ဒိဋ္ဌိ (၆၂)ပါး၏ ရေသောက်မြစ်
သက္ကာယဒိဋ္ဌိတည်းဟူသော နှောင်ကြိုးနဲ့  အတုပ်အနှောင်ခံရတဲ့သူဟာ ဘ၀နဲ့ ကာမကို တပ်မက်တဲ့ တဏှာတည်းဟူသော ရေအလျဉ်မှာ မြုပ်တစ်လှည့်၊ မျောတစ်လှည့်နဲ့  ဒုက္ခဖြစ်ရတယ်၊ မျောတာကနည်းတယ်၊ မြုပ်တာကများတယ်။ ဒီတော့ သက္ကာယဒိဋ္ဌိဆိုတာ ဒိဋ္ဌိ(၆၂)ပါးလုံးရဲ့  ရေသောက်မြစ်ကြီးဖြစ်တယ်။ သူ့ ကို အမှီပြုပြီးတော့ ဒိဋ္ဌိအားလုံး ဖြစ်သွားနိုင်တယ်။
သက္ကာယဒိဋ္ဌိ နဲ့  သံသရာ
သက္ကာယဒိဋ္ဌိတည်းဟူသော ကြိုးတစ်ချောင်း အတုပ်အနှောင်ခံရတဲ့ပုဂ္ဂိုလ်ဟာ ကျန်တဲ့ (၆၂)ပါးသော ဒိဋ္ဌိကြိုးတွေ ၀ိုင်းပြီးတော့ တုပ်ထားတာ ဖြစ်လေသောကြောင့် သံသရာတည်းဟူသော ထောင်အိမ်၊ နှောင်အိမ်၊ လှောင်အိမ်ကြီးထဲမှာ မလှုပ်နိုင်အောင် မြုပ်ရတော့တာပဲ။
ရုပ်နာမ်ရှုမှ သက္ကာယဒိဋ္ဌိပြုတ်
တကယ်တန်းအရှိက ပုဂ္ဂိုလ် သတ္တ၀ါ သူ ငါမဟုတ်၊ ရုပ်နာမ်တို့ ရဲ့ အစုအပေါင်း၊ မရှိတာက သတ္တ၀ါ၊ ဒီတော့ တကယ်မရှိတဲ့သတ္တ၀ါကို ရှုမှတ်ဖို့ မလိုဘူး။ တကယ်ထင်ရှားရှိနေတဲ့ ရုပ်နာမ်တို့ ရဲ့  အစုအပေါင်းကို မြင်အောင်ရှုရမယ်။ အဲဒါမှ သက္ကာယဒိဋ္ဌိပြုတ်လွတ်မယ်။
No comments:
Post a Comment