Wednesday, June 2, 2010

ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၆)

ဘုန်းဘုန်း အရှင်ဉာဏိဿရ (nyanissara@gmail.com) ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု

သို့  ။


ကိုဝိမုတ္တိ ရေ...............

ဥိးဇင်းကတော့...သံဃာတော်များ၏ အားနည်ချက်ကိုဆွေနွေးတင်ပြပါမယ်။ မြန်မာပြည်မှာ သံဃာတွေဟာ..လေးသိန်းလောက်ရှိပါတယ်။ ဒါပေမဲ့ အားနည်းတာက..... ကမ္ဘာကိုထိုးဖေါက်နိုင်တဲ့ စွမ်းရည်တွေ အားနည်းနေတယ်။ ဥိးဇင်းမြင်တယ်။ ဘာကြောင့်လည်းဆိုတာ...သိနိုင်ပါတယ်။ အခြားနိုင်ငံတွေနှင့် နှိုင်းယှဉ်လျင်.....မြန်မာပြည်က သံဃာတော်တွေဟာ..ပိဋကသုံးပုံ ဓမ္မာစရိယ. ငယ်.လတ်. ကြီး တွေ..အာဂုံစာတွေကျက်နိုင်ပါလျက် . နိုင်ငံခြားကိုထိုးဖေါက်ဖို့ ရာ.. မကြိုးစာကြခြင်း။  စာသင်စာချ.အချိန်ကုန်။ ပြည်တွင်းမှာ ပျော်ပိုက်ခြင်း။

အခြားသောထိုင်း ..သီရီလင်္ကာသံဃာတော်တွေကျ..ကမ္ဘာကိုပတ်နေကြတယ်။ ဘာကြောင့်လဲ၊ ဒါကြောင့် ဘယ်နိုင်ငံရောက်ရောက် လူတွေက....you from Thailand ?  or  you come from Srilanaka ? မေးကြတယ်။ ဖန်ရေဆိုးထား သင်္ကန်းဝတ်ထားသော်လည်း မတူကွဲပြား ၀တ်ထားသော်လည်း ဒီမေးခွန်းကိုဘဲ မေးနေကြတယ်။ ကမ္ဘာမှာ..သံဃာဆိုတာ ထိုင်းနှင် သီရိလင်္ကာဘဲရှိတယ်လိုထင်နေကြတာလားမသိ။ ဒါကြောင့်....မခံချင်ဘူးလေ.ဘာကြောင့်ဒို့ နိုင်ငံမှာသံဃာတော်တွေများရက်နဲ့ ...ဆိုတာဦးဇင်းစဉ်းစားခန်း ၀င်နေမိတယ် ကိုဝိမုတ္တိရေ...................

ဘုန်းဘုန်း အရှင်ဉာဏိဿရ (nyanissara@gmail.com)
(အီးမေးလ်မှတဆင့် ပေးပို့ ပါသည်။) 

No comments:

Post a Comment