Tuesday, April 20, 2010

ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၁၂)

၄၆။ မြေတစ်ပြင်လုံး၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်၊ နတ်ပြည် ဗြဟ္မာပြည်သို့  ရောက်ရသည်ထက်၊ တစ်လောကလုံးကို အစိုးရသည်ထက် “သောတာပန်” ဖြစ်ရတာက မြတ်တယ်။

၄၇။ အနာမရှိသော လက်ဖြင့် အဆိပ်ကိုကိုင်လျှင် ဘာမှမဖြစ်ပါဘူး။ စေတနာမရှိဘဲ ပြုမိလျှင် အကုသိုလ် မဖြစ်ပါဘူး။

၄၈။ မကောင်းမှု ပြုထားလျှင် ကောင်းကင်မှာ နေနေ၊ သမုဒ္ဒရာအလယ်မှာ နေနေ တောင်ခေါင်းထဲနေနေ မကောင်းမှုမှ မလွတ်နိုင်ပါဘူး။

၄၉။ မြတ်စွာဘုရားတောင်မှ ၀ိပါတ်တော် ၁၂-ပါး ကြုံရသေးတယ်။ ၀ဋ်ကြွေးပါမည့် အလုပ်အပြောကို ရှောင်ကြဉ်ပါ။

၅၀။ သေခြင်းတရား (သေမင်း) က နှိပ်စက်တော့ ဘယ်ဆွေမျိုးမှ မကယ်နိုင်ဘူး။

No comments:

Post a Comment