Friday, January 29, 2010
သတိသံဝေ ယူကြလေ
The great Greek King Alexander , after conquering many kingdoms, was returning home. on the way he fell ill and he was bedridden for months. with death drawing close Alexander realised how his conquests, his great army, his sharp sword and all his wealth were of no use.
He called his generals and said " I will depart from this world soon but I have three wishes. please fulfill my wishes without fail". with tears falling down their cheeks the generals promised to abide by the king's last wishes.
"My first desire is that" said Alexander "My physicians alone must carry my coffin". "secondly when my coffin is being carried to the graveyard the path leading to the grave should be strewn with gold, silver, and precious stones which I have collected in my treasury. My third and last wish is that both my hands should be kept dangling out of my coffin". The people who had gathered there wondered about the king's strange wishes but no one dared to question. Alexander's favorite general kissed his hand and pressed them to his heart " O King we assure you that your wishes will all be fulfilled. But tell us why do you make such strange wishes?"
At this Alexander took a deep breath and said " I would like the world to know of the three lessons I have just learnt. I want my physician to carry my coffin because people should realize that no doctor can really cure anybody. They are powerless and cannot save a person from the clutches of death. so let not people take life for granted.
The second wish of strewing gold, silver and other riches on the way to graveyard is to tell people that not even a fraction of gold can be taken by me. let people realize that it is a sheer waste of time to chase wealth.
And about my third wish of having my hands dangling out of the coffin, I want people to know that I came empty handed into this world and empty handed I go out of this world."
Alexander's last words
“Bury my body, do not build any monument, keep my hands outside so that the world knows,The person who won the world had nothing in his hands when dying.”
(အီးမေးလ်ကတဆင့် ရရှိတာလေးကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်ခင်ဗျား။)
Wednesday, January 27, 2010
These meditation exercises all serve to establish awareness of things as they are. By bringing your mind fully onto experiences, you will notice more clearly the state of the mind itself — for example, whether you are being lazy or over-eager in your practice. With a little honest appraisal, it becomes evident that the quality of the meditation practice depends, not on the exercise being used, but on what you are putting into it. Reflecting in this way, you will gain deeper insight into your personality and habits.
There are some useful points to bear in mind whenever you meditate. Consider whether you are beginning afresh each time — or even better, with each breath or footstep. If you don't practise with an open mind, you may find yourself trying to recreate a past insight, or unwilling to learn from your mistakes. Is there the right balance of energy whereby you are doing all that you can without being over-forceful? Are you keeping in touch with what is actually happening in your mind, or using a technique in a dull, mechanical way? As for concentration, it's good to check whether you are putting aside concerns that are not immediate, or letting yourself meander in thoughts and moods. Or, are you trying to repress feelings without acknowledging them and responding wisely?
Proper concentration is that which unifies the heart and mind. Reflecting in this way encourages you to develop a skillful approach. And of course reflection will show you more than how to meditate: it will give you the clarity to understand yourself.
Remember, until you've developed some skill and ease with meditation, it's best to use a meditation object, such as the breath, as a focus for awareness and as an antidote for the overwhelming nature of the mind's distractions. Even so, whatever your length of experience with the practice, it is always helpful to return to awareness of the breath or body. Developing this ability to begin again leads to stability and ease. With a balanced practice, you realise more and more the way the body and mind are, and see how to live with greater freedom and harmony. This is the purpose and the fruit of Insight Meditation.
(to be continued....)
သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၄)
ရွာ နဲ့  ကျောင်း
တရားအားထုတ်နေတဲ့ ယောဂီသူတော်စင် တစ်ယောက်အတွက် ရွာနဲ့ ကျောင်းနဲ့  မတူဘူး။ ရွာဆိုတဲ့ အတိုင်း လောဘ ဒေါသ မောဟစတဲ့ ကိလေသာမိုးတွေ အမြဲတမ်း ရွာသွန်းနေတယ်၊ ကျောင်းဆိုတဲ့ အတိုင်းပဲ အဲဒီ ကိလေသာ မိုးမရွာသွန်းရအောင်၊ မဖြစ်ရအောင် အမြဲတမ်း သတိထားပြီး ထိန်းကျောင်းနေရတယ်၊ ရွာနဲ့ ကျောင်းဟာ အဲဒီလိုကွာခြားမှု ရှိတယ်။
ဘုန်းကြီးတို့  သူတော်စင်တွေရဲ့  သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ကိလေသာ ( အကုသိုလ် ) တရားတွေကို ၀ိပဿနာဥာဏ်နဲ့  ရှုမှတ်ပြီး မပယ်ခွာနိုင်လို့ ရှိလျှင် အဲဒီကိလေသာ ( အကုသိုလ် ) တရားတွေက လူ၊ နတ် ၊ နိဗ္ဗာန်သုံးတန်ချမ်းသာဆိုတဲ့ အထက်ကို မပို့ ဘဲ ငရဲ၊ တိရ စ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့အောက်ကိုပို့ မှာပဲ။ အဲဒါကို အထူးသတိပြုရပါမယ်။
ဖြစ်ပျက်ကို မြင်အောင်ကြည့်
အကြင်စိတ်သည် ဖြစ်ဆဲ၊ ထိုစိတ်သည် ချုပ်ဆဲ မဟုတ်၊ ချုပ်ဆဲကလည်းဖြစ်ဆဲမဟုတ်၊ ဖြစ်ချုပ်၍ သွားကြကုန်သော စိတ်တို့ သည် နောက်ထပ် ဖြစ်ဦးမည်လော၊ ဤသို့ လည်းမဟုတ်၊ ဤနေရာတွင်ဖြစ်၊ ဤနေရာတွင်ပျက်၊ ဘုန်းကြီးတို့ ယောဂီသူတော်စင်တွေ အဲဒါကို မြင်အောင် ကြည့်ကြပါ၊ မြင်အောင် ကြည့်ရမယ်။
ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၆)
၁၉။ သီလယူရုံနှင့် နိဗ္ဗာန်မရဘူး။ သမာဓိ ပညာပါ ယူသွား။
၂၀။ သီလမရှိရင် လက်မှတ်မပါဘဲ ရထားခိုးစီးတဲ့ လူလိုပဲ။ ဣနြေ္ဒရရ မနေနိုင်ဘူး။
၂၁။ သီလ သမာဓိ ပညာ ဖြစ်ဖို့ ဆိုတာ ခန္တီဆိုတဲ့ သည်းခံခြင်း အကြောင်းရင်း ပဓာန ရှိပါတယ်။ သည်းမခံနိုင်ရင် သီလတောင် စောင့်ဖို့ မဖြစ်နိုင်ဘူး။
၂၂။ သတိပဋ္ဌာန်တရား လေးပါး မပွားများလျင် သူတော်ကောင်းတရား ကြာရှည်စွာမတည်ဘူး။ သတိပဋ္ဌာန်တရား လေးပါးပွားများလျင် သူတော်ကောင်းတရား ကြာရှည်စွာတည်မယ်။
၂၃။ မိတ်ကောင်း ဆွေကောင်း ဆရာသမားကောင်းကို ပေါင်းရလို့ ရှိရင် မဖြစ်သေးတဲ့ ကုသိုလ်တရားတွေလည်း ဖြစ်ပါတယ်။ ဖြစ်ပြီးသား အကုသိုလ်တရားတွေလည်း ဆုတ်ယုတ်သွားပါတယ်။
Monday, January 25, 2010
ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။
"ဘုန်းဘုန်း တာ့-တာ" ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲ ဖြစ်ဖြစ် "တာ့-တာ" လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။
မြို့ပေါ်တင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ဆင်းသက်လို့ နေပါတယ်။
ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီးနှုတ်ဆက်စကား တခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်းဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။
"တာ့-တာ" ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ်ဆိုတာကို ဇစ်ဇစ်မြစ်မြစ် သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို "တာ့-တာ" နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး "ဘိုင့်ဘိုင်- တာ့တာ-ချဲရီးယို" အထိ လုပ်နေကြလေရဲ့။
ကျွန်မတို့ ငယ်ငယ်တုန်းကတော့ အိမ်တအိမ်က ပြန်တော့မယ်ဆိုရင် အမေကသင်တာ လူကြီးတွေကို "ဦးတင်ပါသေးရဲ့" လို့ ပြောပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။ နည်းနည်းကြီးလာတော့ "ကျွန်မကို ခွင့်ပြုပါဦး" လို့ နှုတ်ဆက်ခဲ့ရတယ်။ နောက်တော်တော်ကြီးလာပြန်တော့ "ပြန်ပါဦးမယ်နော်" လို့ ပြောရတယ်။ ဒါ မြန်မာ့ နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။ ခုခေတ်လို လက်ကလေးပြပြီး "တာ့-တာ" လို့ ဆိုမိရင် အမေက လက်များ ပုတ်ချမလား မသိဘူး။ ပြီးတော့ "ဘာလဲ ညည်းတို့စကားက တာတယ်ဆိုတာ ကောင်းမှတ်လို့ လူထဲသုံးနေရတာလား" လို့ ငေါက်မှာ အမှန်ပါပဲ။
မြန်မာစကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့အလိုက် ဂုဏ်သိက္ခာနဲ့အလိုက် သုံးနှုန်းပြောဆိုရတဲ့ စကားမျိုးပါ။ ဒီလိုယဉ်ကျေးမှုဟာ လူမျိုးတိုင်းမှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိ ရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုး အချို့ မှာသာ ရှိတာပါ။
အဖေလုပ်တဲ့ လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် "မင်းကလဲကွာ" လို့ မြန်မာစကားက ပြောလို့ မရပါဘူး။ "ခင်ဗျားကြီးကလဲဗျာ" လို့ ပြောမိရင်တောင် "အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ" လို့ ဆိုပါသေးတယ်။ "ယူကလဲ ဂွကျလိုက်တာ" လို့ ပြောချင်လို့လဲ မဖြစ်ပါဘူး။ "အဖေကလဲ အဖေရာ" ဆိုတာမျိုးကို အလွန်ဆုံးပြောရတာပါ။ မြန်မာမှာ ကိုယ်က ပြောချင်တဲ့လူနဲ့ တန်ရာဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။
ခုတော့ ရည်းစားလည်း "တာ့-တာ"၊ သူငယ်ချင်းလည်း "တာ့-တာ"၊ ဘုန်းကြီးရဟန်း လည်း "တာ့-တာ" တဲ့။ ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။
ကျွန်မတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်ပါ့မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက "ဖြည်းဖြည်း ပြန်ပါရှင်" တဲ့။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့ စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း၊ အကွေ့အကောက်တွေ၊ ကားနဲ့ ခရီးသွားရတာ။ ကားအမြန်မောင်းရင် အသက်အန္တရာယ်နဲ့ တွေ့ရတာ၊ တွေ့ပေါင်းလည်း မရေမတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို "ဖြည်းဖြည်းပဲပြန်ပါ" လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။ မေတ္တာ စေတနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့ နားထဲမှာ ချမ်းမြေ့ကြည်နူး လိုက်တာ။ "တာ့-တာ" နဲ့ မကွာလား။
မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။
သောင်းပြောင်းထွေလာမဂ္ဂဇင်း၊ တွဲ ၁၈၊ အမှတ် ၈၊ ၁၉၈၃ ဧပြီ။
(နေခြည်သွေးသစ် မှ ကူးယူဖော်ပြပါသည်။)
တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ
တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ
ဦးတေဇနိယ (ရွှေဥမင်တောရ)
၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့
စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊
လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ၊
၂။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊
ပျက်အောင်လည်း မလုပ်နဲ့ ၊
ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ။
၃။ ဖြစ်အောင်လုပ်ရင် လောဘ ၊
ပျက်အောင်လုပ်ရင် ဒေါသ ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ။
၎။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ, သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ။
၅။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ် ။
၆။ ကောင်းတာလည်း ရှုရမှာပဲ ၊
ဆိုးတာလည်း ရှုရမှာပဲ ၊
၇။ ကောင်းတာမှ လိုချင်တယ်
မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင် တရားပါ့မလား ။
၈။ မျှော်လင့်ချက် မပါစေနဲ့
လိုချင်တာ မပါစေနဲ့
ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ။
၉။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ။
၁၀။ စိတ်က ပင်ပန်း ဆင်းရဲနေရင် တရားအားထုတ်တာ တခုခုလိုနေပြီ ။
၁၁။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ။
၁၂။ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင်
တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊
မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ။
၁၃။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ ။
စဉ်းစားနေတာ, ဆင်ခြင်နေတာ, ဝေဖန်နေတာ မဟုတ်ဖူး ။
၁၄။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ အဖတ်တင်မယ် ။
၁၅။ တရားအားထုတ်တဲ့စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ။
၁၆။ စိတ်ရော ကိုယ်ရော သက်တောင့်သက်သာရှိရမယ်၊
၁၇။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှ တရားအားထုတ်လို့ ရတယ် ။
၁၈။ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်းဆိုးဆိုး
ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ ။
၁၉။ စိတ်က ဘာလုပ်နေလဲ
တွေးနေသလား, သိနေသလား ။
၂၀။ စိတ်က ဘယ်ရောက်နေလဲ
အတွင်းမှာလား, အပြင်မှာလား ။
၂၁။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်က
သေချာသိလား, အပေါ်ယံသိလား ။
၂၂။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊
ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ။
၂၃။ အတွေးကို ပြဿနာ မရှာနဲ့
မတွေးအောင် လုပ်နေတာ မဟုတ်၊
တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ ။
၂၄။ အာရုံကို ပယ်ရမှာ မဟုတ် ၊
အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကို သိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ။
၂၅။ သဒ္ဓါရှိမှ ၀ီရိယ ရှိမယ်၊ ၀ီရိယ ရှိမှ သတိမြဲမယ်၊
သတိမြဲမှ သမာဓိ တည်မယ်၊ သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊
အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ။
၂၆။ ပစ္စုပ္ပန်တည့်တည့်ကိုသာ သတိထားနေရမယ်၊
အတိတ်ကိုလည်း မပြန်နဲ့ ၊ အနာဂတ်ကိုလည်း မကြံနဲ့ ။
၂၇။ အာရုံက အရေးမကြီးဘူး ၊
အနောက်က အလုပ်လုပ်နေတဲ့ စိတ်က ပိုအရေးကြီးတယ် ၊
ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာပဲ ။
English Version
Right Attitude 23 Points
Japanese Version
Right Attitude Japanese
Chinese Version
Right Attitude Chinese
Right Attitude Spanish
Right Attitude Italian
Right Attitude Russian
ကမ္ဘာတလွှားရှိ လူမျိုးအသီးသီးဆီသို့  ဓမ္မဒါန ထပ်ဆင့်ဖြန့် ဝေပေးလိုပါသဖြင့် တခြားဘာသာစကားများသို့  ပြန်ဆိုပေးနိုင်ပါက ပြန်ဆိုအကူအညီပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။
Saturday, January 23, 2010
အမှတ်တရ ဂါထာတော်
ကျွန်တော် ငယ်ငယ်မူလတန်းကျောင်းသားဘ၀ကပေါ့။ စာအရမ်းတော်ချင်တော့ အိမ်ကိုဆွမ်းခံကြွတဲ့ ဦးဇင်းလေးကို ဘာဘုရားစာရွတ်ရင် စာတော်မလဲလို့ မေးမိတယ်။ ကိုယ်တော်က နောက်နေ့ ကျတော့ စာရွက်တစ်ရွက်နှင့် ဂါထာတစ်ပုဒ် ကိုယ်တိုင်ကူးယူလာပြီး ပေးတယ်။ ကျွန်တော်လည်း အဲဒီနေ့ ကစလို့  နေ့ တိုင်းနီးပါးဘဲ ဒီဘုရားရှိခိုး ဂါထာလေးကို ရွတ်လာခဲ့ပါတယ်။ ဦးဇင်းလေးရဲ့ လက်ရေးဝိုင်းဝိုင်းလှလှလေးနှင့် ရေးထားတဲ့ ဘုရားရှိခိုးစာရွက်လေးဟာလည်း အခုဆို ၀ါထိန်နေပေမယ့် သိမ်းထားတုန်းပါဘဲ။ ဘယ်ဆီရောက်နေပြီလဲ မသိတော့တဲ့ ဆွမ်းခံကိုယ်တော်ဦးဇင်းလေးကို သတိရရင်း၊ ဦးဇင်းလေးကို ရည်မှန်းဦးတင်ကန်တော့ရင်း ဒီဘုရားရှိခိုးဂါထာတော်လေးကို ပို့ စ်အဖြစ်တင်လိုက်ပါတယ်ခင်ဗျာ။
အောင် ရှစ် ချက် ဂါထာတော်
ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသီနံ၊ ဇယံ ဒေတု ဇယုတ္တရော။
ယော ဇယစက္ကော
- ပါရမီတော်ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်၊
ဇယာသနေ - အောင်သိဒ္ဓိ ဆင်မြန်းသည့် ပလ္လင်နန်း မှန်ကင်း အောင်ဗောဓိပင်ရင်း၌၊
ဇယိတဗ္ဗေ - အောင်အပ်သည့်တရား မာန်ငါးပါးအပေါင်းတို့ကို ၊
ဇယန္တော - အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။
ဇယေသီနံ - မြတ်နိဗ္ဗာန်အောင်ခန်းနှင့် အောင်ဘိသိက် ပန်းမဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာနေကြကုန်သူတို့အား၊
ဇယာပေသိ - ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွန်ချူ၍ ထွတ်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ်တော်မူစေ၍ အောင်စေတော်မူလေပြီ ။
ဇယုတ္တရော - အောင်သူတကာတို့၏မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး အောင်ပွဲဝင် ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော၊
သော ဇယစက္ကော - အလုံးစုံအောင်ခြင်းနှင့်ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်၊
မေ - မြတ်နိဗ္ဗူ အောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူအကျွန်ုပ်အား၊
ဇယံ - အောင်ခြင်းကို (၀ါ) အောင်ပန်းဝေမြိုင် အောင်ဖူးတွေကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို ။
ဒေတု - ပေးသနားတော် မူပါ အရှင်ဘုရား ။
Thursday, January 21, 2010
Snow In The Summer By Sayadaw U Jotika (Book Review)
ဆရာတော်ရဲ့  Snow In The Summer စာအုပ်လေးကို စစထွက်ချင်း လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကတည်းက စဖတ်ဖြစ်ခဲ့ပါတယ်။ ဖတ်လိုက်၊ ကောင်းကောင်းသဘောမပေါက်လို့ ပြန်ဖတ်လိုက်၊ တချို့ အခန်းတွေကို ကြိုက်လို့ ထပ်ဖတ်လိုက်၊ တိုက်ဆိုင်တာတွေရှိလို့ ပြန်ဖတ်လိုက်၊ အင်း...ဒီလိုနဲ့ ဘဲ အခုအချိန်အထိ ခဏခဏ ဖတ်ဖြစ်ခဲ့ရပါတယ်။
တရားအားထုတ်မယ့် သူတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုလုပ်ဖို့ ရယ်၊ တရားအားထုတ်နည်းကို တခြားသူတွေကို ပြန်သင်ပြပေးချင်တဲ့ သူတွေ (တရားပြဆရာတွေ) အတွက်ရယ် ဆရာတော်က စစချင်း အခန်းမှာတင်ဘဲ ဆောင်ရန်၊ ရှောင်ရန်တွေကို သတိပေး ရှင်းပြထားပါတယ်။
စိတ္တနုပဿနာနှင့် ဓမ္မာနုပဿနာကို အားထုတ်ချင်သူတွေ၊ အားထုတ်နေသူတွေအတွက်လည်း လိုအပ်တဲ့ Tips & Tricks တွေကို ဆရာတော်က သူ့ စိတ်ပိုင်းဆိုင်ရာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့ အကြုံတွေထဲကနေ အနှစ်ထုတ်ပြီး ရှင်းပြထားတာလည်း ဖတ်ရပါမယ်။
နောက် မိဘနှင့် သားသမီးမေတ္တာ၊ ချစ်သူဇနီးမောင်နှံတို့ အတွက် ထားသင့်တဲ့ မေတ္တာနှင့်ပတ်သက်ပြီးလည်း ကျယ်ကျယ်ပြန့် ပြန့် ဆွေးနွေးပေးထားပါသေးတယ်။
တစ်ယောက်တည်းနေခြင်းရဲ့  အကျိုးများပုံတွေ၊ အသက်ရှင်သန်မှုနှင့် သေခြင်းတရားဆိုင်ရာ တွေးစရာတွေ၊ ဘ၀ရဲ့ တန်ဖိုးထားမှုတွေနှင့် ပတ်သက်တာတွေကိုလည်း အကျယ်တ၀င့် ရေးသားထားပါတယ်။
Marcus' Journal ဘလော့ဂ်မှာ ဒီစာအုပ်ကို Book Review လုပ်ထားတာတွေ့ လို့  ထပ်ဆင့်ကူးယူပြီး ပြန်လည် မျှဝေပေးလိုက်ပါတယ်ခင်ဗျား။
Life is filled with suffering, but it is also filled with many wonders, like the blue sky, the sunshine, the eyes of a baby. To suffer is not enough. We must also be in touch with the wonders of life. They are within us and around us, everywhere, any time.
- Thich Nhat Hanh, Being Peace
Imagine you could sit down with a highly esteemed Theravada monk, someone well respected by ordinary Buddhists throughout South East Asia, and imagine that you could just chat for a while. Perhaps you'd get on so well that after a short time you might ask him not about Buddhism, but about himself. You might want to know what he thinks, not what the Suttas say. And perhaps this monk you're talking to is happy to reveal his experiences and ideas, and does so in a graceful manner.
'Snow in the Summer', compiled from Sayadaw U Jotika's letters to two friends and students over a ten-year period, is, I think, the most intimate Dharma book I've ever come across. It reads as if he's addressing the reader directly, sharing his experiences and development and offering up the wisdom that he has personally found for himself, talking about the beams of sunshine coming down through the clouds during a sunrise and asking if we feel mystery in our own life too.
Solitude and slowing down are his major themes and the book starts with a chapter on mindfulness and meditation. The practice of being aware is the most important thing, Sayadaw writes, and such awareness is both natural and easy to develop. He talks about non-doing, being less busy, relaxation, and letting go, and all in beautifully written short paragraphs that can be read more or less at random and in any order. It's a lovely book to pick up for just a single minute or two.
There's poetry too. His own, in short verses, infusing his prose, and in his life. And there's poetry by others. His choice of Ryokan comes naturally ("When it's evening, please come to my hut/To listen to the insects sing;/I'll also introduce you to the autumn fields") and in his comments Sayadaw writes "How simple life could be. Why are people creating such big burdens for themselves?" Not that life can be lived without problems of course, and the book has chapters for those.
Snow in the Summer deals with family life too, and again U Jotika is touchingly personal. He talks about how much he misses his daughters, "what it cost me to be a monk", and the importance of openness, understanding, communication and, again and again, of love. Sayadaw teaches his readers not to despise life, despite its difficulties, and that we are here to learn from our suffering and to grow. A process based, like all else, in mindfulness.
"Society demands" he writes, "that we must want something, do something, or else we are useless lazybones. It's hard to just sit quietly and watch the show; it's hard just to be mindful." Some of those pressures are explored in these pages, but Sayadaw inspires those who listen to him, in language that reminds me very much of the Zen tradition, to return to the most important thing: "to live their life truthfully, earnestly, intensely, and strive for a deeper understanding of their true nature."
Next, he says, comes helping others and compassion. Reading, for all his own near obsession with books and almost encyclopedic quotations, comes way down the list. Read less, he suggests, learn from your own life. Nor should you rely on other outside things, on teachers or philosophies or sacred texts; learn from yourself. It is exactly what a good friend would best advise, and I can see why this book has already sold a million copies, it is a very lovely companion.
Just recently I've learnt how to live anew. My life has just begun. I'm beginning to appreciate myself, my life, you, my daughters and their mother, and my friends here; also the blue sky, the white clouds, the trees, the birds. I'm really in love with life. (It seems like I'm becoming a heretic.) No, I don't hate life. Yes, there is suffering. It's OK. That's the price I pay for life. I'm really grateful to life. I thank life for all the pain and all the joy it has given me, and I know there's more to come.
- Sayadaw U Jotika, Snow in the Summer
မူရင်းစာအုပ်ကို download လုပ်ချင်လျှင်
Tuesday, January 19, 2010
ဘုရားရှင် ဖန်ဆင်းတဲ့ သက်တန့် 
ဗုဒ္ဓ၏ တပည့် ဗုဒ္ဓဘာသာဝင်သည် သက်တန့် ဖြစ်သည်။ ဗုဒ္ဓသည် သက်တန့် အား ရောင်မျိုးစုံပေးနေသော နေမင်းဖြစ်သည်။ နေမင်းသည် အခြေခံအရောင်သုံးမျိုးဖြစ်သော အပြာအ၀ါအနီကို ပေးသကဲ့သို့  ဗုဒ္ဓသည်လည်း အခြေခံအရောင်များဖြစ်သော အလောဘ၊ အဒေါသ၊ အမောဟ အရောင်များကို ပေးတော်မူသည်။ ထို့ ပြင် သစ္စာအလင်းရောင်၏ အကြောင်းတရားဖြစ်သော အရောင် သုံးဆယ့်ခုနှစ်မျိုးကို ပေးတော်မူသည်။ တစ်နည်းအားဖြင့် ဆိုလျင်လည်း ဗုဒ္ဓသည် ကျွန်ုပ်တို့ အား ပါရမီဟုခေါ်သော အရောင်ဆယ်မျိုးကို ပေးတော်မူသည်။ ထိုအရောင်များသည် အကောင်းဆုံးအရောင်များဖြစ်ကြသည်။ ဗုဒ္ဓထံတော်မှ ထိုအရောင်ဆယ်မျိုးကို ယူသောသူသည် အရောင်တစ်ခုမှ အရောင်တစ်ခုသို့  လှည့်လည်သွားလာပြီး ကမ္ဘာပေါ်၌ ထူးထူးခြားခြား ၀င်းလက် တောက်ပသူဖြစ်လာလိမ့်မည်။ ထိုအရောင်ဆယ်မျိုးကို စာရင်းချကြည့်ရအောင် -
ပထမအရောင်မှာ ဒါနဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ကမ္ဘာလောကအား ချမ်းမြေ့မှုပေးရာ၌ မိမိအင်အားကို ချွင်းချန်မထားသင့်ပေ။ တစ်စုံတစ်ယောက်သည် မိမိအသက်၊ သို့ မဟုတ် မိမိ၏ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းကိုပင် နှမြောတွန့် တို မနေသင့်ပေ။ ဒါနပြုသူသည် မိမိအလှူဒါနပြုသည် ဆိုသည်ကိုပင် မသိပါစေနှင့်။
သီလသည် ဒုတိယအရောင်ဖြစ်သည်။ ကာယကံ၊ ၀စီကံ၊ မနောကံ သုံးပါးစလုံး စင်ကြယ်သန့် ရှင်းနေပါစေ။ ဘ၀သည် လှပသောဘ၀ ဖြစ်နေပါစေ။ စင်ကြယ်မြင့်မြတ်မှုကို ကာကွယ်စောင့်ရှောက်ရန်အတွက် အသက်ကိုပင် စွန့် လွှတ်ရန် ၀န်မလေးသင့်။ ဗုဒ္ဓ၏ တပည့်သား ပီသနေပါစေ။
ပယ်စွန့် ခြင်း နိက္ခမသည် တတိယအရောင်ဖြစ်သည်။ ဗုဒ္ဓ၏ တပည့်သား သာဝကသည် မိမိအတွက်လည်းကောင်း၊ သူတစ်ပါးအတွက်လည်းကောင်း မဟာရန်သူကြီးအဖြစ် သူတော်စင်များ ရှုမြင်သုံးသပ်ထားသော ငါစွဲကိုပင် ပယ်စွန့် ရမည်။ စင်ကြယ်မှုကို အခြားရတနာအားလုံးထက် တန်ဖိုးထားရမည်။ လာဘ်လာဘနှင့် အကျော်အစောကို မမက်မောရပေ။
စတုတ္ထအရောင်က ပညာ။ ကမ္ဘာလောက၌ ပညာမပါဘဲ မည်သည့်ကောင်းသောအလုပ်ကိုမှ လုပ်၍မရပေ။ သို့ ရာတွင် မိမိပညာကို မိမိလောကီအကျိုးအတွက် လည်းကောင်း၊ သူတစ်ပါးကို ထိခိုင်နစ်နာစေသော အလုပ်ကို လုပ်ရန်အတွက်လည်းကောင်း အသုံးမချသင့်ပေ။ ကမ္ဘာလောကအား အကျိုးပြုရန် အတွက်သာ အသုံးချသင့်သည်။
ဝီရိယသည် ပဉ္စမအရောင်ဖြစ်သည်။ ၀ီရိယသည် အဆုံးအပိုင်းအခြားမရှိပေ။ ၀ီရိယကို အစွမ်းကုန် အသုံးချသင့်သည်။ တစ်စုံတစ်ဦးသည် အခါခပ်သိမ်း မျှော်လင့်ချက် ရှိနေသူဖြစ်သည်။ တိုက်ပွဲကို အရှုံးပေးခြင်းထက် တိုက်ရင်းကျဆုံးသွားပါစေ။
မြေကြီးကဲ့သို့ သော ခန္တီတရားသည် ဆဋ္ဌမအရောင်ဖြစ်သည်။ မိမိအပေါင်းအသင်း ဆွေရင်းမျိုးရင်းလူများ၏ ချွတ်ယွင်းချက်များကို မေတ္တာစိတ်ဖြင့် သည်းခံနေသင့်သည်။ တစ်ခြားလူများ ကျူးလွန်ပြုလုပ်ထားသည့် အမှားအပေါ်၌ မည်သည့်အခါမှ ဒေါသမထားသင့်ပေ။
သတ္တမအရောင်မှာ သစ္စာဖြစ်သည်။ မိမိစိတ်ထဲရှိသလို ပြောရမည်။ မိမိပြောသလို လုပ်ရမည်။ တစ်ကြိမ်တစ်ခါပေးထားသော ကတိကို ဘယ်တော့မှမဖျက်ရ။ သစ္စာတရား၏ ရုပ်လုံးရုပ်သွင်ဖြစ်နေပါစေ။
အဋ္ဌမအရောင်ကား အဓိဋ္ဌာန ပါရမီ။ မိမိဆုံးဖြတ်ချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်ရမည်။ တစ်ဝက်တစ်ပျက်က နောက်ပြန်ဆုတ်ခြင်းထက် သေပစ်လိုက်ခြင်းက ကောင်းသေးသည်။
မေတ္တာသည် န၀မအရောင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်မှန်သမျှသည် မေတ္တာတရားရှေ့ ထားသင့်သည်။ ပျားသကာလို စကားချိုသင့်သည်။ ကာယကံ ၀စီကံ ဟူသမျှ မေတ္တာတရားကို အခြေခံသင့်သည်။ တစ်ကမ္ဘာလုံးနှင့်ပတ်သက်သော မိမိ၏ မေတ္တာတရားကို သိရှိနေပါစေ။ ကမ္ဘာလောက၏ ကောင်းကျိုးကို အစဉ်မပြတ် လိုလားနေသင့်သည်။ သတ္တ၀ါအားလုံး၏ ချမ်းမြေ့မှုအတွက် ကြိုးစားအားထုတ်နေသင့်သည်။
နောက်ဆုံးအရောင်မှာ ဥပေက္ခာဖြစ်သည်။ မြှောက်သောကြောင့် မမြောက်သင့်ပေ။ သူတစ်ပါးက ချီးမွှမ်းသောကြောင့်လည်း ဘ၀င်မြင့်မသွားသင့်ပေ။ သူတစ်ပါးက အပြစ်ပြောသောကြောင့်လည်း စိတ်ဓါတ်ကျမသွားသင့်ပေ။ ကမ္ဘာလောကကြီး ပြောင်းလဲချင် ပြောင်းလဲသွားပါစေ။ မိမိကမူ ကျောက်တောင်ကျောက်သားကဲ့သို့  မြဲမြံခိုင်မာစွာနေသင့်သည်။ မြင့်မြတ်သော ဥပေက္ခာပါရမီသည် ဗုဒ္ဓ၏သားချစ်များအား တည်ငြိမ်အေးချမ်းသော စိတ်ဓါတ်ဖြင့် ကိုယ်ကျိုးမကြည့်ဘဲ ကမ္ဘာလောကအကျိုးကို သည်ပိုးဆောင်ရွက်ရန် လှုံ့ ဆော်အားပေးသည်။ မိမိ၏ အပြုအမူသည် ကမ္ဘာလောက ကောင်းကျိုးအတွက် ဖြစ်သင့်သည်။
ဗုဒ္ဓထံမှ ယင်းအရောင်ဆယ်ပါးကို ရယူထားသော ပုဂ္ဂိုလ်သည် တစ်ကမ္ဘာလုံးအတွက် ကောင်းကျိုးမင်္ဂလာဖြစ်လာနိုင်သည်။ ထိုပုဂ္ဂိုလ်သည် ပါရမီဆယ်ပါးကို အတိအကျ ကျင့်သုံးဆောက်တည်ပါက အမြင့်ဆုံးအဆင့်ကို ရရှိလာပေလိမ့်မည်။ သမ္မာသမ္ဗုဒ္ဓ ဖြစ်လာပေလိမ့်မည်။ ဗုဒ္ဓ၏သာဝကသည် သက်တန့် ကဲ့သို့  လှလာပေလိမ့်မည်။ နေမင်းကဲ့သို့  တောက်ပလာပေလိမ့်မည်။
(မူရင်းစာရေးဆရာ သီရိလင်္ကာရဟန်းတော် “ဘိက္ခုမေတ္တေယျ”၏ မဟာဗောဓိဂျာနယ်တွင် ဖော်ပြဖူးသော “သဘာဝနှင့် တရားဓမ္မ” ဆောင်းပါးမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။ မူရင်းဆောင်းပါးကို ဆရာပါရဂူမှ ဘာသာပြန်ဆိုထားပါသည်။)
Choiceless Awareness
Meditation can also proceed without a meditation object, in a state of pure contemplation, or 'choiceless awareness'.
After calming the mind by one of the methods described above, consciously put aside the meditation object. Observe the flow of mental images and sensations just as they arise, without engaging in criticism or praise. Notice any aversion and fascination; contemplate any uncertainty, happiness, restlessness or tranquility as it arises. You can return to a meditation object (such as the breath) whenever the sense of clarity diminishes, or if you begin to feel overwhelmed by impressions. When a sense of steadiness returns, you can relinquish the object again.
This practice of 'bare attention' is well-suited for contemplating the mental process. Along with observing the mind's particular 'ingredients', we can turn our attention to the nature of the container. As for the contents of the mind, Buddhist teaching points especially to three simple, fundamental characteristics.
First, there is changeability (anicca) - the ceaseless beginning and ending all the things go through, the constant movement of the content of the mind. This mind-stuff may be pleasant or unpleasant, but it is never at rest.
There is also a persistent, often subtle, sense of dissatisfaction (dukkha). Unpleasant sensations easily evoke that sense, but even a lovely experience creates a tug in the heart when it ends. So at the best of moments there is still an inconclusive quality in what the mind experiences, a somewhat unsatisfied feeling.
As the constant arising and passing of experiences and moods become familiar, it also becomes clear that - since there is no permanence in them - none of them really belong to you. And, when this mind-stuff is silent - revealing a bright spaciousness of mind - there are no purely personal characteristics to be found! This can be difficult to comprehend, but in reality there is no 'me' and no 'mine' - the characteristic of 'no-self', or impersonality (anatta).
Investigate fully and notice how these qualities pertain to all things, physical and mental. No matter if your experiences are joyful or barely endurable, this contemplation will lead to a calm and balanced perspective on your life.
(to be continued....)
ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၅)
၁၄။ ကုသိုလ်ရချင်လို့ ကျောင်းလာတာ။ အကုသိုလ် ယူမသွားပါနှင့်။
၁၅။ အငှားကျောင်းသော နွားကျောင်းသားသည် နွားကို ကျောင်းရသော်လည်း နွားနို့ အရသာကို မခံစားရသကဲ့သို့  တရားမကျင့်သူသည် ပိဋကသုံးပုံကို သင်ကြားပို့ ချ ဟောပြောပြသနေသော်လည်း မဂ်ဖိုလ်အရသာကို မခံစားရဘူး။
၁၆။ ဒါန၊ သီလ၊ ဘာဝနာတရားတွေကို ဘယ်ပုံဘယ်နည်း ပြုလုပ်ဆောက်တည်ပွားများရမယ်ဆိုတာ နားလည်အောင် ဗုဒ္ဓစာပေ ဗဟုသုတ လေ့လာမှဖြစ်မယ်။
၁၇။ ဗုဒ္ဓစာပေ ဗဟုသုတမရှိတဲ့ ပုဂ္ဂိုလ်ဟာ ကုသိုလ်၊ အကုသိုလ်တောင်မှ ခွဲခြားပြီး မသိနိုင်ဘူး။
၁၈။ နှမ်းစေ့လောက် သူများအပြစ်မကြည့်နဲ့ ။ အုန်းသီးလောက် ကိုယ့်အပြစ် မြင်အောင်ကြည့်။
သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၃)
အချိန်မဖြုန်းနဲ့ 
အလှူပေးတဲ့ သူကလဲ သီလရှိပြီး အလှူခံတဲ့ပုဂ္ဂိုလ်ဘက်ကလဲ ကမ္မဋ္ဌာန်းတရားတွေ ကျင့်ကြံ အားထုတ်နေရင် အဲဒီအလှူဟာ အင်မတန်မှ ကျေးဇူးများပါတယ်။ တန်ဖိုးကြီးမားတဲ့စိန်ဟာ ရွှေနဲ့ အနားကွပ်လိုက်တဲ့အခါကျမှ ပိုပြီးတော့ မြဲတယ်၊ တင့်တယ်ပါတယ်၊ ရှေ့ ဥာဏ် နောက်ဥာဏ် ဆက်စပ်အောင် မှတ်ရတယ်၊ မှတ်နိုင်အောင် ကြိုးစားရတယ်၊ ပေါ့ပေါ့ဆဆ မနေရဘူး၊ အလကားနေရင်း အချိန်တွေ မကုန်စေရဘူး။
၃၁ - ဘုံထဲ တ၀ဲလည်လည်
ရှေ့ နောက် နှစ်ရပ် အမှတ်မဆက်လျှင်၊ အမှတ်ပျောက်နေလျှင် လောဘ ဒေါသ စတဲ့ နီဝရဏ တရားတွေ ဖုံးလွှမ်းလာမယ်၊ ဥာဏ်မတက်နိုင်တော့ဘူး၊ ဒါဆိုရင် သေမင်းမမြင်တဲ့ နိဗ္ဗာန်ခွင်ကို မရောက်နိုင်တော့ဘူး။ ၃၁ - ဘုံမှာပဲ တ၀ဲလည်လည် ဖြစ်နေမှာ။
ကမ္မဋ္ဌာန်းတရား ကြိုးစားအားထုတ်ရတယ်ဆိုတာ ဘ၀များစွာ သံသရာကပါလာတဲ့ ကိလေသာတွေ နည်းသည်ထက် နည်းအောင်၊ ကျဲသည်ထက် ကျဲအောင်၊ ပါးသည်ထက် ပါးအောင်၊ နောက်ဆုံး ကုန်ခမ်းသွားအောင် အားထုတ်ရခြင်း ဖြစ်တယ်၊ ဒါကြောင့် ကြိုစားရှုမှတ်နိုင်ရမယ်။
What is Buddhism? Part 8 (Spanish Version)
El Buda advirtió contra la fe ciega y pregunta sabia animada y tolerancia. En uno de sus charlas señaló el peligro basando las creencias de uno meramente en el criterio siguiente: rumor, tradición, porque muchos que otros dicen que así es, la autoridad de escrituras antiguas, debido a deducción lógica o fuera de respeto para los maestros de uno, superiores o sacerdotes. En cambio el viajero en el camino de pregunta debe mantener a una mente abierta y completamente debe investigar su o su propia experiencia de vida. Cuando uno ve para a sí mismo que una vista particular o la creencia es ambos razonable y de acuerdo con la experiencia de uno, llevando a felicidad para ambos a sí mismo y otros, sólo entonces deba esa vista se adopte. Esta norma aplica claro a las propias enseñanzas del Buda. Deben parecerse cuidadosamente en y examinaron con la claridad generada por meditación. Cuando la meditación ahonda, la visión directa en la naturaleza de vida crece. Sólo a estas alturas haga que las enseñanzas ofrecen la beatitud de liberación.
Saturday, January 16, 2010
ဘယ်မှာလဲ ကိုယ့်အတွက်
အမှန်တကယ်တော့ လူသားတိုင်းဟာ လူ့လောကကြီးကို ခေတ္တခဏ လာရောက်ကြတဲ့ ဧည့်သည်တွေပါ။ ဘယ်ကလာလဲ။ ဘယ်ကိုသွားမလဲ။ ဘယ်လို ဘယ်ပုံ လုပ်ကြမလဲ စသည်ဖြင့် လဲ ပေါင်းများစွားကလည်း အများကြီးပါ။
မိမိတို့ ရရှိထားတဲ့ ဘ၀ဟာ အလွန်ပဲ တိုတောင်းလွန်းလှပါတယ်။ မိမိဘ၀ကို ဘာတွေနဲ့ ဖြတ်သန်းခဲ့သလဲ။ မည်သည့်အရာတွေနဲ့ ဖြတ်သန်းနေဆဲလဲ။ ဘယ်လိုဘယ်ပုံ ဖြတ်သန်းအုံးမှာလဲ - စသည်ဖြင့် လဲ - ပေါင်းများစွာအတွက် စဉ်းစားစရာပါ။ (မောင်ဖိုးသား၊ အဖြူရောင်မေတ္တာစကားကို ယူသုံးခြင်းမဟုတ်ပါ။ စကားချပ်)
မွေးနေ့လုပ်တဲ့ ရည်ရွယ်ချက်တွေဟာ တဦးနဲ့တဦး မတူညီနိုင်ကြပေမယ့် သေခြင်းတရားကတော့ တူညီနေအုံးမှာပါ။ အိုခြင်းတရားတွေကတော့ တူညီနေကြရအုံးမှာပါ။ ပြီးခဲ့တဲ့နှစ်က ညီငယ် မောင်ဖိုးသား (အဖြူရောင်မေတ္တာ) အတွက် ရည်ရွယ်ပြီး ရေးခဲ့တဲ့ တခုခုတော့ လုပ်စေချင် ဆောင်းပါးကိုလည်း သတိရမိပြန်တယ်။ (ပညာဇာနည် ၊ (၁၃၊ ၁၂၊ ၂၀၀၉ - မှာ ၀င်ရောက် ကြည်ရှုနိုင်ပါသည်။ စကားချပ် )
မိမိကိုယ်တိုင် အလုပ်မလုပ်ဘဲ မိဘ အမွေတွေကို ဒီအတိုင်း ထိုင်စားလို့ မကုန်နိုင်ဘူး ဆိုပေမယ့် အဲဒါက မျက်မြင်တွေ့ကြုံရတဲ့ အမွေတွေလေ။ အတိတ်က အမွေတွေ (စားကြွင်းတွေ)ကို ထိုင်စားပြီး ဘာကုသိုလ်မှ ဆက်မလုပ်ဘူးဆိုရင်တော့ တိုတောင်းလှတဲ့ဘ၀က ရင်လေးပြီး ဘ၀င်မအေးစရာ။ မျက်မြင်ကိုယ်တွေ့ ကြုံဆုံနေရတာ မဟုတ်တဲ့အတွက် အတိတ်က ကုသိုလ်ကံအမွေတွေ ဘယ်အချိန်ကုန်လို့ ကုန်မှန်းမသိတော့ ဘ၀က မသေချာ။ မသေချာ မရေရာတာတွေကို ဘေးဖယ်ပြီး သေချာအောင် ကုသိုလ်တခုခု လုပ်နေတာက ပိုပြီး စိတ်ချရမယ်ထင်တယ်။
ဒီနေရာမှာ စဉ်းစားစရာက ကိုယ့်အတွက် ကုသိုလ်တွေကို လုပ်မှာလား။ သူများအတွက် ကုသိုလ်တွေ လုပ်ကြမလားဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ တချို့က ပြောကြတယ် “ ကိုယ်အတွက် ကုသိုလ်လေးတော့ လုပ်အုံးမှ ” တဲ့။ ကုသိုလ်လုပ်တာ ကိုယ့်အတွက်လို့ သဘောထားကြတယ် ထင်ပါရဲ့။
အမှန်တကယ်တော့ ကုသိုလ်လုပ်တာက ကိုယ့်အတွက် လုပ်တာမဟုတ်ပါဘူး။ သူများအတွက် လုပ်တာပါ။ ဒါန (အလှူ) လုပ်တယ်ဆိုတာ ကိုယ့်အတွက် လုပ်တာမှ မဟုတ်တာ။ သူများကို ပေးတာ၊ သူများကို ကျွေးတာလေ။ သီလစောင့်တယ်ဆိုတာကလည်း ကိုယ့်အတွက် စောင့်ကြတာမှ မဟုတ်တာ။ သတ္တ၀ါတွေ သေမှာစိုးလို့၊ သူများပစ္စည်းဥစ္စာတွေ အလကားနေရင်း ကုန်သွားမှာစိုးလို့။ အိမ်ထောင်ရေးတွေ ပြိုကွဲ ပျက်စီးမှာစိုးလို့ စသည်ဖြင့် သီလစောင့်ကြတာ မဟုတ်လား။ ဘယ်မှာလဲ ကိုယ့်အတွက်။
ဒါပေမယ့် လောကနိယာမ (သို့မဟုတ်) ကမ္မနိယာမတရား (သို့မဟုတ်) ဓမ္မနိယာမတရားက ဒီအတိုင်း လက်ပိုက်ကြည့် မနေပါဘူး ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ သူတို့က ချက်ကင် (checking) အမြဲတမ်း လုပ်နေပါတယ်။ ကိုယ် ဘာလုပ်နေသလဲ။ ဘာလုပ်ခဲ့သလဲ။ သူတို့တွေ အမြဲတမ်း စောင့်ကြည့် နေပါတယ်။ အဲဒါတွေက မိမိ လုပ်နေတဲ့ အလုပ်အပေါ် သူတို့က ပြန်လည် စီရင်ချက်ချပေးသွားမှာပါ။ မလိုချင်လို့လည်း မရဘူး။ လိုချင်လို့လွန်းလို့လည်း ရမှာမဟုတ်ဘူး။
ဒီလို ပြောလိုက်ပြန်တော့ ဆုတောင်းဖို့ မလိုတော့ဘူးလားဆိုတဲ့ အတွေးတချက်ပေါ်လာပြန်တယ်။ ဆုတောင်းတယ်ဆိုတာ ဘာလဲ။ ဘာကြောင့် ဆုတောင်းတာလဲ။ ဒါလည်း စဉ်းစားဖို့ လိုလာပြန်တယ်။ ဆုတောင်းတာက ကိုယ်ဖြစ်ချင်တာကို ပြောပြတာ။ တိုင်တည်တာ။
ဘုရားဟောထားတာ ရှိတယ်။ ပါဠိစကားပေါ့။ ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော-တဲ့။ အဓိပ္ပါယ်ကတော့ ဆန္ဒကြီးလျှင် ကြံသမျှပြီး၏ -ဆိုတဲ့ မြန်မာစကားပုံ အတိုင်း ပါပဲ။
ဆန္ဒ ရှိရုံနဲ့ ပြီးနိုင်မလား။ ငါ သမ္မတကြီး ဖြစ်ချင်လိုက်တာ။ ကုဋေကြွယ်ဝတဲ့ သူဌေးဖြစ်ချင်လိုက်တာ။ ဖြစ်ရော့ဟဲ့ သမ္မတကြီး။ ဖြစ်ရော့ဟဲ့ သူဌေးကြီး။ ဖြစ်သွားပြီလား။ မနက်ဖြန် ပုတ်လောက်၊ သံစည်ပိုင်းလောက် ရှိတဲ့ ဒေါ်လာတွေ တနင့်တပိုးကြီး လာလေရော့။ ရောက်လာပြီလား။ စဉ်းစားဖို့ ပြောတာပါ။
ဆန္ဒရဲ့နောက်မှာ လိုလိုချင်ချင်နဲ့ ကြိုးစားအားထုတ်မှုလည်း ရှိအုံးမှ။ ငယ်ငယ်တုန်းက ကိုင်ဇာဆိုတဲ့ သီချင်းထဲကလို ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး - ဆိုတာလေ။ နောက်တိ နောက်တောက် စကားနဲ့ဆိုပြန်တော့ ထသွားမှ ကျိုးမှန်းလည်း သိနေပါအုံးမယ်-တဲ့။ ဘာပဲ ပြောပြော မိမိလိုချင် ဖြစ်ချင်တာတွေကို လက်တွေ့ လုပ်ဆောင်မှုနဲ့ လိုလိုချင်လုပ်မှ ရလိမ့်မယ်ဆိုတာတော့ သံသယရှိစရာ လိုမယ်မထင်ပါဘူး။
ကဲ လိုလည်း လိုချင်ပါပြီ၊ ဆန္ဒလည်း ရှိပါပြီ။ ရမတဲ့လား။ စိတ်လည်းပါအုံးမှ။ ဆန္ဒရှိတာ စိတ်ပါနဲ့ တော်တော်လေးကွဲတယ်နော်။ ကိုယ့် ရည်မှန်းချက်ဆန္ဒတော့ ရှိပါရဲ့ စိတ်မပါ့တပါနဲ့ လုပ်နေပြန်ရင်လည်း တောင်းတဲ့ ဆုတိုင်းလည်း ပြည့်နိုင်ကြမယ် မထင်မိပြန်ဘူး။
အရေးကြီးတဲ့ အချက်ကတော့ ပညာရှိဖို့ အရေးကြီးဆုံးပဲ။ ပညာက အရာရာကို အဆုံးအဖြတ် ပေးသွားမှာပါ။ ပညာဟာ တကယ်တော့ ကျယ်ပြန့်လှပါတယ်။ လောကီနယ်မှာဆို မြင် မဆုံး၊ တွေး မဆုံး၊ ငေး မဆုံး၊ လိုက်လို့ကို မဆုံးနိုင်အောင် ပညာရပ်တွေက ရှေ့က ပြေးနေတယ်။ လောကီပညာနယ်က ထွက်မြောက်နိုင်လောက်တဲ့ (လောက+ဥတ္တရာ = လောကုတ္တရာ) ပညာ ဆိုရင်တော့ အားပါးပါး မီနိုင်မယ်ကို မထင်တော့ဘူး။
ဘယ်မှာလဲ ကိုယ့်အတွက်
မိမိရဲ့ လက်ရှိဘ၀ တခုမှာ ( ဒီဘ၀ကိုပဲ ပြောပါသည်) ဘာတွေပဲ လုပ်ခဲ့၊ ပြောခဲ့၊ ကြံစည်တွေးတောခဲ့။ နိယာမဆိုတဲ့ တရားသူကြီးချုပ်က အဆုံးအဖြတ်ပေးသွားမှာ အမှန်မုချပါပဲ။ ကောင်းကောင်း ဆိုးဆိုးပေါ့။ သူများအတွက်ပဲ ပြောပြော ကိုယ့်အတွက်ပဲ ပြောပြော။ ဘယ်မှာလဲ ကိုယ့်အတွက် ဆိုတာကတော့ ကိုယ့်ရဲ့ လုပ်ဆောင်ချက် စေတနာအတိုင်းပဲ ဆက်လက်လျှောက်လှမ်း ရမည်ဖြစ်ပါကြောင်းဖြင့် - ဘယ်မှာလဲ ကိုယ့်အတွက် ဆောင်းပါးကို ဒီမှာပဲ အဆုံးသတ်လိုက်ရပါသည်။
ပညာဇာနည် (မန်းတက္ကသိုလ်)
Wednesday, January 13, 2010
Praise And Blame
In my experience, most western-born monks talking to western-born audiences go right for the tough stuff; non-self, theories of perception, impermanence, or the nature of consciousness, and so on. In contrast, an Asian-born monk talking to an Asian audience is more likely to deal with more everyday practical concerns. The emphasis is more likely to be on precepts and finding peace rather than on the higher reaches of philosophy and the detailed route to Enlightenment.
Last night's talk was wonderful example of that. A popular and respected teacher here in Bangkok, Sayadaw U Jotika, originaly from Burma, spoke about 'Praise and Blame' and based his talk on the reference to the eight vicissitudes of life in the Mangala Sutta. He recited the Pali, explained each phrase, and then focused on one small section, explaining why praise and blame are vicissitudes, and giving practical ideas for dealing with them.
Everyone, he pointed out, has been praised, and everyone has suffered criticism at times, even the Buddha. Then Sayadaw went on to talk about his experiences growing up, reading about religion, and struggling to find his own understanding of life, which brought criticism from his family, friends, and society. Ask too many questions, he recounted, and people will soon see you as a nuisance, and even dangerous.
After every few minutes U Jotika, speaking in English, would pause while his talk was translated into Thai, giving the evening a gentle, rolling, rhythm, and in a hall packed with hundreds of people, with the crowd spilling even into the corridors outside, there was a wonderful attentive silence throughout. "But" he said, "the Buddha said not to believe", and it was that which, and U Jotika pointed out the humour in this, brought him to trust and love the Buddha.
"Then it becomes my religion, very personal, and not the same as anyone else's" he said. "Not in a possessive way, but in such a way as it's fully yours and infuses your whole life." And he gave examples of how he himself learnt to deal with blame, based on seeing for himself how his responses worked. At first, when criticised, he'd argue back, later he'd just try to explain, later still he realised that he didn't need to do anything.
In the long run it becomes obvious who is right or wrong. There's no need to say anything. Stop, he said, let go, and move on. This gives you more freedom. If you respond to every criticism, he said, you are a puppet, in the control of others. It's the same if you seek praise. The solution is mindfulness. Pay attention to your mind and the qualities of your mind, pay attention to how you feel when praised or blamed, and you will overcome.
Listen to your own wisdom. And do listen to the advice of people you know to be wise. And when giving criticism to others, as from a parent to a child for example, be calm, he said, make sure the time is right, and don't do it publicly to bring shame on anyone. Educate, don't punish. And don't forget that the biggest critic is yourself, so correct yourself and regain your self-respect.
These lessons from the Mangala Sutra, he repeatedly pointed out, are to be lived and not just recited. Don't be manipulated by praise or blame, and don't use praise and blame to manipulate others. Live out your own life, he said, and don't allow the world to be your master. The less you are effected by the opinions of others, the more you can rely upon mindfulness and your own wisdom, the more freedom and dignity you have.
The evening finished with some chanting, including some of those hymn-like chants that I really love listening to, and many people stayed to make merit and buy copies of U Jotika's books in Thai and English. I bought his most popular book, Snow in Summer, which has sold over a million copies, and hope to read it some time soon. If the book contains the same wisdom and inspiration as I saw in the talk last night, I'm in for a real treat.
(This post was reproduced from Marcus' Journal and photos were taken from Little Bang.)
Tuesday, January 12, 2010
ဘုန်းဘုန်း ဦးတိက္ခနှင့် ဓမ္မသာကစ္ဆာ
8:03 PM Bhikkhu: ကိုဝိမုတ္တိ
 me: ဘုန်းဘုန်း မင်္ဂလာပါဘုရား
 Bhikkhu: မင်္ဂလာပါ
5 minutes
8:25 PM me: ဘုန်းဘုန်း။ နိမိတ်ပေါ်တာမှာ အလင်းနိမိတ်နှင့် နတ်ပြည် ငရဲပြည် စတာတွေဆီ သွားတာနှင့် တချို့ မြင်ကြတဲ့ အရိုးစုပုံပေါ်တာတို့  ဘုရားစေတီပေါ်တာတို့ နှင့် ဘယ်လိုကွာလဲဘုရား
8:26 PM Bhikkhu: တချို့မြင်ကြတဲ့ အရိုးစုပေါ်တာဆိုတာက
8:27 PM me: တချို့ တွေ တရားမှတ်နေရင်း အာရုံမှာ အရိုးစုတွေမြင်ရတာတို့ ၊ တချို့ ကျတော့ မြတ်စွာဘုရား ကို ဖူးရတာတို့ တွေ ရှိကြတာကို ပြောတာဘုရား
8:28 PM တချို့ လည်း နတ်သား နတ်သမီးတွေ မြင်ရတာတို့ ။ စကားသံကြားရတာတို့ တွေ ရှိတယ်ပြောတယ်
8:29 PM Bhikkhu: သူတို့မြင်ရတဲ့ အာရုံတွေက ရှင်းလင်းသလား ဝေေ၀လားလား မပြောတတ်ဘူး
8:30 PM me: တချို့ လည်း ရှင်းတယ်ပြောတယ်ဘုရား။ တချို့ လည်း ခပ်ဝါးဝါးဘဲ။ သမာဓိအား ကွာလို့ ထင်တယ်
 Bhikkhu: အလင်းနိမိတ်ကတော့....သီးသန့်ကြည့်ရ ပို့လွှတ်ကြည့်ရတာမို့ မတူဘူးလို့တော့ထင်တယ်
8:31 PM me: တင်ပါ့။ အလင်းနိမိတ်က သမထ သီးသန့် ဖြစ်သွားမလားဘုရား
 Bhikkhu: သူတို့မြင်ကြတာက..ကိုယ့်ရှေ့မှာ ဒီအတိုင်းပေါ်လာတဲ့ သဘောရှိတယ်
  ဟိုဟာက ၀ိပဿနာရှုနေရင်းမှာ ကိုယ်သန်တဲ့ စရိုက်အားလျော်စွာ မြင်လာတယ်လို့ ထင်ပါတယ်
  ကိုယ်တိုင်တော့ ၀ိပဿနာပိုင်းမှာ မမြင်ဖူးဘူး
8:32 PM ဒါပေမယ့် အရိုးစု သဘောဖြစ်သွားတာကိုတော့ နားလည်တယ်
  ခန်ဓာကိုယ် တစ်နေရာရာကို စိုက်ရှုနေရင်း အသားတွေ တလွှာစီကွာကျသွားတယ် နောက်ပိုင်းတော့ ခန်ဓာကိုယ် တစ်ခုလုံးဖြန့်ကြည့်တာ အရိုးတွေပဲမြင်ရတော့တယ်
  ဒါကတော့ အလင်းနိမိတ်နဲ့ မတူဘူး
8:33 PM me: တင်ပါ့။
 Bhikkhu: ဦးဇင်းမြင်ဖူးတာက အရိုးစု ခြတောင်ပို့ ရေမြှပ် ဒါတွေတော့ တွေ့ခဲ့ရတယ်
 me: တင်ပ့ါ
  အဲဒါကိုကျတော့ ဘာနိမိတ်ခေါ်လဲဘုရား။ စာလိုကျတော့
8:34 PM Bhikkhu: သမာဓိအလင်းနဲ့ ဥာဏ်အလင်း ဆိုတော့ နည်းနည်းတော့ ကွာတယ်လို့ ပြောရမယ်.
  နိမိတ်အမျိုးအစားထဲ မပါဘူးလို့ ထင်တယ် ကိုဝိမုတ္တိ
8:35 PM me: ဖြစ်ပျက်ဉာဏ်စပြီး ဖြစ်ခါစမှာ ပေါ်တက်ကြတာနော်ဘုရား
8:36 PM Bhikkhu: နိမိတ်ကတော့ သမထနယ်ပယ်က အလင်းဓာတ်ကိုး...ခုနက ဦးဇင်းမြင်တာတွေက ၀ိပဿနာဥာဏ်အလင်း လို့နားလည်မိတယ်..ဒါပေမယ့် အာရုံမှန်ဥာဏ်အလင်းတော့ ဟုတ်ချင်မှ ဟုတ်မယ်
  ဦးဇင်းကတော့ ပရိကမ် အတိတ်အကြောင်း အနာဂတ်အကြောင်းတွေရှုရင်း ခဏပေါ်လာတယ်..ခဏလေးပဲ.. ဖြစ်ပျက်အဆင့်နောက်ပိုင်းကျတော့ အရမ်းကို သိသာလွန်းတယ်
8:37 PM me: တင်ပါ့ဘုရား
  တပည့်တော် အဲဒီနှစ်ခုကို စိတ်ထဲ နဲနဲရှုပ်နေတာဘုရား။ ဘယ်ဟာနှင့် ဘယ်လိုကွာလဲဆိုတာ
 Bhikkhu: အခုကော
8:38 PM ပြောတဲ့လူကတော့ သူသိတဲ့ ပုံစံအတိုင်း ပြောထည့်လိုက်တာ
 me: ဘုန်းဘုန်းပြောတာ ဖြစ်နိုင်တယ်ဘုရား။
8:39 PM ဘာလို့ လဲဆိုတော့ ဒီဝိပဿနာပိုင်း ပေါ်တဲ့အာရုံတွေက ကိုယ် မသိဖူး၊ မမြင်ဖူး၊ မစဉ်းစားဖူးတာမျိုး မပေါ်ဘူးဘုရား
  ကိုယ်တစ်နည်းနည်းနှင့် သိထားတာမျိုးတွေထဲကဘဲ ပေါ်တယ်
 Bhikkhu: ဟုတ်တယ်
8:41 PM me: အဲဒီအာရုံတွေကို မှတ်ရင်းနှင့်ဘဲ ဉာဏ်က ဒီဘက်က သူ့ ဖာသာတက်သွားတာမျိုး မဟုတ်လားဘုရား
 Bhikkhu: ဟုတ်ပါတယ်..
 me: နောက်တစ်ခု တပည့်တော် မှတ်ထားဖူးတာ ဟုတ်လားတော့မသိဘူး
 Bhikkhu: ပြောပြပါအုံး
8:42 PM me: အရိယာဖြစ်ပြီးသွားရင် အဲဒီနိမိတ်အာရုံတွေ ထပ်မဖြစ်တော့ဘူးလို့ ပြောတယ်ဘုရား
 Bhikkhu: ဟုတ်ချင်ဟုတ်လိမ့်မယ်.. သေချာတော့ မပြောတတ်ဘူး
  ကိုယ်တိုင်က ဘာမှ မသိသေးလို့
8:43 PM me: ဘာလို့ လဲဆိုတော့ သူက ပြန်စရင် ဥဒယဒ်ဘယ ကနေစမှာဆိုတော့ ။ တွေးကြည့်တာဖြစ်လောက်မယ်ထင်တာဘဲ
 Bhikkhu: အနုလောမဥာဏ်အဆင့် ဆိုရင်တောင် မဖြစ်လောက် တော့ပါဘူး
  အရိယာဆိုရင်တောင် ပိုပြီး မဖြစ်နိုင်ဘူး
 me: တင်ပါ့ဘုရား။ အဲဒါကို တပည့်တော် အလင်းနိမိတ်နှင့်သွားရောနေတာ
8:44 PM အရိယာဖြစ်ပြီးတဲ့သူ အလင်းနိမိတ်ပြန်ရမရ
 Bhikkhu: အလင်းနိမိတ်က ဗိုလ်ကြီး၊ စောစောက အာရုံတွေက ဗိုလ်ချုပ်
 me: ဘယ်လိုမျိုးလဲဘုရား
 Bhikkhu: အလင်းနိမိတ်ရဲ့ သဘောအရတော့...ဘယ်အချိန်မဆို ထိန်းထားရင် ပြန်ရနိုင်တယ်..
8:45 PM ဦးဇင်းအမြင်နော်
  အလင်းနိမိတ်က ၀ိပဿနာဥာဏ်အလင်းလောက် မမြင့်ဘူးလို့ ပြောတာပါ
 me: ခုနဘုန်းဘုန်းပြောသလိုမျိုး အလင်းနိမိတ်က သမထ သက်သက်ဆိုရင်တော့ ပြန်ရနိုင်စရာ အကြောင်းရှိတယ်
8:46 PM Bhikkhu: အော်..သိပြီ... သုဘူတိဆိုတဲ့ ရဟန်တာ မထေရ်လေ..အဲဒီနိမိတ်တွေနဲ့ တရားဟောတာ
 me: တင်ပါ့
 Bhikkhu: ဒါဆိုတော့ အရိယာဖြစ်ပြီးလဲ အလင်းနိမိတ်ကတော့ ရနိုင်တာပဲ
8:47 PM me: တင်ပါ့။ အဲဒါကို သမထအနေနှင့် ယူသုံးရင် ရမယ့်သဘောဖြစ်မယ်နော်ဘုရား
 Bhikkhu: ဟုတ်တယ်
 me: ဒါဆို ၀ိပဿနာယာနိကနှင့် ရဟန္တာဖြစ်တဲ့သူတွေ ဘယ်လိုမျိုးဖြစ်နိုင်မလဲဘုရား
8:48 PM Bhikkhu: ၀ိပဿနာယာနိက သမားကတော့ မမြင်နိုင် အလင်းနိမိတ်မ၇နိုင်လောက်ဘူး
  ရဟန်တာတိုင်း ဈာန်ပျံလို့ မရတာကို ထောက်ဆ ကြည့်ရမယ်
8:49 PM me: တင်ပါ့။ ဘုန်းဘုန်း ဘုရားလက်ထက်က ရဟန္တာတွေက သမထယာနိကများမယ်ထင်တယ်နော်ဘုရား
8:50 PM Bhikkhu: သမထယာနိက များလို့.. အချိန်တွေလဲ အများကြီးယူပြီး လေ့ကျင့်ကြတာရယ် ပါရမီတွေလဲ ပြည့်လာကြတာရယ်ကြောင့် ဈာန်ပျံ စသည်ဖြစ်တယ်လို့ သုံးသပ်မိပါတယ်
8:51 PM me: ဘုရားနှင့်အတူ ကောင်းကင်ခရီးကြွရမယ့်အချိန်မျိုးမှာ ၀ိပဿနာယာနိက ရဟန္တာတွေ ဘယ်လိုမျိုး လုပ်မလဲလို့  ကပ်သီးကပ်သပ်တွေးမိလို့ ဘုရား
8:52 PM Bhikkhu: ၀ိပဿနာ ယာနိက သမားဖြစ်ပေမယ့် ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာတွေကျတော့ ပျံနိုင်မယ်ထင်တယ်
 me: တင်ပါ့
 Bhikkhu: ဒါကတော့ ပါရမီအရှိန်ကြောင့် ဖြစ်မလားဘဲ
 me: တင်ပါ့
 Bhikkhu: သေချာတာကတော့ သမထယာနိက များတယ်လို့ ပြောရမယ်နော်
8:53 PM me: စွန်းလွန်းဆရာတော်ကြီး ထေရုပတ္တိမှာ သူ့ ကို အဘိဉာဉ်နှင့်ပတ်သက်တာတွေ ကို စမ်းခိုင်းတော့ လုပ်လို့ တော့ရတယ်။ ဒါပေမယ့် သူ မလုပ်ချင်ဘူးလို့ ပြောထားတာဖတ်ဖူးတယ်ဘုရား
8:54 PM Bhikkhu: အော်
8:55 PM me: သဲအင်းဂူဆရာတော်လည်း သူဈန်ပျံဖို့ စမ်းတာ မြေကြီးကနေ နဲနဲဘဲ ကြွလို့ ရတယ်ဆိုလားဘဲ ။ တခါ နာလိုက်ရတာ
 Bhikkhu: အော်
8:56 PM သမထယာနိက သမားကတော့ သမထ စတုထ္တဆင့်လောက်ဆိုရင်တော့ ဖင်က ကြွတတ
 me: ဟုတ်လားဘုရား
8:57 PM Bhikkhu: ဆရာတော်ကြီး တစ်ပါးရှိပါတယ် သူတရားထိုင်နေတာ ကြမ်းပြင်နဲ့လွတ်နေလို့ တပည့်တွေက အဲဒီကြမ်းပြင်ကို ဆွဲကြည့်ကြသတဲ့
 me: တင်ပါ့
 Bhikkhu: သေက္ချတောင်ဆရာတော် ဦးတိလောကလေ
 me: တင်ပါ့။ တပည့်တော် ငယ်ငယ်က တခါ ဖတ်ဖူးတယ်
  တချို့ ကျတော့ အလင်းရောင်ထွက်လာတယ်ပြောတယ်
8:58 PM နောက်တစ်ခုက ဈာန်အဆင့်ဆင့်ကို ရမရက ကိုယ်တိုင် တခါတည်း သိလို့ ရတယ် မဟုတ်လားဘုရား။ အဓိဋ္ဌာန်ဝင်စရာလို သေးလားဘုရား
 Bhikkhu: အဓိဋ္ဌာန်တော့မလိုပါဘူး
8:59 PM me: တပည့်တော် နားလည်သလောက် ပထမဈာန်ဆိုရင် သူ့ ရဲ့ ဈာန်အင်္ဂါတွေ မိမိဆီမှာ ဖြစ်နေပြီဆိုတာ တရားထိုင်နေတဲ့သူက တခါတည်းသိနေနိုင်တာဘဲနော်ဘုရား
9:00 PM Bhikkhu: ဦးဇင်းလဲ အဲလို နားလည်မိတယ်
9:01 PM me: အဓိဋ္ဌာန်တာက ၀သီဘော်နိုင်ဖို့ အတွက် လုပ်တာမျိုးကျမှလို့ ထင်တယ်။ အဲဒါဟုတ်လားမသိဘူးဘုရား
9:02 PM Bhikkhu: ၀သီဘော်နိုင်ဖို့ လေ့ကျင့်ကြတာတော့ ဟုတ်တယ်..အဓိဋ္ဌာန်လို့ ခေါ်လား မခေါ်လားတော့ လောလောဆယ် ခေါင်းထဲမှာ ပေါ်မလာဘူး
9:03 PM me: တင်ပါ့။ အဆင့်တစ်ခုပြီးတစ်ခု ၀င်လိုက်ထွက်လိုက် အပြန်ပြန်အလှန်လှန်လေ့ကျင့်တာမျိုးမဟုတ်လားဘုရား
 Bhikkhu: ဟုတ်ပါတယ်
9:04 PM me: အဲဒါက တပည့်တော်တို့  ၀ိပဿနာမှာ ဖိုလ်ဝင်စားဖို့ အတွက်ကို လည်း ဒါမျိုးဘဲ အဓိဋ္ဌာန်ရတာဘဲမဟုတ်လားဘုရား
9:05 PM Bhikkhu: ဟုတ်မှာပါ..ဦးဇင်း သိပ်နားမလည်သေးတာ
9:07 PM me: ဘုန်းဘုန်း အဲလို့ အလင်းနိမိတ်နှင့်သွားနေတဲ့အချိန်မှာ စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲဘုရား။ ၀ိတက်များနေမလားဘုရား
 Bhikkhu: အာရုံက ကိုယ်ပို့တဲ့ဆီ တန်းတန်းမတ်မတ် သွားနေတယ်..ဒါပေမယ့် ဟိုကြည့် ဒီကြည့် ဟိုဟာတွေ့ချင် ဒါတွေ့ချင်ဆိုတော့ ၀ိတက်က များနေတယ်
9:08 PM me: ဘုန်းဘုန်း ၀ိပဿနာ အားမထုတ်ဖြစ်ခင် အလင်းနိမိတ်လွှတ်တာနှင့် ၀ိပဿနာအားထုတ်ပြီး လွှတ်တာမှာ ကွာခြားမှုဘာရှိလဲဘုရား။ စိတ်ပိုင်းဆိုင်ရာမှာ
9:09 PM Bhikkhu: ၀ိပဿနာအားထုတ်လို့ လေးရက်လောက်ကြာတော့ လွှတ်ကို မလွှတ်ချင်တော့ဘူး
 me: တင်ပါ့
 Bhikkhu: အရသာခြင်းကွာတာကို နားလည်သွားလို့လား မသိ
 me: တင်ပါ့
9:10 PM Bhikkhu: အပြင်ကိုလွှတ်နေတာထက် အတွင်းပိုင်းကို စိုက်ကြည့်နေတာ..အတွင်းပိုင်း အသားတက်ဖို့ကျတော့ အတွင်းမှာပဲ စိတ်ကိုထားတာက ပိုထိရောက်တာကိုး
 me: တင်ပါ့။
9:11 PM တပည့်တော် တွေးကြည့်မိတာပါ။ အဲဒီလိုလွှတ်နေတဲ့အချိန် ကိုယ့်စိတ်ကိုယ်ပြန်ကြည့်ရင် တော်တော်ပင်ပန်းနေမှာဘဲလို့ 
 Bhikkhu: အပြင်လွှတ်တာကတော့ ဗဟုသုတလောက် ကုသိုလ် သဒ်ဓာတရားတက်ဖို့လောက် ပဲ ကောင်းတယ် ထင်ပါတယ်
9:12 PM လူ့ပြည်လွှတ်တာက အရေးမကြီး မသိသာဘူး..ဗြဟ္မပြည်ကတော့ သတိထားမိလိုက်တယ် စိတ်ကို မောနေတာပဲ
  အစပိုင်းကစ သမာဓိအားနည်းလာရင် ဘုန်းခနဲဆို ပြုတ်ကျတာတောင်ဖြစ်သေးတယ်
9:13 PM me: တင်ပါ့။ နောက် အဲလို လွှတ်နေတဲ့အချိန်မှာ စိတ်မှာ အကုသိုလ် အနုစား တစ်မျိုးမျိုးဖြစ်နေမလားလို့  ထင်တယ်ဘုရား။ အဲဒါ ဖြစ်နိုင်လားမသိဘူး
 Bhikkhu: ဒါကတော့ ကိုယ့်ကြည့်တဲ့ အာရုံပေါ်မှာ မူတည်လိမ့်မယ်
9:14 PM me: တစ်ခုခုကို လုပ်ချင်နေတဲ့ ဇောကပ်နေတာ ဆိုတော့ စိတ်မှာ တည်ငြိမ်မှု မဖြစ်နိုင်ဘူးထင်လို့ ဘုရား
 Bhikkhu: ဆိုပါစို့ လောဘအနုစားလို့ပြောရအောင်လဲ...ဘုရားစွယ်တော်ကို ဖူးတဲ့အခါကြတော့ ကုသိုလ်ဆန်ဒပဲ ဖြစ်နေတာကိုး
  တခုခုလုပ်ချင်တယ်ဆိုတဲ့နေရာမှာ အဘိဓမ္မာသဘောက လောဘနဲ့ ဆန်ဒကို ခွဲထားတယ်
 me: တင်ပါ့
9:15 PM တကယ်လို့ ရတနာသုံးပါး အာရုံဆိုရင် ပြဿနာမဟုတ်တဲ့သဘောလားဘုရား
 Bhikkhu: ဟုတ်ပါတယ်
  ဘာတွေဆိုရင် မကျေနပ်စရာ တွေ့ချင်တွေ့နိုင်တယ်
  ဒီပြင်အာရုံတွေလဲ ဒိအတိုင်းပဲပေါ့လေ
9:16 PM me: တကယ်လို့ နတ်ပြည်မှာ နတ်သမီးကို ကြည့်နေရင်း အဲဒီယောဂီသေရင် ဘ၀ကူးကောင်းနိုင်မလားဘုရား
 Bhikkhu: သူက နတ်သမီးကို မြင်မြင်ချင်း ဟာကွာ လှလိုက်တာ လိုချင်လိုက်တာ ဆိုတဲ့စိတ်ဖြစ်နေချိန် ဗြုန်းခနဲ သေသွားရင် ဘ၀ကူးမကောင်းနိုင်ဘူး
 me: တင်ပါ့
9:17 PM Bhikkhu: နတ်သမီးကို မြင်ပြီး သူတို့က ကောင်းမှုတွေ အများကြီးလုပ်လို့ ဒီကိုရောက်နေတာလို့ ကုသိုလ်တွေး တွေးချိန် သေသွားရင် ဘ၀ကူးကောင်းမယ်
 me: တင်ပါ့
9:18 PM Bhikkhu: ဒါတောင် နတ်သမီးလိုချင်စိတ်နဲ့ သေလို့ ဘ၀ကူးမကောင်းခဲ့ရင်တော့ အဲဒီ မကောင်းတဲ့ ဘ၀မှာ သူခဏပဲ ခံစားရမယ်
 me: တင်ပါ့
 Bhikkhu: သမထ ကုသိုလ်ကံ အင်အားက ကြီးလို့ပါ
 me: တင်ပါ့
9:20 PM တပည့်တော်က အဲဒီဇောကပ်ပြီး ပင်ပန်းနေရတာမျိုးကို စိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ်။ သိပ်သဘောမကျချင်ဘူး
 Bhikkhu: သဘောမကျရင် မပို့ဘဲ မလွှတ်ဘဲ နေဖို့ပါပဲလေ
9:21 PM me: တင်ပါ့။ ခုနဘုန်းဘုန်းပြောသလို အပြင်ကို လွှတ်မယ့်အစား အတွင်းကိုပြန်ကြည့်တာက အကျိုးများမလားလို့ 
 Bhikkhu: ဟုတ်ပါတယ်
 me: ဘုန်းဘုန်း အပြင်သွားမလို့ လား
 Bhikkhu: တရားတက်တာ မြန်သွားမှာပေါ့
 me: သွားလေဘုရား
Friday, January 8, 2010
ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၄)
၈။ သီလပြည့်စုံရင် သမာဓိ ပညာတွေ အလွယ်တကူ ပြည့်စုံနိုင်တယ်။
၉။ သီလဆိုတဲ့ တံခါးပိတ်ထားရင် ကာယဒွါရ ၀စီဒွါရမှ အကုသိုလ်တွေ ၀င်မလာနိုင်ဘူး။
၁၀။ အဆိပ်ကိုစားမိလျှင် တစ်ဘ၀ပဲ ဒုက္ခဖြစ်မယ်။ သံဃာပိုင်ပစ္စည်းစားမိလျှင် ဘ၀အဆက်ဆက် ဒုက္ခဖြစ်မယ်။
၁၁။ အပြောကောင်းပေမယ့် စိတ်ဓါတ်က ယုတ်ညံ့လျှင် ရေသဖန်းသီးမှည့်လို လူမျိုးပဲ ဖြစ်မယ်။
၁၂။ သီလကို မှီခိုပြီးနေရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ချက်ချင်းမရတောင် ထောင်ကျခြင်း၊ အဖမ်းခံရခြင်း အပါယ်လေးပါး ကျရောက်ခြင်းမှ ကင်းလွတ်ပါတယ်။
၁၃။ ချမ်းသာချင်လျှင် လှူကြ၊ ဆင်းရဲချင်လျှင် ယူကြ။
သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၂)
ကြိုတင်ပြင်ဆင် ဥာဏ်နဲ့ ယှဉ်
ဘုန်းကြီးတို့  သူတော်စင်တွေ ကျန်းမာရေး ဖောက်ပြန်လို့  အိပ်ရာညောင်စောင်းအပေါ် ရောက်တဲ့အခါကျမှ ဒါနပြုဖို့ လည်းမလွယ်၊ သီလစောင့်ဖို့ လည်းမလွယ် ၀ိပဿနာဘာဝနာတရား အားထုတ်ဖို့ ဆိုတာတော့ သာ၍ပင် ခက်ခဲကြမယ်။ ဒါကြောင့် ကျန်းမာရေးကောင်းတုန်း၊ ဥာဏ်ပညာထက်မြက်တုန်း၊ ဒါန သီလ ဘာဝနာ တရားတွေကို ကြိုးစားပြီးတော့ ပြုလုပ် အားထုတ်ကြရမယ်။
မှတ်နေရမယ့် တရား
အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ဒုက္ခတွေက တကယ်တမ်း လွတ်ချင်တယ်ဆိုရင် ဒွါရခြောက်ပါး ပေါ်သမျှမှာ မြင်သိပျက်၊ ကြားသိပျက်၊ နံသိပျက်၊ စားသိပျက်၊ ထိသိပျက်ဆိုတဲ့ အဖြစ်နဲ့ အပျက်တွေကို ရှေ့ နောက်အမှတ် ဆက်စပ်အောင်မှတ်နေရမယ်။ မှတ်နိုင်ရမယ်။
ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေဟာ ကျန်းမာရေးကောင်းဖို့ အတွက် ဆရာဝန်ဆိုတဲ့ သမားပေးတဲ့ဆေးကို စားရသလိုပဲ ဘုရားပေးတဲ့ သတိပဋ္ဌာန်ဆိုတဲ့ဆေးကိုလည်း စားသုံးဖို့ လိုအပ်တယ်။ သမားပေးတဲ့ဆေးကို စားခြင်းဖြင့် အခိုက်အတန့်  ဖြစ်ပေါ်နေတဲ့ ရောဂါဝေဒနာတွေ သက်သာတယ်။ ဘုရားပေးတဲ့ သတိပဋ္ဌာန်ဆေးတော်ကြီးကို စားသုံးခြင်းဖြင့် အခိုက်အတန့် ဖြစ်ပေါ်နေတဲ့ ရောဂါဝေဒနာလဲ သက်သာတယ်၊ အစမထင်သံသရာတခွင်ကပါလာတဲ့ ကိလေသာရောဂါတွေ ကုန်ခမ်းပြီးတော့ နိဗ္ဗာန်ဆိုတဲ့ အငြိမ်းဓာတ်ကြီးကိုလည်း ရနိုင်ပါတယ်။
Monday, January 4, 2010
ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၃)
၃။ နွားခြေရာသို့  လှည်းဘီးက အစဉ်လိုက်သလို မကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်လျှင် ကိုယ့်နောက် ဆင်းရဲတွေ လိုက်မယ်။
၎။ အရိပ်က ကိုယ့်နောက်အစဉ်လိုက်သလို ကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်လျှင် ကိုယ့်နောက် ချမ်းသာတွေ လိုက်မယ်။
၅။ ရဟန်းသံဃာနဲ့ တွေ့ တဲ့အခါ လူလို မဆက်ဆံပါနှင့်။
၆။ ထုတ်၊ ယောက်၊ ဒိုင်း၊ မြား စသည်တို့ ဖြင့် စုပေါင်းတပ်ဆင်ထားတာကို “အိမ်” လို့ ခေါ်သလို ဆံပင်၊ မွေးညှင်း စတဲ့ ၃၂-ကောဋ္ဌာသတို့ ဖြင့် စုပေါင်းထားတာကို “ခန္ဓာကိုယ်” လို့ ခေါ်တယ်။
၇။ ၀င်ရိုး၊ ဘီးစသည် စုပေါင်းထပ်ဆင်ထားတာကို “ရထား” လို့ ခေါ်သလို ခန္ဓာ၅-ပါး စုပေါင်းထားတာကို “သတ္တ၀ါ” လို့ ခေါ်တယ်။
Peacefulness can develop into a very nourishing kindness towards yourself, if you first of all fully accept the presence of what you dislike. Keep the attention steady, and open the heart to whatever you experience. This does not imply approval of negative states, but allows them a space wherein they can come and go.
Generating good-will toward the world beyond yourself follows much the same pattern. A simple way to spread kindness is to work in stages. Start with yourself, joining the sense of loving acceptance to the movement of the breath. 'May I be well.' Then, reflect on people you love and respect, and wish them well, one by one. Move on to friendly acquaintances, then to those towards whom you feel indifferent. 'May they be well.' Finally, bring to mind those people you fear or dislike, and continue to send out wishes of good-will.
This meditation can expand, in a movement of compassion, to include all people in the world, in their many circumstances. And remember, you don't have to feel that you love everyone in order to wish them well!
Kindness and compassion originate from the same source of good will, and they broaden the mind beyond the purely personal perspective. If you're not always trying to make things go the way you want them to; if you're more accepting and receptive to yourself and others as they are, compassion arises by itself. Compassion is the natural sensitivity of the heart.
(to be continued....)
Saturday, January 2, 2010
ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၂)
  • သုတပန်းခိုင် သည် အလုပ်ကိစ္စများပြားလှ၍ ဗုဒ္ဓကျမ်းစာအုပ်ကြီးများကို မဖတ်ရှုမလေ့လာအားသော လူပုဂ္ဂိုလ်များ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရေးသားခြင်းဖြစ်သည်။
  • သုတပန်းခိုင် သည် သင့်အတွက် မှတ်သားဖွယ်ရာ ဗဟုသုတများ ပန်းခိုင်သဖွယ် ဝေဆာနေပါလိမ့်မည်။
  • သုတပန်းခိုင် ကို ဖတ်ပါ၊ မှတ်ပါ၊ ကျင့်ပါ။ သင့်အတွက် အကျိုးများပါလိမ့်မည်။
မီးနဲ့ ဝေးတဲ့ ဖယောင်းက မာကျောတယ်။ တရားနဲ့ ဝေးတဲ့ စိတ်ကလည်း မာကျောတယ်။ ဤ သုတပန်းခိုင်ကို မကြာ မကြာ ဖတ်လျှင် သင့်ရဲ့ စိတ်ဓါတ် နူးညံ့ပျော့ပျောင်း လာပါလိမ့်မည်။
ပဲနွယ်ကုန်း ဆရာတော်
နမော တဿ ဘဂ၀တော အရဟတော သမ္ဖာသမ္ဗုဒ္ဓဿ
၁။ ပုံတော်ဘုရား၊ ဂုဏ်တော်ဘုရား၊ ဉာဏ်တော်ဘုရား သုံးမျိုးထဲက ဂုဏ်တော်ဘုရားနဲ့  ဉာဏ်တော်ဘုရားကို ကြည်ညိုတတ်အောင် ကြိုးစားပါ။
၂။ မြတ်စွာဘုရားရဲ့  တရားတော်တည်းဟူသော အရိပ်ကို မှီခိုပြီး နေရရင် တစ်ဘ၀သာမက ဘ၀သံသရာ အဆက်ဆက် နိဗ္ဗာန်ရောက်သည်ထိအောင် ချမ်းသာသွားနိုင်ပါတယ်။
သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၁)
အလိမ်ညာဘေးမှ ကင်းဝေးရအောင်
ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေကို အနိစ္စကို နိစ္စထင်အောင်၊ ဒုက္ခကို သုခ ထင်အောင်၊ အနတ္တကို အတ္တ ထင်အောင်၊ အသုဘကို သုဘ ထင်အောင် သညာစိတ္တဒိဋ္ဌိဆိုတဲ့ တရားတွေက လိမ်ခဲ့ကြတယ်။ မိမိတို့ က အလိမ်ညာခံခဲ့ရတယ်။ အသိအမှတ် ကိုယ်မှာ ကပ်ပြီး ရှုမှတ်ပွားများတဲ့အတွက် ရုပ်နာမ်ဓမ္မသင်္ခါရတွေရဲ့  အဖြစ်နဲ့ အပျက်ကို မြင်တဲ့အချိန်ဟာ အလိမ်ညာ ပြေတဲ့အချိန်ပဲ။ ဒါကြောင့် အဲဒီတရားတွေရဲ့ အလိမ်အညာဘေးမှ ကင်းဝေးရအောင် ၀ိပဿနာတရားကို ကြိုးစားပြီး ရှုမှတ်ကြရမယ်။
အပါယ်လေးပါးက လွတ်အောင်
ဝိပဿနာရှုတဲ့အခါ ရှေ့ အမှတ် နောက်အမှတ်၊ ရှေ့ သတိ နောက်သတိ၊ ရှေ့ သမာဓိ နောက်သမာဓိ၊ ရှေ့ ဥာဏ် နောက်ဥာဏ် ဆက်စပ်အောင် မှတ်နိုင်လို့ ရှိရင် ခံရတဲ့ဘေးမှကင်းဝေးပြီးတော့ အောက်သံသရာလို့ ခေါ်ဆိုရတဲ့ အပါယ်လေးဘုံက လွတ်မြောက်ကြမယ်။
တကယ်တော့ ၀ိပဿနာတရား အားထုတ်ကြတယ် ဆိုတာ သေနည်းသင်တန်း တက်ကြတာပါပဲ။ သေမင်းကို ရဲရဲကြီးရင်ဆိုင်နိုင်အောင် လေ့ကျင့်နေကြတာပဲ။ ရင်ဆိုင်နိုင်ရုံတင်မက အဲဒီ အဖန်တလဲလဲ သေနေရခြင်းကို အမြစ်ပြတ် ချေမှုန်းပြီး အောင်ပွဲခံနိုင်အောင် အားထုတ်နေကြတယ်ဆိုရင်လဲ မမှားပါဘူး။