Saturday, July 31, 2010

ဘုရားရှင်ရဲ့ Swimmology



ဒီနေ့ ဘုန်းကြီးကျောင်း ဆွမ်းသွားကပ်တော့ ကျောင်းကဦးဇင်းက တရားတိုလေးတစ်ပုဒ် ဟောလိုက်တယ်။ ရိုးရိုးရှင်းရှင်းလေးပါဘဲ။ ဦးဇင်းဟောတာလေး အတိုချုံးပြောရရင်...
...ဒါနပြုကြတဲ့သူ အမျိုးအစား (၄) မျိုးရှိပါတယ်တဲ့။
  • ပထမအမျိုးအစားက ရှိလို့ လှူတာပါတဲ့။ သူ့ မှာ ရှိနေလို့  (သို့ ) ပိုနေလို့  သူများကို လှူတာပါ။ အဲဒီအလှူမျိုးကို မြတ်စွာဘုရားက မချီးမွှမ်းပါဘူးတဲ့။
  • ဒုတိယ တစ်မျိုးက ရှိဖို့ လှူတာပါတဲ့။ မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုတဲ့စကားကြောင့် ရှိချင်ကြတာနဲ့  လှူကြတယ်တဲ့။ အဲဒီအလှူမျိုးကိုလည်း မြတ်စွာဘုရားက မချီးမွှမ်းပါဘူးတဲ့။
  • တတိယတစ်မျိုးက သိဖို့  လှူတာတဲ့။ သံဃာတော်တွေဟာ ပရိယတ္တိဝန်တွေ ပဋိပတ္တိဝန်တွေကို ဆောင်ပြီးနေကြတယ်။ သူတို့ သိထားတဲ့တရားမျိုး ငါလည်း သိချင်လိုက်တာဆိုတဲ့ စိတ်ဆန္ဒနှင့် လှူကြတယ်တဲ့။ အဲဒီအလှူမျိုးကိုတော့ မြတ်စွာဘုရားက ချီးမွှမ်းပါတယ်တဲ့။
  • နောက်ဆုံးတစ်မျိုးကတော့ သိလို့ လှူတာပါတဲ့။ ဒါနရဲ့ ကောင်းကျိုးတရားကို တကယ်နားလည်သိရှိသဘောပေါက်သွားတဲ့အတွက်ကြောင့်မို့ လို့  လှူဒါန်းမှုပြုကြတဲ့သူတွေတဲ့။ အဲဒီလိုပုဂ္ဂိုလ်မျိုးရဲ့ အလှူကိုလည်း မြတ်စွာဘုရားရှင်က ချီးမွှမ်းပါတယ်တဲ့။
ဦးဇင်းကဆက်ပြီး သြဃတရဏသုတ် ကို ခပ်ကျဉ်းကျဉ်းလေး ဆက်ဟောပါတယ်။ (စကားချပ်။ ။ သုတ်တော်အကျယ်နှင့် ရှင်းလင်းချက်တွေကတော့ ပို့ စ်တင်ထားပြီးသားမို့ လို့  ထပ်ပြီး ဒီမှာ မပြောပြတော့ပါဘူး။) အဓိကကတော့ ငြိမ်ပြီးကူးရင်မြှုပ်မယ်။ အဲဒါက အကုသိုလ်လုပ်တဲ့သူတွေက အပါယ်ဂတိကို သွားရတတ်တယ်ဆိုတဲ့သဘော။ လှုပ်ပြီးကူးရင်မျောမယ်။ အဲဒါက ခုန ပထမနှင့်ဒုတိယအမျိုးအစားဒါနကုသိုလ်ရှင်တွေကို ရည်ညွှန်းတယ်။ နောက်ဆုံးကတော့ မငြိမ်မလှုပ်ကူးနည်းပေါ့။ ဒါကတော့ တတိယနှင့် စတုတ္ထအမျိုးအစားဒါနကုသိုလ်ရှင်တွေကို ရည်ညွန်းတယ် ဆိုပြီး သုတ်တော်ကို ကောက်ချက်ဆွဲပါတယ်။

နောက်ဆုံးတစ်ခုဆက်ဟောတာကတော့ သံဃာမှာ ဒုဿီလမရှိဘူးလို့ ဘုရားရှင်ဟောခဲ့တယ်တဲ့။ အခုဆို ဘယ်ဘုန်းကြီးက ၀ိနည်းနှင့်မညီဘူး။ ဘယ်ဘုန်းကြီးကတော့ဖြင့် ဘာတွေလုပ်နေပြန်ပြီစသည်ဖြင့် အမျိုးမျိုး အသံတွေထွက်ကြတယ်တဲ့။ အဲဒီတော့ အဲဒီလိုမျိုး ကိုယ်မကြည်ညိုနိုင်တဲ့ ဘုန်းကြီးတွေနှင့် ပတ်သက်ရ၊ လှူဒါန်းရတဲ့အခါတွေမှာ ပုဂ္ဂိုလ်အဖြစ် မမြင်ဘဲနဲ့  သံဃာလို့  သံဃာ့အဖွဲ့ အစည်းတစ်ခုလုံးကို အာရုံပြုပြီး မိမိအတွက် ကောင်းမှုလယ်ယာမျိုးစေ့ကို စိုက်ပျိုးပါလို့  မိန့် ကြားပြီး တရားနိဂုံးချုပ် ရေစက်ချ အမျှဝေပေးပါတယ်။



တရားအပြီး ကိုယ့်ဖာသာ စပ်ဆက်ပြီးတွေးဖြစ်တာကတော့ တခါက ပို့ စ်တင်ဖူးတဲ့ ပရောဖက်ဆာနှင့်သဘောင်္သားပုံပြင်ထဲကလို ရေကူးနည်းကို မလေ့လာခဲ့တဲ့ ဆရာခမျာ ပင်လယ်ထဲသင်္ဘောပျက်တော့ ရေနစ်ဖို့ ဖြစ်ခဲ့ရသလို သံသရာခရီးမှာလည်း ရေကူးနည်းမတတ်ရင် တခြားဘာတွေဘယ်လောက်တတ်တတ် မျောရမြှုပ်ရမှာပါလားလို့ ....။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာ ပွင့်မလာခဲ့ဘူးဆိုရင် လောကမှာ အနတ္တတရားဆိုတာရှိပါလားလို့  သိခွင့် ကျင့်သုံးနားလည်ခွင့်ကို လောကသားတွေ ရကြမှာမဟုတ်ပါဘူး။ အရှင်မြတ်ကြီး ဟောကြားခဲ့လို့ သာပေါ့။ အနတ္တဆိုတာ ဘာဆိုတာ နားလည်ဖို့  အရှင်မြတ်ကြီးပြောပြ ဟောပြခဲ့တဲ့ ရေကူးနည်းနဲ့ ပမာတူတဲ့ တရားတွေရှိလို့ သာ ခံသာတော့တယ်လို့  တွေးရင်း.....။

ဒီနေ့ က ပဉ္စ၀ဂ္ဂီ(၅)ဦးကို အရှင်မြတ်ကြီးက အနတ္တလက္ခဏာသုတ်ဟောကြားတော်မူတဲ့နေ့ ဖြစ်နေတာရော၊ ဇူလိုင် (၃၁)ရက် ဖြစ်နေတာရော နှစ်ခုပေါင်းပြီး ဓမ္မမိတ်ဆွေများအားလုံးကို အမှတ်တရဓမ္မလက်ဆောင်ပေးလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ


ဆက်လက်ဖတ်ရှုရန်

Friday, July 30, 2010

ကျဲကောင်းကျဲမည့် သကာရည်

မွေးနေ့ အမှတ်တရအဖြစ် ဓမ္မညီငယ် ဖိုးသား(ကိုပြည့်စုံအောင်) (အဖြူရောင်မေတ္တာ)က ပေးတဲ့ လက်ဆောင်ပို့ စ်လေးပါ။ အားလုံးဖတ်လို့ ရအောင် ပြန်လည်ဝေမျှလိုက်ပါတယ်။ မွေးနေ့ လက်ဆောင်ပေးတဲ့ ညီငယ်ဖိုးသားကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

မင်္ဂလာပါ ဓမ္မမောင်နှမတို့.. ဒီစာစုလေးဟာ (31.07.2010) ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင် ကိုဝိမုတ္တိသုခ အတွက် မွေးနေ့ လက်ဆောင်အဖြစ် ရည်ရွယ် ရေးသားထားတာပါ။ သို့ပေမယ့်လည်း စာရှုသူအားလုံးကို ဖတ်စေချင်တဲ့ အတွက် ဘလော့ စာမျက်နှာပေါ် တင်ပေးလိုက်ပါတယ်.. ဖရန်စစ် ဘေကွန်ရဲ့ စာဖတ်ခြင်းဟာ ပြည့်ဝစေတယ် ဆိုတဲ့ စကားကို သတိမူမိရင်ဖြင့် စာရှုသူ သင့်အနေနဲ့ နှလုံးသွင်း ကောင်းကောင်းနဲ့ ဖတ်နိုင်ပါလိမ့်မယ်..။

~~~~~~~~~~~~~~~~~~~~~~~~~~

အစ်ကိုရေ..

ကြည်လင် အေးမြသော မွေးနေ့ပါ။ မနှစ်က ညီ့မွေးနေ့တုန်းက အစ်ကိုက ပုံပြင်တွေ ပြောပြပြီး အသိတွေပေးခဲ့ သလို ညီကလည်း အစ်ကို့မွေးနေ့ ရောက်တော့ အစ်ကို့နည်းကို ပြန်မှီပြီး ပုံပြင်နှစ်ပုဒ် ပြန်ပြောပြမိတယ်.. ဒီနှစ် ညီ့မွေးနေ့မှာတော့ အစ်ကိုက ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေ ထဲက မှတ်သားဖွယ်ရာတွေကို ထုတ်နုတ်ရေးသားပြီး လက်ဆောင် အဖြစ် ပေးခဲ့ပြန်တယ်..။ အဲ.. အစ်ကို့ မွေးနေ့ကျတော့ ညီဘာ ပြန်ပေးရမလဲ စဉ်းစားတော့ ဟဲ ဟဲ ငါကြင်းဆီနဲ့ ငါကြင်း ပြန်ကြော်တယ်ပဲ ပြောရမလား.. ဒါမှ မဟုတ် အလှူ့လက်ဖက်နဲ့ ဧည့်ခံတယ်ပဲ ဆိုရမလား.. မနှစ်ကလိုပဲ အစ်ကို့နည်းကို ပြန်တုလို့ ညီ ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေ ထဲက မှတ်သားမိတာတွေကို ညီ့အတွေးတွေနဲ့ ရောမွှေ သမပြီး ရေးမယ်လို့ စိတ်ကူးလိုက်တယ် အစ်ကို..

တစ်ခု ရှိတာက ညီဖတ်ခဲ့တဲ့ စာအုပ်တွေက ၂၀၀၇ ခုနှစ် အစောပိုင်းလောက် ညီ ဘာသာရေးနဲ့ အလှမ်းဝေးတုန်းက ဖတ်ခဲ့တဲ့ စာအုပ်တွေ ဆိုတော့.. ဘာသာရေး နယ်ပယ်က စာအုပ်တွေနဲ့တော့ ယှဉ်လို့ မရပါဘူး.. ဒါပေမယ့်လည်း အဲဒီ စာအုပ်တွေထဲက မှတ်သားခဲ့တဲ့ အကြောင်းအရာတွေကိုပဲ ညီသိထားတာတွေနဲ့ ထပ်ချဲ့လို့ ကြိုးစားပြီး တွေးပေး ရေးပေးလိုက်ပါတယ် အစ်ကိုရေ.. သိပြီးသားတွေ ပါခဲ့ရင်လည်း နာဖူးထပ်မံ ပေါ့ အစ်ကိုရာ..

ပထမဆုံး ဟိုလှန်ဒီလှန်နဲ့ သဘောကျမိတဲ့ စာကြောင်းလေးက

လောကမှာ မှားတဲ့ ကလေးသူငယ်ရယ်လို့ တစ်ယောက်မှ မရှိဘူး ခင်ဗျ၊ မှားတဲ့ လူကြီးသူမ တွေပဲ ရှိတယ်” တဲ့။ ကဲ.. ဘယ်လို လုပ်ကြမလဲ အစ်ကိုရေ.. ဆရာ အတ္တကျော်ရဲ့ သက်ငယ်စကား စာအုပ်ထဲက ရေးသားချက်.. လူလတ်ပိုင်းဝင် လူကြီးပိုင်း နီးနေတဲ့ ညီတို့ အစ်ကိုတို့ကို တည့်ခွပ်လိုက်တဲ့ အတိုင်းပဲနော..

ဒါပေမယ့် ညီ ဒီစာကြောင်းလေး ပြန်ဖတ်မိတော့ ပြုံးမိတယ်.. ဘာလို့လဲ ဆိုတော့ ဟို တစ်နေ့ကပဲ ကလေး တရားတွေ အဟောများတဲ့ ဆရာတော် အရှင်အာစာရာ လင်္ကာရ ရဲ့ ကလေးတရား တစ်ပုဒ် နာမိလိုက်တယ်.. သင်္ဃန်းကျွန်းက စာသင်ကျောင်း တစ်ကျောင်းမှာ ဟောခဲ့တဲ့ တရားပါ။ တရားထဲမှာ ဆရာတော်က ကျောင်းက ဆရာမတွေက ကလေးတွေ ဆိုးတယ် ဆိုးတယ် ပြောတော့ ကလေးနဲ့ လူကြီး ဘယ်သူက ပိုဆိုးလဲကို ယှဉ်ပြီး ဟောပြသွားတာ.. ကျန်တဲ့သူတွေတော့ မသိဘူး.. ညီ့အတွက်တော့ တစ်ချက်ဟောတိုင်း တစ်ချက် ပြုံးမိသလို တစ်သက်စာ မမေ့နိုင်တဲ့ အတွေးတွေလည်း ရလိုက်တယ် အစ်ကို.. အစ်ကို့ကို နှစ်ချက် သုံးချက်လောက် ညီပြောပြဦးမယ်..

ငါးနှစ်အရွယ် ကလေးတစ်ယောက်နဲ့ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်.. ဘယ်သူက အရက်သောက်သလဲ တဲ့.. ဒီအမေးနဲ့တင် လူကြီး ဆိုးကြောင်း တစ်ချက်တော့ ပေါ်သွားတယ် ထင်တာပဲ အစ်ကို..

နောက်တစ်ချက်က ငါးနှစ် အရွယ် ကလေး တစ်ယောက်နဲ့ အသက် ၅၀ အရွယ် အဘွားကြီး တစ်ယောက် ဘယ်သူက နှစ်လုံး ထိုးသလဲတဲ့.. လူကြီး သူမတွေကို ဆရာတော်က နှိပ်ကွပ်လိုတာ မဟုတ်ဘဲ လူကြီးတွေ ဆင်ခြင်နိုင်အောင် ခပ်ဆတ်ဆတ်လေး ဆုံးမသွားတာပဲ အစ်ကို.. နောက်တစ်ခုက အစ်ကို့ရဲ့ ပုံပြင်ထဲကလို ကလေးကို အချိုမစားစေချင်ရင် သွန်သင်မယ့် လူကြီးကိုယ်တိုင်ကလည်း အချိုမစား သင့်ဘူးဆိုတာကို မီးမောင်း ထိုးပြ သွားသလိုပါပဲ အစ်ကိုရေ..

ဒီစာရေးရင်း ညီ စဉ်းစားမိသွားတာက ဆရာ အတ္တကျော် ပြောသလိုပဲ ကလေးဘ၀က အပြစ်ကင်းခဲ့ အပြစ်နည်းခဲ့တဲ့ ညီတို့တစ်တွေ ခုများကျမှ လူကြီးစရိုက်ဝင်လို့ လူကြီးမိုက်တွေများ ဖြစ်နေကြသလားလို့..

ဒီနေရာမှာ ဆရာတော် ဆက်ဟောသွားတာက ကလေးဆိုတာ မဆိုးပါ၊ ကလေးဆိုတာ နားမလည်တာ၊ နားလည်သွားအောင် ပြောပြပါဆိုပြီး လင်္ကာလေးနဲ့ ဆုံးမသွားတယ် အစ်ကိုရေ..

နားလည်သွားအောင် ဆိုလို့.. သတိရမိတာလေး ညီ ဆက်ရေးလိုက်ဦးမယ်.. နည်းနည်းတော့ ရှည်သွားမယ် ထင်တယ်.. လူကြီးသူမတွေ ကလေးတွေကို နားလည်သွားအောင် ဆိုဆုံးမရာမှာ ရိုက်ပြီး ဆုံးမတဲ့ သူတွေက ခပ်များများ အစ်ကို.. အစ်ကိုလည်း ငယ်ငယ်က အရိုက်ခံဖူးမယ် ထင်တယ်.. ညီလည်း အရိုက်ခံဖူးတာပဲ.. ဒါပေမယ့် ညီထင်ပါတယ် အရိုက်ခံရတာကို ကြိုက်ပါတယ် ဆိုတဲ့လူတော့ မရှိပါဘူး အစ်ကိုရေ..

အရိုက်ခံရတာနဲ့ ပတ်သတ်လို့ အရိုက်ခံရတဲ့ အချိန် စဉ်းစားကြည့်ပေါ့ အစ်ကိုရာ.. အစ်ကို သိပြီးသားတွေပါပဲ.. ရိုက်တဲ့သူ ဘက်က စစဉ်းစားကြည့်ရင် ရိုက်တဲ့သူရဲ့ သန္တာန်မှာ အဲဒီအချိန် ဘာဖြစ်နေမလဲ အစ်ကို.. ဝေးဝေး တွေးစရာတော့ မလိုပါဘူး.. အကုသိုလ်စိတ်ပဲ ဖြစ်နေမှာ.. အရိုက်ခံရတဲ့သူ ဘက်ကကော.. အကုသိုလ်စိတ်ပဲ..
အဲတော့ စိတ်ရဲ့ ပျက်နှုန်းက လက်ဖျစ်တစ်တွတ်ကို ကုဋေ တစ်သိန်းကျော်၊ ရုပ်ရဲ့ ပျက်နှုန်းက ကုဋေ ငါးထောင်ကျော် ဆိုတော့.. အားပါးပါး အစ်ကိုရေ.. အရိုက်ခံရတာ နှစ်မိနစ်လောက်ပဲ ထားကြည့်လိုက်.. ကုဋေတစ်သိန်း၊ ကုဋေငါးထောင်နဲ့ မြှောက်လိုက်ရင် နည်းနည်းနောနော အကုသိုလ်တွေမှ မဟုတ်ဘဲ..

ဟော.. ဒီအကြောင်းကို အတုမရှိ သိတော်မူတဲ့ မြတ်စွာဘုရားကျတော့ ဘယ်ရဟန်ုးကိုတော့ဖြင့် ရိုက်ပြီး ဆုံးမလိုက်တာ.. ဘယ်သူ့ကိုတော့ဖြင့် ရိုက်ပြီး ဆုံးမလိုက်တာ.. အဲလိုမှ မရှိပဲ.. မဟာကရုဏာ အပြည့်နဲ့၊ သတ္တ၀ါတွေကို သနားတဲ့စိတ် အပြည့်နဲ့ မသိတာကို သိအောင် နားမလည်တာကို နားလည်အောင် အထပ်ထပ် အကြိမ်ကြိမ် သွန်သင် ဆုံးမတော်မူတာ..

အဲလိုမျိုး ပိုင်းလော့ ဆရာတော် ဘုရားရဲ့ တရားတော်တစ်ပုဒ်မှာ နာယူမိလိုက်တော့ ဘုရားရှင်ကို ကြည်ညိုပြီးရင်း ကြည်ညိုရင်းပါပဲ အစ်ကိုရေ..

အစ်ကိုရေ.. ညီတို့လည်း တစ်ချိန်ချိန် ကလေးတွေကို သွန်သင် ဆုံးမခွင့် ရခဲ့ရင်.. မရိုက်ကြေးနော်.. စကားနဲ့ပဲ နားလည်အောင် ဆုံးမကြမယ်နော အစ်ကို.. နောက်ပြီး ညီတို့ ပတ်ဝန်းကျင်မှာ ဒီအသိ မရှိသေးလို့ ကလေးတွေကို ရိုက်ပြီး ဆုံးမနေတာ တွေ့ရင်လည်း တတ်နိုင်သလောက် နားလည်အောင် ပြောပြကြရအောင်..

****************

တစ်ချက်နဲ့တင် နည်းနည်း ရှည်သွားတယ်ထင်တယ်.. သည်းခံပြီး ဖတ်အစ်ကိုရေ.. နောက် တစ်ချက် ဆက်ရေးလိုက် ဦးမယ်.. ဆရာ မင်းလူရဲ့ အများနှင့် မသက်ဆိုင်သောသူ စာအုပ်ထဲက စာသားလေး..

ပေါစိတ်ကတော့ လူတိုင်းမှာ ရှိနေတာ သေချာသည်။ ဂုဏ်သိက္ခာတွေ ထိန်းသိမ်းနေရ လို့သာ အောင့်ထားရတာ၊ တစ်ကိုယ်တည်း လွတ်လွတ်လပ်လပ် ရှိတဲ့ အခါမျိုးမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ် တစ်နည်းမဟုတ် တစ်နည်းတော့ ပေါဖူးတဲ့ လူတွေချည်း ဖြစ်မှာပါ။ အနည်းဆုံး ကိုယ့်ရုပ်ကိုယ် မှန်ထဲ ပြန်ကြည့်ပြီး ပြုံးပြမိတာမျိုးတာ့ ရှိလိမ့်မည်။

အစ်ကိုရေ.. မှန်ထဲ ပြန်ကြည့်ပြီး ပြုံးပြဖူးလား.. ညီတော့ ခဏခဏပဲ.. ဒီနေရာမှာတော့ ဆရာမင်းလူရဲ့ စာသားက ရှင်းရှင်းလင်းလင်း ရှိတော့ ညီ မိကျောင်းမင်း ရေခင်းပြသလို မရှင်းပြတော့ဘူးနော အစ်ကို.. ဒါပေမယ့် ညီ ဆက်တွေးမိတာကိုတော့ ရေးလိုက်ဦးမယ်..

ညီ ဆက်တွေးမိတာက ရိုးသားစိတ် အကြောင်းပါ.. လူတိုင်း လူတိုင်းဟာ ခုန မှန်ထဲ ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး ပြုံးပြသလို အလုပ်မျိုးတော့ လုပ်မိကြတာချည်းပါပဲ.. ဒါပေမယ့် ရိုးသားစွာနဲ့ ကျွန်တော် အဲလိုတော့ ပြုံးပြမိပါတယ် လို့ ၀န်ခံဖို့ကျတော့.. လူတိုင်း လုပ်နိုင်ပါ့မလား အစ်ကို.. ဘယ်လုပ်နိုင်ပါ့မလဲ.. လုပ်နိုင်ပါတယ်လို့ ကြွေးကြော်သူ အနေနဲ့လည်း ခုနပြောသလို ဂုဏ်တွေ၊ ဒြပ်တွေနဲ့ ကာရံလိုက်ရင်တော့ ၀န်ခံဖို့က အခက်သား အစ်ကို.. ဒါကိုပဲ အတ္တနဲ့ ယှဉ်တဲ့ မာနလို့ ပြောလို့ရမယ် ထင်ပါတယ်..

ဒါတောင် ပြုံးမိတာလေးပဲ ရှိသေးတယ် အစ်ကို.. လောဘ၊ ဒေါသ၊ မောဟနဲ့ ယှဉ်တဲ့ အတွေးတွေ၊ ကာမဂုဏ်နဲ့ ဆက်စပ်တဲ့ အတွေးတွေ တွေးမိတယ် ဆိုရင်တော့ ရိုးသားစွာ ပြောပြဖို့က သာတောင် မဖြစ်နိုင်သေးတယ် အစ်ကို..

ဆရာတော် တစ်ပါး ပြောပြတာလေး သွားသတိရမိတယ်.. ဆရာတော်က သူငယ်ငယ်တုန်းက တရားစခန်းဝင်တော့ တရားစစ်တဲ့ အချိန်ဆို တရားစစ်တဲ့ ဆရာက တစ်နေကုန် တွေးခဲ့ ကြံခဲ့ ဖြစ်ပျက်ခဲ့တာတွေကို ပြောခိုင်းလို့ တအား စိတ်ညစ်ခဲ့ရဖူး တယ်တဲ့.. ဘာလို့လည်း ဆိုတော့ တစ်နေကုန်မှာက ပုထုဇဉ်သဘာဝ ကောင်းတာတွေချည်းပဲ ဘယ်တွေးမိမလဲ တဲ့.. အဲဒါကို တရား အစစ်ခံရတော့ မကောင်းတာတွေချန်၊ ကောင်းတာတွေချည်း ပြောပြတော့ ရိုးသားရာ ဘယ်ကျတော့မလဲ တဲ့..

အစ်ကို သိဖူးပြီးသားပါပဲ.. “ယုံကြည်၊ ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ ပြင်းစွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း” ဆိုတဲ့ တရားရကြောင်း အင်္ဂါရပ်တွေကို.. ဒီအထဲမှာ စိတ်ဖြောင့်ရမယ် လို့ ဆိုထားတော့ တရားအသိ တိုးလိုတဲ့ ညီတို့အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လောက်များ ရိုးသားနေပြီလဲလို့ ခဏခဏ ပြန်လှန် စစ်ဆေးနေဖို့တော့ လိုနေပြီထင်တယ် အစ်ကို..

****************************

နောက်တစ်ချက် ညီမှတ်ခဲ့မိတဲ့ စာသားက ညီအစ်ကို နှစ်ယောက် ပြောကြတဲ့ စာကြောင်းလေး.. အစ်ကိုက ဆင်းရဲတဲ့ ဒါဏ်ကို မခံနိုင်၊ ဒီကြားထဲ ဆရာဝန်ကလည်း ဖြစ်ချင်တော့ ဆရာဝန် စရိတ်အတွက် ထောက်ပံ့ပေးမယ့် မိသားစုရဲ့ သမီးနဲ့ လက်ထပ်တော့မယ့် အချိန်မှာ ညီကနေ အစ်ကိုကို ပြောတဲ့ စကားပါ အစ်ကို.. မစန္ဒာရဲ့ တိမ်ဖုံးပါလို့ လမသာ စာအုပ်ထဲက..

ဩော်.. ကိုကိုရာ.. တိုက်တို့ ကားတို့ဟာ ရှိရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် အဲဒါတွေဟာ ဘ၀ရဲ့ ဖြည့်စွက်ချက်ပါ၊ လိုအပ်ချက် မဟုတ်ပါဘူး၊ ဒါအတွက်ကြောင့် ကိုယ့်ကိုယ်ကိုလည်း ရောင်းစားစရာ မလိုပါဘူးကွာ” တဲ့..

ဒါကတော့ လောကီဘက်က ရေးထားတဲ့ စာသားပေါ့ အစ်ကို.. လောကုတ္တရာဘက်က ကြည့်လိုက်တော့ ဖြည့်စွက်ချက်နဲ့ လိုအပ်ချက် ဆိုတဲ့ စကားလုံး နှစ်လုံးကို ညီ သတိထားမိတယ်.. ဒီနေရာမှာ လိုအပ်ချက်က ဘာလဲ၊ နောက်ပြီး ဖြည့်စွက်ချက်ကကော ဘာလဲ.. ညီတွေးမိတာပေါ့နော အစ်ကို.. ဘ၀ လွတ်မြောက်ရေးက အဓိက လိုအပ်ချက်ပဲ အစ်ကို.. ညီတို့ နေ့စဉ် ကြုံတွေ့ လုပ်ကိုင်နေရတဲ့ စားရေး သောက်ရေး၊ စီးပွားရေး၊ ပညာရေး၊ ဟိုအရေး၊ ဒီအရေးတွေကတော့ ဖြည့်စွက်ချက်ပေါ့ အစ်ကို..

အဲဒီတော့ကာ ညီတို့ တစ်နေ့ တစ်နေ့ လိုအပ်ချက်နောက် မလိုက်ဘဲ ဖြည့်စွက်ချက်တွေနောက် တစ်ကောက်ကောက် လိုက်ရင်း ကိုယ်ကိုယ်တိုင်ပဲ အပါယ်သွားဖို့ ရောင်းစားနေတာ ရာခိုင်နှုန်း ဘယ်လောက်များများ ရှိနေသလဲလို့.. စဉ်းစားကြည့်မိတယ်.

ဘုန်းကြီး စာချသလိုတော့ ဖြစ်နေပြီလား မသိဘူး.. ညီ သတိရတာလေး ဆက်ရေး လိုက်ဦးမယ်.. ပြောသာပြော တာပါ။ ညီလည်း ဖြည့်စွက်ချက်တွေ လုပ်နေမိတာက ခပ်များများရယ်.. တစ်ချက်တစ်ချက် ဖြစ်ချင်တာနဲ့ ဖြစ်နေတာ အချိုးမတည့်တဲ့ အခါ ဦးတည်ချက် ပျောက်သွားတာလည်း ပါတာပေါ့ အစ်ကိုရာ.. အဲ ဒါပေမယ့် တလောကပဲ အွန်လိုင်းက မိတ်ဆွေ တစ်ယောက်နဲ့ ညီ စကားပြောရင်း “ကျွန်တော်တော့ လုပ်ရမယ့် အလုပ်၊ လျှောက်ရမယ့် လမ်းကို သိတော့ သိတယ်.. ဒါပေမယ့် တစ်ခါတစ်ခါ အားလျော့နေတယ်” ဆိုတာ ပြောမိတော့ သူလည်း အဲလို ဖြစ်တာပါပဲ.. ဒါပေမယ့် သူက အားလျော့တယ် ဆိုတဲ့ အဆင့်နောက်မှာ “ငါလျှောက်ရမယ့် လမ်းဟာ ဒီလမ်းပဲ.. ငါလုပ်ရမယ့် အလုပ်ဟာ ဒီအလုပ်ပဲ..” ဆိုပြီး နောက်ထပ် အဆင့်တစ်ဆင့် ထပ်ခံထားလိုက် တယ်တဲ့.. ရည်မှန်း ချက်ကို ခိုင်မာအောင် ထပ်ဆင့် တည်ဆောက်လိုက်တဲ့ သဘောပေါ့ အစ်ကိုရာ.. အဲဒီတော့မှ “ဒီဘ၀နဲ့ ဒီအလုပ်ဆိုတာ ဆုံးဖြတ်ချက် ပိုင်ပိုင်ချထားပါ” ဆိုတဲ့ လယ်တီ ဆရာတော် ဘုရားရဲ့ အဆုံးအမကို ပြန်သတိရမိ တော့တယ်.. ညီတော့ အဲဒီစကား ကြားပြီးကတည်းက လုပ်ရတဲ့ အလုပ်တွေမှာ ပိုပြီး အားပါလာတယ် အစ်ကို.. ဒါကတော့ ညီ စကားစပ်လို့ ထည့်ရေးလိုက်တာပါ။

***************************

သံယောဇဉ်ဆိုတာ ဖြတ်ပါမယ် ဆိုကာမှ တိုးတိုးလာတယ်၊ သံသရာကို ကြောက်မိအောင် ကြိုးစားကာမှ ဘ၀ဟာ မက်မောဖို့ ပိုပိုကောင်းလာတယ် ဟားးး ဟားးး

သားတော်မောင် မိန်းမ မရခင်ကတော့ တရားသွား သွား အားထုတ်နေတဲ့ အဖေက သားတော်မောင် မိန်းမရပြီး ကလေးလည်း ရကော တရားဘက် သိပ်မလှည့်နိုင်တော့ဘဲ သားအချစ် မြေးအနှစ် ချစ်ပြီးရင်း ချစ်ရင်း သံယောဇဉ်ထဲ တ၀ဲလည်လည် ဖြစ်ပုံကို တက္ကသိုလ် ဘုန်းနိုင်က စာခြယ်ထားတာ အစ်ကို.. သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင် စာအုပ်ထဲကပါ။ အစ်ကို့ စကားနဲ့ ပြောရင်တော့ မရှုပ်ရင် မနေနိုင်တာက လွဲလို့ပေါ့..

ညီတို့လည်း သံယောဇဉ် တိုးတိုင်း ရယ်မယ်ဆို နေ့စဉ်ရက်ဆက် ရယ်ရမလိုပဲ.. ဒါပေမယ့်လည်း ရယ်တော့ရယ် နဂိုရှိပြီးသား ကိုယ့်အတွင်းသားလေး ကိုတော့ မတိုးတက်ရင် နေပါစေ၊ မတူးဖြိုမိဖို့တော့ သတိထားကြတာပေါ့ အစ်ကိုရာ..

အစ်ကိုရေ.. ညီရေးတာလည်း များသွားပြီ.. အခုဆို အစ်ကိုက ၃၄ ပြည့်တာနော.. ၃ နဲ့ ၄ က ကျောချင်းသာ ကပ်နေပေမယ့် တူရူကတော့ တကယ့်ကို ဆန့်ကျင့်ဘက်ပဲ.. တင်စားလိုက်ရင် ဓမ္မနဲ့ အဓမ္မပေါ့ အစ်ကိုရာ.. ဓမ္မကို ဦးတည်ပြီးသား အစ်ကို့ အတွက်တော့ နှလုံးသားမှာ ဓမ္မ အချိုရည်တွေ ပြည့်နေပြီးသားပါ.. ဒါကိုပဲ ညီက အစ်ကို့ မွေးနေ့မှာ အချိုပေါ် သကာလောင်းသလို မွေးနေ့လက်ဆောင် အဖြစ် ရေးလိုက်တဲ့ သဘောပါ အစ်ကို.. ညီ လောင်းလိုက်တဲ့ သကာက အချိုကျဲနေခဲ့ရင်လည်း ငါးအရိုးထွင်သလို အစ်ကို့အတွက် ကောင်းနိုးရာရာတွေ ရွေးယူပါလို့ ရေးသားရင်း..

ဓမ္မလမ်းကြောင်းပေါ်က အစ်ကိုတစ်ယောက် ခရီး ပေါက်သထက် ပေါက်ပါစေ။ Happy Everyday အစ်ကို..


လေးစားခင်မင်စွာဖြင့်
ညီ
7/30/2010, FRI:, 12:40:37 PM

ဆက်လက်ဖတ်ရှုရန်

Thursday, July 29, 2010

(၂) နှစ်သားလေးပါ...

၂၀၁၀။ ဇူလိုင်လ (၂၉) ရက်နေ့ မှာ ၀ိမုတ္တိသုခ ရဲ့  ဓမ္မဘလော့ဂ် သက်တမ်း (၂) နှစ်ပြည့်မြောက်ခဲ့ပါပြီ။

(၂) နှစ်အတွင်း ဓမ္မနှင့်ပတ်သက်တဲ့ စာပေများ၊ ဗွီဒီယိုများ၊ တရားတော်များ နှင့် သတင်းအချက်အလက်များကို ပို့ စ်များအဖြစ် အပုဒ်ရေ (၃၆၀) ကျော် တင်ပေးနိုင်ခဲ့ပါတယ်။

ဝိမုတ္တိသုခ အမည်အောက်မှာပဲ ဘာသာရေးဆိုင်ရာကုသိုလ်ရေးလုပ်ငန်းများနှင့် သာသနာရေးနှင့်ပတ်သက်တဲ့ လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကမ္ဘာတလွှားမှာရှိတဲ့ ဆရာတော်သံဃာတော်များ၊ ဓမ္မမိတ်ဆွေများနှင့်လည်း ရင်းနှီးခင်မင်ခွင့်ရရှိခဲ့သလို ဗဟုသုတနှင့် အတွေ့ အကြုံများလည်း ရှာမှီးစုဆောင်းခွင့် ရရှိခဲ့ပါတယ်။

အကျဉ်းချုပ်လိုက်ရင်တော့ ၀ိမုတ္တိသုခ ဘလော့ဂ်ကြောင့် ကောင်းမှုတွေ အများကြီးလုပ်နိုင်ခဲ့ရပါတယ်။

အခုလိုမျိုး ဘလော့ဂ်သက်တမ်း (၂) နှစ်ကို ဖြတ်သန်းနိုင်အောင် အဖက်ဖက်မှ ကူညီပံ့ပိုးပေးနေကြတဲ့ ဆရာတော် အရှင်မြတ်များ၊ ဓမ္မမောင်နှမများ၊ ဘလော့ဂ်ကို လာရောက်ကြတဲ့ မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် နောင်လည်း ရှေ့ ဆက်ပြီး မေတ္တာများဖြင့် အမြဲအားပေးကူညီပေးကြပါအုံးလို့  မေတ္တာရပ်ခံ ပန်ကြားရင်း.....

လေးစားစွာဖြင့်
ဝိမုတ္တိသုခ

ဆက်လက်ဖတ်ရှုရန်

Monday, July 26, 2010

ဓမ္မစကြာ တရားတော်များ စုစည်းမှု





မဟာစည်ဆရာတော်ဘုရားကြီး
၆။ ဓမ္မစင်္ကြာတရားတော် (၁) (ဆရာတော်နောက်ဆုံးဟောကြားတော်မူခဲ့သည့်တရား)
၇။ ဓမ္မစင်္ကြာတရားတော် (၂) (ဆရာတော်နောက်ဆုံးဟောကြားတော်မူခဲ့သည့်တရား)
၈။ ဓမ္မစင်္ကြာတရားတော် (၃) (ဆရာတော်နောက်ဆုံးဟောကြားတော်မူခဲ့သည့်တရား)
၉။ ဓမ္မစင်္ကြာတရားတော် (၄) (ဆရာတော်နောက်ဆုံးဟောကြားတော်မူခဲ့သည့်တရား)
၁၀။ ဓမ္မစင်္ကြာတရားတော် (၅) (ဆရာတော်နောက်ဆုံးဟောကြားတော်မူခဲ့သည့်တရား)
၁၁။ ဓမ္မစင်္ကြာတရားတော် (၆) (ဆရာတော်နောက်ဆုံးဟောကြားတော်မူခဲ့သည့်တရား)
၁၂။ ဓမ္မစင်္ကြာတရားတော် (၇) (ဆရာတော်နောက်ဆုံးဟောကြားတော်မူခဲ့သည့်တရား)
၁၃။ ဓမ္မစင်္ကြာတရားတော် (၈) (ဆရာတော်နောက်ဆုံးဟောကြားတော်မူခဲ့သည့်တရား)

၁။ ဓမ္မစင်္ကြာတရားတော် (၁)
၂။ ဓမ္မစင်္ကြာတရားတော် (၂)
၃။ ဓမ္မစင်္ကြာတရားတော် (၃)
၎။ ဓမ္မစင်္ကြာတရားတော် (၄)
၅။ ဓမ္မစင်္ကြာတရားတော် (၅)
၆။ ဓမ္မစင်္ကြာတရားတော် (၆)
၇။ ဓမ္မစင်္ကြာတရားတော် (၇)
၈။ ဓမ္မစင်္ကြာတရားတော် (၈)
၉။ ဓမ္မစင်္ကြာတရားတော် (၉)
၁၀။ ဓမ္မစင်္ကြာတရားတော် (၁၀)
၁၁။ ဓမ္မစင်္ကြာတရားတော် (၁၁)
၁၂။ ဓမ္မစင်္ကြာတရားတော် (၁၂)

၁။ ဓမ္မစင်္ကြာတရားတော် (၁၃)
၂။ ဓမ္မစင်္ကြာတရားတော် (၁၄)
၃။ ဓမ္မစင်္ကြာတရားတော် (၁၅)
၎။ ဓမ္မစင်္ကြာတရားတော် (၁၆)
၅။ ဓမ္မစင်္ကြာတရားတော် (၁၇)

ဖားအောက်တောရ ဆရာတော်

၁။၂၄-၅-၂၀၀၈ ဓမ္မစက္ကပ၀တ္တနနှင့် အနတ္တလက္ခဏသုတ် တရားတော်
၂။ ၃၁-၅-၂၀၀၈ ဓမ္မစက္ကပ၀တ္တနနှင့် အနတ္တလက္ခဏသုတ် တရားတော်

၃။ ၁-၆-၂၀၀၈ ဓမ္မစက္ကပ၀တ္တနနှင့် အနတ္တလက္ခဏသုတ် တရားတော်
၎။ ၇-၆-၂၀၀၈ ဓမ္မစက္ကပ၀တ္တနနှင့် အနတ္တလက္ခဏသုတ် တရားတော်
၅။ ၈-၆-၂၀၀၈ ဓမ္မစက္ကပ၀တ္တနနှင့် အနတ္တလက္ခဏသုတ် တရားတော်



ဓမ္မဒူတဆရာတော်

ပရိတ္တ စမ္မစက္ကပ၀တ္တန အနတ္တ ဓာရဏ အဘိဏှ

ပဉ္စ၀ဂ္ဂီငါးဦး


၁။ ဓမ္မစကြာအနက်တရားတော်-အပိုင်း(၁)
၂။ ဓမ္မစကြာအနက်တရားတော်-အပိုင်း(၂)
၃။ ဓမ္မစကြာအနက်တရားတော်-အပိုင်း(၃)
၎။ ဓမ္မစကြာအနက်တရားတော်-အပိုင်း(၄)
၅။ ဓမ္မစကြာအနက်တရားတော်-အပိုင်း(၅)
၆။ ဓမ္မစကြာအနက်တရားတော်-အပိုင်း(၆)
၇။ ဓမ္မစကြာအနက်တရားတော်-အပိုင်း(၇)

သပိတ်အိုင်ဆရာတော်
၁။ ဓမ္မစင်္ကြာ၊ အနတ္တလက္ခဏသုတ်

မင်းကွန်းဆရာတော်
ဓမ္မစင်္ကြာ ၊ အနတ္တလက္ခဏသုတ်၊ မဟာသမယသုတ်
ဓမ္မစင်္ကြာတရားတော် (မြန်မာပြန် -၁)
ဓမ္မစင်္ကြာတရားတော် (မြန်မာပြန် -၂)
ဓမ္မစင်္ကြာတရားတော် (မြန်မာပြန် -၃)
ဓမ္မစင်္ကြာတရားတော် (မြန်မာပြန် -၄)

မဟာဂန္ဓာရုံဆရာတော်

၁။ ဓမ္မစင်္ကြာတရားတော် (၁)

၂။ ဓမ္မစင်္ကြာတရားတော် (၂)

၃။ ဓမ္မစင်္ကြာတရားတော် (၃)

၎။ ဓမ္မစင်္ကြာတရားတော် (၄)
၅။ ဓမ္မစင်္ကြာတရားတော် (၅)

၆။ ဓမ္မစင်္ကြာတရားတော် (၆)
၇။ ဓမ္မစင်္ကြာတရားတော် (၇)
၈။ ဓမ္မစင်္ကြာတရားတော် (၈)
၉။ ဓမ္မစင်္ကြာတရားတော် (၉)
၁၀။ ဓမ္မစင်္ကြာတရားတော် (၁၀)

ညောင်တုန်းဆရာတော် ဘဒ္ဒန္တဇောတိကဘိဝံသ

၂၀၀၈ ကမ္ဘာအေး ဓမ္မစင်္ကြာသင်တန်း တရားတော်များ

၁။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၉-၈-၂၀၀၈

၂။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၁၆-၈-၂၀၀၈

၃။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၂၃-၈-၂၀၀၈

၎။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၃၀-၈-၂၀၀၈

၅။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၆-၉-၂၀၀၈

၆။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၁၃-၉-၂၀၀၈

၇။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၂၀-၉-၂၀၀၈

၈။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၂၇-၉-၂၀၀၈

၉။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၂၈-၉-၂၀၀၈

၁၀။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၄-၁၀-၂၀၀၈

၁၁။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၅-၁၀-၂၀၀၈

၁၂။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၁၁-၁၀-၂၀၀၈

၁၃။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၁၂-၁၀-၂၀၀၈

၁၄။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၁၈-၁၀-၂၀၀၈

၁၅။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၁၉-၁၀-၂၀၀၈

၁၆။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၂၅-၁၀-၂၀၀၈

၁၇။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၂၆-၁၀-၂၀၀၈

၁၈။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၁-၁၁-၂၀၀၈

၁၉။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၂-၁၁-၂၀၀၈

၂၀။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၈-၁၁-၂၀၀၈

၂၁။ ဓမ္မစင်္ကြာသင်တန်း တရားတော် ၉-၁၁-၂၀၀၈



ဝါခင်းကုန်းဆရာတော်
ပရိတ်ကြီး(၁၁)သုတ်နှင့် ဓမ္မစင်္ကြာသုတ်၊ အနတ္တလက္ခဏသုတ် ၁၆-၄-၂၀၀၃


ဥူးသုမင်္ဂလ

၁၁-၈-၂၀၀၉ ဓမ္မစင်္ကြာနိဒါန်း တရားတော်

၁၂-၈-၂၀၀၉ ဓမ္မစင်္ကြာအပိုင်း(၂) တရားတော်

၁၃-၈-၂၀၀၉ ဓမ္မစင်္ကြာအပိုင်း(၃) တရားတော်

၁၄-၈-၂၀၀၉ ဓမ္မစင်္ကြာအပိုင်း(၄) တရားတော်

၁၅-၈-၂၀၀၉ ဓမ္မစင်္ကြာအပိုင်း(၅) တရားတော်



အရှင်ပညာသီဟာဘိဝံသ


၁၇-၇-၂၀၀၈ တရားဦး ဓမ္မစင်္ကြာ တရားတော် (၁)

၂၅-၇-၂၀၀၈ တရားဦး ဓမ္မစင်္ကြာ တရားတော် (၂)

၁-၈-၂၀၀၈ တရားဦး ဓမ္မစင်္ကြာ တရားတော် (၃)

၉-၈-၂၀၀၈ တရားဦး ဓမ္မစင်္ကြာ တရားတော် (၄)

၁၆-၈-၂၀၀၈ တရားဦး ဓမ္မစင်္ကြာ တရားတော် (၅)

၂၄-၈-၂၀၀၈ တရားဦး ဓမ္မစင်္ကြာ တရားတော် (၆)

၃၀-၈-၂၀၀၈ တရားဦး ဓမ္မစင်္ကြာ တရားတော် (၇)

၇-၉-၂၀၀၈ တရားဦး ဓမ္မစင်္ကြာ တရားတော် (၈)

၁၄-၉-၂၀၀၈ တရားဦး ဓမ္မစင်္ကြာ တရားတော် (၉)


အရှင်အာစရာလင်္ကာရ
၃၁။ တရားဦးဓမ္မစင်္ကြာ

ဓမ္မဘေရီဆရာတော်

ဓမ္မစင်္ကြာသုတ်တော်သင်တန်း တရားတော်များ

၁။ တရားတော်အပိုင်း-(၁)
၂။ တရားတော်အပိုင်း-(၂)
၃။ တရားတော်အပိုင်း-(၃)
၎။ တရားတော်အပိုင်း-(၄)
၅။ တရားတော်အပိုင်း-(၅)
၆။ တရားတော်အပိုင်း-(၆)
၇။ တရားတော်အပိုင်း-(၇)




အားလုံးသော သူတော်ကောင်းအပေါင်းတို့  ၀ါတွင်းကာလမှာ စိတ္တသုခ ကာယသုခ နှစ်ဖြာနှင့် ပြည့်စုံကြ၍ ကုသိုလ်တရားများ ဖြည့်ဆည်းရွက်ဆောင်နိုင်စေသောဝ်။

ဆက်လက်ဖတ်ရှုရန်

Thursday, July 22, 2010

ကိုင်းကျွန်းမှီ... ကျွန်းကိုင်းမှီ...


အော်...ဖြစ်မှဖြစ်ရလေခြင်းနော်..

လွန်ခဲ့တဲ့ သုံးလေးလလောက်ကပါ။ စိတ်ထွေထွေရှိတာနဲ့ ဘာသာရေးစာအုပ်တွေ ဆက်တိုက်ဖတ်ဖြစ်တော့ ဆရာတော်ဦးဇောတိကရဲ့  “ဘာကိုတန်ဖိုးထားရမလဲ” ဆိုတဲ့ စာအုပ်လည်း ဖတ်တဲ့အထဲပါသွားတယ်။ အရင်တုန်းကတော့ တစ်ခါ ဖတ်ပြီးသားပါ။ အခုတစ်ခါထပ်ဖတ်ဖြစ်တော့ အရင်ကနှင့်မတူတဲ့ အတွေးတွေ ထပ်တွေးဖြစ်သွားတယ်။ အဲဒီထဲမှာ ဆရာတော် ဘာသာပြန်ထားတဲ့ အင်္ဂလိပ်ကဗျာတစ်ပိုဒ်က ရင်ထဲမှာ ဖြစ်နေတဲ့ တစ်စုံတစ်ရာ ဟာတာတာ ခံစားနေရတာ တစ်ခုအတွက် ကွက်တိလိုဖြစ်နေရောဗျာ။

အဲဒီကဗျာစာပိုဒ်လေးကို ဖတ်ပြီး ကိုယ်လိုပဲ ခံစားနေရတဲ့သူတွေအတွက် ဝေမျှပေးအုံးမယ်လို့ စိတ်ကူးမိပါသေးတယ်။ နောက် အလုပ်ရှုပ်တာရယ်၊ အာရုံမရတာရယ်နှင့် ဘာမှ ဆက်မလုပ်ဖြစ်ဘူး။ ဟိုတစ်နေ့ က မိတ်ဆွေတစ်ယောက်ဆီက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့စကားလေး ကြားလိုက်တော့ ခေါင်းထဲက ဖျက်ကနဲ အဲဒီကဗျာကို သတိသွားရတယ်။ ဒီတစ်ခါတော့ သတိရတုန်း နောက်တစ်ခါ ထပ်မမေ့ခင် ခံစားချက်တူမယ့်သူတွေအတွက် ဝေမျှလိုက်တယ်ဗျို့ ။

The Hollow Men

We are the hollow men
We are the stuffed men
Leaning together
Headpiece filled with straw.
Alas!

T.S Eliot (1888-1965)
Written in 1925

We are the hollow men.
hollow ဆိုတာ အထဲမှာ ဘာမှမရှိတာ။ လူနဲ့ တူတဲ့ ပလပ်စတစ်ကော်ရုပ်ဆိုရင် အပေါ်ယံမှာ လူနဲ့ တူနေပေမယ့် အထဲမှာ ဘာမှမရှိဘူး။ အဲဒါကို hollow လို့ ခေါ်တယ်။

We are the stuffed men.
stuffed men ဆိုတာ ဥပမာ - အ၀တ်နဲ့ လူရုပ်လုပ်ထားပြီးတော့ ၀ါဂွမ်းလို သိုးမွေးလိုဟာမျိုးတွေ ဖြည့်ထားတာရှိတယ်။ အပေါ်ယံကြည့်လိုက်ရင်တော့ ၀၀ဖြိုးဖြိုး အပြည့်ကြီးပဲ။ အထဲမှာ ၀ါဂွမ်းပဲရှိတယ်။ အဲဒါကို stuffed man လို့ ခေါ်တယ်။

Leaning together.
တစ်ယောက်နဲ့ တစ်ယောက် မှီပြီးနေကြတယ်။ သူကလည်း hollow ကိုယ်ကလည်း hollow။ hollow အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် မှီနေကြတယ်။

Headpiece filled with straw.
Alas!
ခေါင်းပိုင်းထဲမှာ ကောက်ရိုးတွေနဲ့ ပဲ ဖြည့်ထားတယ်။
အော်...ဖြစ်မှဖြစ်ရလေခြင်းနော်။

ဘာသာပြန်ထားတာလေးက ကဗျာရဲ့ ပထမဆုံးအပိုဒ်ပါ။ ဆက်ဖတ်ချင်သေးရင်တော့ အောက်မှာပေးထားတဲ့ လင့်ခ်တွေကို နှိပ်ပြီး ကဗျာ အစကနေ အဆုံး ကိုယ့်ဘာသာကိုယ်သာ ဖတ်ကြည့်ကြပေတော့ဗျို့ ။
http://www.americanpoems.com/poets/tseliot/1076
http://www.youtube.com/watch?v=nwcP3NOCeiE
http://en.wikipedia.org/wiki/The_Hollow_Men
ဆက်လက်ဖတ်ရှုရန်

ကမ်းမရှိတဲ့...သတိ

အမရေ...

ဘာလိုလိုနှင့် အသက်ဆိုတာကြီးက တစ်နှစ်ထပ်ကြီးသွားပြန်ပြီနော်။
ဒီလိုနှင့်ဘဲ ကျွန်တော်တို့ အားလုံး သေဖို့ ရက်တွေ တစ်စတစ်စနီးနီးလာနေရတယ်။

အမလည်း အမအတတ်နိုင်ဆုံးစွမ်းအားတွေနှင့် ဓမ္မကိုကျင့်သုံးရင်း ဘ၀ကို ဖြတ်သန်းဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘ၀မှာ တွေ့ ကြုံရသမျှ အကောင်းအဆိုးအရာတွေအားလုံးကို မျှတတဲ့နှလုံးသွင်းမှုနှင့် ခံယူလက်ခံတတ်ဖို့ ကြိုးစားနေသူတစ်ဦးအတွက် တခါတလေအဆင်ပြေမှုတွေရှိသလို တခါတလေလည်း ဖြစ်သန်းရတဲ့အချိန်တွေက ခါးသီးနေတတ်တယ်ဆိုတာ ကျွန်တော်ကိုယ်ချင်းစာလို့ ရပါတယ်။

ကြိုးစားအားတင်းထားရမှုကြောင့် စိတ်တွေပင်ပန်းနွမ်းနယ်နေတဲ့အချိန်တွေမှာ ကျွန်တော်တို့ ကို အားသစ်ပြန်လောင်းပေးနိုင်တာကတော့ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတရားတွေပဲ မဟုတ်လား အမရေ။ ပိဋကတ်စာပေတွေကို တိုက်ရိုက်ဖတ်ဖြစ်လို့ ပဲဖြစ်ဖြစ်၊ ဆရာတော်အရှင်မြတ်များရဲ့ ဟောကြားထား ရေးသားထားတဲ့ တရားတော်တွေကို နာယူရ ဖတ်ရှုမှတ်သားလိုက်ရလို့ ပဲဖြစ်ဖြစ် အဲဒီအချိန်တွေမှာ ကျွန်တော်တို့ စိတ်ထဲ အသင့်အတင့်နှလုံးသွင်းနိုင်ခြင်းဆိုတဲ့အရာတစ်ခု ပြန်လည်ဝင်ရောက်လာပြီး ပင်ပန်းသမျှပြေပျောက်လို့  အားသစ်မွေးနိုင်ခဲ့ရတယ် မဟုတ်လား အမ။

ဒီနှစ် အမမွေးနေ့ အတွက် အမှတ်တရအဖြစ် မြတ်စွာဘုရားရှင်ရဲ့  တရားတော်တွေထဲက ကောင်းနိုးရာရာလေးတွေ လိုက်ရှာပြီး အမအတွက် လက်ဆောင်ပေးလိုက်ပါတယ်။ အမသိပြီးသား၊ ကျင့်သုံးနေပြီးသားတွေ ဖြစ်ဖို့ များမယ်ဆိုတာ သိထားပေမယ့်လို့  တရားဆိုတာမျိုးက သိပြီးသား ထပ်သိရလို့  ရိုးသွား အီသွားတယ်ဆိုတာမျိုးက မရှိဘူးမဟုတ်လားနော်။ နောက်ပြီး တရားတော်ကို ပါဠိတော်ကနေ တိုက်ရိုက်မြန်မာပြန်တွေ ဖတ်ရတဲ့အရသာကလည်း တစ်မျိုးလေး အမရဲ့ ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒီလိုမျိုးလေး နှုတ်တော်ကနေ ပြောခဲ့ပါလားလို့  တွေးကြည့်လိုက်ရင် ကြည်နူးစိတ်နှင့် ကြည်ညိုသဒ္ဓါတရားတွေ တိုးပွားရတယ်လေ။ အမက ကဗျာလည်း ချစ်တတ်တဲ့သူဆိုတော့ ကဗျာလေးတွေလို ထိထိမိမိနှင့် အနှစ်သာရအပြည့်ရှိတဲ့ ဓမ္မပဒထဲက တရားစာပိုဒ်လေးတွေကို ကျွန်တော်ရွေးထားတယ် အမ။

၂၉၆။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဗုဒ္ဓဂတာ သတိ။

၂၉၆။
နေ့ရောညဥ့်ပါ အမြဲမပြတ် ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော
သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့်တို့ သည်
အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။


296.
The disciples of Gotama are always wide awake and watchful,
and their thoughts day and night are set on Buddha's virtues.

၂၉၇။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဓမ္မဂတာ သတိ။

၂၉၇။
နေ့ရောညဥ့်ပါ အမြဲမပြတ် တရားဂုဏ်ကို အာရုံပြု၍ဖြစ်သော
သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့် တို့သည်
အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။


297.
The disciples of Gotama are always wide awake
and watchful, and their thoughts day and night are set
on the virtues of his Teaching, Dhamma.

၂၉၈။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ သံဃဂတာ သတိ။

၂၉၈။
နေ့ရောညဥ့်ပါ အမြဲမပြတ် သံဃာဂုဏ်ကို အာရုံပြု၍ဖြစ်သော
သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့် တို့သည်
အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

298.
The disciples of Gotama are always wide awake and watchful,
and their thoughts day and night are set
on the virtues of his Community, Sangha.

၂၉၉။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ကာယဂတာ သတိ။

၂၉၉။
နေ့ရောညဥ့်ပါ အမြဲမပြတ် သုံးဆယ့်နှစ်ကောဋ္ဌာသကို အာရုံပြု၍ဖြစ်သော
သတိရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည်
အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

299.
The disciples of Gotama are always wide awake and watchful,
and their thoughts day and night are set on fleeting nature of the body.

၃၀၀။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ အဟိံသာယ ရတော မနော။

၃၀၀။
နေ့ရောညဥ့်ပါ မညှဉ်းဆဲမှု ကရုဏာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ
ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း
ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

300.
The disciples of Gotama are always wide awake and watchful,
and their mind day and night delights in compassion.

၃၀၁။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ ဘာဝနာယ ရတော မနော။

၃၀၁။
နေ့ရောညဥ့်ပါ မေတ္တာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ
ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည်
အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။


301.
The disciples of Gotama are always wide awake
and watchful, and their mind day and night delights
in the practice of loving kindness meditation.

နောက်ထပ် ကျွန်တော် တအားသဘောကျနှစ်သက်တဲ့ ဓမ္မပဒထဲက တရားပိုဒ်လေးတစ်ခုလည်း ရှိသေးတယ် အမရေ။ အဲဒီ တရားပိုဒ်လေးကို ဖတ်ဖြစ်တိုင်း မမြင်ရတဲ့ အဖြေတစ်ခုခု ဒီစာသားတွေရဲ့ နောက်ကွယ်မှာ ပါနေသလိုပဲ ကျွန်တော်တော့ အမြဲခံစားရတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ကျွန်တော်တို့ အတွက် ချန်ထားတော်မူခဲ့တဲ့ ပဟေဠိတစ်ခုပေါ့။ အဲဒါတရားစာပိုဒ်လေးက အမ သိမှာပါ။

၂၁။

အပ္ပမာဒေါ အမတံပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။ အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

၂၁။

မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။

21
Heedfulness is the path to the Deathless
Heedlessness is the path to death.
The heedful die not.
The heedless are as if dead already.

ကျွန်တော်တို့  အမတို့ တွေအားလုံးက အိမ်ထောင်တာဝန်၊ မိသားစုတာဝန်တွေကို ယူထားကြတဲ့သူတွေဖြစ်တဲ့အပြင် ကိုယ်သိထား တတ်ထားတဲ့ လောကီပညာရပ်တွေနှင့် ကိုယ့်ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် အကျိုးပြုဖို့ ရည်ရွယ်ချက်ထား စိတ်ကူးထားကြတဲ့သူတွေဖြစ်နေတော့ ကျွန်တော်တို့ တွေရဲ့  နေ့ စဉ်လောကီလူမှုဘ၀ဖြတ်သန်းရမှုမှာ စိတ်ညစ်စရာ စိတ်ပင်ပန်းစရာတွေ တွေ့ ကြုံရတိုင်း ကိုယ့်ကိုယ်ကို ပြန်သတိပေးနိုင်အောင်လို့  ဆရာတော် ဦးဇောတိကရဲ့ အဆုံးအမ ကောက်နုတ်ချက်လေးကိုလည်း အဆစ်အနေနှင့် အမမွေးနေ့ အတွက် လက်ဆောင်ပေးလိုက်တယ် အမရေ။

ဘ၀မှာ အဆင်မပြေမှုတွေ ဒုက္ခတွေ အများကြီးရှိလျက်နဲ့
ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့သူတွေ ရှိတယ်။
အားလုံးအဆင်ပြေမှ စိတ်ချမ်းသာမယ်ဆိုရင်တော့
ဒီတစ်သက် စိတ်ချမ်းသာဖို့ မလွယ်တော့ဘူး။
အဆင်မပြေမှုတွေ ရှိနေပါလျက်
စိတ်ချမ်းသာအောင် နေတတ်မှ
တကယ်စိတ်ချမ်းသာအောင် နေတတ်တဲ့သူဖြစ်မယ်။

အမရဲ့  ယခုကျရောက်တဲ့ မွေးနေ့ ရက်မြတ်မှသည် ဘ၀နောက်ဆုံးအချိန်အထိ ဓမ္မဖြင့် ကျင့်သုံးနေထိုင်စောင့်တည်ရင်း မိမိအကျိုး၊ မိသားစုအကျိုး၊ လူသားတွေအကျိုး၊ သာသနာတော်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သူတစ်ယောက်ဖြစ်ပါစေလို့  ဆုတောင်းရင်း။

အမရဲ့ ဓမ္မမောင်ငယ်
Bliss

*အမ မသစ္စာအလင်း (www.thitsaralin.org) ရဲ့ မွေးနေ့ အတွက် အမှတ်တရလက်ဆောင်အဖြစ် ရေးသားခြင်းဖြစ်ပါသည်။*

ဆက်လက်ဖတ်ရှုရန်

Friday, July 16, 2010

နှစ်သက်မိသော ဇင် ပုံပြင်များ (၁၉)


Temper


A Zen student came to Bankei and complained: "Master, I have an ungovernable temper. How can I cure it?"

"You have something very strange," replied Bankei. "Let me see what you have."

"Just now I cannot show it to you," replied the other.

"When can you show it to me?" asked Bankei.

"It arises unexpectedly," replied the student.

"Then," concluded Bankei, "it must not be your own true nature. If it were, you could show it to me at any time. When you were born you did not have it, and your parents did not give it to you. Think that over."


ဆက်လက်ဖတ်ရှုရန်

သာရောပမသုတ် (အကာပယ်ပစ် အနှစ်ကိုရှာ)

၉- မဟာသာရောပမသုတ်
(ပါဠိတော် မြန်မာပြန်)

၃ဝ၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေဝဒတ် သင်းခွဲထွက်သွား၍ မကြာမြင့်မီ ရာဇဂြိုဟ်ပြည်ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဒေဝဒတ်ကို အကြောင်းပြု၍ ရဟန်းတို့ကို ဤသို့မိန့်တော်မူ၏-

ရဟန်းတို့ ဤသာသနာတော်၌ အချို့ သော အမျိုးသားသည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုး ဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခအတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှား ဖြစ်ကောင်းတန်ရာ၏'' ဟုယုံကြည်ခြင်း 'သဒ္ဓါ' ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူလည်း ဖြစ်၏။

ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ''ငါသည် လာဘ်သပ်ပကာ အကျော်အစောရှိသူဖြစ်၏၊ ငါမှတစ်ပါးသော အခြားရဟန်းတို့သည်ကား မထင်ရှားကုန်၊ တန်ခိုးအာနုဘော်နည်းကုန်၏'' ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကို နှိမ့်ချ၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ ရောက်၏၊ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။

ရဟန်းတို့ ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်,အခွံကို လွန်၍သာလျှင်, အပွေးကိုလွန်၍သာလျှင် အခက်အရွက်ကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက်ဖဲခွါသွားရာ၏။ ထိုယောကျာ်းကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ ''ဤအသျှင်ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့မသိသောကြောင့်သာလျှင် အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကို လွန်၍သာလျှင်, အခွံကို လွန်၍သာလျှင်, အပွေးကိုလွန်၍သာလျှင်အခက်အရွက်ကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့်ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့'' ဟု (ပြောဆိုရာ၏)။

ရဟန်းတို့ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့ သော အမျိုးသားသည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့က လွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခအတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏'' ဟု ယုံကြည်ခြင်း 'သဒ္ဓါ' ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည်ဤကဲ့သို့ ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည်ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူလည်း ဖြစ်၏။

ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ''ငါသည် လာဘ်သပ်ပကာ အကျော်အစောရှိသူဖြစ်၏၊ ငါမှတစ်ပါးသော အခြားရဟန်းတို့သည်ကား မထင်ရှားကုန်၊ တန်ခိုးအာနုဘော်နည်းကုန်၏'' ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကို နှိမ့်ချ၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာအကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ ရောက်၏၊ မေ့လျော့သည်ရှိသော် ဆင်းရဲစွာနေရ၏။ ရဟန်းတို့ ဤရဟန်းကို သာသနာတော်၏ အခက်အရွက်ကို ယူသူဟု ဆိုရ၏။ ထို (လာဘ်စသည်) ဖြင့်လည်း ကိစ္စပြီးပြီဟု ကျေနပ် နေခြင်းသို့ ရောက်၏။

၃ဝ၈။ ရဟန်းတို့ ဤ သာသနာတော်၌ အချို့ သော အမျိုးသားသည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်းအိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခအတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံ နေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏'' ဟုယုံကြည်ခြင်း 'သဒ္ဓါ'ဖြင့် လူ့ဘောင်မှထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့ သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သည်ရှိသော် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့် သီလနှင့်ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုအကျင့်သီလ နှင့်ပြည့်စုံခြင်းဖြင့် ''ငါသည် အကျင့်သီလရှိသူ ကောင်းမြတ်သောတရားရှိသူ ဖြစ်၏၊ ငါမှ တစ်ပါးသောအခြား ရဟန်းတို့သည်ကား အကျင့်သီလမရှိသူ ယုတ်ညံ့သောတရားရှိသူ ဖြစ်ကုန်၏'' ဟု မိမိကိုယ်ကိုမြှင့်တင်၍ သူတစ်ပါးကို နှိမ့်ချ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ ရောက်၏၊ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။

ရဟန်းတို့ ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင်, အကာကို လွန်၍သာလျှင်,အခွံကို လွန်၍သာလျှင်, အပွေးကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွားရာ၏။ ထိုယောကျာ်းကိုမျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ ''စင်စစ် ဤအသျှင်ယောကျာ်းသည်အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့ မသိသောကြောင့်သာလျှင် အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင်, အကာကို လွန်၍သာလျှင်,အခွံကို လွန်၍သာလျှင် အပွေးကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည်အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရ လတ္တံ့'' ဟု (ပြောဆိုရာ၏)။

ရဟန်းတို့ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့ သော အမျိုးသားသည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့က လွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခအတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏'' ဟု ယုံကြည်ခြင်း 'သဒ္ဓါ'ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည်ဤကဲ့သို့ ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ။ မမေ့လျော့သည်ရှိသော် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့် သီလနှင့်ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုအကျင့် သီလနှင့်ပြည့်စုံခြင်းဖြင့် ''ငါသည် အကျင့်သီလရှိသူ ကောင်းသောတရားရှိသူ ဖြစ်၏၊ ငါမှ တစ်ပါးသောအခြားရဟန်းတို့သည်ကား အကျင့်သီလ မရှိကုန်၊ ယုတ်ညံ့သောတရားရှိသူ ဖြစ်ကုန်၏'' ဟု မိမိကိုယ်ကိုမြှင့်တင်၍ သူတစ်ပါးကို နှိမ့်ချ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ရောက်၏၊ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤရဟန်းကို သာသနာတော်၏အပွေးကို ယူ၏ဟု ဆိုရ၏။ ထို (အကျင့်သီလ) ဖြင့်လည်း ကိစ္စပြီးပြီဟု ကျေနပ်နေခြင်းသို့ ရောက်၏။

၃ဝ၉။ ရဟန်းတို့ ဤသာသနာတော်၌ အချို့ သော အမျိုးသားသည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်းအိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေ ရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏'' ဟုယုံကြည်ခြင်း 'သဒ္ဓါ' ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သည်ရှိသော် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူကား မဟုတ်ပေ။

ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့်ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သည်ရှိသော် တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် ''ငါသည် တည်ကြည်ခြင်းရှိသူ ဖြစ်၏၊ အာရုံတစ်ခုတည်း၌ တည်တံ့သောစိတ်ရှိသူ ဖြစ်၏၊ ငါမှတစ်ပါးသော အခြားရဟန်းတို့သည်ကား တည်ကြည်ခြင်း မရှိကုန်၊ တုန်လှုပ်ပံျ့လွင့်သောစိတ် ရှိကုန်၏'' ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုနှိမ့်ချ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ရောက်၏။ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။

ရဟန်းတို့ ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်အခွံကို ဖြတ် ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွားရာ၏။ ထိုယောကျာ်းကို မျက်စိအမြင်ရှိသောယောကျာ်း သည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ ''ဤအသျှင်ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့မသိသောကြောင့်သာလျှင်အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော်အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင်, အကာကိုလွန်၍သာလျှင် အခွံကိုဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွာသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့်အကျိုးကိုလည်း မခံစားရလတ္တံ့'' ဟု (ပြောဆို ရာ၏)။

ရဟန်းတို့ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့ သော အမျိုးသားသည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့က လွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏'' ဟု ယုံကြည်ခြင်း 'သဒ္ဓါ'ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည်ဤကဲ့သို့ ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ ထိုရဟန်းသည် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သည်ရှိသော် အကျင့် သီလနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုအကျင့်သီလနှင့်ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ကားမဟုတ်ပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့မရောက်၊ မမေ့လျော့သည်ရှိသော် တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုတည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းဖြင့် ''ငါသည် တည်ကြည်ခြင်းရှိသူ ဖြစ်၏၊ အာရုံတစ်ခုတည်း၌ တည်တံ့သောစိတ်ရှိသူ ဖြစ်၏၊ ငါမှ တစ်ပါးကုန်သော အခြားရဟန်းတို့သည်ကားတည်ကြည်ခြင်း မရှိကုန်၊ တုန်လှုပ်ပံျ့လွင့်သောစိတ်ရှိကုန်၏'' ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုနှိမ့်ချ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ရောက်၏။ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤရဟန်းကို သာသနာတော်၏ အခွံကိုယူသူဟု ဆိုရ၏။ ထို (တည်ကြည်ခြင်းသမာဓိ) ဖြင့်လည်း ကိစ္စပြီးပြီဟု ကျေနပ်နေခြင်းသို့ ရောက်၏။

၃၁ဝ။ ရဟန်းတို့ ဤသာသနာတော်၌ အချို့ သော အမျိုးသားသည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်းအိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏'' ဟုယုံကြည်ခြင်း 'သဒ္ဓါ' ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည်ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သည်ရှိသော် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့်စိတ်တိုင်းကျဖြစ်၍ အကြံအစည် ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့်ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သည်ရှိသော် တည်ကြည်ခြင်း သမာဓိနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍အကြံအစည်ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့်ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သည်ရှိသော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကိုရ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် ''ငါသည် သိမြင်၍နေသူ ဖြစ်၏၊ ငါမှ တစ်ပါးသော အခြားရဟန်းတို့သည်ကားမသိမမြင်ဘဲ နေကုန်၏'' ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကို နှိမ့်ချ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ ရောက်၏၊ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။

ရဟန်းတို့ ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင် အကာကိုဖြတ်ယူ၍ အနှစ်ဟုထင် မှတ်လျက် ဖဲခွါသွားရာ၏။ ထိုယောကျာ်းကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ပြောဆိုရာ၏၊ ''ဤအသျှင်ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေး ကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့မသိသောကြောင့်သာလျှင် အနှစ်ကိုအလိုရှိ၍အနှစ်ကိုရှာမှီးသော ဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သောသစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင် အကာကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့'' ဟု (ပြောဆိုရာ၏)။

ရဟန်းတို့ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့ သော အမျိုးသားသည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့က လွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏'' ဟု ယုံကြည်ခြင်း 'သဒ္ဓါ' ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့သို့ ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေ၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည်မပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည်ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကို မနှိမ့်ချပေ။ ထိုရဟန်းသည် ထို လာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ။ မမေ့လျော့သည်ရှိသော် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည်ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် နှစ်သက်သောစိတ် ရှိ၏။ အကြံအစည်ကား ပြည့်စုံခြင်း မရှိ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်း သို့ မရောက်ပေ၊ မမေ့လျော့သော် တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် နှစ်သက်သော စိတ်ရှိ၏။ အကြံအစည်ကား ပြည့်စုံခြင်းမရှိ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် နှစ်သက်သောစိတ်ရှိ၏။ အကြံအစည် ပြည့်စုံ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် ''ငါသည် သိမြင်၍ နေ၏၊ (ငါမှတစ်ပါး တစ်ခြားကုန်သော ဤရဟန်းတို့သည်ကား) မသိမမြင်ဘဲ နေကုန်၏'' ဟု မိမိကိုယ်ကိုမြှင့်တင်၏၊ သူတစ်ပါးကို နှိမ့်ချ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ရောက်၏၊ မေ့လျော့ သော် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤရဟန်းကို မြတ်သောအကျင့် 'သာသနာတော်'၏ အကာကို ယူ၏ဟု ဆိုရ၏။ ထို (ဒိဗ္ဗစက္ခုဉာဏ်အမြင်) ဖြင့်လည်း ကိစ္စပြီးပြီဟုကျေနပ်နေခြင်းသို့ ရောက်၏။

၃၁၁။ ရဟန်းတို့ ဤသာသနာတော်၌ အချို့ သော အမျိုးသားသည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်းအိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏'' ဟုယုံကြည်ခြင်း 'သဒ္ဓါ' ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤသို့ရဟန်းပြုပြီးသော် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေ၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာအကျော်အစောဖြင့် နှစ်သက်သောစိတ် မရှိ၊ အကြံအစည်ပြည့်စုံခြင်း မရှိ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော် အကျင့်သီလနှင့်ပြည့်စုံခြင်း ကို ရ၏။ ထိုရဟန်းသည် ထိုအကျင့်သီလ နှင့်ပြည့်စုံခြင်းဖြင့် နှစ်သက်သောစိတ် ရှိ၏။ အကြံအစည်ပြည့်စုံခြင်းကား မရှိ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကိုမမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့်ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့ သော် တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် နှစ်သက်သောစိတ်ရှိ၏။ အကြံအစည်ပြည့်စုံခြင်းကား မရှိ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့်မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့်ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင် ကို ရ၏။ ထိုရဟန်းသည်ထိုဉာဏ်အမြင်ဖြင့် နှစ်သက်သော စိတ်ရှိ၏။ အကြံအစည် ပြည့်စုံခြင်းကား မရှိ။ ထိုရဟန်းသည်ထိုဉာဏ်အမြင်ဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့်ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော် အချိန်မရွေး လွတ်မြောက်သည့် တရားကို ရ၏။ ရဟန်းတို့ ထိုရဟန်းသည် ထိုအချိန်မရွေး လွတ်မြောက်သည့်တရားမှ ဆုတ်ယုတ်ရာသောအကြောင်း အခွင့်သည် မရှိ။

ရဟန်းတို့ ဥပမာအားဖြင့် အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုသာလျှင် ဖြတ်ယူ၍ အနှစ်ဟု သိလျက် ဖဲခွါသွားရာ၏။ ထိုယောကျာ်းကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ ''စင်စစ်ဤအသျှင်ယောကျာ်းသည် အနှစ်ကို သိ၏၊ အကာကို သိ၏၊ အခွံကို သိ၏၊ အပွေးကို သိ၏၊ အခက်အရွက်ကို သိ၏၊ ထိုသို့သိသောကြောင့်သာလျှင် အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်တည်သော သစ်ပင်ကြီး၏ အနှစ်ကိုသာလျှင် ဖြတ်ယူ၍ အနှစ်ဟု သိလျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်းခံစားရလတ္တံ့'' ဟု (ပြောဆိုရာ၏)။

ရဟန်းတို့ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့ သော အမျိုးသားသည် ''(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့က လွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏'' ဟု ယုံကြည်ခြင်း 'သဒ္ဓါ' ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤသို့ ရဟန်းပြုပြီးသော် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေ၏။ ထိုရဟန်းသည်ထိုလာဘ်သပ် ပကာ အကျော်အစောဖြင့် နှစ်သက်သော စိတ်မရှိ၊ အကြံအစည်ပြည့်စုံခြင်း မရှိ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော် အကျင့်သီလ နှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့်ပြည့်စုံခြင်းဖြင့် နှစ်သက်သော စိတ်ရှိ၏။ အကြံအစည်ပြည့်စုံခြင်းကား မရှိ။ ထိုရဟန်းသည်ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့် တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည်ထိုအကျင့် သီလနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူး မေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော့်တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့်ပြည့်စုံခြင်းဖြင့် နှစ်သက်သောစိတ်ရှိ၏။ အကြံအစည် ပြည့်စုံခြင်းကား မရှိ။ ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည်တည်တံ့ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် နှစ်သက်သော စိတ်ရှိ၏။ အကြံအစည် ပြည့်စုံခြင်းကား မရှိ။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော် အချိန်မရွေး လွတ်မြောက်သည့် တရားကို ရ၏။ ရဟန်းတို့ ထိုရဟန်းသည် ထိုအချိန်မရွေး လွတ်မြောက်သည့်တရားမှဆုတ်ယုတ်ရာသော အကြောင်းအခွင့်သည် မရှိ။

ရဟန်းတို့ ဤသို့လျှင် ဤသာသနာတော်သည် လာဘ်သပ်ပကာ အကျော်အစောဟူသော အကျိုး ရှိမှုအတွက် မဟုတ်ပေ၊ အကျင့်သီလပြည့်စုံခြင်း ဟူသော အကျိုးရှိမှုအတွက် မဟုတ်ပေ၊ တည်ကြည်ခြင်းသမာဓိဟူသော အကျိုးရှိမှုအတွက် မဟုတ်ပေ၊ (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ဟူသော အကျိုးရှိမှုအတွက်မဟုတ်ပေ။ ရဟန်းတို့ အကြင်မပျက်စီးနိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် ရှိ၏၊ ဤသာသနာတော်သည် ဤမပျက်စီးနိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) အတွက်သာ ဖြစ်၏။ ဤမပျက်စီးနိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် အနှစ်အသားပေတည်း။ ဤမပျက်စီးနိုင်သောစိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် အဆုံး (ပန်းတိုင်) ပေတည်းဟု ဤတရားကို မြတ်စွာဘုရားသည်ဟောကြားတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။



ဆက်လက်ဖတ်ရှုရန်

Wednesday, July 7, 2010

သစ်တုံးတရားတော် (၉) ဒါရုက္ခန္ဓောပမသုတ် (အရှင်သီလာစာရ-ရေစကြို)

သင်....လက်ညှိုးထိုးမယ်ဆို
အရှင်သီလာစာရ (ရေစကြို)

မိမိတို့ ထိုးလိုက်သည့် လက်ညိုးသည်… မိမိကိုယ်ကို ထိုးညွှန်သည့် လက်ညှိုး၊ သူတစ်ပါးကို ထိုးညွှန်သော လက်ညှိုးဟု နှစ်မျိုးနှစ်စားရှိနေလေသည်။ ထိုနှစ်မျိုးတွင်လည်း တစ်မျိုးနှင့် တစ်မျိုး တူညီမှုမရှိသည်ကို တွေ့မြင်ရပေမည်။ မိမိကိုယ်ကို ညွှန်လိုက်သောလက်ညှိုးမှာ အတ္တ ဖြင့်တည်ဆောက်ထားသောကြောင့် အင်အား ရှိ၏။ ဟန်၊ မာန်၊ ဌာန်နှင့်လည်းပြည့်စုံနေသည်။ သူတစ်ပါးကိုထိုးညွှန်သော လက်ညှိုးမှာ အင်အားဟု မဆိုသော်လည်း ထိုးစိုက်ချလိုက်သော ဂုဏ်သတ္တိနှင့်အတူ မျက်စိမျက်နှာပျက်ခြင်း၊ အသားရောင်ပြောင်းခြင်း စသော အဖော်အင်အားအတော်များလေသည်။ သို့သော်….ထိုထိုးစိုက်လိုက်သော လက်ညှိုး၏ ဂုဏ်သတ္တိ သည် သူတစ်ပါး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ဟူသော နံရံနှင့်ထိတွေ့လိုက်သောအခါ နောက်သို့တွန့် သွားမြဲသာ။

ပုထုဇဉ်ဟူသည် လောဘ၊ ဒေါသ၊ မောဟ ဟူသောအမှားသံသရာနယ်ပယ်၌ တ၀ဲလည်လည်နေထိုင် နေကြရသော သတ္တ၀ါများဖြစ်၍ အမှားကင်းသောသတ္တ၀ါနည်းပါးနေမည်သာ။ ထိုအမှားမကင်းသူအချင်းချင်းကို ငေါက်ငေါက်စင်းသော လက်ညှိုးထိုးဖြင့် ထိုးညွှန်ပြကြလျှင် ထိုကာယကံရှင်က မိမိဖက်သို့ တစ်ဖန်ပြန်လည်၍ မြှားဦးလှည့်လာခဲ့သော် မိမိကခံနိုင်ရည် ရှိပါမည်လော…တွေးကြည့်စေချင်ပါသည်။

ဤလောကအတွင်း၌ မှီတင်းနေထိုင်ကြကုန်သော သူသူငါငါ ပုထုဇဉ်သတ္တ၀ါတို့သည် ‘ထင်’ တစ်လုံးဖြင့် ရှိနေတက်ကြသည်။ မိမိကိုယ်ကိုထင်ထားသော ထင်တစ်လုံးသည် မြင့်တက်နေကြသလောက် သူတစ်ပါးကို ထင်ထားသောအထင်ကား နိမ့်ကျနေတက်သည်၊ လျော့တွက်နေတက်သည်။

ပုထုဇဉ်အား ပုထုဇဉ်စိတ်ဖြင့် သီးခံစိတ်မွေးမြူလျှင် ဖြစ်နိုင်သော်လည်း (မိမိ၏သား သွားခေါနေသည်ကိုတော့ သွားပေါ်လေးဟုသာ မြင်တက်ပြီး သူတစ်ပါးသားသမီးကိုကား ပေါက်ခေါကြီးဟု နိမ့်ချဆန့်ကျင်သော ပုထုဇဉ်အမြင်ဖြင့်သာ မြင်တက်နေကြပါလျှင်) ဤလောကတွင် ငြိမ်းချမ်းသာယာဖွယ် မရှိတော့မည်သာ။

ဤသို့သော တစ်ဖက်သက်အမြင်မျိုးတို့သည် စာပေနယ်ပယ်၌လည်းကောင်း၊ လူမှုနယ်ပယ်၌လည်ကောင်း၊ စီပွားရေး၊ ဘာသာရေး၊ ပညာရေးစသော နယ်ပယ်အသီးသီးတို့၌လည်ကောင်း တစ်ဖက်စောင်းအမြင်တို့ဖြင့် လက်ညှိုးထိုးချင်နေကြသော လက်ညှိုးရှင်တို့ကို နေရာဒေသအမျိုးမျိုးတွင် တွေ့မြင်နေကြသည်။ မင်းတို့ ငါ့ကို အန်တုချင်လျှင် ဆယ်ခါပြန် ပါရမီဖြည့်လိုက်စမ်းပါအုံး ဟူသော မာနစကားသည် ဂုဏ်ကြောင့်သာ ပေါ်ထွက် နိုင်သည်မှန်သော်လည်း မိမိအကျင့်သီလက ဗလာအချည်းနှီးဖြစ်နေလျှင် မိမိထိုးညွှန်လိုက်သော ထိုလက်ညှိုး သည် ပဲ့နှင့်တက် ကျိုးနေသောလှေကဲ့သို့ ချာချာလည်ကာ လိုရာသို့မရောက်ပဲ တစ်ဖက်က ပြန်ပြောင်း၍ ထိုးညွှန်ခဲ့ပါလျှင် အသင်ခံနိုင်မည်လော။

သူတစ်မျိုး ငါတစ်နည်း အချည်းနှီးသောလက်ညှိုးတို့ကို ထိုးနေကြရင်း စင်းနေသောလက်ညှိုးက တစ်ဖန် ကွေးလာကြပြန်သောကြောင့်(သူကွေး ကိုယ်ကွေး ကွေးနေကြသောကြောင့်)လောကတစ်ခုလုံး ငြိမ်းချမ်း ခြင်းမှ ကင်းနေလေသည်။လက်ညှိုးသည် ပုထုဇဉ်အချင်းချင်း ထိုးညွှန်ပြတက်ကြသကဲ့သို့ ဘုရားအစရှိသော ရဟန္တာ မထေရ်မြတ်တို့လည်း ထိုးညွှန်ပြတတ်ကြလေသည်။ ပုထုဇဉ်တို့ အချင်းချင်းထိုးညွှန်ပြသော လက်ညှိုး သည် အပယ်လေးပါးသို့ ညွှန်နေသည်နှင့်တူသည်။ မိမိအပြစ်ကို မရှုမြင်ပဲ သူတစ်ပါး၏အပြစ်ကိုသာကြည့်၍ တစ်ဖက်သက်ဖိထိုး လိုက်သည့် ထိုလက်ညှိုးတို့သည် အပယ်လေးပါးမှ အခြားမရှိပါချေ။

ဘုရားရှင်နှင့် အရိယာတို့ ထိုးညွှန်သောလက်ညှိုးမှာကား လွတ်မြောက်စေမည့်လမ်းကိုသာ ဦးတည်နေသည်။ အခါတပါး မြတ်စွာဘုရားရှင် ကောသမ္ဗီပြည် ဂင်္ဂါမြစ်ကမ်းတွင် သီတင်းသုံးနေထိုင်တော်မူသောအခါ ဂင်္ဂါရေအလျှင်ဖြင့် မျှောပါလာသော သစ်တုံးကို မြင်တော်မူလေသည်။ ထိုအခါမြတ်စွာဘုရားရှင်သည် လက်ယာ လက်တော်ကိုဆန့်တန်းကာ “ပဿထ နော တုမှေ ဘိက္ခဝေ အမုံ မဟန္တံ ဒါရုက္ခန္ဓံ ဂင်္ဂါယ နဒိယာ သောတေန ၀ုယှမာနံ” ချစ်သား..ရဟန်းတို့ ဟောဟိုက ဂင်္ဂါမြစ်ထဲက ရေအဟုန်မှာ မြောပါလာတဲ့ သစ်တုံးကြီးကို ကြည့်လိုက်ကြစမ်းဟူ၍..လက်ညှိုးညွှန်ပြတော်မူသည်။

ရဟန်းတော်တို့ ထိုသစ်တုံးကို လှည့်ကြည့်ရှု့နေစဉ်….. “ရဟန်းတို့..ဤသစ်တုံးကြီးသည် ဤမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ထိုမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ရေလည်၌မနစ်မြုပ်ခဲ့ပါလျှင်၊ ကြည်းကုန်း၌ မတင်ခဲ့ပါလျှင်၊ လူတို့မဆယ်ယူခဲ့ပါလျှင်၊ နတ်တို့မဆယ်ယူခဲပါလျှင်၊ ၀ဲမစုပ်ယူခဲ့ပါလျှင်၊ အတွင်း၌ မပုပ်မဆွေး ခဲ့ပါလျှင်၊ ထိုသစ်တုံးကြီးသည် သမုဒ္ဒရာသို့ ညွတ်ကိုင်းနေသဖြင့် သမုဒ္ဒရာထဲသို့သာရောက်လတ္တံ့။ အဘယ့်ကြောင့် ထိုသို့ရောက်ရှိသနည်း၊ ဂင်္ဂါမြစ်ရေအလျှင်သည် သမုဒ္ဒရာသို့ရောက်အောင် တွန်းပို့နေခြင်း ကြောင့်ပေတည်း”

“ချစ်သားတို့…. ဤမှာဘက်ကမ်းဟူသည် အဇ္ဈတ္တိကာယတန ခြောက်ပါးမည်၏၊ ထိုမှာဘက်ကမ်းဟူသည် ဗာဟရာယတန ခြောက်ပါးမည်၏၊ အလယ်၌ နစ်မြုပ်ခြင်းဟူသည် နှစ်သက်စွဲမက်မှု နန္ဒီရာဂမည်၏၊ ကြည်းကုန်း၌ တင်မှုဟူသည် ငါဟူသော အတ္တမာန်မည်၏၊ လူတို့ဆယ်ယူမှု့ဟူသည် သာသနာတော်၌ ရဟန်းသည် လူတို့နှင့်ရောနှောနေထိုင်၏၊ အတူတကွ နှစ်သက်မှု့စိုးရိမ်းမှုရှိ၏၊ လူတို့ချမ်းသာသည်ရှိသော် ချမ်းသာ၏၊ လူတို့ဆင်းရဲသည်ရှိသော် ဆင်းရဲ၏၊ ပြုဖွယ်ကိစ္စ ရှိလာသည်ရှိသော် မိမိသည်ပင် ထိုကိစ္စတို့ဤ၌ အားထုက်ခြင်းသို့ရောက်၏၊ ဤသို့ဖြစ်ခြင်းသည် လူတို့ဆယ်ယူခြင်းမည်၏”

“ရဟန်းတို့….နတ်တို့ဆယ်ယူခြင်းဟူသည် ဤသာသနာတော်၌ အချို့သောရဟန်းတော်တို့သည် တစ်ခုခုသော နတ်အဖြစ်ကို တောင့်တ၍ အကျင့်မြတ်ကို ကျင့်သုံး၏၊ ဤသို့ကျင့်သုံးခြင်းသည် နတ်တို့ဆယ်ယူခြင်းမည်၏၊” အတွင်း၌ ပုပ်ဆွေးခြင်းဟူသည်…ကိုယ်ကျင့်သီလမရှိခြင်း၊ ယုတ်ညံ့သော သဘောရှိခြင်း၊ မစင်ကြယ်သော သဘောရှိခြင်း၊ ပြုလုပ်ထားသော မကောင်းသော အမှု့ကိုဖုံးကွယ်ထားခြင်း၊ အကျင့်မြတ်ကို ကျင့်သုံးသူမဟုတ်ပဲ ကျင့်သုံးသူဟု ၀န်ခံခြင်း၊ အတွင်းပုပ်ခြင်း၊ ကိလေသာဖြင့် စိုစွပ်ခြင်း၊ သာသနာတော်နှင့် မပက်သက်သော အမှုကိစ္စတို့ဖြင့် ရှုပ်ထွေးနေခြင်း…တို့သည် အတွင်း၌ပုပ်ဆွေးခြင်း တို့ပင်ဖြစ်သည်။

ရဟန်းတို့….၀ဲစုပ်ခြင်းဟူသည် ကာမဂုဏ်ငါးပါးတို့နှင့် ပျော်ပါးနေခြင်းတို့ပေတည်းဟု ဟောကြားတော်မူခဲ့ လေသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင် ထိုးညွှန်တော်မူသော လက်ညှိုးသည် သတ္တ၀ါအားလုံး သံသရာ ၀ဋ်ဆင်းရဲမှ လွတ်ကင်းစေနိုင်သော အကျိုးသတ္တိထူးတို့ဖြင့် ထုံမွှမ်းထားသောကြောင့် လက်ညှိုးထိုးသူတို့ အတုယူသင့်လှပေသည်။

မြတ်စွာဘုရားရှင်….မိမိအား ကောသမ္ဗီပြည်သားတို့က အက္ကောသ၀တ္ထုဆယ်ပါး …(ဆဲရေးခြင်းအမျိုးမျိုး)ဖြင့် လက်ညှိုးထိုးကာ အမျိုးအမျိုးဆဲရေးကြပါသော်လည်း သီးခံတော်မူခဲ့သည်။ တုံ့ပြန်ပြောဆိုခြင်းမပြုခဲ့ချေ။ ထို့ထက် အာကြမ်း လျှာကြမ်း နှုတ်သရမ်းဖြင့် ဆဲရေးတိုင်းထွာတက်သော “အက္ကောသဘာရဒွါဇပုဏ္ဏား”၏ အမနာပစကားတွေကိုလည်း မေတ္တာဖြင့်သာ တုံ့ပြန်တော်မူခဲ့လေသည်။

ပုထုဇဉ် လူသားတို့ အချင်းချင်း ထိုးညွှန်ကြသော လက်ညှိုးတို့သည်ကား အတ္တ၊ မာန်မာနတို့ရောထွေးပါ နေသောကြောင့် သောက-စိုးရိမ်းရခြင်း၊ ပရိဒေ၀-ငိုကြွေးရခြင်းစသော အကျိုးဆက်များစွာတို့ဖြင့် အချင်းချင်း ထိုးနှက်ခံစားနေရသောကြောင့် ငြိမ်းအေးခြင်းများဝေးကွာနေခဲ့သည်။ မြတ်မီးကိုရှို့၍ ဂင်္ဂါမြစ်ကို ဆူပွတ်အောင် မစွမ်းနိုင်သကဲ့သို့ လူယုတ်မာတို့၏ လက်ညှိုးညွှန်ပြခြင်းတို့သည်လည်း သူတော်ကောင်းတို့၏ နှလုံးသား၌ တုန်လှုပ်ခြင်းမရှိပါချေ။

သဠာယတနသံယုတ်၊ဒါရုက္ခန္ဓောပမသုတ်
သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ.
ပန်းတကာကိုတင်မြင့်ဆောင်းပါးတို့ကိုအခြေခံပါသည်။

ကိုရင်လေး ဘလော့ဂ် (http://www.sayyaungche.com/2010/03/blog-post_03.html) မှ ကူးယူဖော်ပြပါသည်။

သစ်တုံးတရားတော် (၁) ဒါရုက္ခန္ဓောပမသုတ် (ပါဠိတော် မြန်မာပြန်မူရင်း)
သစ်တုံးတရားတော် (၂) ဒါရုက္ခန္ဓောပမသုတ် (ဆရာတော် ဦးဃောသိတ)
သစ်တုံးတရားတော် (၃) ဒါရုက္ခန္ဓောပမသုတ် (သီတဂူဆရာတော်)
သစ်တုံးတရားတော် (၄) ဒါရုက္ခန္ဓောပမသုတ် (ဖြူးဆရာတော်)
သစ်တုံးတရားတော် (၅) ဒါရုက္ခန္ဓောပမသုတ် (မဟာဗောဓိမြိုင်ဆရာတော်)
သစ်တုံးတရားတော် (၆) ဒါရုက္ခန္ဓောပမသုတ် (ဗန်းမော်ဆရာတော်)
သစ်တုံးတရားတော် (၇) ဒါရုက္ခန္ဓောပမသုတ် (ဓမ္မဒူတ အရှင်ဆေကိန္ဒ)
သစ်တုံးတရားတော် (၈) ဒါရုက္ခန္ဓောပမသုတ် (ဆရာနန္ဒာသိန်းဇံ)
ဆက်လက်ဖတ်ရှုရန်