Wednesday, October 28, 2009

ကျွန်တော်မေးလို့  ဘုန်းဘုန်းဖြေသည်...

သာသနာတော်ကို စောင့်ရှောက်သူ


ဝိမုတ္တိသုခ: ဘုန်းဘုန်းဘုရား။ တကယ်လို့ များ ရဟန်းတော်တစ်ပါးဟာ လူသူမနီး တောထဲမှာဘဲ မိမိတစ်ပါးတည်း အသက်ထက်ဆုံး သီတင်းသုံးရင်း တရားနှင့်မွေ့ လျော်နေမယ်ဆိုရင် အဲဒီရဟန်းကို (၁) လောကလူသားတို့ ရဲ့ ကောင်းကျိုးကို မသယ်ပိုး မဆောင်ရွက် သူလို့ ပြောနိုင်ပါသလားဘုရား (၂) သာသနာတော်ကို မကာကွယ် မစောင့်ရှောက်သူလို့  ပြောနိုင်ပါသလားဘုရား (၃) တကယ်လို့များ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိခဲ့ရင် ဒီရဟန်းမျိုးကို ချီးကျူးတော်မူမှာလား ကဲ့ရဲ့ တော်မူမှာပါလားဘုရား။

ဦးလောကနာထ (www.lknt.org): ဒကာလေး ဝိမုတ္တိသုခ ရေ... မေးခွန်းက ကောင်းတယ် ၁-၂-၃-ဆိုပြီးတော့... ဘုန်းကြီးကတော့ လုံးချမှာ... ညာချမှာတော့ မဟုတ်ဖူးနော်... ရှင်းရှင်း လွယ်လွယ် ဖြေရရင်တော့ မြတ်ဗုဒ္ဓက သာဓုခေါ်တော်မူပါတယ်.... ကိလေသာချုပ်ငြိမ်းအောင် လုပ်နေသူကို သာဓု ခေါ်ပါတယ်... လောကမှာ စတင်ပြီး ကိလေသာခပ်သိမ်း ချုပ်ငြိမ်းလို့ မြတ်ဗုဒ္ဓ ပွင့်ပေါ်တယ် ခေါ်ရတာ... ဒီတော့ကာ မိမိ ကိလေသာ ချုပ်ငြိမ်းဖို့...၊ သတ္တဝါအများ ဆင်းရဲဒုက္ခချုပ်ငြိမ်းဖို့...၊ ဒီနှစ်မျိုးမှာ... မိမိ ကိလေသာချုပ်ငြိမ်းဖို့ ကျင့်တာကို ပဋိပတ္တိ အမည်တတ်ကြည့်မယ်... သူတစ်ပါးတွေ ကောင်းကျိုး (ကောင်းကျိုးဆိုတာထက် ဆင်းရဲဒုက္ခ(ကိလေသာခပ်သိမ်း) ချုပ်ငြိမ်းဖို့ အသုံးကို ပိုကြိုက်တယ်) အတွက် ဟောပြောပေး လုပ်ကိုင်ပေး သင်ကြားပေးတာကို ပရိယတ္တိ အမည်တတ်မယ်... ဒီလို အမည်တတ်လို့ ရပြီဆိုရင် မြတ်ဗုဒ္ဓက ဘယ်အလုပ် လုပ်တာကို နှစ်သက်သလဲ မနှစ်သက်သလဲ ဆိုခဲ့သော်... သာသနာနှစ်ရပ် ဖြစ်နေတဲ့အတွက် အထူးပြောဖွယ် မရှိလို့ မြင်ပါတယ်... ဒီတော့ ပဋိပတ္တိ ပရိယတ္တိ လုပ်နေသူများအား အပြစ်ပြောသူကိုသာ မဂ်ဖိုလ်မှ အချည်းနှီးသော ယောက်ျားဆိုပြီးတော့ မြတ်ဗုဒ္ဓက ကဲ့ရဲ့လိမ့်မယ် ထင်မိပါတယ်... ရဟန်းမှန်ရင် မြတ်ဗုဒ္ဓနှစ်သက်တဲ့ သာသနာနှစ်ရပ် တစ်ရပ်ရပ်တော့ လုပ်သင့်ပါတယ်... လုပ်ကြရမယ်... စွမ်းရည် ပြည့်စုံသူများကတော့ သာသနာနှစ်ရပ်လုံး ဆောင်ရွက်နေကြပါတယ်... ဒကာဒကာမအားလုံးပဲ ဆင်းရဲဒုက္ခ ချုပ်ငြိမ်းကြပါစေ...

ဝက်-လော့ တွေမှာ သာသနာသုံးရပ် ရေးကြရင်...

(ပဋိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဓ၊ ဒီလို ရေးမဲ့အစား)

(ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ၊ ဒီလို ရေးသင့်ပါတယ်)


ဆက်လက်ဖတ်ရှုရန်

Tuesday, October 27, 2009

Stopwatch နာရီ ရဲ့ သတိပေးသံ (သို့ ) ဘုန်းဘုန်း (ပန်းကမ္ဘာ)အတွက် အမှတ်တရ မွေးနေ့ လက်ဆောင်

ဒီညနေ အီးမေးလ်စစ်တော့မှ ဘုန်းဘုန်း (ပန်းကမ္ဘာ) ဆီက ပို့ လိုက်တဲ့ မွေးနေ့ အမှတ်တရ ကဗျာလေးဖတ်ရပြီး ဒီနေ့ ဘုန်းဘုန်း မွေးနေ့ မှန်း သိရပါတယ်။ ကြိုမသိတော့ ဘုန်းဘုန်းအတွက် မွေးနေ့ အမှတ်တရ ဖြစ်အောင် တစ်ခုခုရေးပေးဖို့ အချိန်မရလိုက်ဘူးဖြစ်သွားတယ်။ ဘုန်းဘုန်းနှင့် အွန်လိုင်းမှာတွေ့ တော့ မှီသေးတယ်။ အမှတ်တရဖြစ်အောင် ရေးပါလို့  တိုက်တွန်းတာနှင့် အခု ဒီပို့ စ်ကို ဘုန်းဘုန်းမွေးနေ့ အတွက် အချိန်မီ ကတိုက်ကရိုက် ရေးဖြစ်ပါတယ်။

ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။ ကောင်းလား မကောင်းလားတော့မသိပါဘူး။ ဘာလဲဆိုတော့ အကြောင်းအရာတစ်ခုကိုစဉ်းစားဖြစ်ရင် တစ်ဆုံးတွေးတတ်တာရယ်၊ ဆန့် ကျင်ဘက် ဖြစ်နိုင်ချေကို ချက်ချင်း တွေးတတ်တာရယ်၊ ကိုးရိုးကားယား တွေးပြီးပုံဖော်တတ်တာရယ်ပါ။ ငယ်ငယ်ကလေးဘ၀တုန်းက အဲလိုတွေးဖြစ်လို့  လူကြီးတွေ ကို ထုတ်ပြောမိရင် အဆဲခံထိတတ်ပါတယ်။ ဒီကောင် မဟုတ်တာတွေ လျှောက်ပြောတယ်ဆိုပြီးတော့။ ကြီးလာတဲ့အချိန်ကျတော့ ပါးစပ်ကတော့ထုတ်မပြောဖြစ်တော့ပါဘူး။ ဒါပေမယ့် ကိုယ့်ဖာသာတွေးပြီး ပြုံးစိပြုံးစိဖြစ်နေတတ်ပါတယ်။

အခုလည်း ဘုန်းဘုန်းက မွေးနေ့ လို့ ပြောလိုက်တော့ ခေါင်းထဲချက်ချင်းရောက်လာတာ ဆန့် ကျင်ဘက် သေခြင်းတရားအကြောင်းပါဘဲ။ အမှန်က သေခြင်းတရားနှင့် ပတ်သက်ရင် တော်တော်လေး စိတ်ဝင်စားတတ်တာ ကျွန်တော့်အကျင့်တစ်ခုပါဘဲ။ တစ်နေ့ ကတောင် You Tube မှာ သေခါနီးလူတွေရဲ့ နောက်ဆုံးအချိန်မိနစ်ပိုင်းလေးတွေကို အမှတ်တရရိုက်ထားတာတွေ ရှာကြည့်ဖြစ်ပါသေးတယ်။ တော်တော်လေး သံဝေဂရမိပါတယ်။ သေတော့မယ်ဆိုတာ သိနေပြီဖြစ်တဲ့လူတွေရဲ့ နောက်ဆုံးမြင်ရတဲ့မြင်ကွင်း၊ သူတို့ တွေရဲ့  စိတ်ခံစားမှု၊ စိုးရိမ်ကြောင့်ကြဖြစ်နေမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်နေရပါတယ်

တကယ်တော့ နှစ်တိုင်းကျရောက်လာတဲ့ မွေးနေ့ ဆိုတာကို ကျွန်တော်ကတော့ Stopwatch နာရီရဲ့  သတိပေးသံလို့ မြင်ပါတယ်။ Stopwatch နာရီရဲ့ သဘောက ဥပမာ ၁၅မိနစ်စာ ချိန်ထားမယ်ဆိုရင် စစချင်းမှာ ၁၅မိနစ်ကနေစပြီး တဖြည်းဖြည်းစက္ကန့် လေးတွေလျော့လာပါတယ်။ တစ်မိနစ်ပြည့်တိုင်း တစ်ခါအသံပြုတတ်ပါတယ်။ ဒီလိုနှင့် သုညစက္ကန့် ဖြစ်တဲ့အခါကျတော့ အသံအရှည်ကြီးမြည်ပါတော့တယ်။ ကျွန်တော်တို့ ရဲ့ အသက်ရှင်မှုကလည်း အဲဒီသဘောတရားအတိုင်းလို့  ကျွန်တော်ထင်ပါတယ်။ မွေးတဲ့အချိန်ကနေ စလိုက်ပြီးတော့ သုညစက္ကန့် ဆိုတဲ့ဆီရောက်ဖို့ ခရီးနှင်နေကြတဲ့သူတွေချည်းပါဘဲStopwatch နှင့်မတူတာတစ်ခုက သူက စစချင်း ဘယ်နှစ်မိနစ်၊ ဘယ်နှစ်နာရီကို Setting လုပ်ထားတယ်ဆိုတာ မြင်ရပေမယ့် ကျွန်တော်တို့ တွေကတော့ ကိုယ့်ဘ၀ကို Setting ဘယ်လောက်လုပ်ထားသလဲဆိုတာ မသိနိုင်၊ မမြင်နိုင်ကြပါဘူး။ ဒီလိုနှင့် မွေးလာတဲ့နေ့ ကစလို့ တစ်နှစ်ပြည့်လို့ မွေးနေ့ တစ်ခါရောက်ရင် ဘယ်နှစ်နှစ်မြောက်မွေးနေ့ ဆိုပြီး Alarm သံတစ်သံကြားရမှာဖြစ်ပါတယ်။ တကယ်တော့မွေးနေ့ ဆိုတဲ့နေ့ ဟာ သတိလက်လွတ်ပျော်ဖို့ ထက် “မင်းသေဖို့  ပိုနီးလာပြီနော်” လို့  သတိပေးလိုက်တဲ့ နေ့ တစ်ခုလို့  (Alarm သံတစ်ခုလို့ ) ကျွန်တော်တော့မြင်ပါတယ်။

ကျွန်တော်တို့ အားလုံးဟာ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်လိုသေရမလဲဆိုတာ သိမှမသိနိုင်ကြတာဆိုတော့ လုပ်စရာရှိတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ မိမိအတွက်၊ သူတစ်ပါးအတွက် အကျိုးဖြစ်စေမယ့် ကိစ္စအားလုံးကို အခုလက်ရှိအသက်ရှင်နေတဲ့အချိန်မှာ အချိန်မဆွဲ၊ အချိန်မဖြုန်းဘဲ စိတ်အား၊ ခွန်အား၊ ၀ီရိယအားအပြည့်နှင့် တစ်စိုက်မက်မက်လုပ်နေသင့်ပါတယ်။ ဒါမှသာ တစ်ချိန်ချိန် သေခြင်းတရားက ကိုယ့်ဆီရောက်လာပြီး “လာသွားစို့ ” လို့ ခေါ်တဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးဘဲ “အိုကေလေ၊ Ready ဘဲ။ သွားတာပေါ့” ဆိုတဲ့ ပုံစံမျိုးလုပ်လို့ ရမှာဖြစ်ပါတယ်။

အချိန်မဆွဲဖို့ ၊ လုပ်စရာရှိတာကို လုပ်ဖို့ နှင့်ပတ်သက်ပြီး မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်လည်း တရားတော်ထဲမှာ အထင်အရှားရှိနေပါတယ်။ အဲဒီအဆုံးအမကို ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျနှစ်သက်မိလို့  ခဏခဏနှလုံးသွင်းဖြစ်ပါတယ်။ ဘုန်းဘုန်းအတွက်လည်း မြတ်စွာဘုရားရဲ့  အဲဒီအဆုံးအမတော်ကိုဘဲ တပည့်တော် မွေးနေ့ လက်ဆောင်အဖြစ်အမှတ်တရ ပေးလိုက်ပါတယ်ဘုရား။


အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကောဇညာ မရဏံ သုဝေ။
နဟိနော သင်္ဂရံတေန၊ မဟာသေနေန မစ္စုနာ။
(မြတ်ဗုဒ္ဓ)

Ajjeva kiccam atappam.
Ko janna maranam suve.
Na hi no sangaran tena.
Mahasenena maccuna.
(Lord Buddha)
သုဝေ= မနက်ဖြန်အခါ၌..
ဇီဝိတံဝါ= အသက်ရှင် နေရဦးမည်ကိုလည်းကောင်း...
မရဏံဝါ= သေရဦးမည်ကိုလည်းကောင်း...
ကောဇညာ= အဘယ်သူသိနိုင်ပါအံ့နည်း...
ဣတိ= ဤသို့နှလုံးသွင်း၍...
အာတပ္ပံ= ကိလေသာတို့ကို ပူလောင်စေတတ်သော ဝိပဿနာအားထုတ်မှုကို...
အဇ္ဇေဝ= နက်ဖြန် သန်ဘက် နေ့ရက်မရွှေ့ ယနေ့ပင်လျှင်...
ကိစ္စံ= မဆိုင်းမရပ် ပြုလုပ်အပ်၏...
ဟိ= နက်ဖြန် သန်ဘက် သေမည်ရှင်မည် မသိနိုင်ခြင်းအကြောင်းကား...
မဟာသေနေန= ရေ မီး လက်နက်စသည်ဖြင့် သေစေနိုင်ကြောင်းများစွာရှိသော...
တေနမစ္စုနာ= သေမင်းဟုခေါ်သော သေခြင်းတရားနှင့်...
နော= ငါတို့အား...
သင်္ဂရံ= ရက်ချိန်းပေးထားခြင်း တံစိုးလက်ဆောင်ပေးထားခြင်း...
နအတ္ထိ= မရှိချေ...
တသ္မာ= ထို့ကြောင့်...
သုဝေ မရဏံ= မနက်ဖြန် ရှင်ဦးမည် သေဦးမည်ကို...
ကောဇညော= ဧကန်တိတိ အဘယ်သူ သိနိုင်ပါအံ့နည်း...။
(သင်တို့ အချိန်ပြည့် နှလုံးသွင်းရမည်)

Do not procrastinate, do what should be done today, we don't know whether we will be still alive tomorrow.
Today, now, do what should be done, try to accomplish.


ဘုန်းဘုန်း အသက်ရာကျော်ရှည်လို့  သာသနာ့အကျိုး၊ လောကလူသားများအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးရွက်ဆောင်နိုင်ပါစေကြောင်း တပည့်တော် မေတ္တာပို့ ဆုတောင်းပါတယ် ဘုရား။

ရိုသေစွာ ရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ

ဆက်လက်ဖတ်ရှုရန်

Tuesday, October 20, 2009

ကျွန်တော်မေးလို့  ဘုန်းဘုန်းဖြေသည်...

သံဃာတော်များနှင့် Pirate Softwares

ဝိမုတ္တိသုခ: ဘုန်းဘုန်းဘုရား။ သံဃာတော်များ ကွန်ပျူတာသုံးစွဲရာတွင် တရားဝင် လိုင်စင်ဖြင့်ဝယ်ထားတာမဟုတ်တဲ့ ဆော့ဖ်ဝဲများ (Pirate Softwares) ကို အသုံးပြုပါက ၀ိနည်းတော်နှင့် ညီ၊ မညီ သိလိုပါတယ်ဘုရား။

ဦးလောကနာထ (www.lknt.org): ဒကာလေး ဝိမုတ္တိရေ... ဘုန်းကြီးတို့ စည်းရိုးနားတော့ ရောက်လာပြီ... ပိုင်ရှင်က ရောင်းစားတဲ့ ဆော့ဖ်ဝဲများကို တရားမဝင် အသုံးပြုရင် ဘုရားဝိနည်းတော်အရ အပြစ်ရှိပါတယ်... အပြစ် အကြီး အသေးကတော့ အခြေအနေအားလုံးအပေါ်မှာ မူတည်ပါလိမ့်မယ်... လေးနက် သိမ်မွေ့မှုတော့ အများကြီး ရှိပါတယ်... ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ...

ဒုတိယပါရာဇိက ခိုးမှုကို ဆုံးဖြတ်နိုင်ဖို့ အချက် ၅-ချက်ကို ထည့်သွင်းစဉ်းစားဖို့ ပြထားပါတယ်...

၁... ပိုင်ရှင်၏ သဘောထား...

၂... ခိုးယူသည့် အချိန်ကာလ...

၃... ခိုးယူရာ အရပ်ဒေသ...

၎... ခိုရာပါပစ္စည်း တန်ဖိုး...

၅... ခိုရာပါပစ္စည်း သုံးစွဲမှုတို့ ဖြစ်ပါတယ်...

အကျယ်ကိုတော့ ဒုတိယပါရာဇိကအခန်းမှာ အတော်စုံပါတယ်... ဆက်လက်လေ့လာပါ... စိတ်ချမ်းသာပါစေ...


ဆက်လက်ဖတ်ရှုရန်

Monday, October 19, 2009

What is Buddhism? (အပိုင်း ၁၂)

Buddhism In The World Today

At present, Buddhism continues to gain an ever-widening acceptance in countries and societies far beyond its original home. Many people throughout the world, through their own careful choice, are adopting Buddhism's peaceful, compassionate and responsible ways as guiding principles in their lives. Meditation has always been at the very heart of the Buddhist path, and as its proven benefits to both mental and physical well-being are becoming more widely known, meditation grows increasingly popular. When stress is shown to be such a major cause of human suffering in modern society, the quieting practice of meditation is even more valued.

The world in the 21st century is too small and vulnerable for us to live in isolation or conflict. In all its long history no war has ever been fought to spread the Buddha's teachings. Tolerance, loving-kindness and forgiveness, essential for world harmony and individual happiness, are generated and developed through virtuous behavior and more deeply through Buddhist meditation. When put into practice in everyday life, the path of the Buddha gradually cultivates the heart with harmlessness. This is then offered to all beings, especially oneself. There is no place for dwelling in guilt or self-hatred in Buddhism.

The down-to-earth teachings and practices of the Buddha culminate in pure joy, unshakable serenity and penetrating wisdom, qualities identified with Buddhism for over 2,500 years and sorely needed in today's world. This gentle and sagacious peace of enlightenment is what makes the Buddha's message timeless and always vitally relevant.

THE END


ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

ကျွန်တော် အမ မသစ္စာအလင်း (www.thitsaralin.com) ဆီက မွေးနေ့ လက်ဆောင်ရခဲ့တဲ့ ဓမ္မစာအုပ် (၃)အုပ်ထဲက ပထမစာအုပ် ဒီမှာပြီးဆုံးပါတယ်ခင်ဗျား။

မကြာမီရက်ပိုင်းအတွင်းတွင် What is Buddhism? စာအုပ်ပါ အခန်းများအားလုံးကို စပိန်ဘာသာ ဖြင့် ပြန်ဆိုပြီး ဖော်ပြပေးသွားမည့်အကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျား။ စပိန်ဘာသာစကားသုံးသော နိုင်ငံခြားသားများအား ဗုဒ္ဓဘာသာအကြောင်း ဖြန့် ဝေပြောကြား သာသနာပြုလိုတဲ့ ဓမ္မမိတ်ဆွေများအတွက် အထောက်အကူတစ်ခု ဖြစ်နိုင်လိမ့်မယ်လို့  ယုံကြည် မျှော်လင့်မိပါတယ်။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ



ဆက်လက်ဖတ်ရှုရန်

Thursday, October 15, 2009

Doing, Having & Being


Doing, Having & Being

Doing ဆိုတာ အလုပ်ကြီး အကိုင်ကြီးတွေ လုပ်ပြနိုင်တာ၊ အောင်မြင်တာကိုဆိုလိုတယ်။ လူအများမြင်နိုင်တဲ့ သိနိုင်တဲ့ အလုပ်မျိုး လူအထင်ကြီးတဲ့အလုပ်မျိုးကို လုပ်နိုင်မှ ကိုယ့်ကိုယ်ကို တန်ဘိုးရှိတယ်လို့  ယူဆတာ။ အဲဒါကိုမှ တစ်ခုတည်းသော တိုင်းတာစရာ ကျေနပ်စရာလို့  ယူဆရင်၊ လူအထင်ကြီးအောင် လုပ်ပြနိုင်မှ ငါ့ဘ၀ဟာ အောင်မြင်တာလို့  သဘောထားတဲ့လူဟာ မလုပ်နိုင်တော့တဲ့အခါ စိတ်ဓါတ်ကျသွားမယ်။ လုပ်နိုင်တယ်ဆိုတာ လူများကိုပြလို့ ရတဲ့အရာဖြစ်နေတယ်။ သူများနဲ့  ဆက်စပ်နေတယ်။

Having ဆိုတာ ငါ့မှာ အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ ပစ္စည်းကောင်းကောင်းတွေရှိတယ်။ ငါ့မှာ ငွေရှိတယ်၊ လက်ဝတ်ရတနာ ကောင်းကောင်းတွေရှိတယ်။ ဒီလိုရှိလို့  ငါဟာ တန်ဘိုးရှိတဲ့သူ၊ ဒီလိုရှိလို့  ငါဟာလေးစားခံရမယ့်သူ၊ ဒီလိုရှိမှ လူဖြစ်ကျိုးနပ်တဲ့သူလို့  သဘောထားတဲ့သူဟာ Having ပေါ်မှာ မှီနေတယ်။ သူ့ ဘ၀ကို Having နှင့်တိုင်းတာတယ်။ ဒါတွေမရှိတဲ့အခါမှာ အကြီးအကျယ်စိတ်ဓါတ်ကျမယ်။ ဒါတွေရှိနေတုန်းမှာလည်း တကယ်တော့ မပျော်ပါဘူး။

Doing နှင့် Having ဟာ ကိုယ်ကျိုးသက်သက်ဖြစ်နေရင် စိတ်ချမ်းသာမှုအစစ်ကို မပေးနိုင်ပါဘူး။ ဒါကြောင့် Being ကို လေးလေးနက်နက် နားလည်သင့်တယ်။ Being ဆိုတာ ဘာလဲ - မေတ္တာစိတ်နဲ့ နေတာ Being၊ ဘာလို့ လဲဆိုတော့ - I am a loving person. လို့  ပြောလို့ ရတယ်။ am ဆိုတာ Being ကိုပြောတာနော်။ လုပ်နေတာကို ပြောတာမဟုတ်ဘူး။ အဲဒီလိုပဲ ငါဟာ ကိုယ်ချင်းစာနာတတ်တဲ့သူ၊ သနားတတ်တဲ့သူ ဖြစ်တယ်။ သူများမှာ အဆင်ပြေတာကို ၀မ်းသာတတ်တဲ့သူ ဖြစ်တယ်။

သတိရှိနေတဲ့အခါမှာ I am mindful. am ဆိုတာ Being ကိုပြောတာပဲ။
I am peaceful. ငါ ငြိမ်းချမ်းနေတယ်။ ဒါလည်း Being
ဒီလိုသတိရှိနေတဲ့စိတ်၊ ငြိမ်းချမ်းတဲ့စိတ်၊ ကိုယ်ချင်းစာတတ်တဲ့စိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်နဲ့ နေရင်းနဲ့  လုပ်သင့်တဲ့ (Doing) အလုပ်တွေကို လုပ်သွားနိုင်ရင် သိပ်ကောင်းတယ်။ အဲသလိုလုပ်နိုင်ရင် အမှားနဲတယ်။ ကိုယ့် Doing ဟာ ကိုယ့် Being ကို ဖော်ပြတယ်။ ကိုယ့်အလုပ်ဟာ ကိုယ်ဘယ်လိုလူဆိုတာကို ဖော်ပြတယ်။ ဒီလိုမဟုတ်ရင် ကိုယ်လုပ်တဲ့အလုပ် Doing ဟာ သူများထက်သာဖို့  ကြွားဖို့  သူများကိုနိုင်ဖို့ ဖြစ်သွားရင် စိတ်ပင်ပန်းမယ်။ သူများကို ဒုက္ခပေးတဲ့အလုပ် Doing ဖြစ်သွားမယ်။ လောကအကျိုးကို ဆောင်ရွက်ချင်ရင် အဲဒီ Doing ဟာ Being ဆိုတဲ့ အုတ်မြစ် Foundation ရှိဖို့ လိုတယ်။ ဉာဏ်ကြီးကြီးနဲ့  ဒီအချက်ကိုသဘောပေါက်ပြီး ဒီအတိုင်းနေသွားရင် ကိုယ့်ဘ၀ကို ကျေနပ်မှုပြည့်ပြည့်၀၀ရမယ်။

Being ကို နားလည်တဲ့သူ၊ တန်ဘိုးထားတဲ့သူ၊ Being နဲ့  နေတဲ့သူဟာ ကိုယ့်ဘ၀ကို ပြင်ပရုပ်ဝတ္ထုတွေ၊ အဆင့်အတန်းတွေ၊ ဂုဏ်ရာထူးတွေနဲ့  မတိုင်းတာတဲ့အတွက် အဲဒီ ပစ္စည်းဥစ္စာ၊ ရာထူး၊ ဂုဏ်ထူးတွေ တက်လိုက်ကျလိုက်ဖြစ်တိုင်း သူ့ စိတ်က တက်လိုက်ကျလိုက် မဖြစ်ဘူး။ သူ့ Being ကိုကျသွားအောင် ဘယ်သူကမှ လုပ်လို့ မရဘူး။ သူ့ Being ကို သူများက အဆုံးအဖြတ်ပေးလို့ မရဘူး။ အမှတ်ပေးလို့ မရဘူး။ ကိုယ့်စိတ်ကလေး သတိရှိနေတယ်၊ ကြည်လင်အေးချမ်းနေတယ်၊ နူးညံ့နေတယ်၊ မေတ္တာ၊ ကရုဏာ ဖြစ်နေတယ်။ ဘယ်သူကအဲဒါကို လာတိုင်းတာလို့ ရမလဲ၊ မရဘူး။ သူများတိုင်းတာလို့ မရနိုင်တာကိုပဲ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်အောင်လုပ်ပြီး ဒါနဲ့ ပဲ ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်အောင် နေရမှာနော်။

ကိုယ့်ကို သူများ အမှတ်ဘယ်လောက်ပေးနေလဲ ဆိုတာကို စဉ်းစားနေရတဲ့ သူဟာ စိတ်ချမ်းသာမှုအစစ်ကို မရနိုင်ဘူး။

တစ်သက်လုံး သူများအမှတ်ပေးတာကို ခံနေခဲ့ရတာနော်၊ သူများအမှတ်ပေးလို့ ရတဲ့ အရာတွေအားလုံးဟာ သူများနယ်မြေပဲ။ ဘယ်သူမှ အမှတ်ပေးလို့ မရတာမှ ကိုယ့်နယ်မြေ။ ကိုယ့်နယ်မြေအစစ်ထဲမှာကိုယ်နေရင် ကိုယ့်ကိုဘယ်သူမှ ဖယ်ခိုင်းလို့ မရဘူး။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ )
(စိတ်နှလုံး ရွှင်လန်းစေဖို့ )

ဆက်လက်ဖတ်ရှုရန်

Wednesday, October 14, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၆)

အရင်းအတိုင်း ရှိသည်

အိပ်မက်လောကထဲ၌ မျောပါလျက်ရှိသော လူသည် အလိုကျသော အခြင်းအရာကို စိတ်ကူးမိသောအခါ ကြည်နူးနှစ်သိမ့်ခြင်းဖြစ်၍ အလိုမကျသော အခြင်းအရာကို စိတ်ကူးမိသောအခါ မကျေမချမ်းဖြစ်ရ၏။ အထက်ပါဝန်ကြီးသည် အမျိုးသမီးများ ပန်းစည်းဆက်ခြင်းအကြောင်းကို “စားမြုံ့ ပြန်” သောအခါ ရွှင်မြူးကြည်နူး၍ ပမာမခန့် ရေးသားသော အယ်ဒီတာအကြောင်းကို စိတ်ကူးမိသောအခါ နှလုံးမသာယာမှု ဖြစ်ရတော့သည်။ ရွှင်မြူးကြည်နူးခြင်းသည် လည်းကောင်း၊ နှလုံးမသာယာခြင်းသည် လည်းကောင်း၊ သံသရာရှည်စေဖို့  အထုံးအဖွဲ့ များပင် ဖြစ်သည်။ တဖန် “ဒိဋ္ဌလောက” ထဲသို့  ပြောင်းရွှေ့ လိုက်သည့်အခါ အဆင်းသက်သက်၊ အသံသက်သက်၊ အနံ့ သက်သက်၊ အတွေ့ သက်သက် စသည်ဖြင့် တွေ့ ရမည်ဖြစ်၍ နှစ်သက်တပ်မက်စရာလည်း မဟုတ်၊ ဒေါသဖြစ်လောက်အောင် မုန်းတီးစရာလည်း မဟုတ်သည့်အဖြစ်ကို တဖြည်းဖြည်း ထိုးထွင်းသိမြင်လာဖို့  ရှိပေသည်။ ထို့ ကြောင့် “အိပ်မက်လောက” သည် အရှုံးအမြတ်ထွက်သော (အများအားဖြင့်) အရှုံးထွက်သော လောကဖြစ်၍ “ဒိဋ္ဌလောက” သည် အရှုံးအမြတ်မရှိ “အရင်းအတိုင်း” နေသော လောကဖြစ်သောကြောင့် အကြင်ယောဂီ၏ စိတ်သည် ငြိမ်သက်ကြည်လင်စွာ တည်နေနိုင်ခြင်း ဖြစ်လေသည်။

အပြန်အလှန် ပိုင်ခြင်း

ထိုမှတပါးလည်း “စိတ်” ၏ သဘာဝကို သိမြင်သည်ထက် သိမြင်လာသောအခါတွင် ပစ္စည်းဥစ္စာပိုင်ဆိုင်ရခြင်း၏ ၀န်လေးသောအဖြစ်ကို ရိပ်မိလာတတ်သည်။ ဥပမာ နွားကို ကြိုးဖြင့် ကိုင်ဖမ်းထားသော လူက “ငါသည် ဤနွားကို ချုပ်ကိုင်ထားမိပြီ။ ဤနွားကား ဘယ်မှထွက်မပြေးနိုင်တော့” ဟု မှတ်ထင်ပေလိမ့်မည်။ သို့ ရာတွင် နွားသာလျင် ထွက်မပြေးနိုင်သည်မဟုတ်၊ လူမှာလည်း ကြိုးစကို ဆုပ်ကိုင်ထားရသောကြောင့် နွားကလည်း လူကိုပိုင်လျက်ရှိသည်။ ထိုနည်းအတူ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မိသော လူများမှာလည်း ပစ္စည်းအတွက်ကြောင့် သွားချင်ရာမသွားရ၊ လာချင်ရာ မလာရ ရှိတတ်ပေရာ လူကသာပိုင်သည်မဟုတ်၊ ပစ္စည်းကလည်း လူကို အပြန်အလှန် ပိုင်လျက်ရှိတော့သည်။ သို့ သော် ပကတိလူများသည် ဤအချက်ကို မသိမြင်ဘဲ၊ မျက်စိလည်လျက်ရှိပေရာ “ဒိဋ္ဌလောက” ထဲ၌နေဖို့  အားထုတ်သော ယောဂီပုဂ္ဂိုလ်သည်သာလျင် တဖြည်းဖြည်း တရွေ့ ရွေ့  သဘောပေါက်ပြီး နောက်ဆုံးတွင် မျက်စိလည် ပျောက်နိုင်ပေသည်။

ထိုးထွင်းနိုင်အောင် အစဖော်ခြင်း

မာလုကျပုတ္တနှင့် ဘာဟိရသုတ်များတွင် ဗုဒ္ဓသည် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” အစရှိသော သြ၀ါဒကို ပေးတော်မူရာ၌ သင်သည် တစ်ကြိမ်တစ်ခါမျှ မမြင်ဘူး၊ မကြားဘူး၊ အာရုံမပြုဘူးသော အခြင်းအရာတစ်ခုနှင့်ပတ်သက်၍ တပ်မက်နှစ်သက်ခြင်း၊ စက်ဆုပ်ရွံရှာခြင်း၊ (ချစ်ခြင်း၊ မုန်းခြင်း) ဖြစ်နိုင်ပါမည်လောဟု မေးတော်မူသည်။ ဤစကားမှာ ရိုးရိုးရှင်းရှင်းမျှသာ ထင်ရသော်လည်း၊ (ဒိဋ္ဌေဒိဋ္ဌမတ္တံ) ဟူသော သြ၀ါဒအတိုင်း ကျင့်ကြံအားထုတ်သူအဖို့ မှာ လွန်စွာ အရေးကြီး၍ “ကွဲ” စေလိုသောနေရာတွင် “အက်ကြောင်း” ပေးလိုက်ခြင်းပင်ဖြစ်သည်။ ၄င်းသြ၀ါဒအတိုင်း ကျင့်ကြံအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် “စိတ်” သဘာဝကို တဖြည်းဖြည်းသဘောပေါက်လာ၍ လောက၌ အဟုတ်တကယ်ရှိသည်ဟု မိမိမှတ်ထင်လာခဲ့သော အခြင်းအရာဟူသမျှသည် အခံဓါတ်နှင့် အတိုက်ဓါတ် ဆုံစည်းမိသည့် အခိုက်အတန့် ကလေးမျှတွင် အသိစိတ်ကလေး ပေါ်လာခြင်းမျှသာ ဖြစ်ချေပြီတကား။ မတိုက်မိ၍ မဖြစ်ခဲ့လျှင် တပ်မက်စွဲလမ်းစရာဟူ၍ လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ် ဟူ၍လည်းကောင်း၊ (ချစ်စရာ မုန်းစရာ) မရှိချေပြီတကား ဟူသော သဘာဝအစစ်အမှန်ကို မျက်ဝါးထင်ထင် ထိုးထွင်းသိမြင်နိုင်လိမ့်မည် ဖြစ်ပါသတည်း။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

ဆက်လက်ဖတ်ရှုရန်

Tuesday, October 13, 2009

What is Buddhism? (အပိုင်း ၁၁)

Types Of Buddhism

Buddhism flourished in India after the passing away of the Buddha and spread peacefully southward as far as Sri Lanka, northward to the Himalayas, westward to what is now Iran and Afghanistan and eastward to China, Sumatra and Java. After 500 years a new sect called Mahayana emerged, distinguishing itself from the lineage presently known as Theravada. Mahayana tended to be more liberal, freely adapting to new cultures, while Theravada was more conservative, attempting to maintain continuity from the time of the Buddha. With the arrival of new scriptures, some Mahayana schools depicted the Buddha as a god and replaced the goal of attaining Arahantship with the Ideal of the Bodhisattva, a person striving to become a Buddha in order to help as many beings as possible. The Theravada school preserved and looked to the original teachings and lifestyle of the Buddha as its guide.

With the Muslim invasions of the Indian sub-continent in the 11th and 12th centuries, Buddhism was violently suppressed and eventually eradicated in its native country. By that time however, Mahayana had taken root in China and from there spread to Japan, Korea and Vietnam. The most popular of the many different sects of those countries is Zen Buddhism. Mahayana also spread to Tibet, incorporated the local animist religion of Bon, and then spread further to Mongolia and Bhutan. The most well-known Tibetan monk and Nobel Peace Prize laureate is the Dalai Lama. Theravada established itself mainly in Sri Lanka, Myanmar (Burma), Thailand, Laos and Cambodia. Its scriptures are known as the Pali Canon, the oldest complete Indic record of what the Buddha taught.

(to be continued.....)

What is Buddhism? (အပိုင်း ၁ မှ အပိုင်း ၁၀ ထိ)


ဆက်လက်ဖတ်ရှုရန်

Friday, October 9, 2009

စီးပွားရေးပြဿနာများနှင့်ဗုဒ္ဓ၀ါဒ အပိုင်း (၂)


စီးပွားရေးပြဿနာများနှင့်ဗုဒ္ဓ၀ါဒ
ခင်မောင်ညို (ဘောဂဗေဒ) နှင့် မအိမ်သူ

ဗုဒ္ဓဘာသာဟာ လောကီစည်းစိမ်တွေကို စွန့် ခွာပြီး တောထွက်၊ ရဟန်းပြု၊ လောကုတ္တရာတရားကို ကျင့်ကြံအားထုတ်ရတာမို့  နေ့ စဉ်ဘ၀နှင့်ဆိုင်တဲ့ လောကီကိစ္စတွေ အထူးသဖြင့် စီးပွားရေးလုပ်ဆောင်ချက်တွေနှင့် မပတ်သက်သလို ရှိပါတယ်။ ဗုဒ္ဓ၀ါဒနှင့် စီးပွားရေးလုပ်ငန်းဟာ ဆန် Justify Full့ကျင်ဖက်ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ဗုဒ္ဓဘာသာဝင် အတော်များများမှာ ရှိနေတာပါ။ တဖက်ကတွေးကြည့်ရင် အဲဒီအယူအဆရှိနေတဲ့အတွက်ကြောင့်ပဲ ဗုဒ္ဓဘာသာရဲ့  ကျင့်ဝတ်တရားတွေကို စီးပွားရေးလုပ်ရာမှာ လိုက်နာကျင့်သုံးမှာ မဟုတ်ဘူးလို့  သိသာပါတယ်။

ဗုဒ္ဓဘာသာဟာ ရှေးနှစ်ပေါင်း ၂၅၀၀ က လူ့ အဖွဲ့ အစည်းထဲမှာ ပေါ်ပေါက်ခဲ့တဲ့ အယူဝါဒဖြစ်တဲ့အတွက် မျက်မှောက်ခေတ်ရဲ့  အင်မတန်မှ ရှုပ်ထွေးခေတ်မီတဲ့ လူ့ အဖွဲ့ အစည်းရဲ့  လုပ်ဆောင်ချက်တွေ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့  ယူဆကြပါတယ်။

ဒီခေတ်ရဲ့ ရှုပ်ထွေးလာတဲ့စနစ်တွေဟာ အသေးစိတ် ညွှန်ကြားမှုတွေကြောင့် ဖြစ်လာတဲ့အကြောင်းဆက်တွေပါ။ အသေးစိတ်ညွှန်ကြားမှုတွေက သိပ်ပြီး သတ်သတ်မှတ်မှတ်ရှိလွန်းတော့ အခြေအနေ၊ အချိန်အခါကို လိုက်ပြီး အမြဲပြောင်းလဲနေရတာပဲ။ ဒါကြောင့် အရင်က ရိုးစင်းတဲ့လူ့ အဖွဲ့ အစည်းနှင့် စီးပွားရေးလောကဟာ အခြေအနေ အချိန်အခါတွေနှင့်ညီအောင် ပြောင်းလဲရင်း ရှုပ်ထွေးတိုးတက်ခေတ်မီတယ်ဆိုတဲ့ ဒီကနေ့  မျက်မှောက်ခေတ်ကို ရောက်လာတာပါ။ ဒါပေမဲ့ အသေးစိတ်ညွှန်ကြားမှု အများစုရဲ့  အပြောင်းအလဲဟာ နည်းလမ်းတွေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေပဲ ပြောင်းလဲတာဖြစ်ပြီး အခြေခံနိယာမ အတွေးအခေါ်တွေ၊ အခြေခံစည်းမျဉ်းတွေကတော့ သိပ်မပြောင်းလဲတာကို တွေ့ ရတယ်။ ဗုဒ္ဓရဲ့ ဝါဒဟာ ရှေးခေတ်လူ့ အဖွဲ့ အစည်းက ပေါ်ပေါက်လာတာမို့  ဒီခေတ်ရဲ့ ရှုပ်ထွေးတဲ့ စီးပွားရေးပြဿနာတွေကို ရှင်းမပြနိုင်ဘူးလို့ တော့ မဆိုနိုင်ဘူး။

ဥပမာ-ဒီနေ့ ခေတ်ရဲ့ အဆောက်အဦတွေမှာရှိတဲ့ လုံခြုံရေးစနစ်ကိုကြည့်။ ရိုးရိုးခတ်လို့ ရတဲ့ သော့ခလောက်တစ်ခုကနေ ခေတ်မီတိုးတက်လာလိုက်တာ၊ ကွန်ပျူတာနဲ့ လုပ်ထားတဲ့ သော့ကဒ်ပြားတွေနဲ့ ၊ လျှပ်စစ်နဲ့  ဖွင့်ပိတ်လို့ ရတဲ့ တံခါးတွေနဲ့ ၊ ဗီဒီယိုကင်မရာတွေနဲ့ ၊ လေဆာရောင်ခြည် အဟန့် အတားတွေနဲ့ ၊ အလိုအလျှောက် အချက်ပေးစနစ်တွေနဲ့ ၊ ဒါတွေဟာ လုံခြုံအောင် ဘယ်လိုလုပ်ရမလဲလို့  စဉ်းစားတဲ့အတွက်ကြောင့် ဖြစ်လာတဲ့ (တိုးတက်လာတဲ့) အသေးစိတ်တွေရဲ့  အကျိုးဆက်တွေပေါ့။ တစ်ဖက်က လုံခြုံရေးကို ထိပါးမယ့်သူတွေရဲ့  ပြောင်းလဲမှုအပေါ်မူတည်ပြီး နည်းလမ်းတွေနဲ့  ရုပ်ဝတ္ထုပစ္စည်းတွေရဲ့  ပြောင်းလဲမှုတွေလေ။ တကယ်လို့ များ သူတစ်ပါးရဲ့ ပစ္စည်းကို ပိုင်ရှင်က မပေးဘဲ မယူရဘူးဆိုတဲ့ အဒိန္နာဒါနာ အခြေခံစည်းကမ်းလေးကို တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေက အခုထိ စွဲစွဲမြဲမြဲ လိုက်နာနေတုန်းဆိုရင် ဘာသော့ခလောက်ကိုမှ တီထွင်နေစရာ မလိုတော့ဘူးပေါ့။ ကမ္ဘာကြီးမှာရှိနေတဲ့ သယံဇာတပစ္စည်းတွေ ဘယ်လောက်များများ သက်သာသွားလိုက်မလဲ မသိဘူးနော်။

ပြဿနာက လူတွေဟာ အသေးစိတ်တွေနောက်လိုက်နေပြီး အခြေခံစည်းမျဉ်းတွေကို စွဲစွဲမြဲမြဲ မကျင့်သုံးကြလို့ ပါ။ ဘာဖြစ်လို့ လဲဆိုတော့ အသေးစိတ်ညွှန်ကြားချက်က လိုက်နာရတာလွယ်ပြီး အခြေခံစည်းမျဉ်းတွေက အသုံးချဖို့ ခက်တာကို အခြေခံစည်းမျဉ်းတွေကို ကျင့်သုံးချင်ရင် ဒီစည်းမျဉ်းတွေကို စွဲမြဲယုံကြည်မှသုံးလို့ ရတယ်။ စွဲမြဲယုံကြည်မှ ပြောင်းလဲသွားတဲ့ အခြေအနေတိုင်းမှာ ဘယ်လိုသုံးရမလဲလို့  သိနိုင်တယ်။ မစွဲမြဲ မယုံကြည်ရင်လည်း ဒီစည်းမျဉ်းတွေက ချိုးဖောက်ရတာ သိပ်လွယ်တယ်။ ငါးပါးသီလ မလုံတော့တဲ့လူတွေ များလာတာကိုပဲ ကြည့်ပါလား။

မျက်မှောက်ခေတ်မှာ ဖြစ်နေတဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေနဲ့  အဲဒီလုပ်ဆောင်ချက်တွေက ဖြစ်လာတဲ့ ပြဿနာတွေကို ဗုဒ္ဓဘာသာရဲ့  အခြေခံကျတဲ့ စည်းမျဉ်းတွေက အကြောင်းရင်းကိုလည်း ဖော်ထုတ်ပြနိုင်ပါတယ်။ အဖြေရှိတဲ့နည်းလမ်းကိုလည်း ညွှန်ပြနိုင်ပါတယ်။ ဒါပေမဲ့ အဖြေရှိတဲ့လမ်းဟာ အတွေးခေါ်တွေကိုပြောင်းလိုက်မှ ရောက်မယ့်လမ်းဖြစ်ပါတယ်။ လူတွေက သူတို့ တစ်ကောက်ကောက်လိုက်နေတဲ့ အသေးစိတ်တွေကနေ အခြေခံတန်ဖိုးတွေကို ပြောင်းပြီး စဉ်းစားကြည့်ဖို့ တော့ မကြိုးစားကြသေးပါဘူး။ ဒါကြောင့်လည်း အရင်တုန်းက စစ်ပွဲတွေရှိသလို အခုလည်း စစ်ပွဲတွေရှိနေတာပဲ။ အရင်တုန်းက စီးပွားပျက်ကပ်တွေဖြစ်ခဲ့သလို အခုလည်း စီးပွားရေးအကြပ်အတည်းတွေ ဖြစ်နေတာပဲ။ သူတို့ ရဲ့ အတွေးခေါ်တွေက မပြောင်းတော့ အရင်ကမှားတဲ့ အမှားတွေကို ဆက်မှားနေတာပဲ။ ခေတ်မီတိုးတက်သောလို့  ပြောရမှာတောင် ခပ်ခက်ခက်ရယ်။

ဒီလိုပြောလို့  လက်ရှိဗုဒ္ဓဘာသာ ဖွံ့ ဖြိုးနေသေးတဲ့ တိုင်းပြည်တွေမှာ ပြဿနာတွေ မတွေ့ ရတော့ဘူးလို့  မဆိုလိုပါဘူး။ မြန်မာပြည်မှာဆိုရင် အရေအတွက်အားဖြင့် လူဦးရေရဲ့  ၉၀% နီးပါးဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ အများစုဟာ မိရိုးဖလာအလိုက် ဗုဒ္ဓဘာသာကို ကိုးကွယ်လာတဲ့လူတွေဖြစ်ပါတယ်။ အဲဒီလူတွေက ဗုဒ္ဓဘာသာဝင်တွေ လိုက်နာကျင့်သုံးရမယ့် အခြေခံစည်းမျဉ်းတွေကို တကယ်သိသလား၊ မသိဘူးလား၊ သိရင်လည်း တကယ်လိုက်နာသလား၊ မလိုက်နာဘူးလား မပြောနိုင်ဘူး။

ဆရာတော် အရှင်ဇနကာဘိဝံသ အခြေပြုပဋ္ဌာန်းတရားတော်စာအုပ်ထဲမှာ မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဘာသာနဲ့ စပ်လျဉ်းတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ရာမှာတောင် အကုသိုလ်ဖြစ်အောင် ဘယ်လိုလုပ်တတ်ကြတယ်ဆိုတာ သုံးသပ်ပြထားပါတယ်။ ဒါတောင်ဆရာတော်က ခုခေတ်မှာ မှိုလိုပေါက်နေတဲ့ စည်ဘီယာဆိုင်တွေကို မမြင်သွားရ။ ဘီယာဆိုတာ အယ်ကိုဟော ရာခိုင်နှုန်းဘယ်လောက်ပဲပါတာမို့  အရက်မဟုတ်ပါဘူးဆိုတဲ့ လက်တစ်လုံးခြားစကားတွေကို ကြားမသွားရ။ လက်ဖက်ရည်တစ်ခွက်ဈေးနဲ့ ဘီယာတစ်ခွက်ဈေးယှဉ်ကြည့်ရင် ဘီယာသောက်ရတာ ပိုတန်တာပေါ့ဆိုတဲ့ လူတွေကို ဆုံးမ မသွားရရှာဘူး။ ဒီလို ဗုဒ္ဓဘာသာ မပီပြင်တဲ့ အပြုအမူတွေ နေ့ စဉ်ဘ၀ထဲမှာ ပိုပြီးနေရာယူလာတယ်ဆိုရင် စီးပွားရေးလုပ်ဆောင်ချက်တွေမှာလည်း ဗုဒ္ဓဘာသာက ညွှန်းဆိုတဲ့ကျင့်ဝတ်တွေနဲ့  ဝေးသထက်ဝေးလာတော့မှာပဲ။ ဘယ်လောက်အတိုင်းအတာအထိ ကြွှင်းကျန်ပြီး၊ ဘယ်အရာတွေ ပျောက်ကွယ်ကုန်ပြီလဲဆိုတာ ဂရုပြုသင့်တယ်။

Buddhist Economics (a middle way for the marketplace) ဆိုတဲ့ Bruce Evans နဲ့  Jourdan Arenson ရေးသားစုစည်းတဲ့ စာအုပ်မှာ စီးပွားရေးပညာရဲ့  အခြေခံက ဘယ်လိုယူဆတယ်။ ဒီယူဆချက်တွေကြောင့် ဘယ်လိုအပြုအမူတွေဖြစ်လာတယ်။ အပြုအမူတွေရဲ့  ရလဒ်တွေက ဘာတွေဖြစ်တယ်။ ဗုဒ္ဓဘာသာရဲ့ အခြေခံစီးပွားရေးအယူအဆတွေနဲ့ ဘယ်လိုကွာခြားတယ်ဆိုတာကို ရိုးရိုးလေးရှင်းပြထားပါတယ်။ သူ့ ရဲ့ တင်ပြချက်တွေအတွက် ကိုးကားမှုတွေကိုလည်း ဒီဃနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ သံယုတ္တနိကာယ်၊ ၀ိနယပိဋက၊ ၀ိသုဒ္ဓိမဂ်၊ အဘိဓမ္မာစတဲ့ ဗုဒ္ဓစာပေတွေကနေ တိတိကျကျ ထုတ်နုတ်ကိုးကားထားတာကိုတွေ့ ရပါတယ်။ ဒီစာအုပ်မှာ အခန်း ၅ ခန်းပါပါတယ်။ အခန်းတွေကို ခေါင်းစဉ်ပေးမထားပါဘူး။ ဒီဆောင်းပါးမှာထည့်ပေးလိုက်တဲ့ ခေါင်းစဉ်တွေဟာ စာရေးသူက သင့်တော်မယ်ထင်တဲ့ ခေါင်းစဉ်လေးတွေ တပ်ပေးလိုက်တာဖြစ်ပါတယ်။ “ဒီစာဟာ Buddhist Economics စာအုပ်ရဲ့ ဘာသာပြန်မဟုတ်ပါဘူး။ စာအုပ်ထဲက ထိထိမိမိရှိလှတဲ့ အတွေးအခေါ်အယူအဆတွေကိုပဲ ထုတ်နုတ်ဆွေးနွေးမှာပါ” မူရင်းစာအုပ်ရဲ့ ယူဆချက်ကို အဓိကထားပြီး ဆွေးနွေးပေမယ့် စာရေးသူရဲ့ သုံးသပ်ချက်တစ်ချို့ လည်း ရောနှောပါဝင်နေမှာ ဖြစ်ပါတယ်။

စီးပွားရေးပညာရဲ့ အတိုင်းအတာ

အခန်း-၁ ဟာ စီးပွားရေးပညာရဲ့  အကန့် အသတ်ရှိပုံတွေကို တင်ပြထားတာဖြစ်ပါတယ်။ အပိုင်း ၃ ပိုင်းခွဲပြီးတော့ တင်ပြထားပါတယ်။ ဇောက်ချထုတ်လုပ်ခြင်းရဲ့ ပြဿနာ (The Problem of Specialization)၊ ဓမ္မ၏ အဓိပ္ပါယ်နှစ်မျိုး (The Two Meanings Of Dhamma)၊ ကိုယ်ကျင့်တရားကစီးပွားရေးအပေါ် အကျိုးသက်ရောက်ပုံ (How ethics condition economics) တို့ ဖြစ်ပါတယ်။

စီးပွားရေးပညာရဲ့ အကန့် အသတ်တွေဟာ အထူးပြုလွန်းအားကြီးလို့ ဖြစ်ရတာပါ။ စီးပွားရေးပညာရဲ့ အတွေးခေါ်က ဘောင်ကျဉ်းလှတယ်လို့ ဆိုပါတယ်။ စီးပွားရေးသီအိုရီတွေဟာ လက်တွေ့ သက်သေပြနိုင်တဲ့ အချက်အလက်တွေကိုပဲ ထည့်စဉ်းစားတယ်။ လက်တွေ့ သက်သေမပြနိုင်တဲ့ တန်ဖိုးထားမှုတွေ (ဥပမာ- ကိုယ်ကျင့်တရား) ကို ထည့်မစဉ်းစားဘူးတဲ့။

ဒါ အမှန်ပါပဲ။ အထူးသဖြင့် သင်္ချာနည်းနဲ့  သက်သေပြချင်တဲ့ စီးပွားရေးပညာရဲ့  သီအိုရီတွေမှာ ယူဆချက် (ချွင်းချက်)တွေ ထားရတယ်ဆိုတာ အခြေအနေအားလုံးကို ထည့်မစဉ်းစားနိုင်ဘူးဆိုတဲ့ အားနည်းချက်ကို ပြနေတာဖြစ်ပါတယ်။ ဘောဂဗေဒဘာသာမှာ အလွန်ကျော်ကြားတဲ့ ချွင်းချက်တစ်ခုဖြစ်တဲ့ (everything remains unchanged) “တခြားအရာတွေအားလုံး မပြောင်းလဲဘူး ဆိုကြပါစို့ ...” ဆိုတဲ့စကားဟာ အဓိပ္ပါယ်မရှိဘူးလို့ ဆိုကုန်ကြပြီ။ ဟုတ်တယ်လေ၊ တကယ့်လက်တွေ့ မှာ ဘယ်နှယ့်လုပ်ပြီး တခြားအရာတွေအကုန်လုံးကို ခဏဆိုင်းထားလို့ ရပါ့မလဲ။

ဒါ့အပြင် စီးပွားရေးပညာရဲ့ သက်သေပြနိုင်တဲ့အချက်တွေပေါ်မှာ အမှီပြုနေမှု (objectivity) က အမြင်တိမ်တယ်လို့  ဆိုပါတယ်။ အရှည်ကိုမကြည့်ပါဘူး။ စီးပွားရေးလုပ်ဆောင်ချက် တစ်ရပ်ကနေဖြစ်လာတဲ့ ကိုယ်ကျင့်တရားမဲ့မှုရဲ့ အကျိုးဆက်တွေကို ထည့်မစဉ်းစားပါဘူး။ ဗုဒ္ဓရဲ့ အမြင်အရ အပြုအမူတစ်ခု၊ လုပ်ဆောင်ချက်တစ်ခုဟာ လူတစ်ဦးအပေါ်မှာရော၊ လူ့ အဖွဲ့ အစည်းကိုရော၊ သဘာဝပတ်ဝန်းကျင်ကိုရော အကျိုးသက်ရောက်မှု ဘယ်လိုရှိမလဲဆိုတာကို ထည့်စဉ်းစားရပါမယ်။

စီးပွားရေးပညာဟာ အလွန်ပဲ သိပ္ပံနည်းကျဖြစ်ချင်ပါတယ်။ သိပ္ပံပညာဟာ ရုပ်လောကကိုသာ လေ့လာနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးပညာဟာလည်း ရုပ်ပိုင်းဆိုင်ရာကိစ္စတွေကိုသာ စဉ်းစားပြီး သူနဲ့ ဆက်စပ်နေသေးတဲ့ တခြားအရာတွေကို လျစ်လျူရှုထားပါတယ်။ သဘာဝလောကကြီးမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေ၊ ပြဿနာတွေအားလုံးဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ဆက်စပ်နေတာဆိုတော့ တစ်စိတ်တစ်ဒေသကိုသာ စဉ်းစားပြီးထုတ်ပေးလိုက်တဲ့ အဖြေတွေနဲ့ တကယ်ပြဿနာတွေရဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုကျယ်ကျယ်ပြန့် ပြန့် မစဉ်းစားပေမယ့် လုပ်ဆောင်ချက်တွေကတော့ ကျယ်ကျယ်ပြန့် ပြန့်  အကျိုးသက်ရောက်မှာပါ။

ဗုဒ္ဓဘာသာရှုထောင့်က စီးပွားရေးပညာမှတော့ လူတစ်ဦးချင်းရော၊ လူ့ အဖွဲ့ အစည်းရော၊ ပတ်ဝန်းကျင်ရော အားလုံးအတွက် တူညီတဲ့ ရည်မှန်းချက်ထားနိုင်မယ့် တစ်ခုနဲ့ တစ်ခု အပြန်အလှန်မှီခိုနေတဲ့ စည်းကမ်းတွေကို ချပေးပါတယ်။

အပိုင်း (၁) ကို ဖတ်ရန်

ဆက်လက်ဖတ်ရှုရန်

Wednesday, October 7, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၅)

အနတ္တသဘောတရား

ကောင်းပါပြီ။ ကြံစည်ချင်ရာ ကြံစည်တတ်သော စိတ်ကလေးကိုပင် ပိုင်ဆိုင်သူမရှိဟု ဆိုပါလျင် ဖြစ်ချင်ရာဖြစ်၊ ပစ်ထားရတော့မည်လော။ ၄င်းကို ချုပ်ကိုင်ကြိုးကိုင်ခြင်း မပြုရတော့ပြီလော။ အဘယ်သို့ သော အခြင်းအရာဖြင့် ၄င်းကို ထိန်းသိမ်းအုပ်ချုပ်ပါမည်နည်း ဟူသောမေးခွန်းများ ပေါ်ပေါက်လာရတော့မည်။ ဟုတ်ပေသည်။ တရားအားထုတ်ခြင်းဟူသည်မှာ စိတ်ကို အထိုက်အလျောက် ကြိုးကိုင်နိုင်စေရန်၊ သို့ မဟုတ် ကြိုးကိုင်နည်းတွေ့ ရှိရန် ဖြစ်ပေသည်။ စိတ်ကို ပိုင်ဆိုင်သူရှိမရှိ အပထား၍ စိတ်၏သဘာဝသည် တောင်ခုန် မြောက်ခုန် ပြေးလွှား၍သာ နေချင်တတ်သည်။ တစ်နေရာထဲ၌ ကြာရှည်စွာမနေတတ်ချေ။ “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းအတိုင်း အလုပ်လုပ်သောအခါတွင်လည်း “အိပ်မက်လောက” ထဲသို့  ဖျတ်ခနဲ ဖျတ်ခနဲ ခုန်ဝင်သွားတတ်၏။ “ငါ” က မခုန်ပါနှင့် ဆိုသော်လည်း မရ၊ ခုန်မြဲတိုင်း ခုန်ပြေးတတ်၏။ ဤတွင် “ငါ” အနေနှင့် အမိန့် ပေး၍မရ။ “သတိ” ၏ အကူအညီတောင်းမှ ဖြစ်တော့မည်ဟု သဘောပေါက်လာတော့သည်။ “သတိ” သည် “ငါ” မဟုတ်ကြောင်းလည်း မြင်လာသည်။ “သတိ” စောင့်လျက်ရှိသောအခါ၌ “အိပ်မက်လောက” ထဲသို့  မ၀င်တော့။ သို့ သော် လစ်သည်နှင့် တပြိုင်နက် “ဒိဋ္ဌလောက” ထဲမှ ထွက်ပြေးသည်ကို တွေ့ ရသည်။ ဤတွင် “ငါ”က ဘာမျှမတတ်နိုင်သည် မဟုတ်။ သတိစေတသိက်က ကြိုးကိုင်၍ သူတို့ အချင်းချင်း ထိန်းသိမ်းခြင်းမျှသာ ဖြစ်သည်။ အစိုးမရသော အနတ္တတရားကြီးပေတကားဟု သဘောကျမိပါတော့သည်။

စောင့်ကြည့်ခြင်းနှင့် တွေးတောခြင်း

“ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းလမ်း၏ တန်ဖိုးရှိသောအဖြစ်ကို တနည်းအားဖြင့် ဖော်ပြလိုသေး၏။ စိတ်သည် “အိပ်မက်လောက” ထဲ၌ မျောပါလျက်ရှိစဉ်၊ “ငါ” တည်းဟူသော ဒိဋ္ဌိသဘောသည် ထပ်ကြပ်မကွာ ပါလျက်ရှိ၏။ ၀န်ကြီးဥပမာ၌ အမျိုးသမီးကလေးများက ငါ့ကို ပန်းစည်းဆက်ကြသည်။ တစ်မြို့ လုံးက ငါ့ကို သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ မည်သည့်အယ်ဒီတာက ငါ့ကို ပမာမခန့် ရေးသည် စသည်ဖြင့် တငါတည်း “ငါ”လျက်ရှိတော့သည်။ အကယ်၍ ထိုဝန်ကြီးသည် “အိပ်မက်လောက”ကို ဖျက်သိမ်း၍ ဆိုဖာပေါ်၌ ထိုင်လျက်ရှိစဉ် “ဒိဋ္ဌလောက” ထဲသို့  ၀င်လိုက်သည် ဆိုကြပါစို့ ။ ကားသံနှင့် ဟွန်းသံကြားခြင်းကို သိမည်။ နှင်းဆီပန်းမွှေးခြင်းကို သိမည်။ ခွေးကလေးတက်လာခြင်းကို မြင်သည်ဟု သိမည်။ ဆိုဖာ၏ တအိအိနူးညံ့သော အတွေ့ ကို သိမည်။ ထိုဝန်ကြီးက နာမ်ရုပ်တို့ ၏ သဘာဝကို စောင့်ကြည့်လျက် ရှိသည်ဟူ၍ (ပထမတွင်) သဘောမပေါက်သေးသော်လည်း သူသည် မိမိ၏နာမ်ကို သူတစ်ပါးအနေဖြင့် (objectively) အပြင်မှ စောင့်ကြည့်သကဲ့သို့  ဖြစ်နေတော့သည်။ ရင့်ကျက်လာသောအခါတွင် ရုပ်၏သဘော၊ သို့ မဟုတ် စိတ်၏သဘောကို ရိပ်မိလာ၍ ၄င်းတို့  အနိစ္စလက္ခဏာ၊ သို့ မဟုတ် ဒုက္ခလက္ခဏာ၊ သို့ မဟုတ် အနတ္တလက္ခဏာကို တစ်ကြိမ်တစ်ခါတွင် ထိုးထွင်းသိမြင်နိုင်ဖွယ်ရာ ရှိလေသည်။ (ဤသည်ကား စိတ်အကြောင်းကို ဉာဏ်ရှိတိုင်း တွေးတောကြံဆနေကြသော စိတ်ပညာဆရာကြီးတို့ ၏ အလုပ်နှင့် ခြားနားခြင်းကြီး တရပ်ပေတည်း။)


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

ဆက်လက်ဖတ်ရှုရန်

Tuesday, October 6, 2009

What is Buddhism? (အပိုင်း ၁၀)

The Buddhist Monastic Order

The Buddhist monastic community, the Sangha, was created by the Buddha for those people who wanted to fully dedicate their lives toward the realization of enlightenment. The monastic lifestyle enables one to leave behind the worries and entanglements of lay life and focus almost all one's time and energy on the goal of liberation. It also offers the opportunity to live in solitude, an important factor for the development of deep states of meditation and wisdom. The Buddha also instituted a detailed and refined code of conduct and discipline to aid monastics in their cultivation of virtue.

Between Buddhist monastics and Buddhist lay people, there is a relationship of inter-dependence. The Sangha relies on the lay Buddhists for their material needs, and in return the monks and nuns provide the lay community with spiritual guidance and moral support. As long as the Sangha continues to practise in accordance with the code of monastic discipline and strives for the attainment of enlightenment, Buddhism will be a strong and vibrant religion.

(to be continued.....)

What is Buddhism? (အပိုင်း ၁ မှ အပိုင်း ၉ ထိ)


ဆက်လက်ဖတ်ရှုရန်

Thursday, October 1, 2009

နှစ်သက်မိသော ဇင် ပုံပြင်များ (၁၃)

The Nature of Things




Two monks were washing their bowls in the river when they noticed a scorpion that was drowning. One monk immediately scooped it up and set it upon the bank. In the process he was stung. He went back to washing his bowl and again the scorpion fell in. The monk saved the scorpion and was again stung. The other monk asked him, "Friend, why do you continue to save the scorpion when you know it's nature is to sting?"
"Because," the monk replied, "to save it is my nature."
ဆက်လက်ဖတ်ရှုရန်