အမှာစာ
ဤ “အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ” ဆောင်းပါးကို အညတြသုတေသီတစ်ဦးက ရေးသားပြုစုပါသည်။ ဇာတကပါဠိတော်၊ အဋ္ဌကထာ နှင့် ပိဋကတ်တော်လာ ဗဟုသုတတို့ ကို အခြေခံပြုမူတည်၍ ရေးသားထားခြင်းဖြစ်ပါသည်။ လစဉ် အခန်းဆက်ဆောင်းပါးအဖြစ် စီစဉ်ရေးသားသွားမည်ဖြစ်ပါသည်။ ဦးတည်ချက်မှာ ဒုက္ခပင်လယ်ကြောတွင် မြောပါနေသော အမိနိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားအားလုံးအတွ
အတွေးအခေါ်ပိုင်း အရေးအသားပိုင်းတို့ တွင် အမှားတွေ့ သော် ပညာရှင်သူတော်ကောင်းတို့ သည် မေတ္တာ၊ ကရုဏာ ရှေ့ ထားလျက် လမ်းညွှန်အကြံပြုပေးပါရန် ရိုသေစွာတောင်းပန်အပ်ပါသည်။
********************
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ
အညတြသုတေသီတစ်ဦး
၁။ ဗုဒ္ဓတရားတော်နှင့် နိုင်ငံရေးအဓိပ္ပါယ်ညှိနှိုင်းသုံ
နိုင်ငံရေးဟူသော ဝေါဟာရကို ယေဘုယျအများအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရလျင် နိုင်ငံ = နိုင်ငံတစ်ခု၊ နိုင်ငံအများ (ကမ္ဘာ၊ လောက) ၏ စား၊ ၀တ်၊ နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အကျိုးစီးပွားရေးရာ အားလုံးဟု သတ်မှတ်နိုင်ပါသည်။ ၀ိသေသအထူးအားဖြင့်မူ ကာလတစ်ကန့် တွင် နိုင်ငံသားတို့ ကို ဆင်းရဲနိမ့်ကျစေသော အဓမ္မ၀ါဒီ =အာဏာရှင်တို့ ကို တော်လှန်သောအရေးဟုဆိုနိုင်ပါသည်။ အသို့ ဆိုလျှင် နိုင်ငံရေးအဓိပ္ပါယ် သဘာဝသည် ဗုဒ္ဓတရားတော်ရှုထောင့်အရ မည်သို့ ရှုမြင်နိုင်ပါသနည်း။
ဤတွင် ပထမဦးစွာ ဗုဒ္ဓတရားတော်၏ အနှစ်သာရကို နားလည်သိမြင်စေဖို့  အထူးအရေးကြီးပါသည်။ ဗုဒ္ဓတရားတော်၏ ဦးတည်ချက်သည် သတ္တလောကကို ချမ်းသာစေဖို့ ဖြစ်ပါသည်။ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ဆောင်ရွက်ပေးဖို့ ဖြစ်ပါသည်။ မဟာကရုဏာတော်ဖြင့် ထိုထိုတရားတော်မြတ် ပိဋကတ်သုံးပုံ ဟောကြားတော်မူခဲ့သော မြတ်ဗုဒ္ဓသည် ၄င်းဦးတည်ချက်ဖြည့်ဆည်းဖို့  စရိယ (၃)ပါး၊ မဟာပရိစ္စာဂ (၅)ပါး၊ ပါရမီ (၁၀)ပါးတို့ ကို ဆည်းပူးအားထုတ်တော်မူခဲ့ရသည်။ ထိုသို့ ဆည်းပူးနိုင်ခြင်း၏ အခြေခံတရားကြီး (၄)ပါးကား ဗြဟ္မာ့ဝိဟာရတရား = မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ ပါပင်တည်း။
အထက်ပါဖွင့်ဆိုချက်တို့ ကို လေးနက်စွာ ညှိနှိုင်းကောက်ချက်ချရပါလျင် နိုင်ငံရေးသည်
(၄) ပါရမီ (၁၀)ပါး ဟူသော ဗုဒ္ဓတရားတော်များနှင့် ညီညွတ်သက်ဝင်နေသည်ကို မုချသေချာ တွေ့ သိရပါသည်။ ယေဘုယျအားဖြင့်ဖြစ်စေ၊ ၀ိသေသအားဖြင့်ဖြစ်စေ ညီညွတ်သော အဓိပ္ပါယ်ကို ကောက်ယူနားလည်နိုင်ပါသည်။ သို့ သော် အတ္တဟိတ ကိုယ်ကျိုးကို ပဓာနမထားသော လောကကောင်းကျိုးအတွက် ဖြူစင်မြင့်မြတ်သော နိုင်ငံရေးဆောင်ရွက်ချက်ဖြစ်ဖို့ ကား အဓိကကျပါသည်။
ထို့ ပြင် ရာဇဓမ္မ = မင်းကျင့်တရား (၁၀)ပါးသည်လည်း နိုင်ငံရေးတရားပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်နည်း။ ရာဇဟူသော ပါဠိဝေါဟာရသည် “(၁၀)ပါးသောတရားဖြင့် လောက (သူတပါး၊ အများ) ကို နှစ်သက်ရွှင်ပျော် ချမ်းသာစေသူ” ဟူ၍ အဓိပ္ပါယ်ရှိပါသည်။ ထိုအဓိပ္ပါယ်အရ နိုင်ငံ၏ ချမ်းသာမှုအတွက် ဖြူစင်စွာဆောင်ရွက်သူသည် ရာဇဓမ္မကို လိုက်နာကျင့်သုံးခြင်းပင် ဖြစ်သောကြောင့်ပါတည်း။
အသေးစိတ်ရှင်းလင်း ဖွင့်ဆိုရပါလျှင် နိုင်ငံရေးဟူသည်...
(၄) ဥပေက္ခာ = နိုင်ငံသားတို့ ၏ အကျိုးစီးပွားကို ဆောင်ရွက်ရာတွင် အဂတိကင်းစွာ နိုင်ငံ၏ လောက၊ ဓမ္မဥပဒေနှင့် ညီညွတ်စွာဆောင်ရွက်ခြင်း
စရိယ (၃)ပါး
(၃) ဗုဒ္ဓတ္ထစရိယ = ထိုသို့ ဆောင်ရွက်ရာတွင် မိမိအပါအ၀င် လောကသားတို့ ၏ အသိဉာဏ်တည်းဟူသော အဓိက လောကီ၊ လောကုတ္တရာ ပညာရတနာအကျိုးကို ပဓာနဦးတည် ကျင့်ဆောင်ခြင်း။
ပဟာပရိစ္စာဂ (၅)ပါး
(၄) အင်္ဂပရိစ္စာဂ = နိုင်ငံသားတို့ ၏ ကောင်းကျိုးအတွက် ခြေ၊ လက်အစရှိသော ကိုယ်အင်္ဂါအစိတ်အပိုင်းများ စွန့် လွှတ်ဆောင်ရွက်ရခြင်း
ပါရမီ (၁၀)ပါး
ရာဇဓမ္မ (၁၀)ပါး
(၄) အဇ္ဇ၀ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို ရိုးသားစွာ ကျင့်ဆောင်ခြင်း။
(၅) မဒ္ဒ၀ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို နူးညံ့သိမ်မွေ့ စွာ ကျင့်ဆောင်ခြင်း။
(၆) တပ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို မြင့်မြတ်ခြိုးခြံကာ ကျင့်ဆောင်ခြင်း။
(၇) အက္ကောမ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို ဒေါသတရားကင်းစင်ကာ ကျင့်ဆောင်ခြင်း။
(၈) အ၀ိဟိံသ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို ကရုဏာတရားဖြင့် ကျင့်ဆောင်ခြင်း။
(၉) ခန္တီ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို သည်းခံအေးမြစွာ ကျင့်ဆောင်ခြင်း။
အချုပ်ဆိုရပါလျှင် နိုင်ငံရေးသည် တကယ်စင်စစ် ဖြူစင်မြင့်မြတ်သော ဦးတည်ချက်ဖြင့် ဆောင်ရွက်ပါက ဗုဒ္ဓတရားတော်နှင့် ညီညွတ်သော ပါရမီဖြည့်ခြင်းဟု သတ်မှတ်နိုင်ပါပေသည်။
(၅) မဒ္ဒ၀ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို နူးညံ့သိမ်မွေ့ စွာ ကျင့်ဆောင်ခြင်း။
(၆) တပ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို မြင့်မြတ်ခြိုးခြံကာ ကျင့်ဆောင်ခြင်း။
(၇) အက္ကောမ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို ဒေါသတရားကင်းစင်ကာ ကျင့်ဆောင်ခြင်း။
(၈) အ၀ိဟိံသ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို ကရုဏာတရားဖြင့် ကျင့်ဆောင်ခြင်း။
(၉) ခန္တီ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို သည်းခံအေးမြစွာ ကျင့်ဆောင်ခြင်း။
(၁၀) အ၀ိရောဓန = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို ဆောင်ရွက်ရာတွင် အများဆန္ဒသဘောထားကို လေးစားလိုက်နာလျက် ကျင့်ဆောင်ခြင်း ဟူ၍ဖြစ်ပါသည်။
အချုပ်ဆိုရပါလျှင် နိုင်ငံရေးသည် တကယ်စင်စစ် ဖြူစင်မြင့်မြတ်သော ဦးတည်ချက်ဖြင့် ဆောင်ရွက်ပါက ဗုဒ္ဓတရားတော်နှင့် ညီညွတ်သော ပါရမီဖြည့်ခြင်းဟု သတ်မှတ်နိုင်ပါပေသည်။
နိုင်ငံအရေး တို့ အရေး
နိုင်ငံရေးသည် ပါရမီဟု
ရွှင်ကြည်လေးမြတ် သိမြင်မှတ်၍
များသတ္တ၀ါ ကိုယ့်ကြောင့်သာလျှင်
ချမ်းသာအေးမြ ရွှင်ပျော်ကြဖို့ 
မြန်မာ့နွယ်ဖွား တိုင်းရင်းသားတို့ 
စိတ်ထားညီညာ သွေးစည်းကာလျှင်
မေတ္တာတွေပွား သစ္စာအားဖြင့်
ကြိုးစားအားထုတ် အလုပ်လုပ်သော်
အဟုတ်သေချာ ပြည်မြန်မာသည်
ကမ္ဘာအလယ် ဂုဏ်ရည်ကြွယ်လျက်
ဝင့်ထည်တိုးပွား ပြည်သူများလည်း
သွေးသားစဉ်ဆက် ပြုံးရွှင်မျက်နှာ
လင်းလက်စွာဖြင့် သော်တာငွေလ
ချမ်းမြေ့ကြ၍ သုခရွှေမိုး
ရွာသွန်းဖြိုးမည် အမျိုးချစ်ဖို့  ချိန်သင့်ပြီ။
နိုင်ငံရေးဟု ခေါ်မှုဝေါဟာ
ပါရမီပဲ စွဲမြဲမှတ်ပါ
မြန်မာ့နွယ်ဖွား တို့ များသူငါ
ညီညာအား ကြိုးစားရွှင်ပျော်စွာ။
နိုင်ငံရေးသည် ပါရမီ ရွှင်ကြည်မှတ်ပါလေ။
မေတ္တာပြည့်ဖြိုး နိုင်ငံကျိုး သယ်ပိုးဆောင်ရွက်လေ။
မြန်မာ့နွယ်ဖွား ညီနောင်များ စိတ်ထားညီညာစေ။
ရွှင်ပြုံးပျော်ပျော် ညီညွတ်သော် ကောင်းတော်အောင်ပွဲဝေ။
ကမ္ဘာ့မြေမှာ တို့ မြန်မာ သိက္ခာဂုဏ်ကျက်သရေ။
လပြည့်ရွှေည သော်တာလ အေးမြပုံမသွေ။
ကမ္ဘာလည်းလှ မြန်မာလှ သုခပြုံးပန်းဝေ။
ရွှင်ကြည်လေးမြတ် သိမြင်မှတ်၍
များသတ္တ၀ါ ကိုယ့်ကြောင့်သာလျှင်
ချမ်းသာအေးမြ ရွှင်ပျော်ကြဖို့ 
မြန်မာ့နွယ်ဖွား တိုင်းရင်းသားတို့ 
စိတ်ထားညီညာ သွေးစည်းကာလျှင်
မေတ္တာတွေပွား သစ္စာအားဖြင့်
ကြိုးစားအားထုတ် အလုပ်လုပ်သော်
အဟုတ်သေချာ ပြည်မြန်မာသည်
ကမ္ဘာအလယ် ဂုဏ်ရည်ကြွယ်လျက်
ဝင့်ထည်တိုးပွား ပြည်သူများလည်း
သွေးသားစဉ်ဆက် ပြုံးရွှင်မျက်နှာ
လင်းလက်စွာဖြင့် သော်တာငွေလ
ချမ်းမြေ့ကြ၍ သုခရွှေမိုး
ရွာသွန်းဖြိုးမည် အမျိုးချစ်ဖို့  ချိန်သင့်ပြီ။
နိုင်ငံရေးဟု ခေါ်မှုဝေါဟာ
ပါရမီပဲ စွဲမြဲမှတ်ပါ
မြန်မာ့နွယ်ဖွား တို့ များသူငါ
ညီညာအား ကြိုးစားရွှင်ပျော်စွာ။
နိုင်ငံရေးသည် ပါရမီ ရွှင်ကြည်မှတ်ပါလေ။
မေတ္တာပြည့်ဖြိုး နိုင်ငံကျိုး သယ်ပိုးဆောင်ရွက်လေ။
မြန်မာ့နွယ်ဖွား ညီနောင်များ စိတ်ထားညီညာစေ။
ရွှင်ပြုံးပျော်ပျော် ညီညွတ်သော် ကောင်းတော်အောင်ပွဲဝေ။
ကမ္ဘာ့မြေမှာ တို့ မြန်မာ သိက္ခာဂုဏ်ကျက်သရေ။
လပြည့်ရွှေည သော်တာလ အေးမြပုံမသွေ။
ကမ္ဘာလည်းလှ မြန်မာလှ သုခပြုံးပန်းဝေ။
အညတြသုတေသီတစ်ဦး
ရွှေရတု
အတွဲ ၉၊ အမှတ် ၉။
နိုဝင်ဘာ ၂၀၀၉
(ဆက်လက်ဖော်ပြပေးသွားပါမည်။)
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၂)
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၃)
No comments:
Post a Comment