Wednesday, March 17, 2010

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၆)

သစ္စာမြင်မှ ချမ်းသာအစစ်ရနိုင်

သစ္စာမမြင်ဘဲ မဂ္ဂင်ရှစ်ပါးမပါဘဲနဲ့  ဘယ်တော့မှ ချမ်းသာအစစ်ကို မရနိုင်ဘူး။ သစ္စာမြင်မှ၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားပါမှသာ ချမ်းသာအစစ်ကို ရနိုင်မယ်၊ ရောက်နိုင်ပါမယ်။

ဣဿာမစ္ဆရိယ နဲ့ သောတာပန်

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ သိထားရမှာက ဣဿာ (မနာလိုမှု) မစ္ဆရိယ (သ၀န်တိုမှု) တွေ မိမိသန္တာန်မှာ ရှိနေသေးသမျှ သောတာပန်အစစ် မဖြစ်နိုင်သေးဘူး။ သောတာပန်ပုဂ္ဂိုလ်အစစ်မှာ အဲဒီ တရားနှစ်ပါးလည်း လုံးဝမရှိတော့ဘူး။ မဖြစ်တော့ဘူး။

သောတာပန်ရဲ့ ယုံကြည်မှု

သောတာပန်ဖြစ်သွားလို့ ရှိရင် ဘုရား တရား သံဃာ ငါးပါးသီလ အဲဒီအရာဌာနတွေအပေါ်မှာ စွဲစွဲမြဲမြဲ နှစ်နှစ်ခြိုက်ခြိုက် သက်ဝင်ယုံကြည်သွားတယ်။ ယုံကြည်မှုသဒ္ဓါတရားက ပိုခိုင်သွားတယ်။ ဘာကြောင့်တုန်း ဆိုတော့ သစ္စာမြင်သွားလို့ ပေါ့။ အပါယ်လေးဘုံက လုံးဝလွတ်ကင်းသွားလို့ ပေါ့။

No comments:

Post a Comment