Wednesday, April 28, 2010

နှစ်သက်မိသော ဇင် ပုံပြင်များ (၁၆)

A Parable

A man traveling across a field encountered a tiger. He fled, the tiger after him. Coming to a precipice, he caught hold of the root of a wild vine and swung himself down over the edge. The tiger sniffed at him from above. Trembling, the man looked down to where, far below, another tiger was waiting to eat him. Only the vine sustained him.

Two mice, one white and one black, little by little started to gnaw away the vine. The man saw a luscious strawberry near him. Grasping the vine with one hand, he plucked the strawberry with the other.

How sweet it tasted!

ဆက်လက်ဖတ်ရှုရန်

Wednesday, April 21, 2010

နှစ်သစ်ကူး ဓမ္မလက်ဆောင်

မနက်ဖြန်ဆိုလျှင် မြန်မာတို့၏ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းတော့မည်ဖြစ်ပေသည်။ နှစ်ဟောင်းက အညစ်အကြေးများကို နှစ်သစ်သို့ မပါစေရန်အလို့ငှာ အတာရေဖြင့် “အကြို, အကျ, အကြတ်, အတက်”ဟူ၍ လေး ရက်တိုင်တိုင် သင်္ကြန်ရေဖြင့် ဆေးကြောခဲ့ကြလေပြီ။ မော်လမြိုင်စသော အချို့အရပ် များဆိုလျှင် နှစ်ဆန်းတစ်ရက်နေ့ အပါအ၀င် ငါးရက်ကြာမျှပင် ခန္ဓာကိုယ်မှ အညစ်အကြေးများ ကင်းစင် စေရန် အလို့ငှာ သင်္ကြန်ရေဖြင့် ဆေးကြောကြလေသည်။ ထိုသို့ဆေးကြောသဖြင့် ခန္ဓာကိုယ်အညစ် အကြေးများ ကင်းစင်နိုင်ပါပေသည်။ ထိုသို့ပြုလုပ်ခြင်းကို ရုပ်ကိုပြုပြင်အလှဆင်သည်ဟု ဆိုနိုင်ပါပေသည်။ သို့သော် ခန္ဓာကိုယ်တွင်းရှိသော လောဘ (တပ်မက်ခြင်း) ဒေါသ (အမျက်ထွက်ခြင်း) မောဟ(အကောင်းအဆိုးကို ခွဲခြား၍ မသိခြင်း) မာန(ထောင်လွှား ခြင်း) ထိနမိဒ္ဓ (ငိုက်မြည်း ခြင်း၊ထိုင်းမှိုင်းခြင်း) မိစ္ဆာဒိဋ္ဌိ(အယူမှားခြင်း) ၀ိစိကိစ္ဆာ (ဘုရားတရားသံဃာဟူသော ရတနာသုံးပါးတရားတို့၌ ယုံမှားခြင်း) ဥဒ္ဓစ္စ(စိတ်ပျံ့လွင့်ခြင်း) အဟိရိက (အရှက်မရှိခြင်း) အနောတ္တပ္ပ (အကြောက် တရားမရှိခြင်း) ဟူသော ကိလေသာ (စိတ်ကို ပူလောင်စေတတ် နှိပ်စက်တတ်သောတရား) တရားများကို စင်ကြယ်စေနိုင်ရန်အတွက် ရိုးရိုးရေဖြင့် ဆေးကြောခြင်းဖြင့် စိတ်ကို မစင်ကြယ်စေနိုင်ပါ၊ ထိုကိလေသာတရား များကို စင်ကြယ်စေရန်နိုင်သော နည်းလမ်းသည်ကား မြတ်ဗုဒ္ဓ ဟောကြားတော်မူသော ဓမ္မရေစင်ဖြင့် သွန်းလောင်းမှသာလျှင် စင်ကြယ်စေနိုင်မည်ဖြစ်ပေသည်။ ဓမ္မရေစင်ဖြင့် သွန်းလောင်းခြင်းဟူသည်ကား အလှူပေးခြင်း သီလဆောက်တည်ခြင်း သမထဘာဝနာ ၀ိပဿနာဘာဝနာ အလုပ်တို့ကို ပြုလုပ်ခြင်းတို့ပင်ဖြစ်ပေသည်။ အလှူပေးခြင်း သီလဆောက်တည်ခြင်းဟူသည်ကို လူတိုင်းနား လည်ကြသည်။ သမထဘာဝနာနှင့် ၀ိပဿနာဘာဝနာဟူသော ဝေါဟာရတို့ကို လူတိုင်းနာမလည်ကြပေ။ သမထ ဘာဝနာပွားများခြင်းဟူသည်ကား မိမိတို့၏ စိတ်ကို နီဝရဏတရား (၆)ပါး (လောဘ ဒေါသ ထိနမိဒ္ဓ ဥဒ္ဓစ္စကုက္ကုစ္စ ၀ိစိကိစ္ဆာ အ၀ိဇ္ဇာ)တို့မှ ကင်းရှင်းစေရန်အလို့ငှာ သမထကမ္မဋ္ဌာန်းလေးဆယ်မှ ကမ္မဋ္ဌာန်းတစ်ခုခုကို စီးဖြန်းခြင်းဖြင့် နီဝရဏတရားတို့ကို ခေတ္တ ငြိမ်းအေးစေနိုင်သည်။ စိတ်တည်ကြည်မှုရရှိစေရန် စိတ်ငြိမ်းမှု ရရှိစေရန် သမာဓိ ရရှိစေရန်အလို့ငှာ အများအားဖြင့် အာနာပါနကမ္မဋ္ဌာန်း (၀င်လေထွက်လေ)ကို ရှုမှတ်ကြသည်။ နီဝရဏတရား တို့ကို မိမိတို့၏ စိတ်မှာ မကိန်းအောင်းစေရန် ၀င်လေ ထွက်လေကို အမြဲမပြတ်ရှုမှတ် ပွားများခြင်းကို သမထ ဘာဝနာ ရှုမှတ်ပွားများခြင်းဟုခေါ်ပါသည်။ သမထဘာဝနာသည်ကား ကိလေသာတရား နီဝရဏတရားတို့ကို ထာဝရမငြိမ်းချမ်းစေပါ။ ယာယီမျှသာ ငြိမ်းအေးစေနိုင်ပါသည်။ ၀ိပဿနာဘာဝနာသည်သာ ကိလေသာတရား တို့ကို ထာဝရငြိမ်းအေးစေနိုင်ပါသည်။ သို့ဖြစ်သဖြင့် အာနာပါန(၀င်လေထွက်လေ)ဟူသော သမထဘာဝနာကို သမာဓိရရုံ (၁၅)မိနစ်လောက်သာ ရှုမှတ်ပွားများ၍ ၀ိပဿနာဘာဝနာဘက်သို့ ကူးပြောင်းရမည်ဖြစ်လေသည်။

ဝိပဿနာဘာဝနာဟူသည် မိမိခန္ဓာကိုယ်ကို စောင့်ကြည့်ခြင်းပင်ဖြစ်သည်။ မိမိခန္ဓာကိုယ်၏ အဖြစ် အပျက်တို့ကို အမြဲမပြတ်စောင့်ကြည့်ခြင်းကို ၀ိပဿနာဘာဝနာပွားများသည်ဟု ခေါ်ဆိုပါသည်။ ချဲ့၍ဆိုရသော် တစ်ခါတစ်ရံ မိမိခန္ဓာကိုယ်က ယားမှုဝေဒနာလေး ပြကောင်းပြလိမ့်မည်။ ထိုယားမှုဝေဒနာလေး၏ ဖြစ်မှုပျက်မှု ကို အာရုံတစ်ပါးစိတ်မသွားဘဲ စောင့်ကြည့်ပေးနေရုံပင်ဖြစ်လေသည်။ တစ်ခါတစ်ရံ နာမှုဝေဒနာလေးဖြစ် ပေါ်လာလိမ့်မည်။ ထိုနာမှုဝေဒနာလေး၏ ဖြစ်မှု ပျက်မှုကို အမြဲမပြတ် စောင့်ကြည့်ပေးနေရမည်ဖြစ်ပေသည်။ မြင်သောအရာတိုင်း ကြားသောအရာတိုင်း နံသောအရာတိုင်  လျှက်သောအရာတိုင်း တွေ့ထိသောအရာတိုင်း တွေးတောသောအရာတိုင်း၏ ဖြစ်မှု ပျက်မှုလေးကို အမြဲမပြတ် ရှုမှတ်ပွားများပေးပါ။ တစ်ခါတစ်ရံ မိမိတို့၏ သန္တာန်တွင် ဒေါသစိတ်ဖြစ်လျှင် ဖြစ်မည်၊ တစ်ခါတစ်ရံ လောဘစိတ်ဖြစ်လျှင် ဖြစ်မည်၊ ဖြစ်ပေါ်လာတိုင်း စိတ်တိုင်း၏ ဖြစ်မှု ပျက်မှုကို အမြဲမပြတ်စောင့်ကြည့်ပေးပါ၊ အရှုခံဖြစ်သော ခန္ဓာကိုယ်နှင့် အရှုဥာဏ်ဖြစ်သော ၀ိပဿနာဥာဏ်အကြား (၀ိပဿနာဥာဏ်ဟူသည်ကား သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတို့ကို ဆိုလိုသည်။) ကိလေသာကြားမခိုစေမူ၍ အမြဲမပြတ်ပွတ်တိုက်ပေး ရမည်ဖြစ်ပေသည်။ ထိုသို့ ကိလေသာကြားမခိုစေမူ၍ ပွတ်တိုက်ပေးလျှင် ရှုမှတ်ပေးလျှင် နိဗ္ဗာန်ဟုခေါ်ဆိုသော တရားထူးကို မိမိတို့သည် မုချမသွေ မျက်မှောက်ပြုရမည်မှာ ဧကန်ပင်ဖြစ်ပေသည်။ လောကဥပမာဆောင်ရသော်ကား ၀ါးနှစ်လုံးကို ပွတ်တိုက်ပါများလျှင် မီးထွက်သကဲ့သို့ ထိုအတူပင် အရှုခံဖြစ်သော ခန္ဓာကိုယ်နှင့် အရှုဥာဏ်ဖြစ်သော ၀ိပဿနာဥာဏ်တို့ကို အမြဲမပြတ် ပွတ်တိုက် ပေးလျှင်ကား သေချာပေါက်နိဗ္ဗာန်ပေါ်လာမည်ဖြစ်ပေသည်။ နိဗ္ဗာန်ကို အာရုံငါးပါးနှင့် မသိနိုင်ရုံကာမျှဖြင့် နိဗ္ဗာန်သည် ဘာမျှမရှိဟုဆိုခြင်းသည် မျက်စိမမြင်သူသည် အလင်းရောင်ကို မမြင်ရုံကာမျှဖြင့် အလင်းရောင်မရှိပါဟု ဆိုခြင်းကဲ့သို့ ယုတ္တိမတန်ပါချေ။ နိဗ္ဗာန်ကို ဤလက်ရှိဘ၀တွင်ပင် မျက်မှောက်ပြုနိုင်သည်။ ဗုဒ္ဓဘာသာသည် ငှင်း၏ အဆုံးစွန်သော ပန်းတိုင်သို့ နောင်တမလွန်ဘ၀၌သာ ရောက်နိုင်သည်ဟုမဆိုပါ။ နိဗ္ဗာန်ကို ဤဘ၀တွင်ပင် ခန္ဓာကိုယ်အကြွင်းအကျန်ရှိလျှက် သိမြင်ရခြင်းကို သဥပါဒိသေသနိဗ္ဗာန် ဟုခေါ်၏။ ရဟန္တာတစ်ပါးသည် ပရိနိဗ္ဗာန်စံ၍ ခန္ဓာကိုယ်ပျက်ကြွေသွားသောအခါ ရုပ်ပိုင်းဆိုင်ရာ တည်ရှိခြင်းမရှိတော့ဘဲ ဆက်လက်ခံစားရသည့် နိဗ္ဗာန်ချမ်းသာကို အနုပါဒိသေသနိဗ္ဗာန် ဟု ခေါ်၏။ ထိုနိဗ္ဗာန် ပေါ်လာလျှင်ကား စိတ်အတွင်းမှာရှိသော ကိလေသာတို့သည်လည်း ကင်းဝေးစင်ကြယ်သွားကြ မည်ဖြစ်ပေသည်။ ဤသည်ပင် စိတ်အညစ်အကြေးတွေကို ဆေးကြောသည်ဟုခေါ်ဆိုနိုင်ပါပေ၏။ အချုပ်အားဖြင့်သော်ကား မြန်မာတို့၏ နှစ်သစ်တွင် ကိုယ်၏အညစ်အကြေးကို ဆေးကြောရုံဖြင့် အားရတင်းတိမ်မနေမူ၍ စိတ်အညစ်အကြေး ကိလေသာအညစ်အကြေးတို့ကိုလည်း ဓမ္မရေစင်ဖြင့် ဆေးကြောကြပါဟူ၍ တိုက်တွန်းလျှက် မိမိ၏ “နှစ်သစ်ကူး ဓမ္မလက်ဆောင်” ဆောင်းပါးကို အောက်ပါ လင်္ကာ ဆောင်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပေသည်။

“စိတ်ကိုပြုပြင် အလှဆင်”
နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်၊
အနန္တငါး ဂုဏ်တော်များ ညွတ်တွားကန်တော့မယ်၊
မျက်နှာသစ်လျှင် ရေကိုမြင် မြင်စဉ်မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း ပျက်ယိုယွင်း ရုပ်ဆင်းသတိထားပါ့မယ်၊
တန်းတူတွေ့လျှင် မေတ္တာဝင် မ၀င်နိုင်ကပြိုင်တတ်တယ်၊
ပြိုင်မယ့်အစား မေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင် မ၀င်နိုင်က နိုင်တတ်တယ်၊
နိုင်မဲ့အစား ကရုဏာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်ထက်သာလျှင် မုဒိတာဝင် မ၀င်ဣဿာရိုင်တတ်တယ်၊
ရိုင်မဲ့အစား မုဒိတာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
သဗ္ဗေသတ္တာ သူသူငါ ကံသာမူလရှိကြတယ်၊
သံသရာနယ် ချာချာလည် အတ္တပယ်မှ ငြိမ်းလိမ့်မယ်၊
စိတ်ကိုလဲပြင် ရုပ်လဲပြင် ပြင်ဆင်တိုင်းရ ပြုတိုင်းလှ သုခနိဗ္ဗာန်တိုင်လိမ့်မယ်၊
ရုပ်ကိုသာပြင် နာမ်မပြင် ရုပ်သွင်မလှ နာမ်မလှ၊
နာမ်ကိုသာပြင် ရုပ်မပြင် နာမ်စဉ်လဲလှ ရုပ်လဲလှ၊
နာမ်ဓာတ်ပေါ်တွင် ဥာဏ်ဓာတ်တင် လိုလျှင်ခဏနိဗ္ဗာန်ရ။
(မစိုးရိမ်းဆရာတော်ဘုရားကြီး)

“ယခုနှစ်သစ်မှသည် နောင်နှစ်သစ်ပေါင်းများစွာ မိမိ၏ ဓမ္မမိတ်ဆွေအားလုံး ကျန်းမာချမ်းသာကြကာ ရုပ်နာမ်နှစ်မျိုးကို စင်ကြယ်အောင် ဆေးကြောနိုင်သော သူတော်စင်များ ဖြစ်ကြပါစေကုန်သတည်း”
 
အရှင်ဇ၀န
၂၀၁၀ ခုနှစ်၊ ဧပြီလ၊ ၁၆ ရက်။ (သောကြာနေ့ ) 



ဆက်လက်ဖတ်ရှုရန်

Tuesday, April 20, 2010

Beauty (Harmony Of Head And Heart By Moe Hein)

BEAUTY

Sometimes you are a shower,
cooling the heart and pleasing the head.

Sometimes you are an enigma,
vexing the heart and puzzling the head.

And sometimes you are a dagger,
piercing the heart and slashing the head.

Beauty, am I to
smile, ...cry....or .....die?

(From Poems On Sentiments)



ဆက်လက်ဖတ်ရှုရန်

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၉)

တကယ်ပယ်ရမယ့်အရာ

ဘုန်းကြီးတို့ ယောဂီသူတော်စင်တွေအားလုံး သိထားရမှာက သက္ကာယဒိဋ္ဌိဆိုတဲ့ပုဒ်မှာ သက္ကာယဆိုတာ ထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင်းအစုကိုခေါ်တယ်၊ သက္ကာယကို ပယ်ရမှာ မဟုတ်ဘူး။ ငါမရှိဘဲနဲ့  ရှိတယ်၊ သူမရှိဘဲနဲ့  ရှိတယ်လို့  ယူဆနေတဲ့ ဒိဋ္ဌိကိုသာ ပယ်ရမှာ။

သက္ကာယ နဲ့ ဒိဋ္ဌိ

သက္ကာယဒိဋ္ဌိပြုတ်ဘို့ ရာ ယောဂီသူတော်စင်တွေအားလုံးဟာ ဘာကိုရှုရမှာလဲမေးရင် သက္ကာယကို မြင်အောင် ရှုရမယ်၊ သက္ကာယကိုမြင်ရင် ဒိဋ္ဌိဆိုတာ ပြုတ်သွားမယ်။

အာနာပါန နဲ့  သတိပဋ္ဌာန်

အာနာပါနဿတိကို ပိုင်ပိုင်နိုင်နိုင် ပွားနေတဲ့သူဟာ သတိပဋ္ဌာန်လေးပါးလုံးကို ပြီးပြည့်စုံတယ်လို့  မြတ်စွာဘုရား ဟောတော်မူထားပါတယ်။ အာနာပါနဿတိ တစ်လုံးကို သေသေချာချာ စဉ်းစားကြည့်ရင် ပွားကြည့်ရင်၊ သတိပဋ္ဌာန်လေးပါးလုံး သူ့ နေရာနဲ့ သူ ပါဝင်နေတာကို တွေ့ ရတယ်။

ဆက်လက်ဖတ်ရှုရန်

ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၁၂)

၄၆။ မြေတစ်ပြင်လုံး၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်၊ နတ်ပြည် ဗြဟ္မာပြည်သို့  ရောက်ရသည်ထက်၊ တစ်လောကလုံးကို အစိုးရသည်ထက် “သောတာပန်” ဖြစ်ရတာက မြတ်တယ်။

၄၇။ အနာမရှိသော လက်ဖြင့် အဆိပ်ကိုကိုင်လျှင် ဘာမှမဖြစ်ပါဘူး။ စေတနာမရှိဘဲ ပြုမိလျှင် အကုသိုလ် မဖြစ်ပါဘူး။

၄၈။ မကောင်းမှု ပြုထားလျှင် ကောင်းကင်မှာ နေနေ၊ သမုဒ္ဒရာအလယ်မှာ နေနေ တောင်ခေါင်းထဲနေနေ မကောင်းမှုမှ မလွတ်နိုင်ပါဘူး။

၄၉။ မြတ်စွာဘုရားတောင်မှ ၀ိပါတ်တော် ၁၂-ပါး ကြုံရသေးတယ်။ ၀ဋ်ကြွေးပါမည့် အလုပ်အပြောကို ရှောင်ကြဉ်ပါ။

၅၀။ သေခြင်းတရား (သေမင်း) က နှိပ်စက်တော့ ဘယ်ဆွေမျိုးမှ မကယ်နိုင်ဘူး။
ဆက်လက်ဖတ်ရှုရန်

Monday, April 19, 2010

ကိုယ့်စိတ်ကိုယ်စစ် တရားတော်

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) နှင့် ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀မှာ ဘာသာရေးနှင့်ပတ်သက်တာတွေ လေ့လာရင်း စိတ်အကြောင်းသိချင်လာပါတယ်။ အဲဒါနှင့် တစ်နေ့ ကျောင်းက ဗုဒ္ဓဘာသာအသင်းစာကြည့်တိုက်မှာ သွားပြီး တရားခွေတွေရှာကြည့်တော့ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့  ကိုယ့်စိတ်ကိုယ်စစ် ဆိုတဲ့ တရားခွေလေး တွေ့ တာနှင့် ငှားလာဖြစ်ပါတယ်။ အဲဒီတရားခွေဟာ ကျွန်တော် ပထမဆုံးနာဖြစ်တဲ့ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ တရားတစ်ပုဒ်ပဲဖြစ်ပါတယ်။ 

ဒီတရားခွေနှင့် ပတ်သက်ပြီး မှတ်မှတ်သားသားဖြစ်ခဲ့တာကတော့ အဲဒီအခွေငှားပြီး ရက်ပိုင်းအတွင်းမှာဘဲ ကျောင်းသားအရေးအခင်းဖြစ်လို့  ကျောင်းတွေပိတ်လိုက်ရပါတယ်။ ဒီတရားခွေဟာ ကျွန်တော်နှင့်အတူ လပေါင်းများစွာ ရှိနေခဲ့ရပါတယ်။ နောင် ကျောင်းပြန်ဖွင့်မှ စာကြည့်တိုက်ကို ပြန်အပ်ဖြစ်လိုက်တဲ့ အခွေလေးပါ။ ကျွန်တော့်ဘ၀ထဲမှာ အမှတ်တရတစ်ခုအဖြစ် ဒီတရားတော်ကို ဓမ္မမိတ်ဆွေများကို ဓမ္မဒါန ပြန်လည်မျှဝေ ပေးလိုက်ပါတယ် ခင်ဗျား။



ပထမပိုင်း



ဒုတိယပိုင်း



လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ဆက်လက်ဖတ်ရှုရန်

Wednesday, April 14, 2010

THE BUDDHA (Documentary Movie)

 THE BUDDHA 

 

Full program now available online.


Two-thousand-five-hundred years ago in northern India, Prince Siddhartha left his palace where he had spent twenty-nine years indulging in pleasures. He was determined to comprehend the nature of human suffering. After a grueling spiritual quest that lasted six years, he at last attained enlightenment meditating under a fig tree. He became the Buddha, the “awakened one,” and devoted the rest of his life to teaching the way to enlightenment that he himself had found, giving birth to one of the world’s great religions.

Beginning on Wednesday, April 7, 2010, PBS brings to life Siddhartha and his journey in THE BUDDHA, a two-hour documentary directed by award-winning filmmaker David Grubin.

“Buddhism is growing more and more popular in America,” said David Grubin. “But the Buddha himself remains a mysterious, exotic figure, the founder of a religion in a different key. The Buddha never claimed to be God, or his emissary on earth. He said only that in a world of unavoidable pain and suffering, he had found a serenity which others could find too. In our own bewildering times of violent change and spiritual confusion, the Buddha’s teachings have particular relevance.”

The film, narrated by actor Richard Gere, is undertaken in conjunction with Asia Society Museum, which has organized an exhibition entitled Pilgrimage and Buddhist Art, the first-ever exhibition examining artistic production inspired by sacred sites and the practice of Buddhist pilgrimage in Asia.

Grubin, who directed the critically acclaimed series of films on American presidents including “LBJ,” “FDR” and “Truman” as well as other award-winning series such as THE JEWISH AMERICANS, THE SECRET LIFE OF THE BRAIN and NAPOLEON, tells the story of the Buddha through ancient artwork that depicts the various stages of Siddhartha’s journey, contemporary animation that vividly portrays the legends surrounding the Buddha and contemporary footage of northern India, where many of the religious rituals from the Buddha’s time are still practiced today.

Experts on the Buddha, representing a variety of disciplines, relate the key episodes of the Buddha’s life and reflect on what his journey means for us today. They include His Holiness the Dalai Lama; poets Jane Hirshfield and W.S. Merwin; scholars Robert Thurman, Kevin Trainor and Dr. Max Moerman; astrophysicist Trinh Xuan Thuan; and psychiatrist Mark Epstein, as well as practicing Buddhist monastics.

“By continuing our exploration of the world’s religions, we are delighted to participate in broadening people’s understanding of Buddhism today with David Grubin’s moving portrait of the life of the Buddha,” said John F. Wilson, PBS senior vice president and chief TV programming executive. “This film exposes not just the man, but also his rich teachings, which we hope will spark a larger conversation about religion and spirituality.”

THE BUDDHA (PREVIEW)




Part 1 (Birth & Youth, Part 1)



Part 2 (Birth & Youth, Part 2)



Part 3 (Birth & Youth, Part 3)



Part 4 (Seeking, Part 1)



Part 5 (Seeking, Part 2)




Part 6 (Seeking, Part 3)



Part 7 (Enlightenment, Part 1)



Part 8 (Enlightenment, Part 2)



Part 9 (Enlightenment, Part 3)



Part 10 (Teachings, Part 1)



Part 11 (Teachings, Part 2)



Part 12 (Teachings, Part 3)



Part 13 (Teachings, Part 4)



Part 14 (Community)



Part 15 (Meditation)



Part 16 (Compassion)



Part 17 (Miracles)



Part 18 (Death & Legacy, Part 1)



Part 19 (Death & Legacy, Part 2)




ရုပ်ရှင်ကားကို အစမှ အဆုံးအထိ တစ်ဆက်တည်း ကြည့်လိုသူများ ဤနေရာသို့ နှိပ်၍ကြည့်ပါရန်။
ဆက်လက်ဖတ်ရှုရန်

မဟာသင်္ကြန်အတွက် အမှတ်တရ

“တာသင်္ကြန် နဲ့ သံဝေဂဘွဲ့ ”

တာသင်္ကြန် သက္ကရာဇ်ပြောင်းပြီမို့ ၊
ဇရာသန် တစ်နှစ်ဖြင့် နှောင်းပြန်ပေါ့၊
အသစ်တွေ ဟောင်းပါလို့  အိုခဲ့ပြီ။

သြော်... ရုပ်ကလာပ် ကယ်တို့ ၊
ချုပ်ပြတ်ကာ ကွယ်လွန်၍
နယ်ကျွံကာ မရဏစခန်းကိုလှ၊
တစ်ရွေ့ ရွေ့ ဝင်ကာ၊ နေ့ စဉ်နေ့ စဉ် လှမ်းခဲ့တယ်၊
ကွယ် ...နွမ်းလို့  ကြုံလှီ။

ထိတ်စရာ့ ပါကလား၊
အနိစ္စပေမို့  စိတ်ချတော့ မသွေသာသည်၊
သေမှာ အတည်ကွဲ့  သတ္တ၀ါအများ။

သြော် .... တစ်နှစ် တစ်နှစ်ကယ်နှင့် အသစ်အသစ် ခန္ဓာကိုယ်တို့ ၊
မြန်စွာ အိုအောင် တမြည့်မြည့်နဲ့  ဆွေးခဲ့သော်လည်း၊
ဉာဏ်လွှာတိုသူတွေ တစေ့စေ့မှ မတွေးနိုင်ဘူး၊
တရွေ့ ရွေ့ ပြေးကာ အိုနယ်ဝင်ခဲ့ပေါ့၊
ပျိုတယ်ထင်သူတွေ ကြော့ကြော့ ကြော့ကြော့နဲ့ မြူးရှာကြ၊
နှစ်ကူးပြီး သင်္ကြန်ခါချိန်မို့ ၊
ခန္ဓာအိမ် အသစ်တစ်ခုဖြင့် ပြောင်းပြန်ပေါ့၊

အမယ်မင်း.... အဟောင်းဖြစ်ပြီး အသစ်ဆက်လို့  ပွားပေမယ့်၊
၎င်းအသစ်လဲ တစ်ခေတ်ပျက်လို့  သွားပေလိမ့်၊
အို.... ကွယ်တို့ ရဲ့  အကောင်းမဖြစ်နိုင်ဘူး၊
အဟောင်းအသစ်ဆိုတဲ့ အဖြစ်အပျက်တရား။

ဒဂုန်ဦးထွန်းမြင့်

----------------------------
သင်္ကြန်တွင်း ဘလော့ဂ်မှာ ဘာရေးရမလဲစဉ်းစားနေတုန်း ဆရာပါရဂူရဲ့ “ဒဂုန်ဦးထွန်းမြင့်၏ ကလေးသူငယ်နှင့် ဗုဒ္ဓယဉ်ကျေးမှု” စာအုပ် ထဲမှာ  ဒီသံဝေဂကဗျာလေး တိုက်တိုက်ဆိုင်ဆိုင်ဖတ်မိတာနဲ့  သင်္ကြန်အမှတ်တရ တင်ပေးလိုက်တာပါခင်ဗျာ။

ဆက်လက်ဖတ်ရှုရန်

Thursday, April 8, 2010

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၈)

ဒိဋ္ဌိ (၆၂)ပါး၏ ရေသောက်မြစ်

သက္ကာယဒိဋ္ဌိတည်းဟူသော နှောင်ကြိုးနဲ့  အတုပ်အနှောင်ခံရတဲ့သူဟာ ဘ၀နဲ့ ကာမကို တပ်မက်တဲ့ တဏှာတည်းဟူသော ရေအလျဉ်မှာ မြုပ်တစ်လှည့်၊ မျောတစ်လှည့်နဲ့  ဒုက္ခဖြစ်ရတယ်၊ မျောတာကနည်းတယ်၊ မြုပ်တာကများတယ်။ ဒီတော့ သက္ကာယဒိဋ္ဌိဆိုတာ ဒိဋ္ဌိ(၆၂)ပါးလုံးရဲ့  ရေသောက်မြစ်ကြီးဖြစ်တယ်။ သူ့ ကို အမှီပြုပြီးတော့ ဒိဋ္ဌိအားလုံး ဖြစ်သွားနိုင်တယ်။

သက္ကာယဒိဋ္ဌိ နဲ့  သံသရာ

သက္ကာယဒိဋ္ဌိတည်းဟူသော ကြိုးတစ်ချောင်း အတုပ်အနှောင်ခံရတဲ့ပုဂ္ဂိုလ်ဟာ ကျန်တဲ့ (၆၂)ပါးသော ဒိဋ္ဌိကြိုးတွေ ၀ိုင်းပြီးတော့ တုပ်ထားတာ ဖြစ်လေသောကြောင့် သံသရာတည်းဟူသော ထောင်အိမ်၊ နှောင်အိမ်၊ လှောင်အိမ်ကြီးထဲမှာ မလှုပ်နိုင်အောင် မြုပ်ရတော့တာပဲ။


ရုပ်နာမ်ရှုမှ သက္ကာယဒိဋ္ဌိပြုတ်

တကယ်တန်းအရှိက ပုဂ္ဂိုလ် သတ္တ၀ါ သူ ငါမဟုတ်၊ ရုပ်နာမ်တို့ ရဲ့ အစုအပေါင်း၊ မရှိတာက သတ္တ၀ါ၊ ဒီတော့ တကယ်မရှိတဲ့သတ္တ၀ါကို ရှုမှတ်ဖို့ မလိုဘူး။ တကယ်ထင်ရှားရှိနေတဲ့ ရုပ်နာမ်တို့ ရဲ့  အစုအပေါင်းကို မြင်အောင်ရှုရမယ်။ အဲဒါမှ သက္ကာယဒိဋ္ဌိပြုတ်လွတ်မယ်။

ဆက်လက်ဖတ်ရှုရန်

A Plea To Head And Heart (Harmony Of Head And Heart By Moe Hein)

A PLEA TO HEAD AND HEART

Dear Head,
show me not the way to amass wealth
for it may drown me in a sea of greed.
Nor the way to harness power
for it can sow the destruction seed.
And not the way leading to fame
for it can inflate and deflate me again.
But show me how the wise
think right, speak right and do right.
The path they never lose from their sight
and win over passion with reason.

Dear Heart,
give me the guts to face life
and the strength to endure hardship.
So that I be placid in a storm
as the brave strive to survive.
And if I reach the shores of happiness
with a chance to hoist the flag of success,
let me be humble not arrogant
and know that everything is transient.

(From Poems On Head And Heart)




ဆက်လက်ဖတ်ရှုရန်

ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၁၁)

၄၂။ သဒ္ဓါ၊ သီလ၊ ဟီရိ၊ သြတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ၊ အရိယာဥစ္စာ ခုနှစ်ပါးဆိုတာ မြတ်စွာဘုရားရဲ့  ကြီးကျယ်မြင့်မြတ်တဲ့ အမွေတော်ပဲ။

၄၃။ ဆိုးသွမ်းမိုက်ရိုင်းတဲ့ သားသမီးတွေကို မိဘများက ပြောဆိုဆုံးမလို့ မရတော့ အမွေပြတ် ကြေငြာတယ်။ မြတ်စွာဘုရားကလည်း ပျင်းနေတဲ့ လူတွေကို အမွေပြတ် ကြေငြာထားပါတယ်။ လူပျင်းတွေဟာ အရိယာ ဥစ္စာ ခုနှစ်ဖြာဆိုတဲ့ ဗုဒ္ဓအမွေတော်တွေကို မရနိုင်ပါဘူး။

၄၄။ အရိယာဥစ္စာ ခုနှစ်ဖြာ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ တကယ့်လူချမ်းသာအစစ်ပါပဲ။ နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်း ချမ်းသာစေနိုင်ပါတယ်။

၄၅။ မိဘက သားသမီးကို ပစ္စည်းတွေ ပုံပေး၍ လောကီချမ်းသာ ပြည့်စုံအောင် လုပ်ပေးနိုင်တယ်။ လောကုတ္တရာချမ်းသာ ပြည့်စုံအောင် လုပ်မပေးနိုင်ဘူး။

ဆက်လက်ဖတ်ရှုရန်

Surmountable (Harmony Of Head And Heart By Moe Hein)

SURMOUNTABLE

Are you in distress?
Don't fret.
For millions in the world
are suffering no less.

Surely,
you have tasted life
which sometimes is bitter
and other times sweet.

However depressing
Live on!
What is there to gain
burying yourself in pain.
Your trouble will only double.

Remember
mountains, however lofty,
come under the sole and heel.
Waves, however gigantic,
come under the hull and keel.

All are surmountable.
Shake off your worries
and muster courage.
With a sound mind and firm steps
come on, move ahead!

Every second is precious
so make use of it.
Don't give up, my dear.
Your heart is the driving spirit.
Your head the guiding compass.

Go on! Make it!
If you can,
you are no more the man before.
You are reborn.
Future awaits you with a smile.

Man,
do know that
your fate is in your hand.

(From Poems On Life)


ဆက်လက်ဖတ်ရှုရန်

Monday, April 5, 2010

မဟာသတိပဋ္ဌာနသုတ် ဓမ္မသင်တန်း (ဒုတိယပိုင်း)

မဟာသတိပဋ္ဌာနသုတ် ဓမ္မသင်တန်း
ဆရာတော် ဦးသြသဓ

အပိုင်း (၁၀)



အပိုင်း (၁၁)



အပိုင်း (၁၂)



အပိုင်း (၁၃)



အပိုင်း (၁၄)



အပိုင်း (၁၅)



အပိုင်း (၁၆)




(U SannAung ၏ Youtube စာမျက်နှာမှ ပြန်လည်ကူးယူ ဓမ္မဒါနပြုပါသည် ခင်ဗျား။)

ဆက်လက်ဖတ်ရှုရန်

မဟာသတိပဋ္ဌာနသုတ် ဓမ္မသင်တန်း (ပထမပိုင်း)

မဟာသတိပဋ္ဌာနသုတ် ဓမ္မသင်တန်း
ဆရာတော် ဦးသြသဓ

အပိုင်း (၁)



အပိုင်း (၂)



အပိုင်း (၃)



အပိုင်း (၄)



အပိုင်း (၅)



အပိုင်း (၆)



အပိုင်း (၇)



အပိုင်း (၈)



အပိုင်း (၉)




(U SannAung ၏ Youtube စာမျက်နှာမှ ပြန်လည်ကူးယူ ဓမ္မဒါနပြုပါသည် ခင်ဗျား။)
ဆက်လက်ဖတ်ရှုရန်