တကယ်ပယ်ရမယ့်အရာ
ဘုန်းကြီးတို့ ယောဂီသူတော်စင်တွေအားလုံး သိထားရမှာက သက္ကာယဒိဋ္ဌိဆိုတဲ့ပုဒ်မှာ သက္ကာယဆိုတာ ထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင်းအစုကိုခေါ်တယ်၊ သက္ကာယကို ပယ်ရမှာ မဟုတ်ဘူး။ ငါမရှိဘဲနဲ့  ရှိတယ်၊ သူမရှိဘဲနဲ့  ရှိတယ်လို့  ယူဆနေတဲ့ ဒိဋ္ဌိကိုသာ ပယ်ရမှာ။
သက္ကာယ နဲ့ ဒိဋ္ဌိ
သက္ကာယဒိဋ္ဌိပြုတ်ဘို့ ရာ ယောဂီသူတော်စင်တွေအားလုံးဟာ ဘာကိုရှုရမှာလဲမေးရင် သက္ကာယကို မြင်အောင် ရှုရမယ်၊ သက္ကာယကိုမြင်ရင် ဒိဋ္ဌိဆိုတာ ပြုတ်သွားမယ်။
အာနာပါန နဲ့  သတိပဋ္ဌာန်
အာနာပါနဿတိကို ပိုင်ပိုင်နိုင်နိုင် ပွားနေတဲ့သူဟာ သတိပဋ္ဌာန်လေးပါးလုံးကို ပြီးပြည့်စုံတယ်လို့  မြတ်စွာဘုရား ဟောတော်မူထားပါတယ်။ အာနာပါနဿတိ တစ်လုံးကို သေသေချာချာ စဉ်းစားကြည့်ရင် ပွားကြည့်ရင်၊ သတိပဋ္ဌာန်လေးပါးလုံး သူ့ နေရာနဲ့ သူ ပါဝင်နေတာကို တွေ့ ရတယ်။
No comments:
Post a Comment