၃၃။ မြတ်စွာဘုရားတည်းဟူသော မိတ်ဆွေကောင်း၊ ဆရာသမားကောင်းကို မှီဝဲရလို့  နိဗ္ဗာန်ချမ်းသာကို ရရှိသွားတဲ့ ပုဂ္ဂိုလ်တွေ အသင်္ချေ အနန္တ မရေမတွက်နိုင်ပါဘူး။
၃၄။ ရှေ့ မှာချီးမွှမ်းပေမဲ့ ကွယ်ရာမှာ အပုပ်ချတဲ့လူကို အဆိပ်အိုးထဲက ပျားရည်လို ရှောင်ကြဉ်လိုက်။
၃၅။ အနည်းငယ်သော ကုသိုလ်ကို အထင်မသေးပါနဲ့ ။ မိုးရေမိုးပေါက် တဖျောက်ဖျောက် ကျပါများတော့ ရေအိုးကြီး ပြည့်လာရသလို ကုသိုလ်လည်း ပြုပါများတော့ ပြည့်လာပါလိမ့်မယ်။
၃၆။ နှိမ်နင်းရန် ခဲယဉ်းတဲ့စိတ် လျင်မြန်တဲ့စိတ် သူရောက်ချင်ရာ ရောက်တဲ့စိတ်ကို ဆုံးမလျင်ကောင်းတယ်။ ဆုံးမလို့ ယဉ်ကျေးလာလျှင် ဒီစိတ်က ချမ်းသာကို ဆောင်ပေးတတ်တယ်။

No comments:
Post a Comment