“တာသင်္ကြန် နဲ့ သံဝေဂဘွဲ့ ”
တာသင်္ကြန် သက္ကရာဇ်ပြောင်းပြီမို့ ၊
ဇရာသန် တစ်နှစ်ဖြင့် နှောင်းပြန်ပေါ့၊
အသစ်တွေ ဟောင်းပါလို့  အိုခဲ့ပြီ။
သြော်... ရုပ်ကလာပ် ကယ်တို့ ၊
ချုပ်ပြတ်ကာ ကွယ်လွန်၍
နယ်ကျွံကာ မရဏစခန်းကိုလှ၊
တစ်ရွေ့ ရွေ့ ဝင်ကာ၊ နေ့ စဉ်နေ့ စဉ် လှမ်းခဲ့တယ်၊
ကွယ် ...နွမ်းလို့  ကြုံလှီ။
ထိတ်စရာ့ ပါကလား၊
အနိစ္စပေမို့  စိတ်ချတော့ မသွေသာသည်၊
သေမှာ အတည်ကွဲ့  သတ္တ၀ါအများ။
သြော် .... တစ်နှစ် တစ်နှစ်ကယ်နှင့် အသစ်အသစ် ခန္ဓာကိုယ်တို့ ၊
မြန်စွာ အိုအောင် တမြည့်မြည့်နဲ့  ဆွေးခဲ့သော်လည်း၊
ဉာဏ်လွှာတိုသူတွေ တစေ့စေ့မှ မတွေးနိုင်ဘူး၊
တရွေ့ ရွေ့ ပြေးကာ အိုနယ်ဝင်ခဲ့ပေါ့၊
ပျိုတယ်ထင်သူတွေ ကြော့ကြော့ ကြော့ကြော့နဲ့ မြူးရှာကြ၊
နှစ်ကူးပြီး သင်္ကြန်ခါချိန်မို့ ၊
ခန္ဓာအိမ် အသစ်တစ်ခုဖြင့် ပြောင်းပြန်ပေါ့၊
အမယ်မင်း.... အဟောင်းဖြစ်ပြီး အသစ်ဆက်လို့  ပွားပေမယ့်၊
၎င်းအသစ်လဲ တစ်ခေတ်ပျက်လို့  သွားပေလိမ့်၊
အို.... ကွယ်တို့ ရဲ့  အကောင်းမဖြစ်နိုင်ဘူး၊
အဟောင်းအသစ်ဆိုတဲ့ အဖြစ်အပျက်တရား။
ဒဂုန်ဦးထွန်းမြင့်

----------------------------
သင်္ကြန်တွင်း ဘလော့ဂ်မှာ ဘာရေးရမလဲစဉ်းစားနေတုန်း ဆရာပါရဂူရဲ့  “ဒဂုန်ဦးထွန်းမြင့်၏ ကလေးသူငယ်နှင့် ဗုဒ္ဓယဉ်ကျေးမှု” စာအုပ် ထဲမှာ ဒီသံဝေဂကဗျာလေး တိုက်တိုက်ဆိုင်ဆိုင်ဖတ်မိတာနဲ့  သင်္ကြန်အမှတ်တရ တင်ပေးလိုက်တာပါခင်ဗျာ။
No comments:
Post a Comment