Thursday, December 31, 2009

Happy Birthday Sister Hnin Hay Mar

ညီမရေ...

ညီမမွေးနေ့ အတွက် တစ်ခုခု ရေးပေးဖို့  အကို့ ကို ပြီးခဲ့တဲ့လကတည်းက ပြောထားပေမယ့် အကို့ ဘက်က မအားတာရော၊ ဘာအကြောင်းအရာကို ညီမအတွက် အထူးပြုပြီး ရေးပေးရမလဲလို့  ခေါင်းထဲကမပေါ်လာတာရောနှင့် အခုမှဘဲ ရေးဖြစ်ပါတယ်။ မွေးနေ့ လက်ဆောင်က နဲနဲတော့ နောက်ကျနေပြီ။။ စိတ်တော့မရှိပါနှင့်ညီမရေ။ နောက်ကျတဲ့အတွက် ခွင့်လွှတ်ပါနော်။

ညီမနှင့်အစ်ကိုနှင့်က ဘာသာရေးဘက်မှာဆို သံလျင်တောရဆရာတော် ဦးနိပုဏရဲ့  တပည့်တွေ ဖြစ်နေတာရယ်၊ ပညာရေးဘက်မှာလည်း ကျောင်းမတူပေမယ့် မွေးထုတ်ပေးတဲ့ မိခင်ပညာရေးအဖွဲ့  အစည်းတစ်ခုရဲ့  အောက်က မောင်နှမတွေဖြစ်နေတာရယ်တွေကြောင့် ညီမမွေးနေ့ အတွက် အစ်ကို့  အနေနှင့် အမှတ်တရ ချီးမြှောက်မှုတစ်ခုခုကတော့ လုပ်ပေးမှကို ဖြစ်မှာလေ။

အစ်ကို တက္ကသိုလ်ရောက်စအချိန်တွေမှာ ဘာသာာရေးကို စိတ်ဝင်တစားလေ့လာဖြစ်ရင်းက တဖြည်းဖြည်း မိရိုးဖလာယုံကြည်မှုကနေ ကိုယ်တိုင် သဒ္ဓါတရားနှင့် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဖြစ်တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်ရဲ့  အဆုံးအမတွေကို ကိုယ်တတ်နိုင်သလောက် လိုက်နာလိုစိတ်တွေ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းတော့ ဘုရားရှင်တိုင်းရဲ့  အနှစ်ချုပ်အဆုံးအမဖြစ်တဲ့ “ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဆိုတာလေးကို သတိပြုမိခဲ့ပြီး အဲဒီအဆုံးအမတော်ကိုဘဲ ကိုယ်နိုင်သလောက် လိုက်နာထိန်းသိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီအဆုံးအမတော်ကိုဘဲ နောက်တစ်ဘက်ကနေပြောတော့ မကောင်းမှုရှောင် တာက သီလသိက္ခာ၊ ကောင်းမှုဆောင် ဆိုတာက သမာဓိသိက္ခာ၊ ဖြူအောင်စိတ်ကိုထား ဆိုတာက ပညာသိက္ခာရယ်လို့  သိက္ခာ (၃)ပါးနှင့် ပိုင်းခြားသတ်မှတ်ထားတာကိုလည်း သိရှိသဘောပေါက်ခဲ့ပါတယ်။ ဒီအဆုံးအမတော်သုံးပါးကို မိမိစွမ်းနိုင်သလောက် ကြိုးစားထိန်းသိမ်းစောင့်ရှောက်ရင်း ပြည့်စုံသွားတဲ့ တစ်နေ့ မှာ သံသရာက လွတ်မြောက်မှုကို ရရှိနိုင်တယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့ရပါတယ်။ ဒီအဆုံးအမတော်သုံးပါးကို ထိန်းသိမ်းစောင့်ရှောက်မှုနှင့်အတူ ယောနိသော မနသိကာရ လို့ ခေါ်တဲ့ အသင့်အတင့်မှန်ကန်စွာနှလုံးသွင်းမှုကလည်း အရေးပါမှန်းကို နားလည်ခဲ့ရပါတယ်။

အကိုတို့ တတွေ အထူးပြုဘာသာာတွေသင်ရတဲ့အချိန်ကျတော့ ဆရာတွေက ဖော်မြူလာတွေ ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို သရုပ်ခွဲတွက်ချက်ပြကြပါတယ်။ အဲဒီမှာ တစ်ချို့ ကိစ္စတွေမှာ ဖော်မြူလာကနေ တွက်ထုတ်လို့ ရတဲ့အဖြေနှင့် တကယ့်အပြင်မှာ လုပ်လို့ ရနိုင်တဲ့ အနေအထားနှင့် နဲနဲဟနေတတ်တာတွေ ရှိတာကို တွေ့ ရတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဖော်မြူလာက ပေးတဲ့ ရလဒ်ကို Ideal Case လို့ သတ်မှတ်လိုက်ရပါတယ်။ ကောင်းတော့ကောင်းတယ်။ ဒါပေမယ့် လက်တွေ့ မှာ ဒါမျိုးရဖို့  မဖြစ်နိုင်ဘူးပေါ့။ ဖော်မြူလာနှင့် တွက်ထုတ်လို့ ထွက်လာတဲ့ အဖြေတချို့ ဟာ Ideal Case တွေဖြစ်နေတာကို တွေ့ ရတတ်ပါတယ်။

အပြင်ဘက်လောက ဘ၀ကို ဖြတ်သန်းကြရတဲ့အချိန်တွေမှာ ကျောင်းတုန်းက သင်ခဲ့ရတဲ့ Ideal Case တွေလိုမျိုး အခြေအနေတွေဟာ အကိုတို့  ဖြတ်သန်းနေရတဲ့ နေ့ စဉ်ဘ၀မှာ အမြဲလို ကြုံနေရတတ်တာကို တွေ့ ရပါတယ်။ တကယ်ဆို ဒီကိစ္စဟာ ဒီလိုမျိုးဖြစ်သင့်ပါလျက်နှင့် အဲဒီလိုဖြစ်မလာဘူး။ လုပ်လို့ မရဘူး ဆိုတာမျိုးတွေ ခဏခဏကြုံဆုံရပါတယ်။ အကိုတို့ တစ်တွေဟာ များသောအားဖြင့် စိတ်ထဲမှာ Ideal တွေကို မှန်းဆမျှော်လင့်ထားပေမယ့်လို့  တကယ့်အခြေအနေမှာတော့ စိတ်ထဲကစံနှင့် နဲနဲလေးလွဲနေတာတွေ ရှိနေတတ်တာပါဘဲ။ ဒီအခါမှာ အလိုမကျမှု၊ စိတ်မကျေနပ်မှု၊ စိတ်မချမ်းမြေ့မှုတွေ ရင်ထဲမှာ ခံစားရပြီး ပူလောင်ကြရတော့တာပါဘဲ။ ဒီလိုမျိုးခံစားရပြီဆိုတဲ့အချိန်ကျရင်ဖြင့် မြတ်စွာဘုရားရှင်တိုင်းရဲ့ အဆုံးအမတော်ကို သတိရမိပါတယ်။ ကိုယ့်စိတ်ထဲမှာ မကျေနပ်မှုတွေကြောင့် ဖြစ်နေတဲ့ပြဿနာကို ဖန်တီးတဲ့ အခြေအနေ (သို့ ) ပုဂ္ဂိုလ် တစ်ဦးဦးနှင့်ပတ်သက်ပြီး  မကောင်းတဲ့ အပြုအမူတွေ၊ အပြောအဆိုတွေကို ကိုယ်က လုပ်လိုက်တော့မယ့်အခြေအနေမှာ မကောင်းမှုကို ရှောင် ဆိုတဲ့ သီလ သိက္ခာတော်ကြောင့် ထိန်းသိမ်းဖို့  သတိပေးလိုက်သလိုဖြစ်သွားပါတယ်။ ကိုယ်မနှစ်မြို့ တဲ့ ဒီမကောင်းတဲ့ ပြဿနာ (ပုဂ္ဂိုလ်) နှင့်ပတ်သက်တဲ့ အတွေးတွေ၊ အကြံအစည် စိတ်ကူးတွေကိုလည်း ကောင်းမှုဆောင် ဆိုတဲ့ သမာဓိသိက္ခာက လှမ်းထိန်းလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဖြူအောင်စိတ်ကိုထားဆိုတဲ့ ပညာသိက္ခာတော် နှင့်အညီ အကျိုးရှိမယ့် အပြုသဘောဆောင်မယ့် လုပ်ဆောင်မှု၊ ကြံစည်မှု၊ ပြောဆိုမှုတွေနှင့် ယခင်က စိတ်ထဲမှာ ဖြစ်နေတဲ့ မကောင်းတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးကို အစားထိုးဖို့  လုပ်ဆောင်နိုင်သွားပါတယ်။ ဒီလိုမျိုးဆောင်ရွက်လိုက်နိုင်ဖို့ အတွက် လိုအပ်တာကတော့ အသင့်အတင့်နှလုံးသွင်းလိုက်နိုင်ဖို့  (တနည်း သဘောထားမှန်ဖို့ ၊ တည့်ဖို့ ) ပါဘဲ။

တကယ်တော့ သူလိုသလိုဖြစ်နေတဲ့လောကကြီးထဲမှာ ကိုယ်က အလိုက်သင့်နေနေကြရတဲ့သူတွေဖြစ်နေရတော့ အကြိမ်ပေါင်းများစွာမှာ ကိုယ့်စိတ်တိုင်းကျ အခြေအနေမျိုးကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီလို စိတ်တိုင်းကျမဖြစ်တိုင်းမှာ စိတ်ထဲမှာ မကျေနပ်မှုတွေဘဲဖြစ်နေရရင် နောက်ဆုံးတော့ ကိုယ်ဘဲ စိတ်ပင်ပန်းရပြီး ဘုရားဟောအဆုံးအမနှင့်လည်း အလှမ်းဝေးသလိုလည်း ဖြစ်သွားနိုင်ပါတယ်။

ဒီတော့ အစ်ကိုတို့  ညီမတို့ တွေအားလုံးက အစ်ကိုတို့ ရင်ထဲမှာရှိနေတဲ့ Ideal တွေကို အသိ၊ သတိတွေနှင့်ထိန်းကြောင်းရင်း ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်နေမယ်၊ ငါ့စိတ်ကို့  ဘယ်အကြောင်းအရာကြောင့်မှ ဖြူစင်တာလေး ပျက်မသွားအောင် ကြိုးစားထိန်းနေမယ်လို့  သံဓိဋ္ဌာန်ချမှတ်ရင်း နေ့ စဉ်ဘ၀ကို ကျော်ဖြတ်ကြမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ စိတ်သက်သာမှုကို ခံစားကြရမှာပါ။ လောကအကျိုးကို ဆောင်ရွက်ကြတဲ့အခါ စိတ်မချမ်းမသာဖြစ်နေတဲ့သူနှင့် စိတ်အေးချမ်းနေတဲ့သူနှင့်နှစ်ဦးမှာ အေးချမ်းနေတဲ့သူက ပိုပြီးအများအကျိုး ဆောင်ရွက်နိုင်လိမ့်မယ်ဆိုတာကိုတော့ ညီမ သိပြီးသား ဖြစ်မှာပါလေ။ အစ်ကိုတို့ လုပ်ဖို့ လိုအပ်တာကတော့ သဘောထားမှန်မှန်နှင့် လောကကို ကြည့်တတ်၊ နားလည်မှုပေးတတ်ဖို့ ပါဘဲလေ။

ကဲ ညီမရေ။ အစ်ကိုလည်း ဟိုရေး ဒီရေးနှင့် တော်တော်လေးတော့ စာရှည်သွားပြီ။ ညီမတစ်ယောက် အစ်ကိုရေးတဲ့စာထဲက ညီမအတွက် အသုံးတည့်မယ့်တစ်ခုခုတော့ ရနိုင်ကောင်းရဲ့ လို့  မျှော်လင့်မိပါရဲ့။ ဒါလည်းဘဲ Ideal ဖြစ်ချင်ဖြစ်နေမှာပါလေ။ :)

ညီမလေး တစ်ယောက် ယခုမွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ မွေးနေ့ ရက်ပေါင်းများစွာကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဖြတ်သန်းနိုင်ပါစေ။
မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို စောင့်ရှောက်နိုင်တဲ့သူဖြစ်ပါစေ။
လောကအကျိုး၊ မိမိအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူဖြစ်ပါစေ။

လို့  ဆုတောင်း ဆန္ဒပြုရင်း....

ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ
၃၁-၁၂-၂၀၀၉ (ကြာသပတေးနေ့ )

ဆက်လက်ဖတ်ရှုရန်

What is Buddhism? Part 7 (Spanish Version)

El Buda enseñó que no hay ningún centro esencial o permanente a un ser
viviente que podría ser considerado el verdadero ego de uno o alma. Lo que
parece ser una persona individual realmente es un proceso cambiante de reserva mental y las calidades físicas que combinan temporalmente de una manera particular. A través de la atadura posesiva, la mente identifica con parte o todo este proceso y esto da lugar al sentido de ego, 'yo' y 'mío.' De hecho, se surgen todos los fenómenos, animado o inanimado, dependientemente de las causas y condiciones. En un estado constante de flujo, todas las cosas están vacías de existencia inherente independiente y la integridad de realidad es un flujo continuo de interconectó, causalmente los eventos condicionado levantándose y falleciendo sin embargo en el Renacimiento del momento presente, todavía ocurre sin una alma. Considere el símil de una vela que quema bajo y sobre salir.


Una nueva vela se enciende entonces del viejo. Aunque la vela vieja sale, la nueva vela quema ahora brillantemente. ¿Qué cruzó la vela vieja al nuevo? Había un eslabón causal, pero ningún 'cosa' fue Semejantemente por, había un eslabón causal entre uno es pasado y la vida presente, pero ninguna alma fue por.


El Buda enseñó que precisamente es esta equivocación profunda, la ilusión de un ego que es la causa de la raíz de todo el sufrimiento humano. La ilusión de mismos manifiestos como el ego y la función imparable natural del ego es controlar. Los egos grandes quieren controlar el mundo, los medio egos intentan controlar sus ambientes inmediatos de casa, la familia y lugar de trabajo y todo los egos se esfuerzan por controlar lo que asumen para ser sus propios cuerpos y mentes. Este esfuerzo por controlar lleva a la atracción y aversión que por consiguiente proliferan para adquirir las posesiones, manipula otros y se aprovecha del ambiente.


Aunque el sentido de ego busca su propia felicidad, su deseo insaciable produce el descontento repetidamente. Con tal de que uno identifique con somethings como a sí mismo, el resultado inevitable es una falta de armonía exterior o el cumplimiento interno. Sólo a través de marcada visión basada en meditación profunda enlate este espejismo se vea claramente para lo que es de verdad. Sólo entonces pueda que uno sabe felicidad perfecta.
ဆက်လက်ဖတ်ရှုရန်

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၀)

အက္ခရာ ခုနှစ်လုံး

ယောဂီသူတော်စင်တွေအားလုံး ‘ ပျင်း ’ ရင် ‘ ဖျင်း ’ မယ်။ ဖျင်းရင် မသိနားမလည်သူ ( ဗာလ ) လူမိုက်ဖြစ်မယ်။ လူမိုက်ဖြစ်ရင် ဘေးတွေ့ မယ်။ ဘေးတွေ့ တော့ ( မရဏ ) သေမယ်။ သေရင် ယမမင်းကြီးက ငရဲပို့ လိမ့်မယ်။ ဒါကြောင့် ပ ဖ ဗ ဘ မ ယ ရ ဆိုတဲ့ အက္ခရာ ( ၇ ) လုံးကို အမြဲတမ်း သတိပြုရမယ်။

ထိနမိဒ္ဓ ပယ်ဖျောက်နည်း

အိမ်ဦးခန်းမှာ တရားမှတ်ရင်းနဲ့  ထိနမိဒ္ဓ၀င်လာခဲ့သည်ရှိသော် နှုတ်ကနေတရားတွေရွတ်လိုက်၊ သညာပြောင်း ပေးပြီးမှ တရားပြန်မှတ်၊ နှာသီးဖျားမှာ ၀င်လေ တိုးထိတာသိ၊ ထွက်လေ တိုးထိတာသိ၊ အဲဒီနှစ်ချက်ကို မှတ်ဆက် အောင် လိုက်ကြည့်ရမယ်။

အကုသိုလ် နဲ့  ကုသိုလ်

အကုသိုလ်ဟာ ကျောက်ခဲနဲ့ တူတယ်။ ကုသိုလ်ဟာ ထောပတ်၊ ဆီနဲ့ တူတယ်။ ကျောက်ခဲတို့  မည်သည် အောက်ကိုသာနစ်မြုပ်တတ်သလို အကုသိုလ်ဟာလည်း အပါယ်လေးပါးဆိုတဲ့ အောက်သံသရာမှာသာ နစ်မြုပ်တတ်တယ်။ ထောပတ်၊ ဆီတို့ သည် ရေပေါ်သို့ သာတက်လာကြသလို ကုသိုလ်ပါရမီတွေဟာလည်း လူ နတ် နိဗ္ဗာန် ( ၃ ) တန်ချမ်းသာဆိုတဲ့ အထက်သုဂတိဋ္ဌာန တွေသို့  ရောက်စေနိုင်၊ ရစေနိုင်တယ်။

ဆက်လက်ဖတ်ရှုရန်

Tuesday, December 29, 2009

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ ဟောကြားတော်မူသော တရားတော်များ

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ
(၁၅-၁၂-၀၉) မှ (၁၇-၁၂-၀၉) ထိ ကျင်းပအပ်သော

( ၂၅-၃၅ ) လူလတ်တရားစခန်းတွင် ဟောကြားတော်မူသော
ဘ၀စံအိမ် တရားတော်များ

http://ifile.it/uvbwg50/BawaSanEain_01.mp3


http://ifile.it/502jvq1/BawaSanEain_02.mp3

http://ifile.it/q9dl7yu/BawaSanEain_03.mp3


http://ifile.it/jig69a7/BawaSanEain_0၄.mp3


http://ifile.it/u6ys1nf/BawaSanEain_0၅.mp3

http://ifile.it/3orknbq/BawaSanEain_0၆.mp3


http://ifile.it/9hs4guo/BawaSanEain_07.mp3


http://ifile.it/k8hxngr/BawaSanEain_08.mp3

ဆက်လက်ဖတ်ရှုရန်

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၉)

စိတ်ဓာတ်မြှင့်တင်ထားပါ

ဖျင်းညံ့သဘော စိတ်ဓာတ်ဟော၏။ စိတ်ဓာတ်လွင့်စင် ဖျင်းညံ့ဝင်၏။ စိတ်ဓာတ်မြှင့်တင် ဖျင်းညံ့စင်၏။ လောကအရေး သူဋ္ဌေးဖြစ်လိုသူတိုင်းနှင့် ဓမ္မအရေး အရိယာဖြစ်လိုသူတိုင်း စိတ်ဓာတ်မကျပါစေနှင့်၊ စိတ်ဓာတ်တင်ထားပါ၊ စိတ်ဓာတ်မြှင့်ထားပါ။

အကျိုးပေးရန် လွဲချော်နေ

အကြင်သူသည် အိပ်ပျော်၍နေ၏။ အလကား နေ၏။ အလုပ်မလုပ်ဘဲ နေ၏။ ထိုသူ၏ ဘုန်းကံပါရမီ အကျိုးပေးတွေသည်လည်း အကျိုးပေးရန် လွဲချော်၍ နေကြလေကုန်၏ ။

ဝီရိယ

လောကီရေးမှာပဲဖြစ်ဖြစ်၊ လောကုတ္တရာရေးမှာပဲ ဖြစ်ဖြစ် အောင်မြင်ချင်တယ်ဆိုရင် မိမိလုပ်ကိုင်ရမည့် လုပ်ငန်းအားလုံးကို ပြီးစီးအောင် ကြိုးစားအားထုတ်ရမယ်။ ၀ီရိယရှိသူအတွက် မအောင်မြင်နိုင်သောအရာ မရှိနိုင်ဘူး။ အားလုံးအောင်မြင်နိုင်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

What is Buddhism? Part 6 (Spanish Version)

Budismo s un no-theistic la religión en ese uno no se rinde culto a un Dios, creador o Progreso del salvador en el camino budista al esclarecimiento no es dependiente en una fuerza externa pero en el propio esfuerzo de uno. La cosmología budista reconoce la existencia de reinos celestiales y los seres divinos que viven hay muy similar a qué personas asociaría con dioses o Dios. Sin embargo, debido a la ley fundamental de temporalidad estos seres están incluso sujeto a fallecer y ser renazca, todavía cogió por el ciclo de nacimiento y muerte y por consiguiente no tomado como un último refugio.
ဆက်လက်ဖတ်ရှုရန်

INTRODUCTION TO INSIGHT MEDITATION 5

Cultivating the Heart

Cultivating good-will (metta) gives another dimension to the practice of Insight. Meditation naturally teaches patience and tolerance, or least it shows the importance of these qualities. So you may well wish to develop a more friendly and caring attitude towards yourself and other people. In meditation, you can cultivate goodwill very realistically.

Focus attention on the breath, which you will now be using as the means of spreading kindness and good-will. Begin with yourself, with your body. Visualise the breath as a light, or see your awareness as being a warm ray, and gradually sweep it over your body. Lightly focus your attention on the centre of the chest, around the heart region. As you breathe in, direct patient kindness towards yourself, perhaps with the thought, 'May I be well', or 'Peace'. As you breathe out, let the mood of that thought, or the awareness of light, spread outwards from the heart, through the body, through the mind, and beyond yourself. 'May others be well'.

If you are experiencing negative states of mind, breathe in the qualities of tolerance and forgiveness. Visualising the breath as having a healing colour may be helpful. On the out-breath, let go-of any stress, worry or negativity - and extend the sense of release through the body, the mind, and beyond, as before.

This practice can form all or part of a period of meditation - you have to judge for yourself what is appropriate. The calming effect of meditating with a kindly attitude is good for beginning a sitting, but there will no doubt be times to use this approach for periods, to go deeply into the heart.

Always begin with what you are aware of, even if it seems trivial or confused. Let your rest calmly on that - whether it's boredom, an aching knee, or the frustration of not feeling particularly kindly. Allow these to be; practise being at peace with them. Recognise and gently put aside any tendencies towards laziness, doubt or guilt.

ဆက်လက်ဖတ်ရှုရန်

ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၁)

မဟာစည် နာယက
ပဲနွယ်ကုန်း ဆရာတော်
ဘဒ္ဒန္တ စန္ဒာဝရ


တရားရှုမှတ်ခါနီး
စတုရာရက္ခ ဘာဝနာ (၄)မျိုး ပွားများရန်

၁။ အရဟံစသား ဂုဏ်ကိုးပါးနှင့်
ထင်ရှားစုံစွာ မြတ်ဗုဒ္ဓါ
ကောင်းစွာရှိခိုးပါ၏ ဘုရား။
(ဗုဒ္ဓါနုဿတိ ဘာဝနာ)

၂။ အားလုံးသတ္တ၀ါ ဘေးရန်ကွာ
ချမ်းသာကြစေသား။
(မေတ္တာဘာဝနာ)

၃။ ငါ၏ကိုယ်မှာရှိနေတာ
ရွံရှာဖွယ်ချည်းပါတကား။
(အသုဘ ဘာဝနာ)

၎။ ငါသည်မုချ တစ်နေ့ ကျ
သေရမှာပါ တကား။
(မရဏဿတိ ဘာဝနာ)

  • ငါ၏ရုပ်နာမ် ဘုရားထံ အပ်နှံလှူဒါန်းပါ၏ ဘုရား။


ဆက်လက်ဖတ်ရှုရန်

Sayadaw U Jotika talk: Tuesday 12th Jan 2010

Sayadaw U Jotika will be giving a public talk on Tuesday January 12th 2010 at Bodhgaya Hall.

Sayadaw U Jotika is well known in Bangkok, and has been an inspiration for thousands worldwide. Several books of his are available (and can be obtained at the dhamma talk in January) such as Map of the Journey, and Snow in the Summer, as well as the newest one My Mind is My Friend.

Previously living in the US Sayadaw is known worldwide, and hugely respected. He has excellent English, though the talk on the 12th will be translated into Thai also. Don’t miss this event if you can at all take the time off on Tuesday!!. Also, we expect the hall to be filled to capacity, so arrive well in time to be sure of a seat. It is very easy to get to, being close to Chit Lom BTS STation (see below for maps/directions)

Dhamma Talk

With Sayadaw U Jotika

‘Eight Worldly Winds’

Tuesday 12th January 2010

at Bodhgaya Hall, Amarin Tower

6:30 – 8:30 pm

Event is free of charge, and no need for advance booking (be early to ensure a seat though)

See here for previous blogs on Sayadaw’s talks in Bangkok, including an MP3 of his previous talk

Sayadaw U Jotika: Born into a non-Buddhist family in Moulmein, Myanmar (Burma) on August 5, 1947. His parents were U Sattar and Daw Tin. He received his basic education at a Roman Catholic missionary school. During his younger days, he didn’t believe in any organized religion although he studied and exposed himself to many different religions, as well as western philosophy and psychology.

He graduated as an Electrical Engineer in 1973 from Rangoon Institute of Technology. He became very interested in Buddhist meditation. He discovered that life was unsatisfactory and majority of the people devoted their precious time mainly in gathering wealth, enjoying sensual pleasures, fame, power and position.

Thus, he decided to leave behind his family and became a “Samenera” (Novice) at the age of 26. He was ordained as a “Samgha” in 1974 at Taung Pu Lu Tawya, Meiktila with Ven. Taung Pu Lu Sayadaw as his preceptor. He practiced meditation under the guidance of the late Ven. Taung Pu Lu Sayadaw for (3) years. He continued to practice meditation with Htantabin Tawya Sayadaw for (15) years.

Ven. Jotika visited Melbourne in 1977 and again in 1998. He was in the United States in 1983-84 for about (16) months, conducting Dhamma talks in Santa Cruz, New York, Boston and Washington. He had visited Singapore several times on Dhamma Duta missions as well.

He has established a monastery in a rural environment overlooking a great lake near Pago, (50) miles north of Yangon. His Dhamma talks and books are in great demand in Myanmar as well as with overseas Burmese. He has published about (13) titles so far. One of his popular Dhamma book in English is “Snow in the Summer”

Directions:

Bodhgaya Hall is in the offices of DMG Books, and is used regularly by a large Thai group of meditators. It is an excellent facility, and very convenient on the skytrain line, Chit Lom Station. The Thai group meets there every Tuesday and Wednesday.

The address is Amarin Plaza, Level 22, 496-502 Ploenchit Road, Lumpini, Pathumwan, Bangkok 10330

Get out at Chit Lom Skytrain Station, and walk or take the lift (‘elevator’ to Americans) down to the ground floor of the Amarin Tower. From the ground floor, take the lift up to the 22nd floor. DMG is on the right hand side on the 22nd floor, and there is a nice coffee shop there, so you can arrive early for events and meet some of the regulars.

You cannot get up to the 22nd floor via the lift in the Amarin plaza itself. You must go to the lifts on the ground floor, to access the office block above the Amarin Plaza.

Click images below for larger versions

Or you can click the images below for an aerial view, or a skytrain map

bodhgaya Hall, Amarin Plaza Tower, Google earth image

Wide area Skytrain map

Ground floor Entrance to Amarin Tower - For Bodhgaya Hall

(Little Bang မှ ထပ်ဆင့်ကူးယူဖြန့် ဝေပါသည်။)


ဆက်လက်ဖတ်ရှုရန်

Friday, December 25, 2009

ရွှေရတု သြ၀ါဒကထာ

လောကမှာ ပုဂ္ဂိုလ် နှစ်မျိုးရှိတယ်၊ တစ်မျိုးက အဆိုးမြင်သမား၊ နောက်တစ်မျိုးက အကောင်း မြင်သမား။

အဆိုးမြင်သမားက မြင်သမျှ ကြားသမျှကို အဆိုးဘက်ကချည်း ရှုမြင်သုံးသပ်တယ်။ ကောင်းတာလေး ရှိတာကိုတောင်မှ လျှော့ပေါ့စဉ်းစားတယ် ၊ တစ်ဘက်က သူတစ်ပါးကို အဆိုးမြင် သလောက် မိမိဘက်ကျတော့ အကောင်းမြင်တတ်တယ်။ သူတစ်ပါး ဘယ်လောက်တော်တော် ငါ့လောက် မတော်သေးပါဘူးဆိုတဲ့ စိတ်ဓာတ် ရှိနေပါတယ်။ ဒါကို စာက ပရ၀မ္ဘန အတ္တုက္ကံသန လို့ ခေါ်တယ်။ သူတစ်ပါးကို အပြစ်မြင် အကောင်းမထင်တဲ့ သူရဲ့ရင်ထဲမှာ ဘာတွေ ရှိနေမယ်ဆိုတာ စဉ်းစား ကြည့်ပါ။ ငါဆိုတဲ့ အတ္တ ၊ ထောင်လွှားတဲ့ မာန၊ အပြစ်ကို ရှုမြင်တဲ့ ဒေါသတရားတွေ ကိန်းနေမှာ အမှန်ပဲ။

အတ္တ၊ မာန ၊ ဒေါသ တရားတွေ လွှမ်းမိုးနေရင် သူ့ရဲ့အပေါင်းအသင်း အကုသိုလ် စေတသိတ် တွေ အင်နဲ့ အားနဲ့ အလုံးအရင်း တပ်ချီစွဲတော့မယ်။ အတ္တ မာန ဒေါသ တွေဟာ ရှေ့ပြေး ကင်းတွေပဲ။ အဲဒါ သတိရှိဘို့ လိုတယ်။

နောက်တစ်မျိုးက အကောင်းမြင်သမား။

သူက မြင်သမျှ ကြားသမျှ တွေ့ ထိခံစား သမျှကို ကောင်းတဲ့ဘက် ဆွဲယူ တွေးတောတယ်။ မကောင်းတာတွေ အမှားတွေ တွေ့နေတာ တောင်မှ ခွင့်လွှတ် သည်းခံတတ်တယ်။ ဖြည့်ပြီးမြင်တတ်၊ တွေးတတ်တယ်၊ သူ့ရဲ့ သန္တာန်မှာ မိမိကိုယ်ကို ချီးပင့်တတ်တဲ့ အတ္တုက္ကံသန၊ သူတစ်ပါးကို ရှုတ်ချတတ် တဲ့ ပရ၀မ္ဘန မရှိဘူး။

ခွင့်လွတ် သည်းခံတယ်၊ကောင်းတဲ့ဘက်ကို ဖြည့်ပြီးမြင်တယ်၊ တွေးတယ်ဆိုတာ ဘာစိတ်လဲ၊ အဒေါသစိတ်၊ မေတ္တာစိတ်၊ သူ့  သန္တာန်မှာ ကိုယ်ချင်းစာစိတ်ရှိတယ်။ ဒီတော့ ကုသိုလ်ဖြစ်မလား ၊ အကုသိုလ်ဖြစ်မလား၊ တွေးကြည့် သိသာတယ်။

ဒီလို ခွင့်လွှတ်သည်းခံတတ်လို့ မေတ္တာထားလို့ ကိုယ်ချင်းစာလို့ သူ့ကို လူပျော့ လူညံ့လို့ မထင်နဲ့ ၊ အကောင်း အဆိုး သူသိနေတယ်။ လူပျော့ လူညံ့က ဘာမှ မသိတာ။ မောဟသမား။ သူများ ပြောတိုင်း ခေါင်းညိမ့်ပြီး နောက်ယောင်ခံနေတာ၊ ကောင်း ဆိုး နှစ်တန် မဝေဘန်နိုင်တာ။

ကဏန်း၊ ပုတ်သင်၊ ကိုင်းပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအ၊ ဤခြောက်ဝ အနာယက ဂုဏ်အင်္ဂါ ဆိုတဲ့ အထဲမှာ ပုတ်သင်လို ခေါင်းညိမ့်ပြီး၊ ကိုင်းပင်လို ယိမ်းတတ်တဲ့ ပုဂ္ဂိုလ်မျိုး။ အဆိုးမြင် အပြစ်မြင်တတ်သူရဲ့ ရှေ့ရေးကို တွေးကြည့်၊ ကောင်းစရာ မရှိဘူး။ အတ္တ၊ မာန၊ ဒေါသတွေ လွှမ်းနေတယ်။

မဝေဘန် မပိုင်းခြားနိုင်သူကကော၊ မောဟ ဖိစီးခံရသူ။ ဒီတော့ စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ လို့ ဘုရားဟောတယ် မဟုတ်လား။ ကောင်းစေတနာ မဟုတ်တော့ ကောင်းကံတွေ မလာတော့ ဘူးပေါ့။

ကောင်း ဆိုး နှစ်တန်ကို သိတယ်။ အပြစ် မမြင်၊ အပြစ် မတင်တတ်ဘဲ ခွင့်လွှတ်တတ်၊ ဖြည့် မြင်တတ်သူက အဒေါသ သမား၊ အကောင်းမြင်ဝါဒ ရှိသူ။

ထိုပုဂ္ဂိုလ် မိမိ ကိုယ်နှင့် နှိုင်းစာကြည့်တယ်၊ မိမိကိုယ်ကို ပြန်သုံးသပ်တယ်၊ အရေးကြီးတာက အဲဒါပဲ။ ငါဘယ်လို ပုဂ္ဂိုလ်မျိုးလဲ ဆိုတာ သိဘို့ လိုတယ်။ ငါဟာ ရဟန်းလား၊ သာမဏေလား၊ အမျိုးသားလား၊ အမျိုးသမီးလား၊ ဆရာလား၊ တပည့်လား စသည်ပေါ့။

မိမိကိုယ်ကို သတိရှိနေရင် အမှားအယွင်းသိပ်မဖြစ်နိုင်ဘူး။ ရဟန်းဟာ ရဟန်းဆိုတဲ့ အသိ ရှိရင်၊ သာသနာ စိတ်ရှိတယ်လို့ ခေါ်တယ်။ ရဟန်းဖြစ်ပြီး ရဟန်းအသိမှ မရှိရင် ကျန်တာတွေ အတူတူ ဖြစ်သွားမယ်။ ရဟန်းဟာ ရဟန်း သတိ၊ အမျိုးသမီးဟာ အမျိုးသမီး ဆိုတဲ့ သတိရှိမှ ကောင်းတာ။

ဘုရားကလည်း ဟောထားတာပဲ။

ပရ၀ဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။

အာသ၀ါ တဿ ၀ဎန္တိ ၊ အာရာ သော အာသ၀က္ခယာ ။

သူတစ်ပါးကို အပြစ်မရှာပါနဲ့၊ မိမိကိုယ်ကို ဆင်ခြင်ပါ။ သူတစ်ပါး အပြစ် ရှာတတ်သူဟာ နိဗ္ဗာန် မပြောနဲ့ ပစ္စက္ခမှာပင် ဆုတ်ယုတ်တယ်။ ဒါကြောင့် အကောင်းမြင်သမား ဖြစ်အောင် ကြိုးစားကြပါစို့ လို့ သြ၀ါဒစကား မိန့်ကြားလိုက်ပါတယ်။

ကန်ဦးဇေတ၀န်ဆရာတော်

ဘဒ္ဒန္တ နန္ဒသာမီဘိဝံသ

အဂ္ဂမဟာပဏ္ဍိတ


(တပည့်တော်အား တွေ့ တိုင်း ကရုဏာစေတနာဖြင့် အမြဲတမ်း ဆူဆဲဆုံးမတတ်တဲ့ ဆရာတော်ဘုရားရဲ့  ဂုဏ်ကျေးဇူးတော်များကို အာရုံပြုကြည်ညိုရင်း ဤအဆုံးအမစာစုကို မေတ္တာဥယျာဉ် ဆိုဒ်မှ ထပ်ဆင့်ကူးယူ ပူဇော်ဖော်ပြပါသည်။)


ဆက်လက်ဖတ်ရှုရန်

Monday, December 21, 2009

ကျမသိပါပြီ (ဒေါက်တာ ဒေါ်သင်းသင်း)

ကျမသိပါပြီ


နံနက်(၆)နာရီတွင် အိမ်မှထွက်ခဲ့ကြသည်။ အမေပြန်မည့်နေ့ မို့  လေယာဉ်ကွင်းသို့  စောစော ထွက်ခဲ့ကြခြင်းဖြစ်၏။ လေယာဉ်သုံးစီး ရှေ့ ဆင့်နောက်ဆင့် ထွက်ကြမည်ဖြစ်သဖြင့် လေယာဉ် ကွင်းတွင် ခရီးသည်များ ပစ္စည်းများနှင့် လိုက်ပို့ ကြသူများ ကြက်ပျံမကျ စည်ကားလျက်ရှိ၏။ ကောင်တာတွင်နေစရာမရှိအောင် ပစ္စည်းများ လူများဖြင့် ရှုတ်ရှက်ခက်နေသဖြင့် ကျမသည် ခုံလွတ်တစ်နေရာတွင် ဝင်ထိုင်ကာ စာဖတ်နေမိသည်။ ဒေါ်ကြီးတစ်ယောက်လုံး ရှိနေသဖြင့် ပစ္စည်းချိန်ရန် ကျမမှာ စိတ်ချနေ၏။

အမေပြန်သွားပြီး သုံးလေးရက်ကြာလျင် မောင်လေးဆီကို အမေ့စာရောက်လာသည်။ ကျမသည် ဝတ္တရားမကျေကြောင်း၊ လေယာဉ်ကွင်းတွင် သူ့ ကိုလျစ်လျှူရှုပြီး စာအုပ်သာတွင်တွင်ဖတ်နေ ကြောင်း မကျေမနပ်စာရေးလာသည်။ အမေ့အမြင်ကတော့ ဟုတ်ပေလိမ့်မည်။ သို့ သော်... ကျမက တမင်တကာ လျစ်လျူရှုသည်တော့မဟုတ်။

လူ့ စိတ်သဘာဝသည် အပြင်လောကတွင် အလွန်ကျက်စားလိုသည်။ အမှန်တော့ ကျမအမေ သည် သူ၏စိတ်ချမ်းသာမှု လုံခြုံမှုကု သမီးဖြစ်သူကျမဆီက ရှာနေခြင်းပင်ဖြစ်၏။ သူများဆီကရ သော စိတ်ချမ်းသာမှုသည် ရသည့်အခါရ၍ မရသည့်အခါမရ ဖြစ်တတ်သဖြင့် မရသည့်အခါတွင် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်လေသည်။ ဟိုသူက ဝတ္တရားမကျေတာ၊ သည်သူကတာဝန်မသိတာ စသည်ဖြင့် ပတ်ဝန်းကျင်ကိုချည်း အပြစ်မြင်လေသည်။

ကျမကိုယ်တိုင်ကလည်း အမေ့ဆီတွင် လုံခြုံမှုကိုရှာခဲ့သည်။ ရသည့်အခါရသလို မရသည့်အခါမရခဲ့ပါ။ အမေ မကျေနပ်သလို ကျမလည်း မကျေမနပ်ဖြစ်ခဲ့သည်။ အမေ့တွင်သာမက ပတ်ဝန်းကျင် အနှံ့ ကိုလည်း ကိုးကွယ်ရာရှာခဲ့ပါသည်။

ကျမတွင် ရှေ့ သိနောက်သိ သိနိုင်သော အဒေါ်တစ်ယောက်ရှိပါသည်။ သူနှင့်တွေ့ ရလျင် ကျမအလွန်စိတ်ချမ်းသာသည်။ ကျမကိုလည်း နားလည်သည်ကတစ်ကြောင်း ကျမသိလိုသော ရှေ့ ဖြစ်နောက်ဖြစ်များကိုလည်း သူ့ ကိုမေးနိုင်သည်ကတစ်ကြောင်း ကြောင့်ပင်ဖြစ်သည်။ သူ့  ကိုမေးရသည်မှာ ကြာတော့ အားမရဖြစ်လာသည်။ ကျမတွင်လည်း ဤသတ္တိမျိုး ရှိလာနိုင်သည် ဟုပြောသည်။ သို့ ဖြင့်ကိုယ့်ဘာသာကိုယ် ရှာခဲ့သည်။ တွေ့ သင့်သလောက်တော့ တွေ့ ခဲ့သည်။ သို့ သော် မလိုလားအပ်သော စိတ်အလေ့အကျင့်များ ပါလာပြန်သည်။ ဒွိဟစိတ်များနှင့် မိမိစိတ် ကိုမိမိ ဆုံးမဖြတ်နိုင်သော မလုံခြုံမှုများပင်ဖြစ်၏။ ကြာတော့မဖြစ်ချေဟူ၍ သည်ဘက်ကို လက်လွှတ်လိုက်ရသည်။

တခါ မိတ်ဆွေများထံတွင် လုံခြုံမှုကိုရှာမိပြန်သည်။ အမေ့ဆီကမရသော လုံခြုံမှုကို အမေနှင့်အမ နှင့်တူသော လူများဆီကရလေမလားဟု မျှော်လင့်မိသည်။ အမေ့လိုပင် ရသည့်အခါရ၍ မရ သည့်အခါမရသည်ကို တွေ့ လာရပြန်သည်။ ပတ်ဝန်းကျင်အမျိုးမျိုးတွင် ရှာမှုအမျိုးမျိုးဖြင့်ရှာခဲ့ သည်။ ဘယ်နေရာရှာရှာ တွေ့ သည်ကတစ်မျိုးတည်းပင်။ (ရသည့်အခါရ၍ မရသည့်အခါ မရ)။ သို့ ကြောင့် အသိတစ်ခုတော့ရလာသည်။ (ပတ်ဝန်းကျင်ဆိုသည်မှာ မိမိအချိန်ပြည့် စိတ်အားကိုး ၍မရ။ မိမိကိုယ်တိုင်က ပတ်ဝန်းကျင်ကို အချိန်ပြည့် အားကိုးမှုမပေးနိုင်သလို ပတ်ဝန်းကျင်က လည်း မိမိကို အချိန်ပြည့် လုံခြုံမှု စိတ်ချမ်းသာမှု မပေးနိုင်ဆိုသော အသိပင်ဖြစ်၏။)

နောက်ဆုံးရှာစရာ တစ်နေရာသာကျန်တော့သည်။ တရားဓမ္မသာ ကိုးကွယ်ရာဟု ဆိုစမြဲအတိုင်း တရားဓမ္မ၌ ကိုးကွယ်ရာရှာရန် အားထုတ်ခဲ့သည်။ စာပေကျမ်းဂန်များ သင်ဆရာမြင်ဆရာများဆီ မှ လေ့လာဆည်းပူးခဲ့သည်။ ကိုယ်တိုင်လည်းအနည်းအကျဉ်း တရားအားထုတ်ခြင်းပြုခဲ့သည်။ အားထုတ်သည့်အချိန် လေ့လာနေသည့်အချိန်တွင်တော့ ငြိမ်းချမ်းမှုကို အတော်ကလေးရသည်။ သို့ သော်...လောကဓံနှင့် ရင်ဆိုင်တိုးမိတိုင်း တိုးမိတိုင်း ရှာထားသောတရားများသည်လည်း ဘယ်ဆီရောက်ကုန်မှန်းမသိတော့။ လမ်းကုန်နေသဖြင့် နောက်ဆုံးလုပ်စရာ တစ်ခုသာကျန်တော့ သည်။

အမှန်တော့ ကျမဟာ အင်မတန်နုံတဲ့ လူတစ်ယောက်ပါ။ ကိုယ့်ကိုကိုယ်နုံမှန်း အခုမှဘဲ သိတော့တယ်။ ပညာတွေတတ်ပြီး တရားကလေးဘာလေး နည်းနည်းပါးပါးသိတာနဲ့  ကိုယ့်ကိုကိုယ် ဟုတ်လှပြီ အောင်းမေ့နေတာ။ အခြောက်တိုက် ဘဝင်မြင့်နေတာ။ တကယ်စင်စစ်တော့ ကျမဟာ သူတောင်းစားနှင့် ဘာမှမခြားခဲ့ပါဘူး။ သူများဆီလိုက်ပြီး စိတ်ချမ်းသာမှုပေးကမ်းကြပါ၊ ဝေငှကြပါလို့  လိုက်တောင်းနေတာနှင့် အတူတူဘဲ။ တရားကိုလည်း ဒီလိုဘဲ သွားတောင်းတာဘဲ။ အမှန်တော့ တရားဟာ တရားဘဲ။ စိတ်ချမ်းသာမှုမှ မဟုတ်ဘဲ။ တရားမှာသွားတောင်းရင် တရားဘဲရမှာပေါ့။ စိတ်ချမ်းသာမှုတော့ ဘယ်ရပါ့မလဲ။ ဒါကို အခု ကျမ သဘောပေါက်ပါပြီ။ ဒါကြောင့် ကျမစိတ်ကိုကျမ ဒုန်းဒုန်းချလိုက်ပြီ။

ယခု ကျမ ကိုးကွယ်ရာ စိတ်ချမ်းသာစရာ ရပါပြီ။ ဘယ်လိုရသလဲ။ ဘယ်တုန်းကရသလဲလို့  မေးလျင် တစ်ခွန်းဘဲ ဖြေစရာရှိပါသည်။

ကျမ ကိုးကွယ်ရာ စိတ်ချမ်းသာရာကို မရှာတော့တဲ့နေ့ က စပြီး ကိုးကွယ်ရာ စိတ်ချမ်းသာရာ ရတာဘဲ။ ယခုကျမ သူတောင်းစား မဟုတ်တော့ပါဘူး။


ဒေါက်တာသင်းသင်း
၁၉၇၈ ခု၊ ဇန်နဝါရီလ

ဆက်လက်ဖတ်ရှုရန်

Saturday, December 19, 2009

INTRODUCTION TO INSIGHT MEDITATION 4

Lying Down

Reclining at the end of a day, spend a few minutes meditating while lying on one side. Keep the body quite straight and bend one arm up so that the hand acts as a support for the head. Sweep through the body, resting its stresses; or collect your attention on the breath, consciously putting aside memories of the day just past and expectations of tomorrow. In a few minutes, with your mind clear, you'll able to rest well.

(to be continued...)

INTRODUCTION TO INSIGHT MEDITATION (FROM 1 TO 3)


ဆက်လက်ဖတ်ရှုရန်

What is Buddhism? Part 5 (Spanish Version)

Renacimiento

El Buda recordó sus vidas pasadas. Hay hoy incluso monjes, monjas y otros que pueden recordar sus existencias anteriores. Tal una memoria fuerte es un resultado de meditación profunda y el entrenamiento mental. Para aquéllos que pueden revocar sus vidas pasadas, la idea de renacimiento se vuelve un hecho establecido que pone esta vida presente en una perspectiva significante.

La ley de kamma sólo puede entenderse totalmente en el armazón de muchos
vidas, porque a veces toma este largo para el kamma producir su fruta.

El renacimiento no está meramente limitado al reino humano. El Buda enseñó que el reino de seres humanos es pero uno entre muchos. Hay reinos de cielos, infiernos, animales y fantasmas además. Dependiendo del kamma uno ha aumentado, uno puede ser renazca en cualquiera de éstos. Entendiendo esto plantea un sentido de empatía y respeta para las vidas de todos los seres.

Porque ningún reino es permanente, el ciclo repetitivo de nacimiento y muerte y el vagar en del reino al reino es inherentemente el unsatisfying. En el futuro uno busca una manera. Siguiendo el Camino Ocho veces Noble a su culminación de esclarecimiento, el proceso de cesaciones del renacimiento completamente.
ဆက်လက်ဖတ်ရှုရန်

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၈)

တရား - စကား - အလကား

တရားအားထုတ်တဲ့အခါမှာ အဖော်မမှီး တစ်ကိုယ်တည်း ဇွဲကောင်းကောင်းနဲ့  ကျင့်ဆောင်ရတယ်၊ တစ်ယောက် တရား၊ နှစ်ယောက် စကား၊ သုံးယောက် အလကား၊ ဒီစကားကို အမြဲတမ်း မှတ်ထားရမယ်။

ဒီလို မဖြစ်ကြစေနဲ့ 

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ အားလုံး လိုချင်တာကနိဗ္ဗာန်၊ လုပ်နေတာက မနိပ်ပြန်။ ပြောတော့ တရား၊ လုပ်နေတာက မတရား၊ ဒီလို မဖြစ်ကြစေနဲ့ ။

တရားတွေ့ ဖို့ ရာ

တစ်ယောက်တည်းနေ၊ ဆိပ်ငြိမ်ရာ ချဉ်းကပ်၊ သတိလက်ကိုင်ထား၊ နိဗ္ဗာန်သို့ စိတ်ကို ညွတ်ပြီး ဇွဲကောင်းကောင်း နဲ့  ကြိုစားကြမယ်ဆိုရင် ယောဂီတွေ အားလုံး တရားတွေ့ ကြပါလိမ့်မယ်။

ဆက်လက်ဖတ်ရှုရန်

Friday, December 18, 2009

INTRODUCTION TO INSIGHT MEDITATION 3

Walking and Standing

Many meditation exercises, such as the above 'mindfulness of breathing', are practiced while sitting. However, walking is commonly alternated with sitting as a form for meditation. Apart from giving you different things to notice, it's a skillful way to energize the practice if the calming effect of sitting is making you dull.

If you have access to some open land, measure off about 25-30 paces' length of level ground (or a clearly defined pathway between two trees), as your meditation path. Stand at one end of the path, and compose your mind on the sensations of the body. First, let the attention rest on the feeling of the body standing upright, with the arms hanging naturally and the hands lightly clasped in front or behind. Allow the eyes to gaze at a point about three meters [10 feet] in front of you at ground level, thus avoiding visual distraction. Now, walk gently, at a deliberate but 'normal' pace, to the end of the path. Stop. Focus on the body standing for the period of a couple of breaths. Turn, and walk back again. While walking, be aware of the general flow of physical sensations, or more closely direct your attention to the feet. The exercise for the mind is to keep bringing its attention back to the sensation of the feet touching the ground, the spaces between each step, and the feelings of stopping and starting.

Of course, the mind will wander. So, it is important to cultivate patience, and the resolve to begin again. Adjust the pace to suit your state of mind - vigorous when drowsy or trapped in obsessive thought, firm but gentle when restless and impatient. At the end of the path, stop; breathe in and out; 'let go' of any restlessness, worry, calm, bliss, memories or opinions about yourself. The 'inner chatter' may stop momentarily, or fade out. Begin again. In this way you continually refresh the mind, and allow it to settle at its own rate.

In more confined spaces, alter the length of the path to suit what is available. Alternatively, you can circumambulate a room, pausing after each circumambulation for a few moments of standing. This period of standing can be extended to several minutes, using 'body sweeping'.

Walking brings energy and fluidity into the practice, so keep your pace steady and just let changing conditions pass through the mind. Rather than expecting the mind to be as still as it might be while sitting, contemplate the flow of phenomena. It is remarkable how many times we can become engrossed in a train of thought - arriving at the end of the path and 'coming to' with a start! - but is natural for our untrained minds to become absorbed in thoughts and moods. So instead of giving into impatience, learn how to let go, and begin again. A sense of ease and calm may then arise, allowing the mind to become open and clear in a natural, unforced way.

(to be continued...)

INTRODUCTION TO INSIGHT MEDITATION 1 AND 2
ဆက်လက်ဖတ်ရှုရန်

ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီး၏ ပကိဏ္ဏက နမက္ကာရ ဘုရားရှိခိုးကြီး

kyeethae



(အမ မသစ္စာအလင်း (www.thitsaralin.com) ၏ ဓမ္မဒါနကို ထပ်ဆင့်မျှဝေပါသည်။)
ဆက်လက်ဖတ်ရှုရန်

Thursday, December 17, 2009

ဝိပဿနာဘုံသွား ဉာဏ်လှေခါးကျမ်း (သံလျင်တောရ ဓမ္မ၀ါဒီဆရာတော်)

နမော ရဟနတ္တယဿ
ဝိပဿနာဘုံသွား - ဉာဏ်လှေခါးကျမ်း
ပဏာမနှင့် အာသီသ
၁။ ဉာဏ်တော်သခင်၊ ဘုရားရှင်၊ ဦးတင်ညွတ်တွားပေ၊
၂။ ယောဂီအများ၊ ဉာဏ်လှေခါး၊ ထိပ်ဖျားတက်နိုင်စေ၊
၃။ ကိလေသာယုတ်၊ ဉာဏ်ဒါးခုတ်၊ ပြုတ်ပြုတ်ပြုန်းအောင်ချွေ၊
၎။ ဖြစ်-ပျက် ၂ ဖြာ၊ ချုပ်ဆုံးရာ၊ ပေါ်လာနိဗ္ဗာန်ပေ၊
၅။ နိဗ္ဗာနဓာတ်၊ ဧငြိမ်းရပ်၊ ဖိုလ်ကပ်ပျော်နိုင်စေ။
------------------------------
ပဌမပိုင်း
လှေခါး
လိုရာအဆင့်သို့ ဖြစ်စေ၊ အမြင့်သို့ ဖြစ်စေ၊ တက်ရောက်နိုင်ရန် အသုံးပြုကြသော နင်းစရာ အထစ်-အဆစ်-အဖု-အခွက်-အထုံး စသည် တခုခုကို ”လှေခါး” ဟု ခေါ်ကြသည်။
ဤလှေခါး၏အသုံးမှာ အမြင့်ခရီးအတွက် အားပြုသွားစရာ ဓမ္မတာလက်နက် တမျိုးပင်ဖြစ်တော့သည်။ မည်သူမဆို အမြင့်တက်ချင်လျင် လှေခါးတမျိုးမျိုးကို မရှောင်သာ သုံးစွဲနေကြရတော့သည်။ ယင်းလှေခါးတမျိုးမျိုးမပါဘဲ အမြင့်သို့ တက်နိုင်သည်ဟု ထုံးစံမရှိတော့ပေ။
လှေခါးအမျိုးမျိုး
အမြင့်သို့ တက်ရန် အသုံးပြုကြသော လှေခါးတို့ မှာ အမျိုးမျိုးရှိနေကြသည်။ ၄င်းတို့ ကား -
၁။ ၀ါး-သစ်သား-သံ-ကြိုး စသော လှေခါးတမျိုး
၂။ ငုတ်-အဖု-အထစ်-ချိုင့်စသော လှေခါးတမျိုး
၃။ လျှပ်စစ်ဓါတ်လှေခါး တမျိုး၊
၎။ ငွေ-ရွှေစသော ရတနာ လှေခါး တမျိုး၊
၅။ လူလှေခါး၊ စကားလှေခါး၊ စိတ်လှေခါး တမျိုး၊
၆။ ရေ လှေခါး၊ လေ လှေခါး၊ စက်လှေခါး တမျိုး၊
၇။ အလေ့အကျင့် လှေခါး တမျိုး၊
၈။ ကံ လှေခါး၊ ပါရမီ လှေခါး တမျိုး၊
၉။ ဈာန် လှေခါး၊ ဉာဏ်လှေခါး တမျိုး ဟု လိုရာအမြင့်နှင့် အဆင့်သို့ လည်းကောင်း ခရီးသို့ လည်းကောင်း ရောက်နိုင်ရန် တွယ်စရာ၊ နင်းစရာ လှေခါးအမျိုးမျိုး ရှိနေကြသည်။
ပုံစံများ
၁။ အိမ်၊ ကျောင်း စသည်တို့ ၌ သစ်သားလှေခါး၊ သံလှေခါးတို့ နှင့် တက်ကြသည်။
၂။ ထန်းပင်၊ ဘုရားရွှေချ စသည်တို့ ၌ ကြိုး၊ ၀ါး၊ ငြမ်းလှေခါးတို့ နှင့် တက်ကြသည်။
၃။ တောင် နံရံ၊ သစ်ပင်ကြီး စသည်တို့ ၌ ငုတ်-အဖု-အထစ်-ချိုင့် စသော လှေခါးမျိုးဖြင့် တက်ကြသည်။
၎။ ဆေးရုံနှင့် မြင့်သော အဆောက်အအုံကြီးတို့ ၌ လျှပ်စစ်လှေခါးမျိုးဖြင့် တက်ကြသည်။
၅။ စီးပွားမှု၊ ရောင်းဝယ်မှု စသည်တို့ ၌ ငွေ၊ ရွှေစသော ရတနာလှေခါးမျိုးဖြင့် တက်ကြသည်။
၆။ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လွန်ဆွဲရေး-ပွဲကရေး စသည်တို့ ၌ လူလှေခါးမျိုးနှင့် တက်ကြသည်။
၇။ နှုတ်ရည်ပြိုင်ပွဲပြမှု၊ ၂ ပြည်ထောင် စာချုပ်မှု၊ ရှေ့ နေရှေ့ ရပ်လုပ်မှု၊ စသော အမှုမျိုးတို့ ၌ နှုတ်လှေခါးမျိုးနှင့် တက်ကြသည်။
၈။ တခုခုဖန်တီးရန် တွေးတောမှု၊ ကြံဆမှုများ၌ စိတ်လှေခါးမျိုးဖြင့် တက်ကြသည်။
၉။ လှေ-သမ္ဗန်စသည်တို့ ဖြင့် ရှေ့ သို့ တိုးတက်စေရာတို့ ၌ ရေလှေခါး လေ လှေခါးမျိုးဖြင့် တက်ကြသည်။
၁၀။ ကား-ရထား-သင်္ဘော-လေယာဉ်ပျံ-ဒုံးပျံစသည်တို့ ဖြင့် တိုးတက်ကြရာ၌ စက်လှေခါးဖြင့် တက်ကြသည်။
၁၁။ အသားဆိုင်ထွားကြိုင်းမှု၊ ကိုယ်လက်ကြံ့ခိုင်မှု၊ ကြိုးတန်းပေါ်လျှောက်နိုင်မှု၊ ဘီးတစ်ခုတည်းရှိ စက်ဘီးမျိုးစီးပြနိုင်မှု စသည်တို့ မှာ အလေ့အကျင့်လှေခါးမျိုးဖြင့် တက်ကြသည်။
၁၂။ အမျိုးမြင့်မြတ်မှု၊ အဆင်းလှမှု၊ အသံသာယာမှု၊ ဗလအမျိုးမျိုး ပြည့်စုံမှုတို့ မှာ ကံလှေခါးမျိုးဖြင့် တက်ကြသည်။
၁၃။ စကြာမင်းအဖြစ်၊ စကြာဒေ၀ီအဖြစ်၊ လက်ဝဲရာမ် အဖြစ်၊ လက်ျာရာမ်အဖြစ်၊ ပစ္စေကဗုဒ္ဓါအဖြစ်၊ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်တို့ သို့  တက်ရောက်ကြရာမှာ ပါရမီလှေခါးမျိုးဖြင့် တက်ကြသည်။
၁၄။ ကောင်းကင်ပျံနိုင်မှု၊ မြေလျှိုးနိုင်မှု စသည်တို့ မှာ ဈာန်လှေခါး၊ အဘိညာဏ်လှေခါးမျိုးဖြင့် တက်ကြသည်။
၁၅။ အသိမှန်ရမှု ရုပ်လောက၊ နာမ်လောကတို့ ကို ထွင်းဖောက်မြင်နိုင်မှု၊ လောကနယ်ကို အစုံအလင်သိမှု- လောကုတ္တရာနယ်ကို အစုံအလင်သိမှုရနိုင်ရေးမှာ ဉာဏ်လှေခါးမျိုးဖြင့်သာ တက်ကြသည်။ ယခုအသုံးပြုမည့် လှေခါးမှာလည်း ဉာဏ်လှေခါး မျိုးသာ ဖြစ်တော့သည်။
ဉာဏ်အမျိုးမျိုး၊ ဉာဏ်စခန်းအမျိုးမျိုး၊ ဉာဏ်နှင့်တက်လှမ်းရသော အဆင့်အမျိုးမျိုးရှိပြန်၍ ဉာဏ်လှေခါးတို့ မှာလည်း အမျိုးမျိုးပင် ရှိနေကြပြန်သည်။ ၄င်းတို့ မှာ-
၁။ ပရိယတ္တိနယ်သို့  တက်လှမ်းသော ဉာဏ်လှေခါးမျိုး
၂။ ဒါနကထာနှင့်စပ်သော ဉာဏ်လှေခါးမျိုး
၃။ သီလကထာနှင့်စပ်သော ဉာဏ်လှေခါးမျိုး
၎။ သဂ္ဂကထာနှင့်စပ်သော ဉာဏ်လှေခါးမျိုး
၅။ ကာမာဒီန၀ကထာနှင့် စပ်သော ဉာဏ်လှေခါးမျိုး၊
၆။ မဂ္ဂကထာနှင့်စပ်သော ဉာဏ်လှေခါးမျိုး၊
၇။ စိန္တာမယဉာဏ်နှင့်စပ်သော ဉာဏ်လှေခါးမျိုး၊
၈။ သုတမယဉာဏ်နှင့်စပ်သော ဉာဏ်လှေခါးမျိုး၊
၉။ ဘာဝနာမယဉာဏ်နှင့်စပ်သော ဉာဏ်လှေခါးမျိုး၊
၁၀။ ဈာန်အဆင့်ဆင့်တက်လှမ်းသော ဉာဏ်လှေခါးမျိုး၊
၁၁။ အသိဉာဏ်အဆင့်ဆင့်တက်လှမ်းသော ဉာဏ်လှေခါးမျိုး၊
၁၂။ ပစ္စဝေက္ခဏာ ဉာဏ်လှေခါးမျိုး၊
၁၃။ သမာပတ္တိဉာဏ်လှေခါးမျိုး စသည်ဖြင့် များစွာရှိနေရာ ဤနေရာအတွက် (သာဝက-သာဓာရဏ ဉာဏ်လှေခါး ၆၇မျိုး) ထဲမှ ခွဲထုတ်၍ ပြပါအံ့။

(ဆက်လက်ဖော်ပြပါမည်။)

ဆက်လက်ဖတ်ရှုရန်

INTRODUCTION TO INSIGHT MEDITATION 2

SUSTAINING ATTENTION

Sitting

Time and Place
Focusing the mind on the body can be readily accomplished while sitting. You need to find a time and a place which affords you calm and freedom from disturbance.

A quiet room with not much in it to distract the mind is ideal; a setting with light and space has a brightening and clearing effect, while a cluttered and gloomy room has just the opposite. Timing is also important, particularly as most people's days are quite structured with routines. It is not especially productive to meditate when you have something else to do, or when you're pressed for time. It's better to set aside a period - say, in the early morning or in the evening after work -when you can really give your full attention to the practice. Begin with fifteen minutes or so. Practice sincerely with the limitations of time and available energy, and avoid becoming mechanical about the routine. Meditation practice, supported by genuine willingness to investigate and make peace with oneself, will develop naturally in terms of duration and skill.

Awareness of the Body
The development of calm is aided by stability, and by a steady but peaceful effort. If you can't feel settled, there's no peacefulness; if there's no sense of application, you tend to day-dream. One of the most effective postures for the cultivation of the proper combination of stillness and energy is sitting.

Use a posture that will keep your back straight without strain. A simple upright chair may be helpful, or you may be able to use one of the lotus postures. (Illustrations and notes on posture are given at the back of this booklet.) These look awkward at first, but in time they provide a unique balance of gentle firmness that gladdens the mind without tiring the body.

If the chin is tilted very slightly down this will help, but do not allow the head to loll forward as this encourages drowsiness. Place the hands on your lap, palms upward, one gently resting on the other with the thumb-tips touching. Take your time, and get the right balance.

Now, collect your attention, and begin to move it slowly down your body. Notice the sensations. Relax any tensions, particularly in the face, neck, and hands. Allow the eyelids to close or half close.

Investigate how you are feeling. Expectant or tense? Then relax your attention a little. With this, the mind will probably calm down, and you may find some thoughts drifting in - reflections, daydreams, memories, or doubts about whether you are doing it right! Instead of following or contending with these thought patterns, bring more attention to the body, which is a useful anchor for a wandering mind.

Cultivate a spirit of inquiry in your meditation attitude. Take your time. Move your attention, for example, systematically from the crown of the head down over the whole body. Notice the different sensations- such as warmth, pulsing, numbness, and sensitivity - in the joints of each finger, the moisture of the palms, and the pulse in the wrist. Even areas that may have no particular sensation, such as the forearms or the earlobes, can be 'swept over' in an attentive way. Notice how even the lack of sensation is something the mind can be aware of. This constant and sustained investigation is called mindfulness (sati) and is one of the primary tools of Insight Meditation.

Mindfulness of Breathing (anapanasati)
Instead of 'body sweeping', or after a preliminary period of this practice, mindfulness can be developed through attention on the breath.

First, follow the sensation of your ordinary breath as it flows in through the nostrils and fills the chest and abdomen. Then try maintaining your attention at one point, either at the diaphragm or - a more refined location - at the nostrils Breath has a tranquilising quality, steady and relaxing if you don't force it; this is helped by an upright posture. Your mind may wander, but keep patiently returning to the breath.

It is not necessary to develop concentration to the point of excluding everything else except the breath. Rather than to create a trance, the purpose here is to allow you to notice the workings of the mind, and to bring a measure of peaceful clarity into it. The entire process-gathering your attention, noticing the breath, noticing that the mind has wandered, and re-establishing your attention -develops mindfulness, patience, and insightful understanding. So don't be put off by apparent 'failure' - simply begin again. Continuing in this way allows the mind to eventually calm down.

If you get very restless or agitated, just relax. Practice being at peace with yourself, listening to - without necessarily believing in - the voices of the mind.

If you feel drowsy, then put more care and attention into your body and posture. Refining your attention or pursuing tranquility at such times will only make matters worse!

(to be continued...)

INTRODUCTION TO INSIGHT MEDITATION 1
ဆက်လက်ဖတ်ရှုရန်

Wednesday, December 16, 2009

မာန


ထောင်လွှားတက်ကြွခြင်းသဘောကို “မာန” လို့ ခေါ်ပါတယ်၊ ဒီမာနဟာ ထောင်လွှားတက်ကြွခြင်းသဘော ရှိပါတယ်၊ လောကမှာ ပုဂ္ဂိုလ်အတန်းအစားခွဲရင် -

၁။ သေယျပုဂ္ဂိုလ် = အထက်တန်းစားလူမျိုး၊

၂။ သဒိသပုဂ္ဂိုလ် = အများနှင့် တန်းတူလူမျိုး၊

၃။ ဟီနပုဂ္ဂိုလ် = အောက်တန်းစားလူမျိုး၊


ဒီလို (၃) မျိုးကို တွေ့နိုင်ပါတယ်၊ တစ်မျိုးတစ်မျိုးမှာ -

က။ သေယျမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ အဖက်ဖက်က သူများထက် သာတယ် - လို့ မှတ်ထင်မှု၊

ခ။ သဒိသမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ သင်းတို့နှင့် ဘာထူးသလဲ - လို့ မှတ်ထင်မှု၊


ဂ။ ဟီနမာန် = သူတို့အောက်ကျတော့ ငါက ဘာအရေးစိုက်ရမှာလဲ - လို့ မှတ်ထင်မှု။



ဒီလို သုံးမျိုးစီ ကွဲပြားနိုင်ပါတယ်။

ဒီ (၉) မျိုးထဲက သေယျပုဂ္ဂိုလ်ရဲ့ သေယျမာန်၊ သဒိသပုဂ္ဂိုလ်ရဲ့ သဒိသမာန်၊ ဟီနပုဂ္ဂိုလ်ရဲ့ ဟီနမာန်ဟာ ဟုတ်မှန်တဲ့အတိုင်း မာန်မူခြင်း (ယာထာဝမာန်) မည်ပါတယ်၊ ဒီယာထာဝမာန်မျိုးကို အရဟတ္တမဂ်ကသာ ပယ်နိုင်ပါတယ်။

ဇာတိမာန်

မျိုးရိုးကောင်းတဲ့အတွက် မာန်တက်တာမျိုးကို ဇာတိမာန်လို့ ခေါ်ပါတယ်၊ ယခုခေတ်မှာလဲ အသင့်အတင့် မျိုးရိုးကောင်းသူတွေ ရှိနေတတ်ပါတယ်၊ ဒါပေမယ့် ဟန်ကြီးပန်ကြီးလုပ်ကာ မာန်မာနတက်လောက်အောင် တစ်ဖက်သားကို ကိုယ့်ခြေဖ၀ါးအောက်ကလို မှတ်ထင်ရလောက်အောင် မျိုးရိုးကောင်းကြတာမျိုးတော့မဟုတ်ပါ။ ရှေးဘ၀က မထောင်လွှားမတက်ကြွ မာန်မာန မကြီးခဲ့လို့ မြင့်မြတ်တဲ့ အမျိုးဖြစ်ရတာကို အကြောင်းပြုပြီး ယခုဘ၀မှာ ထောင်လွှားတက်ကြွ မာန်မာနကြီးနေခဲ့ပါလျှင် နောင်ဘ၀သံသရာမှာ ယုတ်ညံ့အောက်ကျ သူတစ်ပါးရဲ့ ခြေဖ၀ါးအောက်သို့ ရောက်ရမယ့်အရေးကို အဖန်ဖန်တွေးလို့ မိမိရဲ့ စိတ်ဓာတ်ကို ဖြူဖွေးသန့်စင် မာန်မာန မ၀င်အောင် ပြုပြင်သင့်ပါတယ်။

ဓနမာန်

ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတာကို အကြောင်းပြုလို့ ဖြစ်ပေါ်လာတဲ့ မာန်မာနမျိုးကို ဓနမာန် (ဥစ္စာမာန်) လို့ ခေါ်ပါတယ်၊ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသူတွေက ပစ္စည်းဥစ္စာ မရှိသူတွေနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကားမပြောနိုင်ဘဲ မာန်မာနတက်ကာ အဖက်မတန်သလို ဟန်ကြီးပန်ကြီး လုပ်မနေသင့်ပါ၊ ရှေးက အလှူ ဒါနည်းခဲ့လို့ ယခုဘ၀မှာ ဆင်းရဲနေကြရတာပဲလို့ သနားကြင်နာ ကရုဏာသက်ပြီး သူတို့ကို နှုတ်နဲ့လဲ ကူညီသင့်ပါတယ်၊ ကိုယ်နဲ့လဲ ကူညီသင့်ပါတယ်၊ အခြေနေအားလျော်စွာ ပစ္စည်းဥစ္စာ နဲ့လဲ ကူညီသင့်ပါတယ်၊ အဲဒီလို ကူညီလိုက်တဲ့အတွက် မိမိမှာ ဂုဏ်တက်လာစရာသာ ရှိပါတယ်၊ ဂုဏ်ယုတ်စရာ မရှိပါ၊ မိမိမှာ အကြောင်းကိစ္စရှိတဲ့အခါမှာလဲ သူတို့ရဲ့ အကူအညီကို ရနိုင်ပါသေးတယ်၊ ဒါပေမယ့် သူ့ကျေးဇူးကို မသိတတ်ဘဲ အင်မတန် မိုက်တွင်းနက်နေသူတွေကိုတော့ သတိထားသင့်ပါတယ်။ ဒီပစ္စည်းဥစ္စာဆိုတာဟာ တစ်သက်စာမျှသာ ဖြစ်ပါတယ်၊ ဘေးအန္တရာယ်လဲ အလွန်များလှပါတယ်၊ ခိုင်မြဲမှုသဘောလဲ မရှိပါ။ ပစ္စည်းသင်္ခါရ လူသင်္ခါရသာ ဖြစ်ပါတယ်၊ တစ်နေ့မှာ ပစ္စည်းဥစ္စာကဖြစ်စေ၊ ပစ္စည်းဥစ္စာရဲ့ ပိုင်ရှင်ကဖြစ်စေ စွန့်ခွာသွားတတ်ပါတယ်၊ ဒါ့ကြောင့် ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသလို နောက်ဘ၀မှာလဲ ချမ်းသာကြွယ်ဝအောင် ဥစ္စာမာန် တက်နေမယ့်အစား အလှူဒါနကို စွမ်းအားအလျောက် ပြုလုပ်ကာ ကိုယ့်နောက်ကိုသာ အပါယူသွားသင့်ပါတယ်။

ပညာမာန်

စာပေတတ်ကျွမ်းသူတွေရဲ့ မာန်ကို ပညာမာန်လို့ ခေါ်ပါတယ်၊ စာပေပညာဆိုတာဟာ မသင့်တော်တာကို မသင့်တော်မှန်းသိအောင် အသိအလိမ္မာကိုလဲ ပေးတတ်ပါတယ်၊ သင့်တော်တာကို သင့်တော်မှန်းသိအောင် အသိအလိမ္မာကိုလဲ ပေးတတ်ပါတယ်၊ တစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံရာမှာ ယဉ်ကျေးသိမ်မွေ့အောင်၊ အဆင်ပြေအောင် အသိအလိမ္မာကိုလဲ ပေးတတ်ပါတယ်၊ ဒါပေမယ့် ဒီပညာကို အကြောင်းပြုပြီး မာန်မာနကြီးနေမယ်ဆိုရင် အင်မတန်ရှက်စရာ ကောင်းလှပါတယ်။ ရှေးဘ၀က သူတော်မြတ်တွေကို ချဉ်းကပ်လျှောက်ထား ဆွေးနွေးလာခဲ့တဲ့အတွက် ဒီဘ၀မှာ မိမိကိုယ်တိုင်က ပညာကြီးသူ ဖြစ်လာရပါတယ်၊ ပညာသင်ခွင့်လဲ ရခဲ့ပါတယ်၊ ဒီလို အခွင့်သာလို့ ပညာတတ်လာတဲ့ ပုဂ္ဂိုလ်က အကြောင်းမညီညွတ်လို့ ပညာမသင်ရသူတွေ၊ ပညာသင်ရစေကာမူ ဥာဏ်ထိုင်းလှတဲ့အတွက် ပညာမတတ်သူတွေကို့ တွေ့ရတဲ့အခါမှာ မောက်မာမော်ကြွား မာနထားနေမယ့်အစား သနားကြင်နာ ကရုဏာထားသင့်ပါတယ်၊ သို့မဟုတ် အခွင့်အခါသင့်ပါက တစ်ဆင့်သင်ကြားပေးသင့်ပါတယ်၊ ပညာမာန်တက်ကာ ကိုယ့်ဘ၀ကို မနစ်နာစေသင့်ပါ။

အဆင်းမာန်

အလှဂုဏ်အတွက် မာန်တက်ခြင်းကို အဆင်းမာန်လို့ ခေါ်ပါတယ်၊ ရှေးဘ၀က အစစအရာရာမှာ သည်းခံကာ အမျက်ဒေါသ နည်းလာခဲ့တဲ့အတွက်လဲ အဆင်းလှတတ်ပါတယ်၊ ဘုရားဝင်း ကျောင်းဝင်း စသည်တို့ကို သုတ်သင်ရှင်းလင်းခဲတဲ့ အတွက်လဲ အဆင်းလှတတ်ပါတယ်၊ ပန်း စသည်တို့ကို လှူဒါန်းခဲ့တဲ့အတွက်လဲ အဆင်းလှတတ်ပါတယ်၊ ဒီလို ကုသိုလ်ကောင်းမှုတွေကြောင့် ရလာတဲ့ ကိုယ့်အဆင်းကို အကြောင်းပြုပြီး ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ၊ အလှမာန်တက်ကာ ဘ၀င်မမြင့်သင့်ပါ၊ အလှဂုဏ်ကိုးကာ မဆိုးသင့်ပါ၊ ရှေးကုသိုလ်ကံကြောင့် ရလာတဲ့ အဆင်းကို အကြောင်းပြုပြီး အကုသိုလ်မာန် တက်နေတာဟာ အင်မတန်မှားတဲ့ ကိစ္စဖြစ်ပါတယ်၊ အပြင်အဆင်းလှသလို အတွင်းစိတ်ကို အစွမ်းကုန် ပြုပြင်လို့ ဣနြေ္ဒရှင် သူတော်စင်တွေ ဖြစ်အောင်သာ ကြိုးစားသင့်ပါတယ်။

လိုရင်းမှာ - ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ ယခု မြင့်မြတ်တဲ့ အမျိုးမှာ ဖြစ်လာရပါတယ်၊ ရှေးဘ၀က အလှူဒါနပြုလုပ်ခဲ့လို့ ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝလာရပါတယ်၊ ရှေးဘ၀က သူတော်သူမြတ်တွေကို ချဉ်းကပ်လျှောက်ထား ဆွေးနွေးမေးမြန်းလာခဲ့တဲ့အတွက် ဒီဘ၀မှာ ပညာကြီးလာရပါတယ်၊ ရှေးဘ၀က အမျက်ဒေါသနည်းခဲ့၊ ဘုရားဝင်း၊ ကျောင်းဝင်း စသည်ကို သုတ်သင်ခဲ့၊ ပန်း စသည်ကို လှူဒါန်းခဲ့လို့ ယခုဘ၀မှာ အဆင်းလှခဲ့ရပါတယ်၊ ဒီလို မိမိမှာ ကုသိုလ်ကောင်းမှုကြောင့် ရရှိလာတဲ့ အမျိုး၊ ဥစ္စာ၊ ပညာ၊ အဆင်းကို အကြောင်းပြုပြီး မာန်မာနတက်ကြွနေတာဟာ နောင်ယုတ်နိမ့်တဲ့ဘ၀မှာ ဖြစ်စရာ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်နောက် ဘ၀တွေမှာ အဆင့်အဆင့်မြင့်တက်မဲ့ အရေးကို မျှော်တွေးပြီး ထောင်လွှားတက်ကြွ မိမိတို့ရဲ့ မာန်မာနကို အစွမ်းကုန် နှိမ်ချိုးနိုင်ကြပါစေ။

[စာမျက်နှာ ၅၃ မှ ၅၆]


[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊
မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ]
စာအုပ်မှ ကူးယူဖော်ပြသည်။

------------------------------------------------------------------------------------
(အီးမေးလ်မှတဆင့်ရရှိသော Forward Mail ကို နှစ်သက်သဖြင့် ထပ်ဆင့်ကူးယူ ဖော်ပြပါသည် ခင်ဗျား။)


ဆက်လက်ဖတ်ရှုရန်

INTRODUCTION TO INSIGHT MEDITATION



The aim of this booklet is to serve as an introduction to the practice of Insight Meditation as taught within the tradition of Theravada Buddhism. You need not be familiar with the teachings of the Buddha to make use of it, although such knowledge can help to clarify any personal understanding you may develop through meditation.

The purpose of Insight Meditation is not to create a system of beliefs, but rather to give guidance on how to see clearly into the nature of the mind. In this way one gains first-hand understanding of the way things are, without reliance on opinions or theories - a direct experience, which has its own vitality. It also gives rise to the sense of deep calm that comes from knowing something for oneself, beyond any doubt.

Insight Meditation is a key factor in the path that the Buddha offered for the welfare of human beings; the only criterion is that one has to put it into practice! These pages, therefore, describe a series of meditation exercises, and practical advice on how to use them. It works best if the reader follows the guide progressively, giving each sequence of instructions a good work-out before proceeding further.

The term 'Insight Meditation' (samatha-vipassana)* refers to practices for the mind that develop calm (samatha) through sustained attention, and insight (vipassana) through reflection. A fundamental technique for sustaining attention is focusing awareness on the body; traditionally, this is practised while sitting or walking. The guide begins with some advice on this.

Reflection occurs quite naturally afterwards, when one is 'comfortable' within the context of the meditation exercise. There will be a sense of ease and interest, and one begins to look around and become acquainted with the mind that is meditating. This 'looking around' is called contemplation, a personal and direct seeing that can only be suggested by any technique. A few ideas and guidance on this come in a later section.

___________________
* Knowledge of terms in Pali - the canonical language of Theravada Buddhism - is not necessary to begin the practice of meditation. It can be useful, however, to provide reference points to the large source of guidance in the Theravada Canon, as well as to the teaching of many contemporary masters who still find such words more precise than their English equivalents.

(to be continue..)

Copyright by Amaravati Publications 1988

----------------------------------------------------------------------------
မသစ္စာအလင်း (www.thitsaralin.com) မှ ကျွန်တော့်ထံသို့  ဓမ္မဒါန လက်ဆောင်ပေးတဲ့ စာအုပ်လေးကို စိတ်ဝင်စားသူများ အားလုံးအတွက် ရည်ရွယ်ပြီး ထပ်ဆင့်ဝေမျှ ဒါနပြုလိုက်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ဆက်လက်ဖတ်ရှုရန်

Tuesday, December 15, 2009

နှစ်သက်မိသော ဇင် ပုံပြင်များ (၁၄)

Chasing Two Rabbits



A martial arts student approached his teacher with a question. "I'd like to improve my knowledge of the martial arts. In addition to learning from you, I'd like to study with another teacher in order to learn another style. What do you think of this idea?" "The hunter who chases two rabbits," answered the master, "catches neither one."

ဆက်လက်ဖတ်ရှုရန်

What is Buddhism? Part 4 (Spanish Version)

La Ley Natural De Kamma

El Buda dijo, "Monjes, el kamma es la intención." Según la ley natural de kamma (o karma), hay resultados ineludibles de nuestras acciones intencionales. Ciertos actos, las cosas dijeron o pensaron llevará a herir otros o dañar a sí mismo si la intención detrás de ellos es insalubre. Esto 'el kamma malo' es motivado por deseo egoísta, enojo o engaño. Porque el resultado es que las personas desagradables y dolorosas, sabias no siguen las intenciones impuras. Hay las acciones, discurso y pensamientos que provienen de de las intenciones sanas semejantemente. Esto 'el kamma bueno' lleva al bienestar de a sí mismo y otros. Motivado por generosidad, compasión, la claridad de entender y otros estados positivos de mente, las personas sabias cultivan y siguen en su puro intetions.

Mucho, aunque no todos, de qué una experiencias el resultado del kamma anterior de uno es. Así cuando uno encuentra a sí mismo en una situación desagradable, en lugar de proyectando el reproche en otros uno puede examinar la propia conducta del pasado de uno y puede asumir la responsabilidad por las causas que llevaron hasta la situación. Igualmente cuando uno está sintiéndose feliz, en lugar de tomarlo para concedió uno parece entender las causas anteriores y condiciones sobre las que lo trajeron. Entendiendo cómo felicidad origina anima el kamma bueno extenso.

El Buda señaló que ningún ser, divino o no, tiene el poder para detener las consecuencias de bueno o el kamma malo. Uno siega exactamente que qué uno
sembra. Así si quiere ser adinerado, entonces sea generoso, trabajador y fidedigno. Si quiere ir al paraíso, sea poderoso, sea amable y medite. Si quiere ser iluminado, desarrolle visión basada en paz profunda de mente.

El único escape de los resultados de kamma es el esclarecimiento. Hasta entonces sin embargo, es posible atenuarse la severidad de las consecuencias de kamma malo aumentando el bueno. El Buda dio el símil de una cuchara de sal mezclado en un vaso de agua comparado a una cuchara de sal mezclada en un río grande. El vaso de agua se pone impotable mientras el sabor del agua en el río es escasamente afectado. Semejantemente, los resultados de kamma malo para una persona que sólo hace una cantidad pequeña de kamma bueno son muy dolorosos, mientras el resultado del mismo kamma malo para una persona que habitualmente hace mucho kamma bueno es mucho menos severo.

Entendiendo esta ley natural de causa y efecto lleva a una vida ética, compasiva y sabia. Además, un abrazo más ancho de la ley de kamma llevaría cualquier rural hacia una sociedad más fuerte, más afectuosa y poderosa.
ဆက်လက်ဖတ်ရှုရန်

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၇)

နိဗ္ဗာန်အလင်းဓာတ် ဆိုက်ကပ်နိုင်သူ

ယောဂီသူတော်စင်တွေအားလုံး အလင်းကနေ အလင်းသွားတဲ့ ပုဂ္ဂိုလ်များဖြစ်အောင် ကျင့်ဆောင် အားထုတ်ရမယ်။ ၀ိပဿနာတရားကို ကြိုးစားအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာ အို နာ သေ ဇာတ်အမြစ်ပြတ်တဲ့ နိဗ္ဗာန်အလင်းဓာတ်ကြီးကို သေချာပေါက် ရောက်နိုင်တယ်။

နှလုံးသွင်း မှန်ကန်မှ

ယောနိသောမနသိကာရ ( နှလုံးသွင်း မှန်ကန်စွာ ) နဲ့ ခန္ဓာဥာဏ်စိုက်ပြီးတော့ မှတ်နိုင်မှ၊ မှတ်တတ်မှ၊ မှတ်နေမှသာ အရိယာသူတော်ကောင်းကြီးတွေ မြင်တော်မူ ရတော်မူတဲ့ တရားထူး၊ တရားမြတ်တွေကို
ရနိုင်ကြမယ်။

တရားကိုရှာ ခန္ဓာဥာဏ်စိုက်

ယောဂီသူတော်စင်တွေအားလုံး တရားရချင်ရင် သစ္စာနှင့် ပတ်သက်သော တရားကိုနာကြားရမယ်။ နောက်ပြီးတော့ ခန္ဓာဥာဏ်စိုက်ပြီးတော့ ရှုမှတ်ပွားများရမယ်။ ဒါဆိုရင် တရားရနိုင်တယ်။



ဆက်လက်ဖတ်ရှုရန်

Monday, December 14, 2009

ကျွန်တော်သိခဲ့သော ဖြူးဆရာတော် (သို့ ) သာသနာတော်အတွက် ဆိုရင်ကွယ်.....


(ဒီပို့ စ်ကို ဆရာတော်ကြီးဈာပနအမှီ အမှတ်တရ ရေးမယ်စိတ်ကူးထားပေမယ့် မအားတာနှင့် မရေးဖြစ်ခဲ့ပါဘူး။ အခုရက်ပိုင်းထဲ တိုက်တိုက်ဆိုင်ဆိုင် ရေးဖို့ အကြောင်းတွေကြုံလာတာရော၊ အချိန်လည်း ရနေတာရောနှင့် ဆရာတော်ကြီးရဲ့ ဂုဏ်တော်တွေကို ရည်မှန်းပြီး ပူဇော်ရေးသားလိုက်ရပါတယ် ခင်ဗျာ။)

ကျွန်တော်နှင့် ဖြူးဆရာတော်နှင့် လူချင်း ခင်မင်သိကျွမ်းရင်းနှီးလားလို့  မေးခဲ့ရင် မသိကျွမ်းခဲ့ပါဘူးလို့ ဘဲ ဖြေရမှာပါ။ နှစ်ခါ သုံးခါလောက်တော့ မိနစ်ပိုင်းလေး စကားပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆရာတော်နှင့် ကျွန်တော်နှင့်ကြားမှာ အကြောင်းတိုက်ဆိုင်မှုလေးတွေ ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်ငါးနှစ်ကျော်ကာလ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား စဖြစ်ခါစ ဘာသာရေးနှင့်ပတ်သတ်တာတွေ ရှာဖွေလေ့လာတဲ့အချိန်တွေတုန်းကပေါ့။ ကျောင်းမှာက ဗုဒ္ဓဘာသာအသင်းကဖွင့်ထားတဲ့ စာကြည့်တိုက်တစ်ခုရှိတယ်။ စာအုပ်တွေနှင့် တရားတိပ်ခွေ (အဲဒီတုန်းက စီဒီက ခေတ်မစားသေးပါ။) တွေ တော်တော်စုံပါတယ်။ တရားနာကြည့်ချင်တော့ စာကြည့်တိုက်က စီနီယာ နောင်တော်ကြီးတွေကို မေးရတာပေါ့။ ဘယ်အခွေတွေ နားထောင်လို့ ကောင်းလဲလို့ ။ ကိုယ်တွေက ကြာနီကန်လောက်ပဲ ကောင်းကောင်းသိတာဆိုတော့။ သူတို့ တွေက သီတဂူဆရာတော်၊ ဖြူးဆရာတော်၊ ကြာနီကန်ဆရာတော်တို့ ကို နားထောင်ဖို့  အကြံပေးပါတယ်။ တရားအားထုတ်တာနှင့်ပတ်သက်ရင်တော့ မိုးကုတ်ဆရာတော်ကြီးတရားတွေ၊ ချမ်းမြေ့ဆရာတော်ကြီး တရားခွေတွေ တော်တော်ကို စုံစုံရှိပါတယ်။ ဒါနှင့် ကျွန်တော်က သီတဂူဆရာတော်အခွေနှင့် ဖြူးဆရာတော် အခွေတွေကို စပြီး နာဖြစ်ခဲ့ပါတယ်။ ဖြူးဆရာတော်ကြီးကို စသိတာကတော့ အဲဒီအချိန်ကတည်းကဘဲပေါ့။ ဆရာတော်ရဲ့  သွေးနှင့်ရေးတဲ့သာသနာ ကိုနားထောင်ပြီး ထေရ၀ါဒမှာ ဒီလိုမျိုးတွေ မရှိပါလား၊ မလုပ်ရပါလား ဆိုတာကို အဲဒီအချိန်တွေက စတင်သတိထားမိခဲ့ပါတယ်။ နောက်ပိုင်းတော့ ဆရာတော်ကြီးအခွေတွေကို ကြုံရင်ကြုံသလို နာဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်ကျော် လောက်ကပါ။ ကျွန်တော်နေတဲ့ မြို့ ကဗုဒ္ဓဘာသာလူငယ်အဖွဲ့ တစ်ခုက တရားပွဲတစ်ခုကို ရက်ရှည်လုပ်ဖို့  စီစဉ်ကြပါတယ်။ အဲဒီမှာ ကျွန်တော်က ဆရာတော်တွေကို လိုက်ပင့်ပေးဖို့ တာဝန်ယူရပါတယ်။ အားလုံးက ဖြူးဆရာတော်ကြီးကို ပင့်ပေးဖို့ တောင်းဆိုကြတာနှင့် ကျွန်တော်လည်း ဆရာတော်ကြီးသီတင်းသုံးတဲ့ ကမာရွတ်ဘူတာနားက ကျောင်းကို သွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ဆရာတော်ကြီးကတော့ တရားပွဲအတွက် နယ်ကြွနေလို့ ရှိမနေပါဘူး။ တပည့်ဦးဇင်းတွေနှင့်ဘဲ လိုချင်တဲ့ရက်ကိုလျှောက်တော့ ဆရာတော်ရဲ့ တရားပွဲ Planner စာအုပ်ထဲမှာ ရက်အားမအား ရှာကြည့်ကြပါတယ်။ ကျွန်တော်တို့ တရားပွဲ လုပ်မယ့်အချိန်မှာ ဆရာတော်က တရားပွဲအတွက် နယ်ကို ရောက်နေမယ့်အချိန်ဖြစ်နေပါတယ်။ ရန်ကုန်ပတ်ဝန်းကျင်ဆိုရင်တောင် ရှေ့ တရားပွဲအပြီး နောက်တရားပွဲကို အဆင်ပြေရင်ကြွပေးနိုင်သေးတယ်။ အခုတော့ နယ်ကိုကြွမှာဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်တော့တာနှင့် ကျွန်တော်လည်း ဆရာတော့်ကျောင်းကနေ တပ်ခေါက်ပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။

နောက်တစ်နှစ် ကျွန်တော်တို့ အဖွဲ့ တရားပွဲထပ်လုပ်ဖို့ ပြင်ဆင်တော့ ဒီတခါတော့ ဖြူးဆရာတော်ကြီး အားမယ့်ရက်ကို ရွေးပြီး ရက်ရတော့မှ စီစဉ်မယ်ဆိုပြီး သဘောတူဆုံးဖြတ်ကြပါတယ်။ ဒါနဲ့ ကျွန်တော်လည်း နောက်တစ်ခေါက် ဆရာတော့်ကျောင်းကို ရောက်ခဲ့ပါတယ်။ ဒီတခါတော့ ဆရာတော့်ကို ဖူးတွေ့ ရပါတယ်။ တပည့်ရဟန်းတစ်ပါးက ဆရာတော့်ကျောကအနာလေးတွေကို ဆေးလိမ်းပေးနေတဲ့အချိန်မှာ ရောက်သွားတာပါ။ (အဲဒီတုန်းကမှာ ဆရာတော့်မှာ ဆီးချိုရောဂါရှိမှန်း သိခဲ့ရပါတယ်။) ဆရာတော်ကြီးကို တရားပွဲပင့်ချင်တဲ့အကြောင်းလျှောက်တော့ ဆရာတော်က Planner စာအုပ်ထဲမှာ သူရန်ကုန်မှာရှိမယ့်အချိန်ထဲက အားတဲ့တစ်ရက်ကို ပေးလိုက်ပါတယ်။ ဆောင်းရာသီထဲမှာပါ။ ကျွန်တော်လည်း ဆရာတော့်ဆီက ရက်ရတာနှင့် ပျော်ပြီး အဖွဲ့ ကို လှမ်းအကြောင်းကြားကာ တရားပွဲ စစီစဉ်ဖို့ လုပ်ကြပါတော့တယ်။

တရားပွဲနီးလာတဲ့ လပိုင်းအလိုလောက်မှာပါ။ ကျွန်တော်တို့ မြို့ က ပြီးစီးခါနီး သာသနာရေးဆိုင်ရာ အဆောက်အအုံအသစ်တစ်ခုဆက်လက်ဆောက်ဖို့ အတွက် လိုအပ်နေတဲ့အလှူငွေရှာဖွေတဲ့အနေနှင့် တရားပွဲတစ်ခုကို စီစဉ်ကြပါတယ်။ သူတို့ တရားပွဲရက်က ကျွန်တော်တို့ လူငယ်အဖွဲ့ လုပ်တဲ့ တရားပွဲနှင့် ရှေ့ ဆင့်နောက်ဆင့်ဆိုသလိုဖြစ်နေပါတယ်။ နောက်ပြီး မြို့ နယ်သာသနာရေးအဖွဲ့ က တရားပွဲမှာ ဖြူးဆရာတော်ကို ပင့်ချင်တဲ့အတွက် ကျွန်တော်တို့ အဖွဲ့ ဆီကနေ တရားပွဲရက်ကို အလှူပြန်လာခံပါတယ်။ မြို့ နယ်ဆိုင်ရာ ဆရာတော်ကြီးများကပါ ၀ိုင်းပြီးမေတ္တာရပ်ခံကာ အလှူခံလာတော့ ကျွန်တော်တို့ တွေလည်း ဆရာတော်ကြီးရဲ့ တရားပွဲရက်ကို လှူလိုက်ရပါတော့တယ်။ အဲဒီမှာ နောက်ထပ်တစ်ခေါက် ဆရာတော်ကြီးကျောင်းကို ကျွန်တော်ရောက်ခဲ့ရပြန်ပါတယ်။

ဒီတခါလည်းဆရာတော်ကြီးကို ကျောင်းမှာ ဖူးတွေ့ ရပါတယ်။ အကျိုးအကြောင်းလျှောက်ပြီး တရားပွဲရက်မပြောင်းဘဲ ကျင်းပတဲ့နေရာနှင့် ဦးစီးတဲ့အဖွဲ့ အပြောင်းအလဲလုပ်လိုက်တဲ့အကြောင်း၊ ဆရာတော်ကြီးအနေနှင့် အဲဒီလိုလုပ်လိုက်တာ အဆင်ပြေမပြေ မေးလျှောက်ရပါတယ်။ ဆရာတော်က အဆင်ပြေပါတယ်။ အဲဒီနေ့ ဘယ်အချိန် ဘယ်အချိန်သာ လာပင့်ဆိုပြီး မှာပါတယ်။

အဲဒီလိုနှင့် ဆရာတော်ကြီးရဲ့ တရားပွဲရက်ကို ရောက်လာပါတော့တယ်။ အဲဒီနေ့ က ဖြူးဆရာတော်တရားပွဲဆိုတော့ ပရိတ်သတ်က သောင်းနှင့်ချီပြီး တရားနာလာကြပါတယ်။ ဆောက်လက်စ အဆောက်အဦးထဲမှာပြည့်ကျပ်သွားလို့  အဆောက်အဦးရှေ့ ကကွင်းပြင်မှာ နေရာချပေးရပါတယ်။ Projector နှင့် ပိတ်ကားတွေကို လူတိုင်းမြင်နိုင်အောင် ထောင်ပေးထားရပါတယ်။ ဘေးပတ်ချာလည်က လမ်းတွေနှင့် လူသွားလမ်းတွေမှာလည်း ပရိတ်သတ်က ပြည့်လျှံနေပါတယ်။ ဒါတောင် တရားပွဲစဖို့ က နာရီပိုင်းလိုနေပါသေးတယ်။ အချိန်နီးလာတော့ ဆရာတော်ကြီးကို သွားပင့်ဖို့  ပြင်ဆင်ကြပါတယ်။ ကျောင်းကို ဖုန်းလှမ်းဆက်တော့ ဆရာတော်ကြီး ဆေးခန်းကြွသွားတာ ပြန်ရောက်မလာသေးတဲ့အကြောင်း သိလိုက်ရပါတယ်။ ဆရာတော်ပြန်ကြွမလာသေးလည်း ကျောင်းကနေသွားထိုင်စောင့်မယ်ဆိုပြီးတော့ မြို့ နယ်ကဆရာတော်တစ်ပါးရယ်၊ ကျွန်တော်ရယ် ကားတစ်စီးနှင့် ဆရာတော့်ကျောင်းကို ထွက်လာခဲ့ကြပါတယ်။

ကျောင်းကို ရောက်တော့လည်း ဆရာတော်ကြီး ပြန်ကြွမလာသေးပါဘူး။ တရားပွဲကျင်းပရမယ့်အချိန်က ရောက်နေပါပြီ။ ကျွန်တော်တို့ လည်း စိတ်တွေပူပြီး စောင့်နေကြပါတယ်။ နောက်တော်တော်လေးကြာတော့ ဆရာတော်ကြီးကား ကျောင်းထဲဝင်လာပါတယ်။ ဆရာတော်ကြီးကို တွဲပြီး ကျောင်းပေါ်ကို ပင့်သွားကြပါတယ်။ နောက်ထပ် ဆယ့်ငါးမိနစ်လောက်နေတော့ ဆရာတော်ကြီးဟာ တပည့်ရဟန်းတော်၊ ကပ္ပိယတို့ နှင့်အတူ ကျွန်တော်တို့ ကားပေါ်ကို တက်လာပြီး တရားပွဲကို စတင်ထွက်ခွာကြပါတော့တယ်။

မြို့ ရောက်လို့ တရားပွဲစတော့ တစ်နာရီခွဲလောက်တောင် နောက်ကျနေပါပြီ။ ဒါပေမယ့် ပရိတ်သတ်ကတော့ လျော့မသွားပါဘူး။ ချမ်းအေးနေတဲ့ကြားကဘဲ ဇွဲကောင်းကောင်းနှင့် ဆရာတော့်ကြွအလာကို စောင့်မျှော်နေကြပါတယ်။ ဒီလိုနှင့် ဆရာတော်ကြီးလည်း ပလ္လင်ပေါ်တက်ပြီး တရားမဟောခင် သူနောက်ကျရတဲ့အတွက်တောင်းပန်စကားဆိုပါတယ်။ အမှန်က ဆရာတော်ကြီးက ဆေးခန်းတစ်ခုမှာ သွားပြီးကျောက်ကပ်ဆေးပြီး ပြန်ကြွလာတာပါ။ ကျောင်းပြန်ရောက်ရောက်ချင်း တရားပွဲကို ချက်ချင်းပြန်ထွက်လိုက်လာခဲ့တာပါ။

ဆရာတော်ကြီးဟာ တရားပွဲ စစချင်းမှာ တော်တော်ကို အားယူပြီး သီလပေး၊ တရားနိဒါန်းပျိုးတွေလုပ်နေရတာကို ကျွန်တော်တို့ တွေသတိထားမိပါတယ်။ အသံက တိုးတိမ်နေပြီး တစ်ချက်တစ်ချက် ပျောက်မလိုတောင် ဖြစ်ဖြစ်သွားပါတယ်။ ဆောက်လက်စအဆောက်အဦးရဲ့  မိုးမလုံ၊ လေမလုံတဲ့ ခန်းမဆောင်ထဲမှာ ဆောင်းလေကလည်း တဖြူးဖြူးနှင့် တိုက်ခတ်နေပါတယ်။ ကျန်းမာရေးမကောင်းတဲ့ ဆရာတော်ကြီးဟာ ဘယ်လိုများဝေဒနာကို တောင့်ခံပြီး တရားဟောနေမလဲလို့  ကျွန်တော်တွေးကြည့်မိပါတယ်။ တော်တော်ကိုလည်း စိတ်မကောင်းဖြစ်မိပါတယ်။

ကျွန်တော်တို့ အဖွဲ့ တွေက တရားပွဲကြီးအပြင်မှာ Stand By အဖြစ် တာဝန်ကျနေကြတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မျက်နှာတွေပျက်နေကြပါတယ်။ ဆရာတော်ကြီးကို ဒုက္ခပေးသလိုတော့ဖြစ်သွားပြီဆိုပြီးတော့။ တစ်ယောက်ကဆိုရင် “ရင်ထဲမကောင်းလိုက်တာဗျာ” ဆိုပြီးတော့ကို ပါးစပ်က ထုတ်ပြောလာပါတယ်။

ဒီလိုနှင့် တရားပွဲစလို့  နာရီဝက်ကျော်လာတော့ ဆရာတော်ကြီးအသံက တဖြည်းဖြည်းကျယ်လာပြီး ပုံမှန်လိုဖြစ်လာပါတယ်။ နောက်တစတစနှင့် ဆရာတော်ကြီးဟောနေကျစတိုင်လ်အတိုင်း အသံမြှင့်တဲ့နေရာတွေမှာ မြှင့်ပြီး အားကျိုးမာန်တက်ကို ဟောနေပါတော့တယ်။ ဆရာတော်ကြီး အခုအချိန်မှာ ဝေဒနာဒဏ်ကို ဘယ်လိုများသည်းခံနိုင်သွားလဲတော့ မပြောတတ်ပါဘူး။ တကယ့်ကို ပုံမှန်အခြေအနေအတိုင်းဖြစ်သွားပါတယ်။ အဲဒီညက တရားကို နှစ်နာရီကျော်ကျော်လောက်ကြာအောင်ကို ဟောပေးတော်မူသွားခဲ့ပါတယ်။ အဲဒီနေ့ က ရရှိတဲ့ န၀ကမ္မအလှူငွေတွေရဲ့  တစ်ဝက်ကို ဆောက်လက်စ သာသနာ့အဆောက်အအုံအတွက် ပြန်လည်လှူဒါန်းသွားပြီး ကျန်တစ်ဝက်ကို ယိုးဒယားသွားဆေးကုရာမှာ အသုံးပြုမှာဖြစ်တဲ့အကြောင်းလည်း မိန့် တော်မူသွားခဲ့ပါတယ်။

အဲဒီနေ့ က ဆရာတော်ကြီးဟာ တရားကို ပုံစံနှစ်မျိုးနှင့် ဟောပြော ပြသသွားခဲ့တယ်လို့  ကျွန်တော်စိတ်ထဲမှာ စွဲမြဲယုံကြည်နေပါတယ်။ တစ်မျိုးက တရားကို ပါးစပ်ကနေ ၀စီကံမြောက် ဟောပြောညွှန်ပြသွားပြီး နောက်တစ်မျိုးကတော့ လုပ်ဆောင်မှုနှင့် ပြသသွားခဲ့တာပါဘဲ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေအတွက် သာသနာ့တာဝန်ဆိုတာ ခန္ဓာကိုယ်ကို မငဲ့ဘဲ ဒီလိုမျိုးထမ်းရတယ်ကွလို့  ကာယကံမြောက် လမ်းညွှန်သွားခဲ့ သလိုပါဘဲ။ အဲဒီညရဲ့  တရားပွဲကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။

တစ်နေ့ က ကျွန်တော့်လက်ကို မတော်တဆထိခိုက်မိလို့  ကွဲသွားတာ သုံးချက်ချုပ်လိုက်ရပါတယ်။ ရာသီဥတုအေးအေးမှာ အနာဖြစ်တော့ လက်က နာပြီး ကိုက်တာပေါ့ဗျာ။ ဆရာဝန်က လက်ကို ငြိမ်ငြိမ်ထားပါလို့ တော့ မှာလိုက်ပါတယ်။ ကျွန်တော့်ခေါင်းထဲ ဆရာတော်ကြီး အကြောင်းက ချက်ချင်းရောက်လာပါတယ်။ ဆရာတော်ကြီးရဲ့  ဝေဒနာနှင့်ယှဉ်ရင် ကျွန်တော့်အနာက ဘာမှမပြောပလောက်တာလေးပါ။ နောက် လေတဖြူးဖြူးတိုက်နေတဲ့ကြားမှာ အသံကိုမြှင့်ပြီးလည်း စကားပြောနေရတာ မဟုတ်ပါ။ တင်ပလ္လင်ခွေပုံစံနှင့်လည်း နှစ်နာရီကျော်ထိုင်ရတာမဟုတ်ပါ။ အပူပေးစက်ဖွင့်ထားတဲ့အခန်းထဲမှာ အေးအေးလူလူ ခြေပစ်လက်ပစ်ထိုင်ပြီး လက်ချောင်းလေး ဆယ်ချောင်းနှင့် သာသနာ့တာဝန်ကို (ကြီးကြီးကျယ်ကျယ်ပြောတာပါ) မဆိုစလောက် သေးသေးမွှားမွှားပမာဏလေး ထမ်းဆောင်ရတာ ဘာများအပန်းကြီးနိုင်မှာ မို့ လို့ လဲနော်။

ကျွန်တော် ဒီအပတ်ထဲ လေးငါးရက်လောက်တော့ အခန်းထဲမှာ နားနေရပါမယ်။ အချိန်အားလေးမှာ ဆရာတော်ကြီးရဲ့ သာသနာတော်အတွက်လုပ်ဆောင်ခဲ့တဲ့ ဂုဏ်တော်တွေကို အာရုံပြုကြည်ညိုရင်း ကျွန်တော်လည်း တတ်နိုင်သလောက် သာသနာ့ဝန်ကို ရက်ပိုင်းလောက်လေး နိုင်သလောက် ထမ်းလိုက်ပါအုံးမည်ဟု စိတ်ကူးလျက်။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ




ဆက်လက်ဖတ်ရှုရန်

Thursday, December 10, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၇)

ကျွန်ုပ်တွေ့ သော စိတ်သဘာဝ (၃)

ပုစ္ဆာများ

ဤတစ်ပတ်တွင် စိတ်သဘောအကြောင်း မဖော်ပြမီ ကျွန်ုပ်ထံသို့  ရေးသားမေးမြန်းကြသော ပုစ္ဆာများကို ရှေးဦးစွာ ဖြေဆိုရပေဦးမည်။

၎င်းတို့ မှာ (၁) ၀တ္ထုရေးဆရာ၊ သတင်းစာဆရာတစ်ယောက်မျှသာဖြစ်ပါလျက် မည်သည်ကို အကြောင်းပြု၍ တရားဘက်သို့  လိုက်စားခဲ့ပါသနည်း။ (၂) လူတိုင်းအားထုတ်၍ ဖြစ်နိုင်ပါသလော။ ပါရမီရင့်ကျက်မှ ဖြစ်နိုင်သည်ဆိုလျင်၊ ပါရမီရင့်မရင့်ကို ဘယ်နည်းနှင့် သိနိုင်ပါသနည်းဟူသော ပုစ္ဆာများပင် ဖြစ်သည်။

ဆရာကောင်းတပည့်ဖြစ်ခဲ့ခြင်း

(၁) နံပါတ်ပုစ္ဆာကို ဖြေဆိုရသော် ကျွန်ုပ်မှာ ၀တ္ထုသမား၊ သတင်းစာသမားတစ်ယောက် ဖြစ်ရုံသာမက၊ ခပ်ပျော်ပျော်နေချင်တတ်သူတစ်ယောက်ဟူ၍ပင် လူအများ နားလည်ကြသည်။ မှန်လည်း မှန်ပေသည်။ သို့ ရာတွင် ကျွန်ုပ်မျိုးရိုးဇာတိ၌ ထူးခြားသောအချက်များရှိသည်ကို ဖော်ပြရပေအုံးမည်။

မဂ်တရား ဖိုလ်တရားသည် ဤခေတ်လူများနှင့်မဆိုင်၊ မဂ်ဖိုလ်ရနိုင်သော ခေတ်မရှိတော့ဟူ၍ မြန်မာတစ်ပြည်လုံးက ယူဆခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့် က ကျွန်ုပ်အား ဘုန်းကြီးကျောင်းသို့ အပ်နှံစဉ်က ကျွန်ုပ်၏ဆရာတော်ဘုရားမှာ အရိယာပုဂ္ဂိုလ်ဖြစ်သည်ဟု မိဘများနှင့်တကွ တပည့်တပန်း အနည်းငယ်တို့ က ယုံကြည်ကြသည်။ ကျွန်ုပ်မှာလည်း မိဘများ ယုံကြည်၍ ယုံကြည်ခဲ့သည်။ သို့ သော် အရိယာပုဂ္ဂိုလ်ဟူသည်မှာ နိဗ္ဗာန်ကူးတော့မည့် ပုဂ္ဂိုလ် ဆိုခြင်းမှတစ်ပါး နိဗ္ဗာန်ကိုလည်း နားမလည်၊ လိုချင်ရကောင်းမှန်းလည်း မသိခဲ့ချေ။ ပုဂ္ဂိုလ်အနေဖြင့်ကား လေးလေးစားစား ကြည်ညိုခဲ့သည်။ ကြည်ညိုဖွယ်အချက်များလည်း အမြောက်အမြားရှိသည်။

သန္နိဋ္ဌာန် ချခြင်း

ထို့ နောက် အင်္ဂလိပ်ကျောင်းသို့ ကူးပြောင်း၍ ပညာသင်ပြီးသဖြင့် လူလားမြောက်လာသောအခါ ကျွန်ုပ်၏ဖခင်မှာ ဓမ္မကထိကတစ်ဦးဖြစ်သည့်အတိုင်း ညတိုင်းလိုပင် တပည့်များအား (ဆရာတော်ဘုရား၏ သြ၀ါဒအရ) တရားဟောပြောခြင်းများကို နာကြားရသည်။ တစ်ညသ၌ ကျွန်ုပ်၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသည်မှာကား ဗုဒ္ဓဘာသာတိုင်း နိဗ္ဗာန်ကို အထွတ်အမြတ်ထား၍ ပြောကြသည်။ တိတိကျကျမူကား မည်သူမျှ သိပုံမရ။ ငါသည် ဆရာတော်၏ တပည့်၊ ဤမိဘနှစ်ပါးတို့ ၏ သားဖြစ်ပါလျက် နိဗ္ဗာန်ကို မရလျင် ရာဇ၀င်ရိုင်းလိမ့်မည်။ တစ်နေ့ သော် နိဗ္ဗာန်ကို သိအောင် ကြိုးစားမည်ဟု သန္နိဋ္ဌာန်ချလိုက်သည်။ အမှန်ဆိုရလျင် ထိုအချိန်၌ ကျွန်ုပ်သည် နိဗ္ဗာန်ကို လိုချင်သော ဆန္ဒလည်း မရှိလှ။ ထူးမြတ်လှသည်ဟူ၍ သိချင်သော ဆန္ဒပြင်းပြခြင်းမျှသာ ဖြစ်သည်။ (ကျွန်ုပ်၏ ၀ါသနာတစ်ခုမှာလည်း သူတစ်ပါးကောင်း၍ မကောင်းချင်တတ်။ ကိုယ်တိုင် “မြဲ” ကြည့်ပြီး ကောင်းသည်ဟုတွေ့ မှ ၀န်ခံချင်တတ်သည်။)

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)


------------------------------
ကိုစိုးဝင်းထွဋ်
(www.trueanswer.co.cc)(www.dhammabooks.co.cc) ၏ ဓမ္မဒါန စာအုပ်အလှူကို အထောက်အပံ့ ပြုလိုပါသဖြင့် ဤ ဒိဋ္ဌေဒိဋ္ဌမတ္တံ ကို အချိန်ပေးပြီး ကြိုးစားတင်ပေးသွားပါမည် ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ

ဆက်လက်ဖတ်ရှုရန်

What is Buddhism? Part 3 (Spanish Version)

La Media Manera

El camino al fin de todo el sufrimiento se llama la Media Manera porque evita los dos extremos de mismo-indulgencia y mismo-tormento. El tal comportamiento extremo no lleva a paz de mente. Esta senda consiste en cultivar virtud, serenidad meditativa y sabiduría y se elabora más allá como el Camino Ocho veces Noble:

1. La perfección de entender: vista del derecho de las verdades básicas de existencia.
2. La perfección de intención: pensamientos motivados por amoroso-bondad, compasión y renuncia.
3. La perfección de discurso: verdadero, armonioso, manso y significante.
4. La perfección de comportamiento: no-violencia, no robando y la conducta sexual responsable. 5. La perfección de empleo: ganándose la vida eso en cierto modo no daña o hazaña otros o a sí mismo.
6. La perfección de esfuerzo: cultivar y mantener estados sanos de mente mientras superando los estados insalubres y manteniéndolos a raya.
7. La perfección de conocimiento consciente: mindfulness de unos el cuerpo, sentimientos, mente y objetos de mente.
8. La perfección de concentración meditativa: unificación profunda, paz y pureza de mente.

Cuando se traen todos los ocho factores del camino a madurez, uno penetra la verdadera naturaleza de existencia con visión y siega la fruta de las enseñanzas del Buda: sabiduría perfeccionada y la liberación inquebrantable.
ဆက်လက်ဖတ်ရှုရန်

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၆)

သမ္ပဇာဉ်အဆင့်ဆင့် ဥာဏ်စဉ်မြင့်အောင်

ယောဂီသူတော်စင်တွေဟာ အချိန်တွေဆက်သမျှ အရှိန်မပျက်ဒလစပ်ရှုမှတ်နေကြမယ်ဆိုရင် ရုပ်နာမ်တွေကွဲ၊
ကြောင်းကျိုးတွေသိလို့  သမ္ပဇာဉ်အဆင့်ဆင့် ဥာဏ်စဉ်တွေ မြင့်ပြီးတော့ ငြိမ်းအေးတဲ့ ဓမ္မအရသာတွေ ကိုယ်စီကိုယ်စီ ခံစားကြရလိမ့်မယ်။

ရုပ်နာမ်မြင်မှ

ရုပ်နဲ့ နာမ်နဲ့  ကွဲအောင် ရှုမှတ်နိုင်ရင် သက္ကာယဒိဋ္ဌိပြုတ်မယ်။ သက္ကာယဒိဋ္ဌိပြုတ်မှလည်း အောက်သံသရာ လို့ ခေါ်ဆိုရတဲ့ အပါယ်လေးပါးက လွတ်မြောက်နိုင်မယ်။

မှတ်အားကောင်းလျှင် ဖြစ်ပျက်မြင်

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေဟာ မှတ်နည်းသိလို့ ၊ မှတ်နိုင်လို့ ၊ မှတ်တတ်လို့ ၊ မှတ်အား ကောင်းလာလို့ ရှိရင် ဥပဒယခေါ်တဲ့ အဖြစ်နဲ့ ၊ ၀ယ-ဆိုတဲ့ အပျက်ကို မြင်မယ်။ ဥာဏ်ထဲမှာ ထင်မြင်လာမယ်။

ဆက်လက်ဖတ်ရှုရန်

Tuesday, December 8, 2009

အနန္တောအနန္တငါးပါး



( မေး )
ဆရာတော်ဘုရား၊ ဗုဒ္ဓဂုဏော အနန္တော -စတဲ့ အနန္တော အနန္တ ငါးပါးပါရှိတဲ့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကို သိလိုပါသည်ဘုရား။
( သောမာလင်္ကာရ-ရွှေဘို )

( ဖြေ )
အနန္တငါးပါးနှင့်စပ်၍ သတ္တကာယော စ အာကာသော-စသည်ဖြင့် သတ္တ၀ါ အနန္တ၊ စကြ၀ဠာအနန္တ နှင့် ဗုဒ္ဓဉာဏ်တော် အနန္တ အကြောင်းကို ဗုဒ္ဓ၀င်ပါဠိတော် ( ခု-၄၊ ၃၀၅ ) တွင် တွေ့ရှိနိုင်ပါသည်။

သို့သော်လည်း ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မ၊ သံဃ၊ မာတာပိတု နှင့် အာစရိယဂုဏော အနန္တော-ဟူသော အနန္တငါးပါးမှာ ငါးပါးစု၍ တနေရာတည်း၌ မည်သည့်ပါဠိ၊ အဋ္ဌကထာမှာမှ မတွေ့နိုင်ပါ။ ရှိပါသည်ဟူ၍လည်း ဆရာတော်အရှင်မြတ်တို့ ညွှန်ပြချက်မရှိပါ။

သို့သော် အပ္ပမာဏော ဗုဒ္ဓေါ-စသော ပါဠိတော်များ၊
ဗဟုပကာရာ ဘိက္ခဝေ မာတာပိတရော-စသော ပါဠိတော်များနှင့် အာစရိယ ဆရာသမားတို့ကြောင့် အပါယ်တံခါးများပိတ်၍ သုဂတိတံခါးများ ပွင့်ကာ နိဗ္ဗာန်လမ်း ပေါက်ရောက်စေနိုင်ကြောင်း၊ တရားတော်များကို အမှီပြု၍ ဉာဏ်ပညာ ကြီးမားတော်မူကုန်သော ရှေးဆရာကြီးများက အနန္တငါးပါးကို စီစဉ်ထားရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ဖော်ပြပါ သတ္တ၀ါအနန္တ စသော အနန္တ ငါးပါးနှင့် ကွဲရန် ဤဗုဒ္ဓဂုဏော အနန္တော စသည်ကို အနန္တော အနန္တ ငါးပါး-ဟု ဝေါဟာရ ပြုခဲ့ကြပါသည်

မင်္ဂလာသတင်းစဉ် (http://mawluu.blogspot.com/2009/03/blog-post_3075.html) မှ ကူးယူဖော်ပြပါသည်။

(မေး ) ( ရတနာသုံးပါး၊ ငါးပါး )
အရှင်ဘုရား၊ ရတနာသုံးပါးဟူ၍ ကြားဖူးပါသည်၊ ဆိုရိုးလည်း ရှိပါသည်၊ သို့သော် မိဘနှင့် ဆရာသမားတို့သည် ဘုရားနှင့်တဂိုဏ်းတည်း အနန္တဂိုဏ်းဝင် ဖြစ်သည်ဟု ဆိုသည်။ သို့ပါလျက် အဘယ်ကြောင့် ရတနာငါးပါးဟု မဆိုဘဲ ရတနာသုံးပါးဟုသာ ဆိုရပါသလဲဘုရား။
( လှတင်-ကညင်မြိုင်-ရမ်းဗြဲ )

( ဖြေ )
ရတနတ္တယံ၊ ၀တ္ထုတ္တယံ စသည်ဖြင့် ရတနာသည် ဘုရား၊ တရား၊ သံဃာ ဤသုံးဖြာသာဖြစ်သဖြင့် ရတနာသုံးပါးဟု ဆိုပါသည်။ ဤသုံးပါးမှတပါး အခြား မြတ်သောရတနာ မရှိပါ။ မိဘနှင့် ဆရာသမားတို့မှာ ဂုဏ်ကျေးဇူးကြီးမားသူများဖြစ်၍ အနန္တဂိုဏ်းဝင်အဖြစ် အမှတ်ထား၍ ဘုရားနှင့်ဂုဏ်ကျေးဇူး တူတန်ကြောင်း ဆိုပါသည်။ ရတနာအဖြစ် မဆိုပါ။ အနန္တောအနန္တ ငါးပါးဟုသာ သတ်မှတ်သည်။ ရတနာငါးပါးဟု သတ်မှတ်ချက် မရှိပါ။ ဤသို့ ခွဲခြားမှတ်သားသင့်ကြောင်း ပြောလိုပါသည်။

( မြတ်မင်္ဂလာ ၁၉၉၈-ခု မတ်လ )

ဘဒ္ဒန္တ တိလောကသာရ ဖြေသည်။
===========================








ဓမ္မာစရိယဦးအေးနိုင် (ဘီအေ) ဖြေသည်။
========================================

dar ta nyan ရဲ့ CBox မှာ မေးထားတဲ့ မေးခွန်းအတွက် လက်လှမ်းမီရာကနေ ရှာဖွေဖော်ပြပေးလိုက်ပါတယ်။ ဘယ်ခေတ်ကစပြီး မိဘနှင့်ဆရာကို ထည့်တယ်ဆိုတာတော့ မတွေ့ မိသေးပါဘူး။ တကယ်လို့ များ စာလာဖတ်ဖြစ်တဲ့ ဓမ္မမိတ်ဆွေများထဲက သိတဲ့သူရှိရင်လည်း ပြောပြပေးသွားဖို့  လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ဆက်လက်ဖတ်ရှုရန်

Thursday, December 3, 2009

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၅)

အချိန်ရှိခိုက် လုံ့ လစိုက်

ရခဲလှသော လူ့ ဘ၀ကြီးတွင် ကြုံ ခဲလှသော သာသနာတော်ကြီးနှင့် တွေ့ ကြုံတုန်း အဖိုးတန်သော သူတော်ကောင်း ဥစ္စာ( ၇ )ပါးကို ရအောင်ကြိုးစား အားထုတ်ရမယ်။

လွတ်ရေး ဘယ်မမြင်

ယောဂီသူတော်စင်တွေအားလုံး သက္ကာယဒိဋ္ဌိ နှောင်ကြိုးကြီးချည်နှောင်ခံထားရတဲ့အပြင် တဏှာရေလျဉ် ကြောမှာ မျောနေကြတဲ့သူတွေဖြစ်ရင်တော့ အို နာ သေရေး ဒုက္ခဘေးတို့ မှ လွတ်မြောက် နိုင်ကြမှာ မဟုတ်ဘူး။

သက္ကာယဒိဋ္ဌိ နဲ့  အပါယ်လေးပါး

သက္ကာယဒိဋ္ဌိရှိနေသမျှကာလပတ်လုံး လူ့ ဘ၀တွင် စကြာမင်း၊ နတ်ဘ၀တွင် သိကြားမင်း၊ ဗြဟ္မာမင်း ဖြစ်နေသော်လည်း ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် ဆိုတဲ့ အပါယ်လေးပါးက မလွတ်မြောက်နိုင်သေးဘူး။


သူငယ်တော်တောရဆရာတော်၏ နေ့ စဉ်ဟောပြသြ၀ါဒများ (တင်ထားပြီးသမျှ)


ဆက်လက်ဖတ်ရှုရန်

What is Buddhism? Part 2 (Spanish Version)

Cuatro Verdades Nobles

La enseñanza central del Buda alrededor del que todas sus otras enseñanzas revuelven, es las Cuatro Verdades Nobles:

1. La vida envuelve el sufrimiento. Todos los seres están sujeto a la vejez, enfermedad y muerte. Experimentarán alguna desilusión, incomodidad, tristeza, ansiedad o dolor inevitablemente.

2. La causa de la raíz de sufrir está pidiendo para el placer sensual, para existencia, para no-existencia o para las cosas ser diferente que son. Pidiendo se alimenta por gusta y detesta, manejado por la ilusión de 'yo' y 'mío', qué es a su vez debido a entender mal la verdadera naturaleza de realidad.

3. Fines sufridos con el fin de pedir. Éste es el logro de esclarecimiento, Nibbana (o Nirvana). El esclarecimiento es el permitiendo completo va de la ilusión de un ego permanente e independiente o alma. Una persona ilustrada se llama un Arahant.

4. El esclarecimiento se logra a través de un entrenamiento gradual, un camino llamó la Media Manera o el Camino Ocho
veces Noble.

Budismo es una religión realista en eso enfrenta hasta el hecho de vida muchos imperfecciones y optimista en eso ofrece una solución práctica: esclarecimiento en esta misma vida.

Porque todas las cosas que se levantan de una causa están en un estado constante de cambio, son inherentemente incapaces proporcionar felicidad permanente o la satisfacción fiable. Asiendo y aferrándose hacia cualquier aspecto de primacías de experiencia a la fricción, tensión o desilusión cuando esas cosas, las personas o situaciones se marchitan y desaparecen. Con tal de que sufriendo se vea como algo antinatural o anormal eso será temido, se evitará o se rechazará, será imposible de desarraigar sus causas y vivir una vida verdaderamente feliz. Al grado que la naturaleza sutil y todo-penetrante de sufrir se reconoce, uno puede aceptar y puede ser libre de él. Esto es por qué la reflexión en sufrir se da énfasis a como la llave a la última liberación, y ésos que han comprendido el esclarecimiento son ejemplos inspiradores de felicidad profunda, amoroso-bondad y compasión.
ဆက်လက်ဖတ်ရှုရန်

ဖြူးဆရာတော်၏ အသံ တရားတော်များ...



ဓမ္မကထိကဗဟုဇနဟိတဓရ သာသနဓဇ ဓမ္မာစရိယ

ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ (မဟာစည်)

သက်တော် ၆၈- နှစ်၊ သိက္ခာတော် ၄၉- ဝါ
၂၀၀၉- ခုနှစ် နိုဝင်ဘာလ ၂၄- ရက် နံနက် ၇- နာရီ ပျံလွန်တော်မူသည်။


ဆရာတော် ဟောကြားတော်မူခဲ့သော နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ

၁။ အမြတ်ဆုံးပူဇော်ဖွယ်၊ ၁၂.၁၄.၁၉၉၃
၂။ မီးလောင်ပြင်မှာပွင့်တဲ့ပန်း- ၁။
၃။ မီးလောင်ပြင်မှာပွင့်တဲ့ပန်း- ၂။
၎။ လှသောည၏စကားအလင်္ကာ- ၁၊ ၁၁.၉.၁၉၈၃
၅။ လှသောည၏စကားအလင်္ကာ- ၂၊ ၁၁.၉.၁၉၈၃
၆။ နတ်တို့တန်းတလူ့ဘဝ- ၁၊ ၁၂.၁၄.၁၉၉၇
၇။ နတ်တို့တန်းတလူ့ဘဝ- ၂၊ ၁၂.၁၄.၁၉၉၇
၈။ ဖိတ်ခေါ်ပါသည် အိုယောဂီ- ၁၊ ၃.၅.၁၉၉၉
၉။ ဖိတ်ခေါ်ပါသည် အိုယောဂီ- ၂၊ ၃.၅.၁၉၉၉
၁ဝ။ စံပြကုသိုလ်ရှင်သူလိုဖြစ်စေချင်- ၁၊ ၁၂.၁၆.၁၉၉၈
၁၁။ စံပြကုသိုလ်ရှင်သူလိုဖြစ်စေချင်- ၂၊ ၁၂.၁၆.၁၉၉၈
၁၂။ အမေ့ကျေးဇူးမကျေ ငါမသေဘူး- ၁၊ ၈.၃ဝ.၁၉၉၈
၁၃။ အမေ့ကျေးဇူးမကျေ ငါမသေဘူး- ၂၊ ၈.၃ဝ.၁၉၉၈
၁၄။ မွေးနေ့မှသည် နိဗ္ဗာန်ပြည်၊ ၁၂.၁၆.၁၉၉၃
၁၅။ ဝိပဿနာအကျိုးချစ်မြတ်နိုး၊ ၁၂.၁၃.၁၉၉၁
၁၆။ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ ၁၂.၁၇.၁၉၉၃
၁၇။ သာဓုသုတ္တံ ကောင်းမှကောင်း- ၁။
၁၈။ သာဓုသုတ္တံ ကောင်းမှကောင်း- ၂။
၁၉။ ဘေးလွတ်ရာသွားအိုလူသား- ၁၊ ၁၁.၂၇.၁၉၉၂
၂၀။ ဘေးလွတ်ရာသွားအိုလူသား- ၂၊ ၁၁.၂၇.၁၉၉၂
၂၁။ သွေးနဲ့ရေးတဲ့သာသနာ- ၁၊ ၁၂.၂၂.၁၉၉၄
၂၂။ သွေးနဲ့ရေးတဲ့သာသနာ- ၂၊ ၁၂.၂၂.၁၉၉၄
၂၃။ ရတနာထိုက်တဲ့ချစ်သမီး- ၁၊ ၁၂.၅.၁၉၉၇
၂၄။ ရတနာထိုက်တဲ့ချစ်သမီး- ၂၊ ၁၂.၅.၁၉၉၇
၂၅။ စာအံသံကြားတရားရ- ၁၊ ၁၂.၂၁.၁၉၉၇
၂၆။ စာအံသံကြားတရားရ- ၂၊ ၁၂.၂၁.၁၉၉၇
၂၇။ ကာမသုတ္တန် တရားတော်- ၁၊ ၂ဝဝဝ
၂၈။ ကာမသုတ္တန် တရားတော်- ၂၊ ၂ဝဝဝ
၂၉။ အသက်သေသော်လည်း မျက်ရည်မကျစတမ်း- ၁၊ ၁၂.ဝ၆.၁၉၉၈
၃၀။ အသက်သေသော်လည်း မျက်ရည်မကျစတမ်း- ၂၊ ၁၂.ဝ၆.၁၉၉၈
၃၁။ ပါဝေယျကဆင် တိုက်ပွဲဝင်၊ ၂၂.၁၂.၁၉၇၈
၃၂။ ဘယ်ကုသိုလ် အမြတ်ဆုံးပါလိမ့်၊ ၁၈.၁၂.၁၉၈၃
၃၃။ ဘေးလွတ်ရာသွား အိုလူသား၊ ၁၂.၁၂.၁၉၉၂
၃၄။ သံဃဂုဏပကာသကသုတ္တန်၊ ၂ဝ.၅.၁၉၉၃
၃၅။ မဟာသတိပဋ္ဌာန် တရားတော်၊ ၂၃.၁၂.၁၉၉၄
၃၆။ ရင်မှာစွဲရမည့် ပုလဲရတနာ၊ ၉.၁၂.၁၉၉၅
၃၇။ ခရီးသွား ခရီးနား၊ ၂၈.၁၂.၁၉၉၆
၃၈။ ကောင်းမှကောင်း၊ ၁၅.၁၂.၁၉၉၈
၃၉။ အဖြူနဲ့အမဲ တမူကွဲတရား၊ ၉.၈.၁၉၉၉
၎ဝ။ လူငါးယောက်နှင့် ကြီးလေးကြီး၊ ၁၉.၁၁.၁၉၉၉

တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ

မကြာမီ တပည့်တော်လည်း လိုက်လာခဲ့ပါမည်...

မအိုချင်လို ငါကဆိုလည်း ဆိုတိုင်းမရ အနတ္တခန္ဓာကိုယ်...
မနာချင်လို ငါကဆိုလည်း ဆိုတိုင်းမရ အနတ္တခန္ဓာကိုယ်...
မသေချင်လို ငါကဆိုလည်း ဆိုတိုင်းမရ အနတ္တခန္ဓာကိုယ်...

ဘုန်းဘုန်း ဦးလောကနာထ ၏ ဒဿနခရီးစဉ် (http://www.lknt11.com ) မှ ထပ်ဆင့်ကူးယူမျှဝေ၍ ဓမ္မဒါနပြုပါသည်။


ဆက်လက်ဖတ်ရှုရန်