Tuesday, March 23, 2010

ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၁၀)

၃၇။ ကရွတ်ခွေရှိသော ရေအိုးသည် ဟိုလိမ့် ဒီလိမ့် မလိမ့်ဘဲ တည်ငြိမ်သလို မဂ္ဂင်ရှစ်ပါး ရှုပွားနေသောစိတ်သည် ဟိုတွေး ဒီတွေး မတွေးဘဲ တည်ငြိမ်တယ်။

၃၈။ ဓါတ်လိုက်ပြီးသေမှာကြောက်တဲ့သူက လျှပ်စစ်ဓါတ်အားတွေလာနေတဲ့ ၀ါယာကြိုးကို မကိုင်ရဲသလိုဘဲ အပါယ်လေးပါး ဘေးဒုက္ခကို ကြောက်လန့် တဲ့ ပုဂ္ဂိုလ်က ဘယ်သူမှ မသိလည်း အကုသိုလ် မလုပ်ရဲဘူး။

၃၉။ ကြာမြင့်စွာကွဲကွာ၍ ရပ်ဝေးမှ ချမ်းသာစွာ ပြန်ရောက်လာသူကို မိဘဆွေမျိုးတွေက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြသလို ကိုယ်ပြုထားတဲ့ ကုသိုလ်တွေက ကိုယ့်ကို ကြိုဆိုနေကြပါလိမ့်မယ်။

၄၀။ သမန်းမြက်နဲ့ ငါးပုပ်ထုပ်လျှင် သမန်းမြက်ပါ အပုပ်နံ့ ထွက်သလို လူမိုက်နဲ့ ပေါင်းလျှင် အပုပ်နံ့ လှိုင်မယ်။

၄၁။ ပေါက်ဖက်နဲ့ တောင်ဇလပ်ပန်း ထုပ်လျှင် ပေါက်ဖက်ပါ မွှေးသလို ပညာရှိနဲ့ ပေါင်းလျှင် အမွှေးနံ့ ကြိုင်မယ်။

No comments:

Post a Comment