Monday, June 7, 2010

ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၉)

UN တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန် အစ်မတစ်ယောက် ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု


င့ါမောင် ကြည့်လဲ လုပ်ဟေ့။ ကောင်းတာကတော့ အလွန်ကိုကောင်းပါတယ်။ ဆွေးနွေးရမယ်ဆိုရင် ရှူထောင့်စုံက မျိုးစုံပါလာမယ်။ သံဃာအစည်းအဝေးလိုနေရာမျိုးမှာ သာသနာရေးတာဝန်ကို လူပိုင်းက ခေါင်းဆောင်တစ်ဦးလျှောက်ထားသလို ဖြစ်နေပါပေါ့လား။
 
သာသနာတွင်းမှ သံဃာအပေါင်းကို ဟတ်ထိစေတာဖြစ်လို့၊ အစ်မတို့အနေနဲ့ သူတို့ တုံ့ပြန်မှုဘယ်လိုရှိမလဲ နားထောင်ရုံပေါ့လေ။
 
သံဃာများကို ဘာသာရပ်များသင်ကြားရာမှာ Social Science ကိုပါ ပါဝင်ထည့်သွင်းစေချင်ပါတယ်။ အစ်မတို့ကတော့ အစ်မတို့သန်ရာဘက်က ချပြီး စဉ်းစားတာပေါ့လေ။

မောင်လေး ရေးတာကတော့ မြှင့်ရေးထားတာဆိုတော့ သီတဂူနဲ့ အခြားသော သာသနာကို မြင့်မြတ်သော စိတ်ထားတွေနဲ့ ဆောင်ရွက်နေကြသော ဆရာတော်ကြီးများနှင့် နာမည်ကျော်ဆရာတော်များ၊ သာသနာရေး အုပ်ချုပ်မှုပိုင်းက တာဝန်ရှိသူများကို ခေါ်ပြီး Focus Group Discussion (FGD) လုပ်ရင် ကောင်းမွန်သော ချမှတ်ချက်တွေ၊ လုပ်ငန်းစဉ်တွေ ထွက်လာမှာ မလွဲဘူးလေ။ အကျိုးပြုစေနိုင်တယ်ပေါ့။
 
အစ်မ ၀ဿန်
Jan 19, 2010

No comments:

Post a Comment