8:03 PM Bhikkhu: ကိုဝိမုတ္တိ
နေကောင်းပါရဲ့လား
me: ဘုန်းဘုန်း မင်္ဂလာပါဘုရား
Bhikkhu: မင်္ဂလာပါ
8:25 PM me: ဘုန်းဘုန်း။ နိမိတ်ပေါ်တာမှာ အလင်းနိမိတ်နှင့် နတ်ပြည် ငရဲပြည် စတာတွေဆီ သွားတာနှင့် တချို့ မြင်ကြတဲ့ အရိုးစုပုံပေါ်တာတို့  ဘုရားစေတီပေါ်တာတို့ နှင့် ဘယ်လိုကွာလဲဘုရား
8:26 PM Bhikkhu: တချို့မြင်ကြတဲ့ အရိုးစုပေါ်တာဆိုတာက
8:27 PM me: တချို့ တွေ တရားမှတ်နေရင်း အာရုံမှာ အရိုးစုတွေမြင်ရတာတို့ ၊ တချို့ ကျတော့ မြတ်စွာဘုရား ကို ဖူးရတာတို့ တွေ ရှိကြတာကို ပြောတာဘုရား
8:28 PM တချို့ လည်း နတ်သား နတ်သမီးတွေ မြင်ရတာတို့ ။ စကားသံကြားရတာတို့ တွေ ရှိတယ်ပြောတယ်
8:29 PM Bhikkhu: သူတို့မြင်ရတဲ့ အာရုံတွေက ရှင်းလင်းသလား ဝေေ၀လားလား မပြောတတ်ဘူး
8:30 PM me: တချို့ လည်း ရှင်းတယ်ပြောတယ်ဘုရား။ တချို့ လည်း ခပ်ဝါးဝါးဘဲ။ သမာဓိအား ကွာလို့ ထင်တယ်
Bhikkhu: အလင်းနိမိတ်ကတော့....သီးသန့်ကြည့်ရ ပို့လွှတ်ကြည့်ရတာမို့ မတူဘူးလို့တော့ထင်တယ်
8:31 PM me: တင်ပါ့။ အလင်းနိမိတ်က သမထ သီးသန့် ဖြစ်သွားမလားဘုရား
Bhikkhu: သူတို့မြင်ကြတာက..ကိုယ့်ရှေ့မှာ ဒီအတိုင်းပေါ်လာတဲ့ သဘောရှိတယ်
ဟုတ်ပါတယ်
ဟိုဟာက ၀ိပဿနာရှုနေရင်းမှာ ကိုယ်သန်တဲ့ စရိုက်အားလျော်စွာ မြင်လာတယ်လို့ ထင်ပါတယ်
ကိုယ်တိုင်တော့ ၀ိပဿနာပိုင်းမှာ မမြင်ဖူးဘူး
8:32 PM ဒါပေမယ့် အရိုးစု သဘောဖြစ်သွားတာကိုတော့ နားလည်တယ်
ခန်ဓာကိုယ် တစ်နေရာရာကို စိုက်ရှုနေရင်း အသားတွေ တလွှာစီကွာကျသွားတယ် နောက်ပိုင်းတော့ ခန်ဓာကိုယ် တစ်ခုလုံးဖြန့်ကြည့်တာ အရိုးတွေပဲမြင်ရတော့တယ်
ဒါကတော့ အလင်းနိမိတ်နဲ့ မတူဘူး
8:33 PM me: တင်ပါ့။
Bhikkhu: ဦးဇင်းမြင်ဖူးတာက အရိုးစု ခြတောင်ပို့ ရေမြှပ် ဒါတွေတော့ တွေ့ခဲ့ရတယ်
ဝိပဿနာပိုင်းမှာလေ
me: တင်ပ့ါ
အဲဒါကိုကျတော့ ဘာနိမိတ်ခေါ်လဲဘုရား။ စာလိုကျတော့
8:34 PM Bhikkhu: သမာဓိအလင်းနဲ့ ဥာဏ်အလင်း ဆိုတော့ နည်းနည်းတော့ ကွာတယ်လို့ ပြောရမယ်.
ဝိပဿနာဥာဏ်အလင်းလို့ ပြောရမှာ
နိမိတ်အမျိုးအစားထဲ မပါဘူးလို့ ထင်တယ် ကိုဝိမုတ္တိ
8:35 PM me: ဖြစ်ပျက်ဉာဏ်စပြီး ဖြစ်ခါစမှာ ပေါ်တက်ကြတာနော်ဘုရား
8:36 PM Bhikkhu: နိမိတ်ကတော့ သမထနယ်ပယ်က အလင်းဓာတ်ကိုး...ခုနက ဦးဇင်းမြင်တာတွေက ၀ိပဿနာဥာဏ်အလင်း လို့နားလည်မိတယ်..ဒါပေမယ့် အာရုံမှန်ဥာဏ်အလင်းတော့ ဟုတ်ချင်မှ ဟုတ်မယ်
ဦးဇင်းကတော့ ပရိကမ် အတိတ်အကြောင်း အနာဂတ်အကြောင်းတွေရှုရင်း ခဏပေါ်လာတယ်..ခဏလေးပဲ.. ဖြစ်ပျက်အဆင့်နောက်ပိုင်းကျတော့ အရမ်းကို သိသာလွန်းတယ်
8:37 PM me: တင်ပါ့ဘုရား
တပည့်တော် အဲဒီနှစ်ခုကို စိတ်ထဲ နဲနဲရှုပ်နေတာဘုရား။ ဘယ်ဟာနှင့် ဘယ်လိုကွာလဲဆိုတာ
Bhikkhu: အခုကော
8:38 PM ပြောတဲ့လူကတော့ သူသိတဲ့ ပုံစံအတိုင်း ပြောထည့်လိုက်တာ
me: ဘုန်းဘုန်းပြောတာ ဖြစ်နိုင်တယ်ဘုရား။
8:39 PM ဘာလို့ လဲဆိုတော့ ဒီဝိပဿနာပိုင်း ပေါ်တဲ့အာရုံတွေက ကိုယ် မသိဖူး၊ မမြင်ဖူး၊ မစဉ်းစားဖူးတာမျိုး မပေါ်ဘူးဘုရား
ကိုယ်တစ်နည်းနည်းနှင့် သိထားတာမျိုးတွေထဲကဘဲ ပေါ်တယ်
Bhikkhu: ဟုတ်တယ်
8:41 PM me: အဲဒီအာရုံတွေကို မှတ်ရင်းနှင့်ဘဲ ဉာဏ်က ဒီဘက်က သူ့ ဖာသာတက်သွားတာမျိုး မဟုတ်လားဘုရား
Bhikkhu: ဟုတ်ပါတယ်..
me: နောက်တစ်ခု တပည့်တော် မှတ်ထားဖူးတာ ဟုတ်လားတော့မသိဘူး
Bhikkhu: ပြောပြပါအုံး
8:42 PM me: အရိယာဖြစ်ပြီးသွားရင် အဲဒီနိမိတ်အာရုံတွေ ထပ်မဖြစ်တော့ဘူးလို့ ပြောတယ်ဘုရား
Bhikkhu: ဟုတ်ချင်ဟုတ်လိမ့်မယ်.. သေချာတော့ မပြောတတ်ဘူး
ကိုယ်တိုင်က ဘာမှ မသိသေးလို့
8:43 PM me: ဘာလို့ လဲဆိုတော့ သူက ပြန်စရင် ဥဒယဒ်ဘယ ကနေစမှာဆိုတော့ ။ တွေးကြည့်တာဖြစ်လောက်မယ်ထင်တာဘဲ
Bhikkhu: အနုလောမဥာဏ်အဆင့် ဆိုရင်တောင် မဖြစ်လောက် တော့ပါဘူး
အရိယာဆိုရင်တောင် ပိုပြီး မဖြစ်နိုင်ဘူး
me: တင်ပါ့ဘုရား။ အဲဒါကို တပည့်တော် အလင်းနိမိတ်နှင့်သွားရောနေတာ
8:44 PM အရိယာဖြစ်ပြီးတဲ့သူ အလင်းနိမိတ်ပြန်ရမရ
Bhikkhu: အလင်းနိမိတ်က ဗိုလ်ကြီး၊ စောစောက အာရုံတွေက ဗိုလ်ချုပ်
me: ဘယ်လိုမျိုးလဲဘုရား
Bhikkhu: အလင်းနိမိတ်ရဲ့ သဘောအရတော့...ဘယ်အချိန်မဆို ထိန်းထားရင် ပြန်ရနိုင်တယ်..
8:45 PM ဦးဇင်းအမြင်နော်
အလင်းနိမိတ်က ၀ိပဿနာဥာဏ်အလင်းလောက် မမြင့်ဘူးလို့ ပြောတာပါ
me: ခုနဘုန်းဘုန်းပြောသလိုမျိုး အလင်းနိမိတ်က သမထ သက်သက်ဆိုရင်တော့ ပြန်ရနိုင်စရာ အကြောင်းရှိတယ်
8:46 PM Bhikkhu: အော်..သိပြီ... သုဘူတိဆိုတဲ့ ရဟန်တာ မထေရ်လေ..အဲဒီနိမိတ်တွေနဲ့ တရားဟောတာ
me: တင်ပါ့
Bhikkhu: ဒါဆိုတော့ အရိယာဖြစ်ပြီးလဲ အလင်းနိမိတ်ကတော့ ရနိုင်တာပဲ
8:47 PM me: တင်ပါ့။ အဲဒါကို သမထအနေနှင့် ယူသုံးရင် ရမယ့်သဘောဖြစ်မယ်နော်ဘုရား
Bhikkhu: ဟုတ်တယ်
သမထအနေနဲ့ယူသုံးမှ
me: ဒါဆို ၀ိပဿနာယာနိကနှင့် ရဟန္တာဖြစ်တဲ့သူတွေ ဘယ်လိုမျိုးဖြစ်နိုင်မလဲဘုရား
8:48 PM Bhikkhu: ၀ိပဿနာယာနိက သမားကတော့ မမြင်နိုင် အလင်းနိမိတ်မ၇နိုင်လောက်ဘူး
ရဟန်တာတိုင်း ဈာန်ပျံလို့ မရတာကို ထောက်ဆ ကြည့်ရမယ်
အဲလိုထင်တယ်
8:49 PM me: တင်ပါ့။ ဘုန်းဘုန်း ဘုရားလက်ထက်က ရဟန္တာတွေက သမထယာနိကများမယ်ထင်တယ်နော်ဘုရား
8:50 PM Bhikkhu: သမထယာနိက များလို့.. အချိန်တွေလဲ အများကြီးယူပြီး လေ့ကျင့်ကြတာရယ် ပါရမီတွေလဲ ပြည့်လာကြတာရယ်ကြောင့် ဈာန်ပျံ စသည်ဖြစ်တယ်လို့ သုံးသပ်မိပါတယ်
8:51 PM me: ဘုရားနှင့်အတူ ကောင်းကင်ခရီးကြွရမယ့်အချိန်မျိုးမှာ ၀ိပဿနာယာနိက ရဟန္တာတွေ ဘယ်လိုမျိုး လုပ်မလဲလို့  ကပ်သီးကပ်သပ်တွေးမိလို့ ဘုရား
8:52 PM Bhikkhu: ၀ိပဿနာ ယာနိက သမားဖြစ်ပေမယ့် ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာတွေကျတော့ ပျံနိုင်မယ်ထင်တယ်
me: တင်ပါ့
Bhikkhu: ဒါကတော့ ပါရမီအရှိန်ကြောင့် ဖြစ်မလားဘဲ
me: တင်ပါ့
Bhikkhu: သေချာတာကတော့ သမထယာနိက များတယ်လို့ ပြောရမယ်နော်
8:53 PM me: စွန်းလွန်းဆရာတော်ကြီး ထေရုပတ္တိမှာ သူ့ ကို အဘိဉာဉ်နှင့်ပတ်သက်တာတွေ ကို စမ်းခိုင်းတော့ လုပ်လို့ တော့ရတယ်။ ဒါပေမယ့် သူ မလုပ်ချင်ဘူးလို့ ပြောထားတာဖတ်ဖူးတယ်ဘုရား
8:54 PM Bhikkhu: အော်
8:55 PM me: သဲအင်းဂူဆရာတော်လည်း သူဈန်ပျံဖို့ စမ်းတာ မြေကြီးကနေ နဲနဲဘဲ ကြွလို့ ရတယ်ဆိုလားဘဲ ။ တခါ နာလိုက်ရတာ
Bhikkhu: အော်
8:56 PM သမထယာနိက သမားကတော့ သမထ စတုထ္တဆင့်လောက်ဆိုရင်တော့ ဖင်က ကြွတတ
me: ဟုတ်လားဘုရား
8:57 PM Bhikkhu: ဆရာတော်ကြီး တစ်ပါးရှိပါတယ် သူတရားထိုင်နေတာ ကြမ်းပြင်နဲ့လွတ်နေလို့ တပည့်တွေက အဲဒီကြမ်းပြင်ကို ဆွဲကြည့်ကြသတဲ့
me: တင်ပါ့
Bhikkhu: သေက္ချတောင်ဆရာတော် ဦးတိလောကလေ
me: တင်ပါ့။ တပည့်တော် ငယ်ငယ်က တခါ ဖတ်ဖူးတယ်
တချို့ ကျတော့ အလင်းရောင်ထွက်လာတယ်ပြောတယ်
8:58 PM နောက်တစ်ခုက ဈာန်အဆင့်ဆင့်ကို ရမရက ကိုယ်တိုင် တခါတည်း သိလို့ ရတယ် မဟုတ်လားဘုရား။ အဓိဋ္ဌာန်ဝင်စရာလို သေးလားဘုရား
Bhikkhu: အဓိဋ္ဌာန်တော့မလိုပါဘူး
8:59 PM me: တပည့်တော် နားလည်သလောက် ပထမဈာန်ဆိုရင် သူ့ ရဲ့ ဈာန်အင်္ဂါတွေ မိမိဆီမှာ ဖြစ်နေပြီဆိုတာ တရားထိုင်နေတဲ့သူက တခါတည်းသိနေနိုင်တာဘဲနော်ဘုရား
9:00 PM Bhikkhu: ဦးဇင်းလဲ အဲလို နားလည်မိတယ်
9:01 PM me: အဓိဋ္ဌာန်တာက ၀သီဘော်နိုင်ဖို့ အတွက် လုပ်တာမျိုးကျမှလို့ ထင်တယ်။ အဲဒါဟုတ်လားမသိဘူးဘုရား
9:02 PM Bhikkhu: ၀သီဘော်နိုင်ဖို့ လေ့ကျင့်ကြတာတော့ ဟုတ်တယ်..အဓိဋ္ဌာန်လို့ ခေါ်လား မခေါ်လားတော့ လောလောဆယ် ခေါင်းထဲမှာ ပေါ်မလာဘူး
9:03 PM me: တင်ပါ့။ အဆင့်တစ်ခုပြီးတစ်ခု ၀င်လိုက်ထွက်လိုက် အပြန်ပြန်အလှန်လှန်လေ့ကျင့်တာမျိုးမဟုတ်လားဘုရား
Bhikkhu: ဟုတ်ပါတယ်
9:04 PM me: အဲဒါက တပည့်တော်တို့  ၀ိပဿနာမှာ ဖိုလ်ဝင်စားဖို့ အတွက်ကို လည်း ဒါမျိုးဘဲ အဓိဋ္ဌာန်ရတာဘဲမဟုတ်လားဘုရား
9:05 PM Bhikkhu: ဟုတ်မှာပါ..ဦးဇင်း သိပ်နားမလည်သေးတာ
9:07 PM me: ဘုန်းဘုန်း အဲလို့ အလင်းနိမိတ်နှင့်သွားနေတဲ့အချိန်မှာ စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲဘုရား။ ၀ိတက်များနေမလားဘုရား
Bhikkhu: အာရုံက ကိုယ်ပို့တဲ့ဆီ တန်းတန်းမတ်မတ် သွားနေတယ်..ဒါပေမယ့် ဟိုကြည့် ဒီကြည့် ဟိုဟာတွေ့ချင် ဒါတွေ့ချင်ဆိုတော့ ၀ိတက်က များနေတယ်
9:08 PM me: ဘုန်းဘုန်း ၀ိပဿနာ အားမထုတ်ဖြစ်ခင် အလင်းနိမိတ်လွှတ်တာနှင့် ၀ိပဿနာအားထုတ်ပြီး လွှတ်တာမှာ ကွာခြားမှုဘာရှိလဲဘုရား။ စိတ်ပိုင်းဆိုင်ရာမှာ
9:09 PM Bhikkhu: ၀ိပဿနာအားထုတ်လို့ လေးရက်လောက်ကြာတော့ လွှတ်ကို မလွှတ်ချင်တော့ဘူး
me: တင်ပါ့
Bhikkhu: အရသာခြင်းကွာတာကို နားလည်သွားလို့လား မသိ
me: တင်ပါ့
9:10 PM Bhikkhu: အပြင်ကိုလွှတ်နေတာထက် အတွင်းပိုင်းကို စိုက်ကြည့်နေတာ..အတွင်းပိုင်း အသားတက်ဖို့ကျတော့ အတွင်းမှာပဲ စိတ်ကိုထားတာက ပိုထိရောက်တာကိုး
me: တင်ပါ့။
9:11 PM တပည့်တော် တွေးကြည့်မိတာပါ။ အဲဒီလိုလွှတ်နေတဲ့အချိန် ကိုယ့်စိတ်ကိုယ်ပြန်ကြည့်ရင် တော်တော်ပင်ပန်းနေမှာဘဲလို့ 
Bhikkhu: အပြင်လွှတ်တာကတော့ ဗဟုသုတလောက် ကုသိုလ် သဒ်ဓာတရားတက်ဖို့လောက် ပဲ ကောင်းတယ် ထင်ပါတယ်
9:12 PM လူ့ပြည်လွှတ်တာက အရေးမကြီး မသိသာဘူး..ဗြဟ္မပြည်ကတော့ သတိထားမိလိုက်တယ် စိတ်ကို မောနေတာပဲ
အစပိုင်းကစ သမာဓိအားနည်းလာရင် ဘုန်းခနဲဆို ပြုတ်ကျတာတောင်ဖြစ်သေးတယ်
သမာဓိပြုတ်ကျတာ
9:13 PM me: တင်ပါ့။ နောက် အဲလို လွှတ်နေတဲ့အချိန်မှာ စိတ်မှာ အကုသိုလ် အနုစား တစ်မျိုးမျိုးဖြစ်နေမလားလို့  ထင်တယ်ဘုရား။ အဲဒါ ဖြစ်နိုင်လားမသိဘူး
Bhikkhu: ဒါကတော့ ကိုယ့်ကြည့်တဲ့ အာရုံပေါ်မှာ မူတည်လိမ့်မယ်
9:14 PM me: တစ်ခုခုကို လုပ်ချင်နေတဲ့ ဇောကပ်နေတာ ဆိုတော့ စိတ်မှာ တည်ငြိမ်မှု မဖြစ်နိုင်ဘူးထင်လို့ ဘုရား
Bhikkhu: ဆိုပါစို့ လောဘအနုစားလို့ပြောရအောင်လဲ...ဘုရားစွယ်တော်ကို ဖူးတဲ့အခါကြတော့ ကုသိုလ်ဆန်ဒပဲ ဖြစ်နေတာကိုး
တခုခုလုပ်ချင်တယ်ဆိုတဲ့နေရာမှာ အဘိဓမ္မာသဘောက လောဘနဲ့ ဆန်ဒကို ခွဲထားတယ်
me: တင်ပါ့
9:15 PM တကယ်လို့ ရတနာသုံးပါး အာရုံဆိုရင် ပြဿနာမဟုတ်တဲ့သဘောလားဘုရား
Bhikkhu: ဟုတ်ပါတယ်
မိသားစုအကြောင်းတွေ
ဘာတွေဆိုရင် မကျေနပ်စရာ တွေ့ချင်တွေ့နိုင်တယ်
ဒီပြင်အာရုံတွေလဲ ဒိအတိုင်းပဲပေါ့လေ
9:16 PM me: တကယ်လို့ နတ်ပြည်မှာ နတ်သမီးကို ကြည့်နေရင်း အဲဒီယောဂီသေရင် ဘ၀ကူးကောင်းနိုင်မလားဘုရား
Bhikkhu: သူက နတ်သမီးကို မြင်မြင်ချင်း ဟာကွာ လှလိုက်တာ လိုချင်လိုက်တာ ဆိုတဲ့စိတ်ဖြစ်နေချိန် ဗြုန်းခနဲ သေသွားရင် ဘ၀ကူးမကောင်းနိုင်ဘူး
me: တင်ပါ့
9:17 PM Bhikkhu: နတ်သမီးကို မြင်ပြီး သူတို့က ကောင်းမှုတွေ အများကြီးလုပ်လို့ ဒီကိုရောက်နေတာလို့ ကုသိုလ်တွေး တွေးချိန် သေသွားရင် ဘ၀ကူးကောင်းမယ်
me: တင်ပါ့
9:18 PM Bhikkhu: ဒါတောင် နတ်သမီးလိုချင်စိတ်နဲ့ သေလို့ ဘ၀ကူးမကောင်းခဲ့ရင်တော့ အဲဒီ မကောင်းတဲ့ ဘ၀မှာ သူခဏပဲ ခံစားရမယ်
me: တင်ပါ့
Bhikkhu: သမထ ကုသိုလ်ကံ အင်အားက ကြီးလို့ပါ
me: တင်ပါ့
9:20 PM တပည့်တော်က အဲဒီဇောကပ်ပြီး ပင်ပန်းနေရတာမျိုးကို စိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ်။ သိပ်သဘောမကျချင်ဘူး
Bhikkhu: သဘောမကျရင် မပို့ဘဲ မလွှတ်ဘဲ နေဖို့ပါပဲလေ
9:21 PM me: တင်ပါ့။ ခုနဘုန်းဘုန်းပြောသလို အပြင်ကို လွှတ်မယ့်အစား အတွင်းကိုပြန်ကြည့်တာက အကျိုးများမလားလို့ 
Bhikkhu: ဟုတ်ပါတယ်
me: ဘုန်းဘုန်း အပြင်သွားမလို့ လား
Bhikkhu: တရားတက်တာ မြန်သွားမှာပေါ့
me: သွားလေဘုရား
ဆက်လက်ဖတ်ရှုရန်