အော်...ဖြစ်မှဖြစ်ရလေခြင်းနော်..
လွန်ခဲ့တဲ့ သုံးလေးလလောက်ကပါ။ စိတ်ထွေထွေရှိတာနဲ့ ဘာသာရေးစာအုပ်တွေ ဆက်တိုက်ဖတ်ဖြစ်တော့ ဆရာတော်ဦးဇောတိကရဲ့  “ဘာကိုတန်ဖိုးထားရမလဲ” ဆိုတဲ့ စာအုပ်လည်း ဖတ်တဲ့အထဲပါသွားတယ်။ အရင်တုန်းကတော့ တစ်ခါ ဖတ်ပြီးသားပါ။ အခုတစ်ခါထပ်ဖတ်ဖြစ်တော့ အရင်ကနှင့်မတူတဲ့ အတွေးတွေ ထပ်တွေးဖြစ်သွားတယ်။ အဲဒီထဲမှာ ဆရာတော် ဘာသာပြန်ထားတဲ့ အင်္ဂလိပ်ကဗျာတစ်ပိုဒ်က ရင်ထဲမှာ ဖြစ်နေတဲ့ တစ်စုံတစ်ရာ ဟာတာတာ ခံစားနေရတာ တစ်ခုအတွက် ကွက်တိလိုဖြစ်နေရောဗျာ။
အဲဒီကဗျာစာပိုဒ်လေးကို ဖတ်ပြီး ကိုယ်လိုပဲ ခံစားနေရတဲ့သူတွေအတွက် ဝေမျှပေးအုံးမယ်လို့ စိတ်ကူးမိပါသေးတယ်။ နောက် အလုပ်ရှုပ်တာရယ်၊ အာရုံမရတာရယ်နှင့် ဘာမှ ဆက်မလုပ်ဖြစ်ဘူး။ ဟိုတစ်နေ့ က မိတ်ဆွေတစ်ယောက်ဆီက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့စကားလေး ကြားလိုက်တော့ ခေါင်းထဲက ဖျက်ကနဲ အဲဒီကဗျာကို သတိသွားရတယ်။ ဒီတစ်ခါတော့ သတိရတုန်း နောက်တစ်ခါ ထပ်မမေ့ခင် ခံစားချက်တူမယ့်သူတွေအတွက် ဝေမျှလိုက်တယ်ဗျို့ ။

The Hollow Men
We are the hollow men
We are the stuffed men
Leaning together
Headpiece filled with straw.
Alas!
T.S Eliot (1888-1965)
Written in 1925
We are the hollow men
We are the stuffed men
Leaning together
Headpiece filled with straw.
Alas!
T.S Eliot (1888-1965)
Written in 1925
We are the hollow men.
hollow ဆိုတာ အထဲမှာ ဘာမှမရှိတာ။ လူနဲ့ တူတဲ့ ပလပ်စတစ်ကော်ရုပ်ဆိုရင် အပေါ်ယံမှာ လူနဲ့ တူနေပေမယ့် အထဲမှာ ဘာမှမရှိဘူး။ အဲဒါကို hollow လို့ ခေါ်တယ်။
We are the stuffed men.
stuffed men ဆိုတာ ဥပမာ - အ၀တ်နဲ့ လူရုပ်လုပ်ထားပြီးတော့ ၀ါဂွမ်းလို သိုးမွေးလိုဟာမျိုးတွေ ဖြည့်ထားတာရှိတယ်။ အပေါ်ယံကြည့်လိုက်ရင်တော့ ၀၀ဖြိုးဖြိုး အပြည့်ကြီးပဲ။ အထဲမှာ ၀ါဂွမ်းပဲရှိတယ်။ အဲဒါကို stuffed man လို့ ခေါ်တယ်။
Leaning together.
တစ်ယောက်နဲ့ တစ်ယောက် မှီပြီးနေကြတယ်။ သူကလည်း hollow ကိုယ်ကလည်း hollow။ hollow အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် မှီနေကြတယ်။
Headpiece filled with straw.
Alas!
ခေါင်းပိုင်းထဲမှာ ကောက်ရိုးတွေနဲ့ ပဲ ဖြည့်ထားတယ်။
အော်...ဖြစ်မှဖြစ်ရလေခြင်းနော်။

ဘာသာပြန်ထားတာလေးက ကဗျာရဲ့ ပထမဆုံးအပိုဒ်ပါ။ ဆက်ဖတ်ချင်သေးရင်တော့ အောက်မှာပေးထားတဲ့ လင့်ခ်တွေကို နှိပ်ပြီး ကဗျာ အစကနေ အဆုံး ကိုယ့်ဘာသာကိုယ်သာ ဖတ်ကြည့်ကြပေတော့ဗျို့ ။
http://www.americanpoems.com/poets/tseliot/1076
http://www.youtube.com/watch?v=nwcP3NOCeiE
http://en.wikipedia.org/wiki/The_Hollow_Men
ကျွန်တော်လည်း ဆရာတော် ဦးဇောတိက ရဲ့  အဲ့ဒီ စာအုပ်လေးကို ဖတ်ချင်လို့ပါ .. PDF နဲ့ ရှိရင် ကျေးဇူးပြုပြီး မျှဝေးစေချင်ပါတယ် .. ရှိခဲ့မယ်ဆိုရင် ၊ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့  မေလ်းကို ပို့ပေးစေချင်ပါတယ် ခင်ဗျာ .. ကျေးဇူး တင်ပါတယ် (koko1983.ko@gmail.com)
ReplyDelete