓကစ္စာယန, ဗေလဋ္ဌသား သဉ္စယ, နာဋသား နိကဏ္ဌ ဟူသော သမဏဗြာဟ္မဏတို့ သည်ရှိကုန်၏။ ထိုသူ အားလုံးတို့ သည် မိမိတို့  ဝန်ခံသည့် အတိုင်း သိပါကုန် သလော၊ အားလုံးတို့သည်ပင်မသိဘဲ ရှိပါကုန် သလော၊ သို့ မဟုတ် အချို့ တို့ သည် သိပါကုန် သလော၊ အချို့ တို့ သည် မသိပါကုန်သလော'' ဟု (လျှောက်၏)။

ပုဏ္ဏား ''ထိုသူအားလုံးတို့ သည် မိမိတို့  ဝန်ခံသည့်အတိုင်း သိပါကုန် သလော၊ အားလုံးတို့ သည်ပင်လျှင် မသိဘဲ ရှိပါကုန် သလော၊ သို့ မဟုတ် အချို့ တို့ သည် သိပါကုန် သလော၊ အချို့ တို့ သည် မသိပါကုန်သလော'' ဟု မေးလျှောက်ခြင်းသည် မသင့်လျော်။ ရှိစေဦး ပုဏ္ဏား သင့်အား တရား ဟောအံ့၊ ထိုတရားကို နာလော့၊ ကောင်းစွာ နာလော့၊ ဟောကြားအံ့ ဟု (မိန့် တော် မူ၏)။ ''အသျှင် ကောင်းပါပြီ'' ဟုပိင်္ဂလကောစ္ဆ ပုဏ္ဏားသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားလေသော် မြတ်စွာဘုရားသည် (ဆိုလတ္တံ့သော) ဤတရားကို ဟောတော်မူ၏ -

၃၁၃။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ယောကျာ်းသည် အနှစ် ရှာလှည့်လည်သော် အနှစ် ပြည့်၍ တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင်, အကာကိုလွန်၍ သာလျှင်, အခွံကို လွန်၍ သာလျှင်, အပွေးကို လွန်၍ သာလျှင် အခက် အရွက်ကို ဖြတ်ယူ၍ အနှစ် ဟု ထင်မှတ်လျက် ဖဲခွာသွားရာ၏။ ထိုသူကို မျက်စိ အမြင် ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆို ရာ၏၊ ''ဤအသျှင် ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက် အရွက်ကို မသိ၊ ထိုသို့  မသိသောကြောင့် သာလျှင် အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ဤအသျှင် ယောကျာ်းသည် အနှစ်ရှာ လှည့်လည်သော် အနှစ်ရှိ ပြည့်တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင်, အကာကို လွန်၍ သာလျှင်, အခွံကို လွန်၍ သာလျှင်, အပွေးကို လွန်၍သာလျှင် အခက် အရွက်ကို ဖြတ်ယူ၍ အနှစ် ဟု ထင်မှတ်လျက် ဖဲခွာသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရ လတ္တံ့ '' ဟု (ပြောဆိုရာ၏)။

၃၁၄။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ယောကျာ်းသည် အနှစ် ရှာလှည့်လည်သော် အနှစ် ပြည့်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင်, အကာကို လွန်၍သာလျှင်, အခွံကို လွန်၍ သာလျှင် အပွေးကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွာ သွားရာ၏။ ထိုသူကို မျက်စိ အမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့  ပြောဆိုရာ၏၊ ''ဤအသျှင် ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက် အရွက်ကို မသိ၊ ထိုသို့  မသိသောကြောင့် သာလျှင် အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ဤအသျှင် ယောကျာ်းသည် အနှစ်ရှာ လှည့်လည်သော် အနှစ် ရှိသော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင်, အကာကို လွန်၍သာလျှင်, အခွံကို လွန်၍ သာလျှင် အပွေးကို ဖြတ်ယူ၍ အနှစ် ဟု ထင်မှတ်လျက် ဖဲခွာသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရ လတ္တံ့ '' ဟု (ပြောဆိုရာ၏)။

၃၁၅။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကို ရှာမှီးသော ယောကျာ်းသည် အနှစ်ရှာ လှည့်လည်သော် အနှစ် ပြည့်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင်, အကာကို လွန်၍ သာလျှင် အခွံကို ဖြတ်ယူ၍ အနှစ် ဟု ထင်မှတ်လျက် ဖဲခွါ သွားရာ၏။ ထိုသူကို မျက်စိ အမြင် ရှိသောယောကျာ်းသည် မြင်၍ ဤသို့  ပြောဆိုရာ၏၊ ''ဤအသျှင် ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက် အရွက်ကို မသိ၊ ထိုသို့  မသိသောကြောင့်သာလျှင် အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ဤအသျှင် ယောကျာ်းသည် အနှစ်ရှာ လှည့်လည်သော် အနှစ် ပြည့်၍ တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင်, အကာကို လွန်၍ သာလျှင်အခွံကို ဖြတ်ယူ၍ အနှစ် ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့်အကျိုးကိုလည်း မခံစားရ လတ္တံ့ '' ဟု (ပြောဆိုရာ၏)။

၃၁၆။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ယောကျာ်းသည် အနှစ်ရှာ လှည့်လည်သော် အနှစ်ပြည့်၍ တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင် အကာကို ဖြတ်ယူ၍ အနှစ် ဟု ထင်မှတ်လျက် ဖဲခွါ သွားရာ၏။ ထိုသူကို မျက်စိ အမြင် ရှိသော ယောကျာ်းသည် မြင်၍ ဤသို့  ပြောဆိုရာ၏၊ ''ဤအသျှင် ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက် အရွက်ကို မသိ၊ ထိုသို့  မသိသောကြောင့် သာလျှင် အနှစ်ကိုအလိုရှိ၍ အနှစ်ကို ရှာမှီးသော ဤအသျှင် ယောကျာ်းသည် အနှစ်ရှာ လှည့်လည်သော် အနှစ် ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင် အကာကို ဖြတ်ယူ၍ အနှစ် ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရ လတ္တံ့ '' ဟု (ပြောဆိုရာ၏)။

၃၁၇။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ယောကျာ်းသည် အနှစ် ရှာလှည့်လည်သော် အနှစ် ပြည့်၍ တည်သော သစ်ပင်ကြီး၏ အနှစ်ကို သာလျှင် ဖြတ်ယူ၍ အနှစ် ဟုသိလျက် ဖဲခွါသွား ရာ၏။ ထိုသူကို မျက်စိ အမြင် ရှိသော ယောကျာ်းသည် မြင်၍ ဤသို့  ပြောဆိုရာ၏၊ ''ဤအသျှင် ယောကျာ်းသည် စင်စစ် အနှစ်ကို သိ၏၊ အကာကို သိ၏၊ အခွံကို သိ၏၊ အပွေးကို သိ၏၊ အခက် အရွက်ကို သိ၏။ ထိုသို့  သိသောကြောင့် သာလျှင် အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ဤအသျှင် ယောကျာ်းသည် အနှစ်ရှာ လှည့်လည်သော် အနှစ် ပြည့်၍ တည်သော အပင်ကြီး၏ အနှစ်ကို သာလျှင် ဖြတ်ယူ၍ အနှစ် ဟု သိလျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ် ရမည့်အကျိုးကိုလည်း ခံစားရ လတ္တံ့ '' ဟု (ပြောဆိုရာ၏)။

၃၁၈။ ပုဏ္ဏား ဤအတူ ပင်လျှင် ဤသာသနာတော်၌ အချို့ သော ပုဂ္ဂိုလ်သည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ က လွှမ်းမိုး ဖိစီး ထားသောကြောင့် ဆင်းရဲ ဒုက္ခတွင်းသို့  သက်ဝင် လျှောကျလျက် ဆင်းရဲခြင်း အနှိပ်စက် ခံနေရ၏။ ချမ်းသာ မဖက်သော ဤဆင်းရဲ အစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ ရန်ထင်ရှား ဖြစ်ကောင်း တန်ရာ၏'' ဟု ယုံကြည်ခြင်း 'သဒ္ဓါ'ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ရဟန်း ပြု၏။ ထိုသူသည် ဤကဲ့သို့  ရဟန်း ပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းကျ ဖြစ်၍ အကြံအစည်ပြည့်စုံသူလည်း ဖြစ်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ''ငါသည် လာဘ်သပ်ပကာ အကျော်အစော ရှိသူ ဖြစ်၏၊ ငါမှ တစ်ပါးသော အခြား ရဟန်းတို့ သည်ကား မထင်ရှားကုန်၊ တန်ခိုး အာနုဘော် နည်းကုန်၏'' ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုကား နှိမ့်ချ၏။ လာဘ်သပ်ပကာ အကျော်အစော ထက်လည်း သာလွန် မွန်မြတ် ကုန်သော တစ်ပါးသော တရားတို့ ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်းလည်း မရှိ၊ တွန့် ဆုတ်သော အလို အဇ္ဈသယသာ ရှိ၍အဆုံးအမကို လျော့ရဲစွာ ယူလေ့ ရှိပေ၏။

ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ် ရှိသော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင်, အကာကို လွန်၍ သာလျှင်, အခွံကို လွန်၍ သာလျှင်, အပွေးကို လွန်၍ သာလျှင် အခက် အရွက်ကို ဖြတ်ယူ၍ အနှစ် ဟု ထင်မှတ်လျက် ဖဲခွာသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရ လတ္တံ့ ။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ ပမာနှင့် အလားတူသူ ဟု ဟောကြား၏။

၃၁၉။ ပုဏ္ဏား ဤသာသနာတော်၌ အချို့ သော ပုဂ္ဂိုလ်သည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ က လွှမ်းမိုး ဖိစီး ထားသောကြောင့် ဆင်းရဲ ဒုက္ခတွင်းသို့  သက်ဝင် လျှောကျလျက် ဆင်းရဲ အနှိပ်စက်ခံနေရ၏။ ချမ်းသာ မဖက်သော ဤဆင်းရဲ အစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ ရန် ထင်ရှား ဖြစ်ကောင်းတန်ရာ၏'' ဟု ယုံကြည်ခြင်း 'သဒ္ဓါ' ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်း ပြု၏။ ထိုသူသည် ဤကဲ့သို့  ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေ ပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်း မကျသဖြင့် အကြံအစည် မပြည့်စုံသူဖြစ်ခဲ့၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင် မူ၍ သူတစ်ပါးကို မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစောထက်လည်း သာလွန် မွန်မြတ်သော တစ်ပါးသောတရားတို့ ကို မျက်မှောက် ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်း ထုတ်၏၊ မတွန့်ဆုတ်သောအလို အဇ္ဈာသယ ရှိ၍ အဆုံး အမကိုလည်း လျော့ရဲစွာ ယူလေ့ မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျ ဖြစ်၍ အကြံအစည် ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် ''ငါသည် အကျင့်သီလ ရှိသူ ဖြစ်၏၊ ကောင်းသော တရားရှိသူ ဖြစ်၏၊ ငါမှ တစ်ပါး ကုန်သော အခြား ရဟန်းတို့ သည်ကား အကျင့်သီလ မရှိသူ ယုတ်ညံ့သော တရားရှိသူ ဖြစ်ကုန်၏'' ဟု မိမိကိုယ်ကို မြှင့်တင်၍သူတစ်ပါး ကိုကား နှိမ့်ချ၏။ အကျင့်သီလနှင့် ပြည့်စုံခြင်းထက်လည်း သာလွန် မွန်မြတ် ကုန်သောတစ်ပါးသော တရားတို့ ကို မျက်မှောက် ပြုခင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်းလည်း မရှိ၊ တွန့် ဆုတ်သော အလို အဇ္ဈာသယသာ ရှိ၍ အဆုံး အမကိုလည်း လျော့ရဲစွာ ယူလေ့ ရှိပေ၏။

ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာ လှည့်လည်သော် အနှစ် ပြည့်တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင်, အကာကို လွန်၍သာလျှင်, အခွံကို လွန်၍ သာလျှင် အပွေးကို ဖြတ်ယူ၍ အနှစ် ဟု ထင်မှတ်လျက် ဖဲခွာသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရ လတ္တံ့ ။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ ပမာနှင့် အလားတူသူ ဟု ဟောကြား၏။

၃၂ဝ။ ပုဏ္ဏား ဤသာသနာတော်၌ အချို့ သော ပုဂ္ဂိုလ်သည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ က လွှမ်းမိုး ဖိစီး ထားသောကြောင့် ဆင်းရဲ ဒုက္ခတွင်းသို့ သက်ဝင် လျှောကျလျက် ဆင်းရဲ အနှိပ်စက် ခံနေရ၏။ ချမ်းသာ မဖက်သော ဤဆင်းရဲ အစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ ရန် ထင်ရှား ဖြစ်ကောင်း တန်ရာ၏'' ဟု ယုံကြည်ခြင်း 'သဒ္ဓါ' ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်း ပြု၏။ ထိုသူသည် ဤကဲ့သို့ ရဟန်း ပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေ ပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်း မကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင် မူ၍ သူတစ်ပါးကို မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစော ထက်လည်း သာလွန် မွန်မြတ် ကုန်သော တစ်ပါးသော တရားတို့ ကို မျက်မှောက် ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်း ထုတ်၏၊ မတွန့် ဆုတ်သော အလိုအဇ္ဈာသယ ရှိ၍ အဆုံး အမကိုလည်း လျော့ရဲစွာ ယူလေ့ မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျ ဖြစ်၍ အကြံအစည် ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကိုမမြှင့်တင် မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ အကျင့်သီလနှင့် ပြည့်စြုံခင်း ထက်လည်း သာလွန်မွန်မြတ်သော တစ်ပါးသော တရားတို့ ကို မျက်မှောက် ပြုခြင်းငှါ အလို ဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့် ဆုတ်သော အလို အဇ္ဈာသယ ရှိ၍ အဆုံး အမကိုလည်း လျော့ရဲစွာ ယူလေ့ မရှိပေ။ ထိုရဟန်းသည် တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျ ဖြစ်၍ အကြံအစည် ပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းဖြင့် ''ငါသည် တည်ကြည်ခြင်း သမာဓိ ရှိသူ ဖြစ်၏၊ အာရုံတစ်ခုတည်း၌ တည်တံ့သော စိတ်ရှိသူ ဖြစ်၏၊ ငါမှ တစ်ပါးသော အခြား ရဟန်းတို့သည်ကားတည်ကြည်ခြင်း သမာဓိ မရှိသူ တုန်လှုပ် ပံျ့လွင့်သော စိတ်ရှိသူတို့  ဖြစ်ကုန်၏'' ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုကား နှိမ့်ချ၏။ တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်း ထက်လည်း သာလွန် မွန်မြတ်သော တစ်ပါးသော တရားတို့ ကို မျက်မှောက် ပြုခြင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်း လည်းမရှိ၊ တွန့် ဆုတ်သော အလို အဇ္ဈာသယ ရှိ၍ အဆုံး အမကိုလည်း လျော့ရဲစွာ ယူလေ့ ရှိပေ၏။

ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာ လှည့်လည်သော် အနှစ် ပြည့်၍ တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင်, အကာကို လွန်၍သာလျှင် အခွံကို ဖြတ်ယူ၍ အနှစ် ဟု ထင်မှတ်လျက် ဖဲခွါ သွား၏။ ထိုသူသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရ လတ္တံ့ ။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ ပမာနှင့် အလားတူသူ ဟုဟောကြား၏။

၃၂၁။ ပုဏ္ဏား ဤသာသနာတော်၌ အချို့ သော ပုဂ္ဂိုလ်သည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း။ပ။ ကုန်ဆုံးအောင် ပြုလုပ်ဖို့ ရန် ထင်ရှား ဖြစ်ကောင်း တန်ရာ၏'' ဟု ယုံကြည်ခြင်း 'သဒ္ဓါ' ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်း ပြု၏။ ထိုသူသည် ဤကဲ့သို့ ရဟန်း ပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုသူသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်း မကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင် မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစော ထက်လည်း သာလွန် မွန်မြတ်သော တစ်ပါးသော တရားတို့ ကိုမျက်မှောက် ပြုခြင်းငှါ အလို ဆန္ဒကို ဖြစ်စေ၏၊ အားလည်း ထုတ်၏၊ မတွန့် ဆုတ်သော အလိုအဇ္ဈာသယ ရှိ၍ အဆုံးအမကိုလည်း လျော့ရဲစွာ ယူလေ့ မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့် သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျ ဖြစ်၍ အကြံအစည် ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင် မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ အကျင့်သီလနှင့် ပြည့်စြုံခင်း ထက်လည်း သာလွန်မွန်မြတ်သော တစ်ပါးသော တရားတို့ ကို မျက်မှောက် ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့် ဆုတ်သော အလို အဇ္ဈာသယ ရှိ၏၊ အဆုံးအမကိုလည်း လျော့ရဲစွာ ယူလေ့ မရှိပေ။ ထိုရဟန်းသည် တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျ ဖြစ်၍ အကြံအစည် ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုတည်တံ့ခြင်း သမာဓိနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင် မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်း ထက်လည်း သာလွန် မွန်မြတ် ကုန်သော တစ်ပါးသောတရားတို့ ကို မျက်မှောက် ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်း ထုတ်၏၊ မတွန့် ဆုတ်သောအလို အဇ္ဈာသယ ရှိ၍ အဆုံးအမကိုလည်း လျော့ရဲစွာ ယူလေ့ မရှိပေ။ ထိုရဟန်းသည် (ဒိဗ္ဗစက္ခု)ဉာဏ် အမြင်ကို ရ၏။ ထိုရဟန်းသည် (ဒိဗ္ဗစက္ခု) ဉာဏ် အမြင်ဖြင့် စိတ်တိုင်းကျ ဖြစ်၍ အကြံအစည် ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုဉာဏ် အမြင်ဖြင့် ''ငါသည် သိမြင်လျက် နေ၏၊ ငါမှ တစ်ပါးသော အခြား ရဟန်းတို့ သည်ကား မသိမမြင်ဘဲ နေကုန်၏'' ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုလည်း နှိမ့်ချပေ၏။ ထိုဉာဏ် အမြင်ထက်လည်း သာလွန် မွန်မြတ် ကုန်သော တစ်ပါးသော တရားတို့ ကို မျက်မှောက် ပြုခြင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်းလည်း မရှိ၊ တွန့် ဆုတ်သော အလိုအဇ္ဈာသယ ရှိ၍ အဆုံးအမကိုလည်း လျော့ရဲစွာ ယူလေ့ရှိ၏။

ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာ လှည့်လည်သော် အနှစ် ပြည့်၍ တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင် အကာကို ဖြတ်ယူ၍ အနှစ် ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရ လတ္တံ့ ။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ ပမာနှင့် အလားတူသူ ဟု ဟောကြား၏။

၃၂၂။ ပုဏ္ဏား ဤသာသနာတော်၌ အချို့ သော ပုဂ္ဂိုလ်သည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ က လွှမ်းမိုး ဖိစီး ထားသောကြောင့် ဆင်းရဲ ဒုက္ခတွင်းသို့  သက်ဝင် လျှောကျလျက် ဆင်းရဲ အနှိပ်စက်ခံနေရ၏။ ချမ်းသာ မဖက်သော ဤဆင်းရဲ အစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ ရန် ထင်ရှား ဖြစ်ကောင်းတန်ရာ၏'' ဟု ယုံကြည်ခြင်း 'သဒ္ဓါ' ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်း ပြု၏။ ထိုသူသည် ဤကဲ့သို့ ရဟန်း ပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေ ပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်း မကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင် မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစော ထက်လည်း သာလွန် မွန်မြတ် ကုန်သော တစ်ပါးသော တရားတို့ ကို မျက်မှောက် ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်း ထုတ်၏၊ မတွန့် ဆုတ်သောအလို အဇ္ဈာသယ ရှိ၍ အဆုံး အမကိုလည်း လျော့ရဲစွာ ယူလေ့ မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့် သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျ ဖြစ်၍အကြံအစည် ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကိုမမြှင့်တင် မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ အကျင့် သီလနှင့် ပြည့်စုံခြင်း ထက်လည်း သာလွန်မွန်မြတ်ကုန်သော တစ်ပါးသော တရားတို့ ကို မျက်မှောက် ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့် ဆုတ်သော အလို အဇ္ဈာသယ ရှိ၍ အဆုံးအမကိုလည်း လျော့ရဲစွာ ယူလေ့ မရှိပေ။

ထိုရဟန်းသည် တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျ ဖြစ်၍ အကြံအစည် ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင် မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်း ထက်လည်း သာလွန် မွန်မြတ် ကုန်သော တစ်ပါးသောတရားတို့ ကို မျက်မှောက် ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်း ထုတ်၏၊ မတွန့်ဆုတ်သော အလို အဇ္ဈာသယ ရှိ၍ အဆုံးအမကိုလည်း လျော့ရဲစွာ ယူလေ့ မရှိပေ။ ထိုရဟန်းသည် (ဒိဗ္ဗစက္ခု)ဉာဏ် အမြင်ကို ရ၏။ ထိုရဟန်းသည် ထိုဉာဏ် အမြင်ကို စိတ်တိုင်းကျ ဖြစ်၍ အကြံအစည် ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုဉာဏ် အမြင်ဖြင့် မိမိကိုယ်ကို မမြှင့်တင် မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ ဉာဏ် အမြင်ထက်လည်း သာလွန် မွန်မြတ်သော တစ်ပါးသော တရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်း ထုတ်၏၊ မတွန့် ဆုတ်သော အလို အဇ္ဈာသယ ရှိ၍ အဆုံးအမကိုလည်း လျော့ရဲစွာ ယူလေ့ မရှိပေ။

၃၂၃။ ပုဏ္ဏား အဘယ် တရားတို့ သည် (ဒိဗ္ဗစက္ခု) ဉာဏ် အမြင်ထက် သာလွန် မွန်မြတ်ကုန်သနည်း၊ ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့ မှ ကင်းဆိတ်၍ သာလျှင် အကုသိုလ်တရားတို့ မှ ကင်းဆိတ်၍ သာလျှင် ကြံစည်ခြင်း 'ဝိတက်'နှင့် တကွ ဖြစ်သော၊ သုံးသပ် ဆင်ခြင်ခြင်း 'ဝိစာရ'နှင့် တကွ ဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသော ပဌမဈာန်သို့  ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန် မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန် ထို့ ပြင်လည်း ရဟန်းသည် ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင် စေတတ်သော၊ စိတ်တည်ကြည်ခြင်း 'သမာဓိ'ကို ဖြစ်ပွား စေတတ်သော၊ ကြံစည်ခြင်း 'ဝိတက်'မရှိသော၊ သုံးသပ် ဆင်ခြင်ခြင်း 'ဝိစာရ' မရှိသော၊ တည်ကြည်ခြင်း 'သမာဓိ' ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသော ဒုတိယဈာန်သို့  ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ် အမြင်ထက် သာလွန် မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန် ထို့ ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း 'ပီတိ' ကို မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း 'သတိ' ဆင်ခြင်ခြင်း 'သမ္ပဇဉ်' နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း 'သုခ'ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုသူကို ''လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ'' ဟု အရိယာပုဂ္ဂိုလ်တို့ သည် ပြောကြား ကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ် အမြင်ထက် သာလွန် မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန် ထို့ ပြင်လည်း ရဟန်းသည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့် လည်းကောင်း ဝမ်းသာခြင်း နှလုံး မသာခြင်းတို့ ၏ ရှေးဦးက ပင်လျှင် ချုပ်နှင့်ခြင်းကြောင့် လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော ဥပေက္ခာကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်း ရှိသော စတုတ္ထဈာန်သို့  ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန် မွန်မြတ်၏။


ပုဏ္ဏား တစ်ဖန် ထို့ ပြင်လည်း ရဟန်းသည် အလုံးစုံသော ရူပ သညာတို့ ကို လွန်မြောက်ခြင်းကြောင့် ထိခိုက်မှု 'ပဋိဃ' သညာတို့  ချုပ်ခြင်းကြောင့် အမျိုးမျိုးသော သညာ 'နာနတ္တသညာ' တို့ ကို နှလုံးမသွင်းခြင်းကြောင့် ''ကောင်းကင်သည် အဆုံးမရှိ'' ဟု (စီးဖြန်းကာ) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန် မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန် ထို့ ပြင်လည်း ရဟန်းသည် အလုံးစုံသော အာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်၍ ''ဝိညာဏ်သည် အဆုံးမရှိ'' ဟု (စီးဖြန်းကာ) ဝိညာဏဉ္စာယတနဈာန်သို့  ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ် အမြင်ထက် သာလွန် မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန်ထို့ ပြင်လည်း ရဟန်းသည် အလုံးစုံသော ဝိညာဏဉ္စာယတနဈာန်ကို လွန်မြောက်၍ ''တစ်စုံတစ်ခုမျှ မရှိ'' ဟု (စီးဖြန်းကာ) အာကိဉ္စညာယတနဈာန်သို့  ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန် ထို့ ပြင်လည်း ရဟန်းသည် အလုံးစုံသော အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့  ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု)ဉာဏ် အမြင်ထက် သာလွန် မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန် ထို့ ပြင်လည်း ရဟန်းသည် အလုံးစုံသော နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ မှတ်သိခြင်း ခံစားခြင်းတို့ ချုပ်ရာ (နိရောဓသမာပတ်) ကို ပြည့်စုံစေ၍ နေ၏။ ထိုရဟန်းအားပညာဖြင့်လည်း မြင်ခြင်းကြောင့် အာသဝေါ တရားတို့ သည် ကုန်ခန်း ကုန်၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ် အမြင်ထက် အထူးသဖြင့်လည်း သာလွန်၏၊ အထူးသဖြင့်လည်း မွန်မြတ်၏။ ပုဏ္ဏား ဤတရားတို့ သည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ် အမြင်ထက် သာလွန် မွန်မြတ် ကုန်၏။

၃၂၄။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာ လှည့်လည်သော် အနှစ် ပြည့်၍ တည်သော သစ်ပင်ကြီး၏ အနှစ်ကို သာလျှင် ဖြတ်ယူ၍ အနှစ်ဟု သိလျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကို ခံစားရ လတ္တံ့ ။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ ပမာနှင့် အလားတူသူ ဟု ဟောကြား၏။

ပုဏ္ဏား ဤသို့ လျှင် ဤသာသနာတော်သည် လာဘ်သပ်ပကာ အကျော်အစော ဟူသော အကျိုးရှိမှုအတွက် မဟုတ်ပေ၊ အကျင့်သီလနှင့် ပြည့်စုံခြင်း ဟူသော အကျိုးရှိမှု အတွက်လည်း မဟုတ်ပေ၊ တည်ကြည်ခြင်း သမာဓိ ဟူသော အကျိုးရှိမှု အတွက်လည်း မဟုတ်ပေ၊ (ဒိဗ္ဗစက္ခု) ဉာဏ်အမြင် ဟူသောအကျိုးရှိမှု အတွက်လည်း မဟုတ်ပေ။ ပုဏ္ဏား အကြင် မပျက်စီးသော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် ရှိ၏၊ ဤသာသနာတော်သည် ဤမပျက်စီး နိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်)အတွက်သာ ဖြစ်၏၊ ဤမပျက်စီး နိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် အနှစ် အသားပေတည်း၊ ဤမပျက်စီး နိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်)သည် အဆုံး (ပန်းတိုင်) ပေတည်းဟု (မိန့် တော်မူ၏)။

ဤသို့ မိန့် တော် မူသော် ပိင်္ဂလကောစ္ဆပုဏ္ဏားသည် မြတ်စွာဘုရားအား- ''အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေ၏။ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ်ရှိပါပေ၏။ပ။ အသျှင် ဂေါတမ အကျွန်ုပ်ကို ယနေ့ မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာ ဟု မှတ်တော်မူပါ ဟု လျှောက်ကြား၏။

ဆယ်ခုမြောက် စူဠသာရောပမသုတ်ပြီး၏။
၃ - သြပမ္မ၀ဂ်
မဇ္ဈိမနိကာယ် - မူလပဏ္ဏာသပါဠိတော် မြန်မာပြန်


ဆက်လက်ဖတ်ရှုရန်

The mind that made your problems

The mind that made your problems.

The following is a personal note from the respected Sayadaw U Jotika to one of his followers regarding a life that has many problems.

** ** **


You are right when you said, “Life is full of problems.”


Life is full of problems.

From the time you are born, you have problems. Problems are natural. We just need to find the best ways to solve them.

There are natural problems and man made problems.

For natural problems we find natural ways to solve them.

But we are making problems. How do we solve problems that we are making?

First we must see clearly that we are making these problems.

The mind that makes problems and the mind that sees we are making problems are not the same type of mind.




  • The mind that makes problems has no awareness/ mindfulness, no wisdom.
  • The mind that sees that we are making problems has awareness and wisdom.

We cannot solve the problem with the same type of mind that made it.

We need a mind that is mindful and therefore wise to see the problem and solve it.

When we see that the mind is making problems – just seeing it solves most of the problems. When we don’t make problems we have only natural problems to solve. Then we will find that more than 90% of the problems are gone. Just because we are not making them anymore.

With the rest of the 10% of the problems to solve, we are not so burdened anymore. We can solve them or just live with them.

If you are carrying 100 pounds and then you drop 90 pounds, with only 10 pounds to carry now, you are not so burdened. You can carry it.

With a mind that does not create more unnecessary problems, life is not so burdensome. You can travel very light.

There are two kinds of burdens.


The burden of the body. And the burden of the defilements.

We need to keep the body healthy. So, we eat, we protect our body from excess heat or excess cold. We rest when we are tired. We sleep. When we get sick we get medical treatment. All that is burden of the body. But it has a limit.

Healthy food is not so expensive.

It is unhealthy food which is more expensive. Cigarettes are very expensive. Wine is very expensive. And many other things which we don’t need to eat or drink or use are very expensive. Clothes that keep you healthy are not so expensive.

We can stay healthy without much difficulty. With modern medical treatment it is not difficult to cure most of the diseases.

But the burden of the defilements have no limit.

Greed has no limit. We can never really satisfy greed. No matter what we do to satisfy greed it is never enough. Only wisdom can put a limit to greed.

Greed cannot solve the problem it has created. It is a mind without greed that can solve the problems greed has created.

Pride, conceit, anger, envy, jealousy all create problems.

Anger cannot solve the problems it has created. It is a mind without anger that can solve the problems anger has created.

Pride cannot solve the problems it has created. Envy, jealousy cannot solve the problems they have created.

A mind without greed, anger, pride, envy, jealousy, a mind that is mindful and wise can see the problems clearly and solve them too.

Therefore to live a good life,

to live a life which is not so burdensome; to travel light,

to live with joy, we must live mindfully.

When you are mindful you are more creative in living.

Mindful living is the best way of living.


ဆက်လက်ဖတ်ရှုရန်

The Full Moon Day Of Vaso

The full moon day of Vaso is one of the most important days for Buddhists. We Buddhists regard this day as the auspicious and noble day. Why do we Buddhists regard this day as the auspicious and noble day? It has four reasons:

(1) On this day Queen Mahamaya was pregnant with Bodhisatta(Ba Yar Laung),

(2) On this day Siddhattha Bodhisatta went to the forest to search for the truth for His own sake or convenience but for the sake of suffering humanity,

(3) On this day the Buddha preached Dhammacakkapavattana Sutta and Anattalakkhana Sutta to Devas(gods) and Brahmanas leading His five friends, sush as Koddanna, Vappa, Baddaya, Mahanan, and Assaji and,

(4) On this day Buddhist monks go into the rains retreat.

That’s why we Buddhists regard this day as the auspicious and noble day. On this special day, Buddhists offer food, shelter, robes and medicines to the monks who are going into the rains retreat. And then, on this day Buddhists offer food, fragrant sticks, candles, water, flowers, cakes, various kinds of fruit, golden robes and so on and so forth to pagodas and the images of the Buddha. Some Buddhist count beads and practice meditation by honouring the Buddha on this day. Thus, I admonish all Buddhists “Please do good deeds from this day on.”


Therefore I conclude my Dhamma message while I wish “May all of you be the noble persons who can support the Buddha’s Sasana and finally attain to Nibbana which is free suffering!



With Infinite Metta
Yours in Dhamma
Ashin Javana
University of Pune, Pune City, India

http://ashinjavana.blogspot.com
ဆက်လက်ဖတ်ရှုရန်

Friday, August 20, 2010

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၂)

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ
အပိုင်း (၂)
အညတြသုတေသီတစ်ဦး

မဟောသဓာဇာတ်တော်သည် သုတ္တန္တပိဋက၊ ခုဒ္ဒကနိကာယ်၊ ဇာတကပါဠိတော်တွင်ပါဝင်သည်။ မြတ်ဗုဒ္ဓ၏ အလောင်းတော်ဘ၀က ပညာစွမ်းရည်ဖြင့် နိုင်ငံနှင့်လောကကောင်းကျိုးဆောင်ရွက်ခဲ့ပုံကို ဟောပြတော်မူထားသော ဇာတ်တော်ကြီးဖြစ်သည်။ မြတ်ဗုဒ္ဓအလောင်းတော်၏ အတုမဲ့နိုင်ငံရေးသုခမိန်ဘ၀၊ နိုင်ငံရေးသမားဘ၀ကို ပုံဖော်ထားသော ဒေသနာတော်ဖြစ်သည်။ ဤဇာတ်တော်၊ ဒေသနာတော်တွင် ဗုဒ္ဓသာသနာတော်ကဖွင့်ဆိုသော နိုင်ငံရေးသဘာဝ၊ နိုင်ငံရေးသမားဂုဏ်ရည်တို့ ကို အထူးကြည်ညိုဖွယ် ဖတ်ရှုသိရှိခံစားနိုင်ပါသည်။

အတုမဲ့နိုင်ငံရေးသုခမိန် မဟောသဓာ၏ ဘုန်းကံဉာဏ်စွမ်း၊ လုံ့ လစွမ်းမေတ္တာများပြားလှစွာသော စွမ်းရည်ကျေးဇူးတို့ ကို အထူးသိရှိကြည်ညိုရသည်။ နိုင်ငံရေးဆောင်ရွက်သူတိုင်း အကြိမ်ကြိမ်ဖတ်ရှုထိုက်သည်။ အားကျအတုယူထိုက်သည်။ ဓါတ်ကူးယူထိုက်သည်။ မဟောသဓာဇာတ်တော်ကို ဖတ်ရှုလေ့လာပြီး နိုင်ငံရေးတရားတို့ ကို စွမ်းနိုင်သမျှကျင့်သုံးသင့်သည်။ ထိုသို့ ကျင့်သုံးနိုင်ပါလျင် ထိုထိုနိုင်ငံရေးဆောင်ရွက်သူတို့ သည် နိုင်ငံ၏အကျိုး၊ လောက၏အစီးအပွားတို့ ကို မုချဆောင်ရွက်နိုင်ပါမည်။

အလောင်းတော် မဟောသဓာ

အလောင်းတော်မဟောသဓာသည် ၀ိဒေဟရာဇ်တိုင်း၊ အရှေ့ပါစီနယ၀မိဇ္ဈဂုံးရွာတွင်မွေးဖွားသည်။ ဖခင်မှာ သိရိဝဍ္ဎနသူဌေးကြီးဖြစ်၍ မိခင်ကား သုမနဒေ၀ီဖြစ်သည်။ အလောင်းတော်သည် တာဝတိံသာနတ်ပြည်မှ စုတေခဲ့ခြင်းဖြစ်သည်။ အခြွေအရံနတ်သားတစ်ထောင်နှင့်အတူ စုတေခဲ့ခြင်းဖြစ်သည်။ အလောင်းတော်ဖွားမြင်လျင်ဖွားမြင်ချင်း အလောင်းတော်၏လက်တွင်းသို့  သိကြားမင်းက ဆေးတုံးတစ်ခုထည့်ပေးသွားသည်။

ထို့ နောက်အလောင်းတော်သည် ဆေးတုံး၏စွမ်းအားနှင့်ပတ်သက်၍ မိခင်နှင့် အမေးအဖြေစကားဆိုနိုင်ခဲ့သည်။ ထိုဆေးတုံး၏ အာနုဘော်ကြောင့် ဖခင်သူဌေးကြီး၏ (၇)နှစ်ကြာ ခေါင်းခဲခေါင်းကိုက်နာဝေဒနာ ပျောက်ကင်းသက်သာချမ်းမြေ့ရသည်။ အလောင်းတော်၏ ရှေးဘုန်းကံကား အလွန်အံ့သြဖွယ်ကောင်သည်။ လူ့ လောကကောင်းကျိုးကို မွေးဖွားလျှင်မွေးဖွားချင်း စတင်ဆောင်ရွက်နိုင်သည်။ လူ့ လောကတွင် ဖွားမြင်လာခြင်းသည် လောကကောင်းကျိုးကိုဆောင်ရွက်ဖို့  ဟူသောဘ၀မူကို သင်ခန်းစာပေးခြင်းဟု မြတ်နိုးစွာခံယူနိုင်ပါသည်။

အလောင်းတော်၏ဘုန်းကြီးခြင်းသည် အကြောင်းမဲ့မဟုတ်ပါပေ။ သုမေဓာရှင်ရသေ့ဘ၀-နိယတဗျာဒိတ်ရသည့်ဘ၀နှင့် ထိုမတိုင်မီဘ၀များစွာမှစ၍ မဟောသဓာဘ၀သို့ တိုင်အောင် မြင့်မြတ်သောစိတ်ဓါတ်ဖြင့် နိုင်ငံနှင့်လောကကောင်းကျိုးကိုဆောင်ရွက်ခဲ့သော လုပ်ရပ်ကောင်းမှုတည်းဟူသော အားကြီးလှသော အကြောင်းများရှိသည်။ ဘုန်းကြီးခြင်းသည် ပုည-ဖြူစင်သောစိတ်ထားဖြင့် အများကောင်းကျိုးဆောင်ရွက်ခြင်းဟူသော ကောင်းမှုအကြောင်းများစွာဖြင့် အခြေခံတည်ဆောက်ယူရပါသည်။ ထိုပုညသည် အတိတ်---ရှေးဘ၀ကပြုစုခဲ့သောအကြောင်းနှင့် ပစ္စုပ္ပန်---ယခုဘ၀၊ ယခုအချိန်ပြုစုသောအကြောင်းဟူ၍ ကာလသတ်မှတ်ချက်နှင့် ပတ်သက်၍ နှစ်မျိုးရှိပါသည်။

ထိုကာလနှစ်မျိုးတွင် အတိတ်ကာလကားပြီးဆုံးသွားခဲ့သော တချိန်က ပစ္စုပ္ပန်ဖြစ်ပါသည်။ ပြုပြင်၍မရတော့ပါ။ ကောင်းမွေ၊ ဆိုးမွေ ခံယူရုံသာရှိသည်။ လက်ရှိပစ္စုပ္ပန်ကား ယခုလက်ဝယ်ဖြစ်သည်။ ကောင်းမှုပုညကို ပစ္စုပ္ပန်တိုင်း ဖန်တီးရယူနိုင်သည်။ ပစ္စုပ္ပန်သည်လည်း ရပ်တန့် မနေပါ။ အနာဂါတ်က ပစ္စုပ္ပန်သို့ ဆိုက်ရောက်လာသည်နှင့် ယခုပစ္စုပ္ပန်သည်အတိတ်ဖြစ်သွားသည်။ ပစ္စုပ္ပန်တိုင်း စိတ်ကောင်းဖွေးဖြူစွာ ဆောင်ရွက်ထားသော ပုညကောင်းမှုများသည် အတိတ်ကောင်း၊ ကုသိုလ်သတ္တိများအဖြစ်သို့  ပြောင်းလဲသွားသည်။ သို့ ဆိုပါလျှင် အတိတ်၊ ပစ္စုပ္ပန်တိုင်း စိတ်ကောင်းထားကောင်းမှုပြုသူသည် ကောင်းမှုစွမ်းအားများ ဆက်တိုက်ကြီးမားဖွံ့ ဖြိုးလာမည်။ ဘုန်းကြီးလာမည်။ နိုင်ငံနှင့်လောကကောင်းကျိုးကို ပို၍ပို၍ ရွက်ဆောင်နိုင်လာမည်ဖြစ်သည်။

အလောင်းတော်မဟောသဓာသည် သုမေဓာရှင်ရသေ့၏ ရှေးဘ၀၊ နောက်ဘ၀များစွာ ပစ္စုပ္ပန်တိုင်း မေတ္တာစစ်ဖြင့် ကောင်းမှုပုညများစွာပြုစုခဲ့သည်။ နိုင်ငံနှင့်လောကကောင်းကျိုးကို ဆောင်ရွက်ခဲ့သည်။ ထိုထိုဖြူစင်မြင့်မြတ်သော စိတ်ဓါတ်နှင့်လုပ်ရပ်တို့ ကို မဟောသဓာဇာတ်တော်တွင် အထူးကြည်ညိုလေးမြတ်ဖွယ် ဖတ်ရှုသိရှိရပါလိမ့်မည်။ နိုင်ငံရေးဆောင်ရွက်သူတို့ သည် ဘုန်းကြီးခြင်းအကျိုးထက် ပစ္စုပ္ပန်တိုင်းတွင် မေတ္တာကရုဏာတရားတို့ ဖြင့် ကောင်းမှုပုညကို ပြုစုခြင်း၊ တည်ဆောက်ခြင်းအကြောင်းရင်းကို အလေးထားရပါမည်။ သို့ မှသာလျှင် မိမိတို့ ၏ ကောင်းမှုစွမ်းအားကြောင့် မိမိ၏နိုင်ငံ၊ လောကပတ်ဝန်းကျင်သည် ငြိမ်းချမ်းသာယာမှုရရှိပြီး မိမိတို့ ၏နိုင်ငံရေး လုပ်ဆောင်မှုသည် ဗုဒ္ဓသာသနာတော်နှင့် ညီညွတ်ပါမည်။

မိမိတို့ သည် နိုင်ငံလောကနှင့် သာသနာကို အလှဆင်သူဖြစ်လာပါမည်။ မဟောသဓာအလောင်းတော်သည် အတိတ်နှင့်ပစ္စုပ္ပန်ကာလတိုင်း ဖြူစင်သောစိတ်ဓါတ်၊ မြင့်မြတ်သောကောင်းမှုစွမ်းအားတို့ ဖြင့် လောက၏ကောင်းကျိုးကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် အလောင်းတော်၏ အတုယူဖွယ် ၀မ်းမြောက်ဖွယ် ဘုန်းကံစွမ်းအားပါဝင်သည်။

(ဆက်လက်ဖော်ပြပေးသွားပါမည်။)

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၃)

ဆက်လက်ဖတ်ရှုရန်

The Four Kinds of Action (Kamma)

The Four Kinds of Action (Kamma)

According to the Buddha’s teaching, there are four kinds of action (Kamma).What are the four?

(1)There is dark action with dark result;

(2) There is bright action with bright result;

(3) There is dark and bright with dark and bright result; and

(4) There is action (Kamma) that is neither dark nor bright with neither dark nor bright result, action that leads to the destruction of Action.

First one is dark action with dark result. What is dark action with dark result? Here someone commits ten kinds of evil deed. Having committed ten kinds of evil deed, he reappears in unhappy worlds such as hell, Peta (ghost), animal. Here I would like to explain the ten kinds of evil deed. They are as follows:

(1) Killing any living beings;

(2) Stealing other persons’ belongings; and

(3) Making sexual misconduct.

These are called KÈyakamma (bodily action).

(4) Telling lie;

(5) Slandering;

(6) Telling harsh works; and

(7) Telling frivolous talk.

These are called VacÊkamma (verbal action).

(8)Greed;

(9)Hatred; and

(10) Wrong view.

These are called Manokamma (mental action). These ten kinds of evil action are called Dasaakusalakamma. If someone commits these ten kinds of evil deed (dark action), he or she will reap dark result. It is called dark action with dark result (Kanhakammakanhavipaka).

Second one is bright action with bright result. What is bright action with bright result? Here someone performs ten kinds of good deed. Having performed ten kinds of good deed, he reappears in happy worlds such as human, god, and brahma. Here I would like to explain the ten kinds of bright deed. They are as follows:

(1) Abstaining from killing any living beings;

(2) Abstaining from stealing other persons’ belongings; and

(3) Abstaining from making sexual misconduct.

These are called KÈyakamma (bodily action).

(4) Abstaining from telling lie;

(5) Abstaining from slandering;

(6) Abstaining from telling harsh works; and

(7) Abstaining from telling frivolous talk.

These are called VacÊkamma (verbal action).

(8)Non-greed;

(9)Non-hatred; and

(10) Right view.

These are called Manokamma (mental action). These ten kinds of good action are called Dasakusalakamma. If someone performs these ten kinds of good deed (bright action), he or she will reap bright result. It is called bright action with bright result (Sukkakammasukkavipaka).

Third one is dark and bright action ( Kanhasukkakamma) with dark and bright result (Kanhasukkavipaka). Here one sometimes generates the ten kinds of evil deed and the ten kinds of the good deeds. So he or she feels pain and happiness because he did action that is both bad deeds and evil deeds. For example, during the time of the Buddha, there was a certain lay man. He killed the animals by daytime and with self-control abstained at nights. For that action (kamma) that is both dark kamma( evil deed) and bright kamma( good deed), during the daytime, the dogs that had just been driven back, ran up on all sides to devour me but enjoyed the gods’ happiness.

The final one is Magga Action that is neither dark nor bright with neither dark nor bright result and leads to the destruction of actions. It is right. Catumaggakamma can totally remove good deed which a person can be attained to happy planes, such as human, god and Brahma and evil deed that a person can be got to unhappy planes namely ghost, animal and hell. A person who wants to get Catumaggakamma (path-action) must practice meditation.

According to the Buddha’s teaching, there are two kinds of BhÈvanÈ: Samatha bhÈvanÈ (concentration meditation) and VipassanÈ bhÈvanÈ (insight meditation). Here Samatha bhÈvanÈ means observing breathing in and breathing out before one practices meditation. After fifteen minutes, when he or she focuses the single object of meditation, he or she can go to meditation. Here VipassanÈ bhÈvanÈ means noticing five aggregates to be breath with the Mundane Fivefold Path (VipassanÈamagga) to breathe, that is, one should observe the arising and disappearing of your five aggregates with VipassanÈmagga. In Vipassana practice the VipassanÈmagga functions as the next following consciousness (insight knowledge) which observes the perishing of the previous one, called Anicca (Impermanence). In this process, the preceding Anicca and the subsequent Magga go on concurrently without allowing any defilement (Kilesa) to creep in between them. It is the technique of killing the cause in order to prevent the effect. As the meditator keeps on meditating on the arising and perishing of the five aggregates* (Khandha), he gradually attains the two highly developed stages of VipassanÈ knowledge, namely, YathÈbhutaÒÈÓa (Knowledge according to reality) and NibbindaÒÈÓa (Knowledge of disgust); and eventually he gains the MaggaÒÈÓa (Path knowledge). ArahattamaggaÒÈÓa can remove dark action (evil deed) and bright action (good deed). Thus, meditator can free from 31 planes which mingle with pain and happiness and attain NibbÈna which is free from various kinds of suffering. That is why I admonish all of you “Please do the last one (Action that is neither dark nor bright with neither dark nor bright result and leads to the destruction of actions (good action and bad action) that mingle pain and happiness)”.

May you get the last one (Catumaggakamma) which can destruct bad action and good action that can cause to attain 31 planes!


With Infinite Metta
Yours in Dhamma

Ashin Javana
University of Pune, Pune City, India

http://www.ashinjavana.blogspot.com/
ဆက်လက်ဖတ်ရှုရန်

Thursday, August 12, 2010

သစ္စာအလင်း မိသားစု နှင့် ၀ါဆိုဦးဒါန အမှတ်တရ ပုံရိပ်များ



(မိမိဥစ္စာ၊ သူ့ဟာဖြစ်လို၊ မေတ္တာပို၊ ကြည်ညိုလေးစား၊ ပေးစွန့်ငြား၊ ထူးခြားမြတ်ဒါန)… ရယ်လို့ ကျေးဇူးတော်ရှင် ယောဆရာတော် ဘုရားကြီးက လင်္ကာလေးနဲ့ မှတ်သား လိုက်နာစေခဲ့ပါတယ်။ ဒါနအစဖြာတဲ့ (၁၀) ပါးသော ပါရမီကျင့်စဉ် ဆိုတာ လူသာမန် ဘ၀ကနေ ဗုဒ္ဓမြတ်စွာ ဖြစ်စေတဲ့ သူတော်ကောင်းတွေ လျှောက်လှမ်းကြမြဲ လမ်းစဉ်တွေပဲ ဖြစ်ပါတယ်။

ကျွန်မတို့ မြတ်ဗုဒ္ဓ အဆုံးအမရဲ့ အခြေခံ ကျင့်စဉ်ကတော့ စွန့်လွှတ်ခြင်း ပါပဲ။ ကျွန်မတို့အားလုံးရဲ့ နောက်ဆုံးပန်းတိုင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဆိုတာ ဘ၀ကိုရော၊ ရုပ်နာမ်ခန္ဓာကိုပါ အပြီးအပိုင် စွန့်ရမှာပါ။ အဲဒီပန်းတိုင်ကို ရောက်နိုင်ဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ပေးရပါတယ်။ စွန့်လွှတ်ခြင်း ဆိုတဲ့အမှုကို ကြိုးစား လုပ်ရပါတယ်။ နည်းနည်းကစတင်ပြီး တဖြည်းဖြည်း အဖိုးတန်တာတွေ စွန့်နိုင်ပြီး နောက်ဆုံးကျတော့ ဘ၀နဲ့ ရုပ်နဲ့ခန္ဓာကို စွန့်နိုင်တဲ့ အထိပေါ့။ စွန့်လွှတ်နိုင်တဲ့ စိတ်ဓာတ်အင်အားဟာ အင်မတန် ကြီးမား၊ စွမ်းပကားများစွာ ရှိနေတာကိုက ဒါနရဲ့ အနှစ်သာရပါပဲ။ စွန့်လွှတ်ကြတဲ့ အခါ တန်ပြန်သက်ရောက်တဲ့ အကျိုးကို မျှော်ကိုးတဲ့ စိတ်ကိုပါ စွန့်ရတာပါ။

အခုပြီးခဲ့တဲ့ ၀ါဆိုဦးကာလ၊ ထူးမြတ်တဲ့ အချိန်သမယမှာ ကျွန်မရဲ့မောင်လေး Bliss (၀ိမုတ္တိသုခ
http://www.vimuttisukha.com) နဲ့ ညီမ Crys (Crystal) တို့ရဲ့ မွေးနေ့များ ဖြစ်ခဲ့တာမို့ အမှတ်တရ ဒါနပါရမီများကို သူတို့ကိုယ်စား အမိမြေမှာ ကျွန်မက ဆောင်ရွက်လှူဒါန်း၊ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ညီမ Crys ရဲ့မွေးနေ့ ၂၈.၇.၂၀၁၀ နဲ့ မောင်လေး Bliss ရဲ့ မွေးနေ့ ၃၁.၇.၂၀၁၀ မတိုင်ခင် တစ်ပတ်အလိုကတည်းက သူတို့ရဲ့ချွေးနည်းစာ လှူဒါန်းငွေကို ကျွန်မထံ တင်ကြို ပေးပို့ထားခဲ့ပါတယ်။

စွန့်လွှတ်မယ်၊ စွန့်လွှတ်တယ်၊ စွန့်ပြီးတာကို ၀မ်းမြောက်တယ်။ ဤသုံးပါးကို ကုသိုလ်ဟု ခေါ်ပါလို့ မှတ်သားစေတဲ့ ဆရာတော် ဦးဝိဇယရဲ့ တရားတော်ကို ဆင်ခြင်ရင်း ၀မ်းမြောက်စေဘို့ အမှတ်တရ ဓာတ်ပုံများဖြင့် မွေးနေ့မှတ်တမ်းပြုရင်း ကိုယ်စား အမျှဝေလိုက်ချင်ပါတယ်။ ဒါကိုပဲ အစ်မရဲ့ မွေးနေ့လက်ဆောင် အဖြစ် လက်ခံပေးပါ ကလေးတို့ရေ…။

ကြည်ညိုလေးစား ထူးခြားစွာ လှူဒါန်းခဲ့တာကတော့ ပိုင်းလော့ဆရာတော် ဘုရားကြီးကို 3 Rifle ၀ါဆိုသင်္ကန်း တစ်စုံနဲ့ ၀တ္ထုငွေကျပ် (၃၀၀၀၀) ကို ၂၃.၇.၂၀၁၀ မှာ ဆရာတော်ဘုရား မေမြို့ တရားစခန်းသို့ ခရီးမထွက်ခင် မိုးညှင်းသိင်္ဂီ ကျောင်းတိုက်မှာပဲ ဖြစ်ပါတယ်..။


ညီမ Crys ရဲ့မွေးနေ့ ၂၈.၇.၂၀၁၀ နေ့မှာတော့ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ကုန်းတော်တစ်ခုလုံး ထိန်ထိန်ညီးအောင် ဆိုဒီယမ် ဆလိုက်မီးများ ထွန်းညှိ လှူဒါန်းပေးခဲ့ပါတယ်။ Crys ကလည်း ဒယ်အိုးဆရာတော် ဘုရား ဦးသုမင်္ဂလကို ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့သလို၊ မမေဟန်သွင်နဲ့ အတူ တရားများကို http://www.livedhamma.com မှာ ထုတ်လွှင့်နေခဲ့ ရှာတာမို့ ကျွန်မက ထပ်ဆင့် သာဓုခေါ်ရပါသေးတယ်။


Bliss ရဲ့ မွေးနေ့ဖြစ်ပြီး မွေးရက်ပါ ကျရောက်တဲ့ (၃၁.၇.၂၀၁၀) စနေနေ့ မှာတော့ ကမ္ဘာအေး၊ တိပိဋက မဟာဂန္ဓာရုံ ကျောင်းတိုက်မှာ စာသင်စာချပြီး ကိုယ်တိုင်လည်း ပိဋကတ်စာပေ လေ့လာသင်ယူတော် မူနေတဲ့ ပိဋကတ် နှစ်ပုံဆောင် ဆရာတော် ဦးပညာဝံသာ လင်္ကာရ (ဘုန်းဘုန်း ဦးတိက္ခ(ယော)ရဲ့ ဆရာလည်း ဖြစ်ပါတယ်) နှင့် သံဃာတော် အရှင်သူမြတ်တို့ကို ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ ပါတယ်။ ကိုရင်လေးများ အတွက် ထန်းလျက် နှစ်ပိဿာကိုလည်း လှူဒါန်းခဲ့ပါတယ်။


အဲဒီနေ့ နေ့လယ်မှာပဲ ဇီဝိတ ဒါနအဖြစ် ကြိုးချည် တုပ်နှောင်ခံထား၊ အစာ မစားရဘဲ ခြင်းထဲမှာ ရေနဲ့ဝေးပြီး သေအံ့ဆဲဆဲ ဂဏန်းကောင်ရေ ၇၂ ကောင်ရဲ့ အသက်ကို ကယ်တင် လွတ်မြောက်စေခဲ့ပါတယ်။


နောက်ပြီးတော့ မိုးညှင်းသိင်္ဂီ ကျောင်းတိုက်မှာ ပဋ္ဌာန်း (၅) ကျမ်းကို နေ့စဉ် ရွတ်ဆို ပူဇော်နေတဲ့ ဆရာလေး နှစ်ပါးဖြစ်တဲ့ ဒေါ်ကုသလနဲ့ ဒေါ်ဥတ္တရာတို့ကို ပဋ္ဌာန်းစာအုပ်များ လှူဒါန်းခဲ့ပါတယ်။ ပိုင်းလော့ ဆရာတော်ဘုရားရဲ့ အဆုံးအမနဲ့ ကျောင်းတိုက်အတွင်းနေ သံဃာတော်၊ သီလရှင်များ အားလုံးလိုလို နေ့စဉ် ပူဇော်ကြတာမို့ စာအုပ်ကို ငှားယူ ပူဇော်ရတဲ့ အခက်အခဲ ကွက်လပ်ကို ဖြည့်ဆည်း လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။





ကျန်ရှိတဲ့ ငွေနဲ့ ငှက်များလွှတ်ခြင်း၊ ငါးများလွှတ်ခြင်း၊ ခိုစာကျွေးခြင်း တို့ကိုလည်း ခြံရံ လှူဒါန်းပေးခဲ့ ပါတယ်။ ဤကုသိုလ် ကောင်းမှုရဲ့ မွန်မြတ်တဲ့ စွန့်လွှတ်ခြင်း စွမ်းအင်များ စီးဝင်ထိုးဖောက် ၀မ်းမြောက်နိုင်ကြ ပါစေ။

မောင်လေး တစ်ခါက သူ့ဘလော့မှာ ရေးဖူးတဲ့ (အားကျမိတဲ့ ဘ၀ခရီးဖော် နှစ်ဦး) ထဲက ၀ိပ္ပလုလင်နဲ့ ဘဒ္ဒါကပ္ပိလာနီ တို့လို ဖြူစင် မွန်မြတ်တဲ့ မေတ္တာ၊ ခိုင်မာ မြဲမြံတဲ့သစ္စာ တရားနဲ့ ရှည်လျားတဲ့သံသရာ ခရီးကို အတိုတောင်းဆုံးဘ၀နဲ့ အဆုံးတိုင်လျှောက်လှမ်း လွတ်မြောက်နိုင်ကြပါစေ လို့ အစ်မက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက် ချင်ပါတယ်..။

မေတ္တာဖြင့်
အစ်မ သစ္စာအလင်း

***********************************

ကျွန်တော် ဘလော့ဂ်ဂါအဖြစ် အွန်လိုင်းပေါ်စရောက်ကတည်းက ကျွန်တော်ခင်မင်လေးစားတန်ဖိုးထားရတဲ့၊ ကျွန်တော့်အပေါ် မောင်ရင်းတစ်ယောက်လို အမြဲ မေတ္တာဖြင့်စောင့်ရှောက်ကူညီတတ်တဲ့ အမ မသစ္စာအလင်း (www.thitsaralin.org) ရဲ့  ကျွန်တော်တို့ အတွက် မွေးနေ့ အမှတ်တရ ပို့ စ်လေးကို မွေးနေ့ အလွန် အမှတ်တရအဖြစ် တင်လိုက်ပါတယ်။

ကျွန်တော်တို့ ကို ကုသိုလ်တွေအများကြီးရအောင် မေတ္တာဖြင့် ကူညီစီစဉ်ပေးခဲ့ကြတဲ့ အမ မသစ္စာအလင်း နှင့် ညီမ မစုမြတ်တို့  သူငယ်ချင်းတွေ၊ ညီငယ် ကိုဥဂ္ဂါတို့ ကို ကျေးဇူးအထူးတလည်တင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြားလိုက်ပါတယ်။

ကျွန်တော်တို့ အားလုံးပြုလုပ်ခဲ့တဲ့ ကုသိုလ်အစုစုကိုတော့ ဓမ္မမိတ်ဆွေများအားလုံးကို အမျှပေးဝေလိုက်ပါတယ်။ အားလုံး ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုကြပါခင်ဗျား။


အားလုံး....အမျှ....အမျှ...အမျှ.....


ဆက်လက်ဖတ်ရှုရန်