ဘ၀ခန္ဓာသည် ဒုက္ခအစုအဝေးဖြစ်သည်။ စက္ကန့် တိုင်းတွင် ဖြစ်ပျက်ပြောင်းလဲနေသည်။ ဘ၀ခန္ဓာ၏ မူလသဘာဝသည် ဒုက္ခသစ္စာဖြစ်သဖြင့် ဘ၀ခန္ဓာပိုင်ရှင်လူသားတို့ သည် ဒုက္ခ-ပြဿနာများကို ကြုံတွေ့ ကြရသည်မှာ ဓမ္မတာဖြစ်သည်။ ဒုက္ခ-ပြဿနာ ကြီး၊ သေး၊ နည်းများသာ ကွာခြားမည်။ ပြဿနာကား ရှိနေသည်သာဖြစ်သည်။
သို့ သော် လူသားတို့ သည် ပြဿနာများပေါ်ပေါက်လာလျှင် ဖြေရှင်းနည်းများကို ကြံဆဖွေရှာကြရသည်။ ပြဿနာများကို အခြေပြုပြီး ငြိမ်းချမ်းမှုကို ရရှိအောင် ကြိုးစားကြရသည်။ ပြဿနာများကြောင့် အသိဉာဏ်ပညာ တိုးပွားလာရသည်ဟု ဆိုနိုင်ပါသည်။ ပြဿနာများသည် လူသားတို့ ကို
၁။ ပြဿနာပေါ် ပညာတော်
၂။ ပြဿနာများ ပညာပွား ဟူသော ဘ၀မူကို ချမှတ်ပေးသည်ဟု မှတ်ယူနိုင်ပါသည်။
ပြဿနာများသည် လူသားအချင်းချင်း ကိလေသာ-ညစ်နွမ်းအောက်ကျသော စိတ်ထားအားကြီးသူများ၏ ဖန်တီးမှုကြောင့် အဖြစ်များပါသည်။ စိတ်ဓာတ်ယုတ်မာသူ အဓမ္မ၀ါဒီတို့ သည် မိမိတို့ ၏ ဘ၀ကောင်းစားကြီးပွားရေးအတွက် မိမိတို့ ၏ ပတ်ဝန်းကျင် လူသားများအကြားဝယ် ဒုက္ခ-ပြဿနာများကို ဖန်တီးအားထုတ်လေ့ ရှိကြသည်။
ဓမ္မ၀ါဒီ- စိတ်ဓာတ်ဖြူစင်မြင့်မြတ်သူတို့ ကား အဓမ္မ၀ါဒီတို့ ဖန်တီးသော ဒုက္ခ-ပြဿနာများကြောင့် ကိုယ်စိတ်ဆင်းရဲကြရသော အများပြည်သူတို့ ကောင်းကျိုး (ထိုထိုဒုက္ခ-ပြဿနာများမှ လွတ်မြောက်ချမ်းမြေ့မှု)အတွက် မေတ္တာဓာတ်ဖြင့် သတ္တိရှိရှိကြိုးစားအားထုတ်လေ့ရှ
ထိုထိုမေတ္တာရှင် ဓမ္မ၀ါဒီတို့ အတွက်ကား ဒုက္ခပြဿနာများသည်
၁။ ပြဿနာပေါ် မေတ္တာဖော်
၂။ ပြဿနာများ မေတ္တာပွားဟူသော ဓမ္မဥပဒေသကို ချမှတ်ပေးသည်ဟု ဆိုနိုင်ပါပေသည်။
အတုမဲ့နိုင်ငံရေးသုခမိန် မဟောသဓာအလောင်းတော်၏ ဘ၀ကား ဒုက္ခ-ပြဿနာများကို အခြေပြုပြီး
၁။ ပြဿနာပေါ် ပညာတော်
၂။ ပြဿနာများ ပညာပွား
၃။ ပြဿနာပေါ် မေတ္တာဖော်
၎။ ပြဿနာများ မေတ္တာပွား နိုင်ခဲ့သော အားကျဂုဏ်ယူဖွယ် ဇာတ်တော်ကြီးဖြစ်ပါသည်။
ထိုထိုနိုင်ငံရေးဆောင်ရွက်သူတို့ သည် မဟောသဓာအလောင်းတော်၏ ပြဿနာများကြားဝယ် မွေးမြူဖော်ထုတ်နိုင်ခဲ့သော ပညာနှင့်မေတ္တာစွမ်းအားကြီး နှစ်ပါးကို လေးစားအားကျ အတုယူကြရပါမည်။ မိမိတို့ သည်လည်း ပြဿနာပေါ် ပညာတော်ပြီး ပြဿနာများ မေတ္တာပွားနိုင်သူများ ဖြစ်လာအောင် လေ့ကျင့်အားထုတ်ကြရပါမည်။ နိုင်ငံရေးပြဿနာ၊ ဘ၀ပြဿနာများ ကြုံတွေ့ လာတိုင်း
၁။ ပြဿနာပေါ် ပညာတော်
၂။ ပြဿနာများ မေတ္တာပွား ဟူသော အလောင်းတော် မဟောသဓာ၏ ဂုဏ်ရည်များ ပွားများလာတော့မည် ဟူသော သတိတရားဖြင့် ၀မ်းမြောက်ပီတိ ဖြစ်ကြရပါမည်။
အညတြသုတေသီတစ်ဦး
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၂)
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၃)
No comments:
Post a Comment