Tuesday, March 23, 2010

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၇)

အကျိုးမများသော အသက်ရှည်မှု

လူတစ်ယောက်ဟာ နှစ်ပေါင်းတစ်ရာကြာအောင် အသက်ရှင်နေစေကာမူ ရုပ်နာမ်ခန္ဓာကိုသိတဲ့ (နာမရူပပရိစ္ဆေဒ) ဉာဏ်လောက်မှမရဘဲ အသက်ရှင်နေရလျှင် အကျိုးမရှိဘူး၊ အကာပဲ၊ ဘာကြောင့်လဲဆိုရင် သက္ကာယဒိဋ္ဌိတန်းလန်းနဲ့  အသက်ရှင်နေရတာမို့ ။ သက္ကာယဒိဋ္ဌိနဲ့  အသက်ရှင်နေရတဲ့သူအတွက် (၆၂)ပါးသော မိစ္ဆာဒိဋ္ဌိတရားတွေ ဖြစ်နိုင်ကြတယ်။

ယောဂီသူတော်စင်နှင့် သက္ကာယဒိဋ္ဌိ

ယောဂီသူတော်စင်တွေအားလုံးဟာ အနည်းဆုံးတော့ သက္ကာယဒိဋ္ဌိပြုတ်အောင် အလုပ်လုပ်ဖို့ လိုတယ်။။ ရုပ်တရား၊ နာမ်တရား၊ ခန္ဓာငါးပါးလောက်တော့ ကွဲပြားအောင် အားထုတ်ရပါမယ်။ ဒါမှ သက္ကာယဒိဋ္ဌိကွာမှာ ဖြစ်ပါတယ်။ သက္ကာယဒိဋ္ဌိနှောင်ကြိုးနဲ့  အတုပ်အနှောင်ခံရတဲ့ ပုဂ္ဂိုလ်မှန်ရင် သံသရာတည်းဟူသော ပင်လယ်ကြီးထဲမှာ မျောပြီးတော့ ဒုက္ခဖြစ်နိုင်စရာပဲ အကြောင်းရှိတော့တယ်။ ဒုက္ခဖြစ်ဖို့  များတယ်။

No comments:

Post a Comment